• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြည်သူချစ် အနုပညာရှင် လူမင်း

by ဧရာဝတီ
29 January 2022
in ဆောင်းပါး
A A
ပြည်သူချစ် အနုပညာရှင် အကယ်ဒမီလူမင်း

ပြည်သူချစ် အနုပညာရှင် အကယ်ဒမီလူမင်း

8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက သရုပ်ဆောင် လူမင်းကို အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ CDM လှုံ့ဆော်မှုများ လုပ်ဆောင်ခြင်းများ ပြုလုပ်သည်ဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ယခုဆိုလျှင် လူမင်း ဖမ်းဆီးခံထားရသည်မှာ တနှစ်ပြည့်တော့မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် လူမင်းအား ၎င်းရောက်ရှိနေသည့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်ရှိ နေအိမ်တအိမ်တွင် မနက် ၁ နာရီ အချိန်ခန့်၌ တပ်ဖွဲ့ အင်အား အလုံးအရင်းဖြင့် သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.1k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
197
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
297

၎င်းကို စစ်ကောင်စီ တရားရုံးက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်ခဲ့သည်။

ယင်းနောက် လူမင်းသည် အင်းစိန်ထောင်တွင်း တရားရုံး၌ အချိန် ၁၀ လကျော်ကြာ အမှုရင်ဆိုင်ခဲ့ရပြီး ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံခဲ့ရသော ၎င်းကို စစ်ကောင်စီ တရားရုံးက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်ခဲ့သည်။

စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေသော လူမင်း

အာဏာသိမ်း ဆန့်ကျင်ရေးတွင် လူမင်း၏ ပါဝင် ဖြတ်သန်းမှု

အန်ကယ်လေးဟု အများက ချစ်စနိုး ခေါ်ကြသည့် လူမင်းသည် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်အာဏာသိမ်းစကတည်းက ပြည်သူနှင့်အတူ တသားတည်း ရပ်တည်ကာ ၎င်း၏ ဆန္ဒကို ပွင့်လင်းစွာ ထုတ်ဖော် ပြသခဲ့သည်။

လူမင်းသည် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်အာဏာသိမ်းစကတည်းက ပြည်သူနှင့်အတူ တသားတည်း ရပ်တည်ကာ ၎င်း၏ ဆန္ဒကို ပွင့်လင်းစွာ ထုတ်ဖော် ပြသခဲ့သည်။

လူမင်းသည် သံပုံးတီး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သလို၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ အနုပညာရှင်များနှင့်အတူ လမ်းမပေါ်ထွက်ကာ အများနည်းတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။

လူမင်းသည် ၎င်းအဖမ်းမခံရခင် ညပိုင်းကပင် မန္တလေး၌ ဆန္ဒပြရင်း စစ်တပ်၏ အကြမ်းဖက် အင်အားသုံး ပစ်ခတ် နှိမ်နင်းမှုကြောင့် သေဆုံးသွားသူများနှင့် ပတ်သက်၍ Facebook တွင် Live လွှင့်ကာ ပြောဆိုခဲ့သေးသည်။

အာဏာသိမ်းမှု မတိုင်ခင် လူမင်း၏ အနုပညာ လှုပ်ရှားမှု

အာဏာသိမ်းမှု မတိုင်ခင် လူမင်းသည် အနုပညာ လှုပ်ရှားမှုအနေဖြင့် သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ဦးဆောင် ရိုက်ကူးသော ဗိုလ်ချုပ်ရုပ်ရှင်ကို ၈၀ ရာခိုင်နှုန်းခန့် ရိုက်ကူးပြီးစီးခဲ့သည်။ အဆိုပါ ဗိုလ်ချုပ် ရုပ်ရှင်ကို စစ်ကောင်စီက လူမင်း မပါဝင်ဘဲ ဆက်လက် ထုတ်လုပ် ပြသနိုင်ရန် မေလအတွင်းက စီစဉ်ခဲ့သည်။

စစ်အာဏာသိမ်းဆန့်ကျင်ရေး သံပုံးတီး ဆန္ဒပြနေသော လူမင်း

လူမင်းက ၎င်းထောင်ကျနေစဉ် ကာလအတွင်း ယင်းဗိုလ်ချုပ်ရုပ်ရှင်အား စစ်ကောင်စီဘက်က ဝါဒဖြန့် ပြသမည့်နေရာတွင် အသုံးချမည်ကို စိုးရိမ်မိကြောင်း ၎င်းနှင့် ထောင်တွင်း၌ တွေ့ဆုံခဲ့သည့် ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီထံ ရင်ဖွင့် ပြောပြခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရန် “ဗိုလ်ချုပ်အောင်ဆန်း” ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တာဝန်ယူသည့်အဖွဲ့က အချိန် ၅ နှစ်ကြာသည့်တိုင် ရိုက်ကူးနိုင်ခြင်း မရှိသောကြောင့် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည့် ဗိုလ်ချုပ်ရုပ်ရှင် ထုတ်လုပ် ရိုက်ကူးရေးကော်မတီ အသစ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည် ဖွဲ့စည်းခဲ့သည်။

“အောင်ဆန်း” ရုပ်ရှင်ဟု အမည်ပေးထားသော ၎င်းရုပ်ရှင်ကားကို ဒါရိုက်တာ လူမင်း ဦးဆောင်ကာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် စတင် ရိုက်ကူးခဲ့သည်။

ယင်းနောက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် သရုပ်ဆောင် လူမင်းကို ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် “အောင်ဆန်း” ရုပ်ရှင်ဟု အမည်ပေးထားသော ၎င်းရုပ်ရှင်ကားကို ဒါရိုက်တာ လူမင်း ဦးဆောင်ကာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် စတင် ရိုက်ကူးခဲ့သည်။

၎င်း၏ အသက် ၅၁ နှစ်ပြည့်မွေးနေ့ကို အင်းစိန်ထောင်တွင်း၌ပင် ဖြတ်သန်းခဲ့ရသည်။

သရုပ်ဆောင် လူမင်းသည် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်ခဲ့သော ၎င်း၏ အသက် ၅၁ နှစ်ပြည့်မွေးနေ့ကို အင်းစိန်ထောင်တွင်း၌ပင် ဖြတ်သန်းခဲ့ရသည်။

လူမင်း၏ အနုပညာဘဝ အစနှင့် အောင်မြင်မှု မှတ်တိုင်များ

လူမင်းသည် ၁၉၉၅ ခုနှစ်မှ စတင်ကာ အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်” ရုပ်ရှင် ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သည်။ အဆိုပါ ရုပ်ရှင်ကားတွင် လူမင်းနှင့်အတူ ရာဇာနေဝင်း၊ သားညီ၊ ထက်ထက်မိုးဦး၊ စိုးမြတ်နန္ဒာ၊ ကြည်လဲ့လဲ့ဦးတို့ ပါဝင် သရုပ်ဆောင်ထားသည်။

၂၀၀၅ ခုနှစ်တွင် လူမင်း ကိုယ်တိုင် ဒါရိုက်တာအနေဖြင့် “ကျန်စစ်မင်း” ရုပ်ရှင်ကို ရိုက်ကူးပြသခဲ့ပြီး အကယ်ဒမီ ၂ ဆု ရရှိခဲ့သည်။ အဆိုပါ “ကျန်စစ်မင်း” ဇာတ်ကားကို မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျနှင့် တရုတ်နိုင်ငံတို့တွင် ရုံတင်ပြသခဲ့သည်။

ယင်းအပြင် လူမင်းသည် ၂၀၁၆ ခုနှစ်တွင် “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ” ရုပ်ရှင်ကားဖြင့် ဇာတ်ပို့ဆု ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် “ငယ်ကျွန်” ရုပ်ရှင်ကားဖြင့် အမျိုးသားဇာတ်ပို့ဆု Star Award ရရှိခဲ့သည်။

လူမင်းသည် တီဗီကြော်ငြာများ၊ မြန်မာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း မြောက်မြားစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

လူမင်းသည် တီဗီကြော်ငြာများ၊ မြန်မာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း မြောက်မြားစွာတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာ့ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

လူမင်းသည် ခင်စံပယ်ဦး ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် ခင်စံပယ်ဦးနှင့် ၂၀၀၄ ခုနှစ်အတွင်းက အိမ်ထောင်ကျခဲ့ပြီး သားတဦး၊ သမီးတဦး ထွန်းကားခဲ့သည်။

လူမင်း အပါအဝင် ဖမ်းဆီးခံရသည့် အနုပညာရှင်များ မလွတ်မြောက်သေး

စစ်အာဏာရှင် ဆန့်ကျင်ရေးအနေနဲ့ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) တွင် အစိုးရဝန်ထမ်းများ ပါဝင်လာစေရန် လှုံ့ဆော်သည်ဟုဆိုကာ လူမင်း အပါအဝင် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီး၊ အဆိုတော် အနဂ္ဂ စသည့် အနုပညာရှင် ၆ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

လူမင်းနှင့် သူ၏ မိသားစု

ယင်းနောက် ပရိသတ်နှင့် Follower အင်အား အများအပြားရှိသော အနုပညာရှင်များနှင့် Social Influencers (လူမှုကွန်ရက်တွင် လွှမ်းမိုးမှုရှိသူများ) ကို စစ်ကောင်စီက ပစ်မှတ်ထားကာ ဧပြီလအတွင်း၌ ၎င်းတို့အား ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး အနုပညာရှင် ၁၀၀ ဦးထက် မနည်း ဖမ်းဝရမ်း ထုတ်ခံခဲ့ရသည်။

စစ်ကောင်စီ တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ထားသည်။

ဖမ်းဝရမ်း ထုတ်ခံရသော အနုပညာရှင်များတွင် တချို့က မတရား ဖမ်းဆီးခံရသလို၊ တချို့က လွတ်မြောက်နယ်မြေများ၊ တတိယနိုင်ငံများသို့ ထွက်ပြေး ခိုလှုံခဲ့ကြသည်။ လက်နက်ကိုင် နယ်မြေများသို့ ရောက်ရှိသွားသော အနုပညာရှင်များ ရှိသလို၊ ခံဝန်ကတိများ ရေးထိုးကာ ပြန်လည် လွတ်မြောက်လာသူများလည်း ရှိကြသည်။

လက်ရှိတွင် လူမင်းအပါအဝင် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံထားရသော အနုပညာရှင်များဖြစ်ကြသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ကိုလည်း စစ်ကောင်စီ တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ထားသည်။ ၎င်းတို့သည် ယနေ့ထိတိုင် လွတ်မြောက်ခြင်း မရှိကြသေးပေ။

You may also like these stories:

အနုပညာလက်နက်နဲ့ အာဏာရှင်ကို တိုက်မယ့် ဒါရိုက်တာ သည်ခေတ်နေ

အမေ့ရဲ့သား ပိုင်တံခွန်

အနုပညာနဲ့ တော်လှန်နေတဲ့ ဟားငါးကောင်

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ ပရိတ်သတ်ပါလို့ဆိုတဲ့ အလှမယ်နှင်းသွေးယုအောင်

Your Thoughts …
Tags: CDMစစ်ကောင်စီပုဒ်မ ၅၀၅ (က)ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်လူမင်းအနုပညာရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လွိုင်ကော်မြို့ ဘားဒိုကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု  / CJ

လွိုင်ကော်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများတွေ့

၂၀၁၇ ခုနှစ်က တွေ့ရသည့် ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ ရေနံလက်ယက်တွင်းများ / ဧရာဝတီ

ပခုက္ကူခရိုင်ရှိ လက်ယက်ရေနံတွင်းများ စစ်ကောင်စီ မီးရှို့ဖျက်ဆီး

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate