• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတ ဖြစ်ရေး အိပ်မက် နီးစပ်နေပြီလား

by ပေါ်ထွန်း
1 February 2022
in ဆောင်းပါး
A A
စစ်ကောင်စီဖွဲ့စည်းခြင်း တနှစ်ပြည့် ယနေ့ မိန့်ခွန်းပြောနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စစ်ကောင်စီဖွဲ့စည်းခြင်း တနှစ်ပြည့် ယနေ့ မိန့်ခွန်းပြောနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

12.6k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သော ၅ နှစ်၊ ၂၀၁၇ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစီအစဉ်ကို NLD ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် ဦးဝင်းထိန်က ကမာ္ဘကျော် နယူးယောက်တိုင်းမ် သတင်းစာကို ပြောပြဖူးသည်။ “သူ၏ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) အစီအစဉ်မှာ ၂၀၂၀ တွင် သမ္မတ ဖြစ်လာရေး ဖြစ်သည်” ။

ထိုမှတ်ချက်ကိုလည်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် သမ္မတ ဖြစ်နိုင်သည့် နည်းလမ်း ၂ ခု ရှိသည်ဟုလည်း ဦးဝင်းထိန်က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲ ပြီးသည့် အချိန်ကစ၍ နေပြည်တော်တွင် အခြေချ နေထိုင်ခဲ့သော ဦးဝင်းထိန်သည် ဒေါ်အောင် ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့သည့် သုံးကြိမ်စလုံးတွင် ပါဝင်ခဲ့သည်။

ထို့ပြင် ဦးဝင်းထိန်သည် နေပြည်တော်သို့ ပြောင်းရွှေ့ နေထိုင်လာသည့် အချိန်ကစ၍ နဝတခေတ်က ဗိုလ်ချုပ် ဟောင်း အချို့နှင့်လည်း ထိတွေ့ ဆက်ဆံမှု ရှိလာခဲ့သည်။ ဒါ့ပြင် NLD ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့်လည်း ကော်မရှင် တခုတည်းတွင် အတူ အလုပ် လုပ်နေပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တပတ်တကြိမ် တွေ့ခွင့် ရနေသူ ဖြစ်သည်။

ထို့ကြောင့်လည်း ဦးဝင်းထိန် အနေဖြင့် သူရရှိသော သတင်း အချက်အလက်ကို အခြေခံ၍ နယူးယောက်တိုင်းမ် သတင်းစာကို မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတ ဖြစ်ရေး အစီအစဉ် ရှိခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် အနေဖြင့် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာသည့် အချိန်ထိ သမ္မတဖြစ်ရေး ရည်မှန်းချက် မရှိခဲ့ပေ။ သို့သော် လည်း ကြံ့ခိုင်ရေး ပါတီအတွင်း သမ္မတ ဦးသိန်းစိန်နှင့် သူရ ဦးရွှေမန်း အဖွဲ့တို့ အကွဲအပြဲ ဖြစ်လာပြီး နောက်ပိုင်း က စ၍ ဗိုလ်ချုပ်မှူးကြီးသည် သမ္မတ ဖြစ်ချင်စိတ် ရှိလာခဲ့သည် ဟု သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြည်ထောင်စု ဝန်ကြီး တာဝန်ယူခဲ့သူ တဦးက ဆိုသည်။

အမှန်တကယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ရင်းနှီးသူ ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းအနေဖြင့် သူတာဝန်ယူခဲ့သော ညှိနှိုင်းကွပ်ကဲရေး ရာထူးအား ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လွှဲပေးခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာ သည့်အချိန်ထိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော သူရ ဦးရွှေမန်းအား တပတ်တကြိမ် လာ ရောက် တွေ့ဆုံခဲ့သည်။

အာဏာသိမ်းသည့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက်နေ့က ယခင်အစိုးရအဖွဲ့ ဒုသမ္မတ ဦးမြင့်ဆွေအား ယာယီသမ္မတ မြောက်ကာ စစ်ခေါင်းဆောင်မှ ခေါ်ယူသည် ကာလုံအစည်းအဝေး

ထိုအချိန်က ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် သမ္မတ အိမ်တော်အနီးရှိ ရုံးအမှတ် ၂၀ တွင် ရုံးထိုင်နေ သည်။

ထိုကဲ့သို့ သူရ ဦးရွှေမန်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရင်းနှီးသည့် ဆက်ဆံရေး ရှိနေသည်ကို သမ္မတ ဦးသိန်း စိန်၏ နီးစပ်သော ဝန်ကြီးများက မနှစ်သက်ခဲ့ကြောင်းကိုလည်း ပြည်ထောင်စု ဝန်ကြီးတဦးက ဆိုသည်။

အထူးသဖြင့် ထိုအချိန်က သမ္မတ ဦးသိန်းစိန်၏ ညာလက်ရုံးဖြစ်သော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနှင့် အပေါင်းအပါ များက မနှစ်သက်ခဲ့ကြပေ။ ဦးစိုးသိန်း ကိုယ်တိုင်သည်ပင် သူရ ဦးရွှေမန်း သမ္မတဖြစ်လို့ မရဘူး ဆိုသော စကားလုံး အား သူနှင့် ခင်မင်ရင်းနှီးသူများအား မကြာခဏ ပြောလေ့ရှိသည်ဟုလည်း သူက ဆိုသည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာပြီး သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေး ကောင်းမွန်လာသည့် အခါတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူရဦးရွှေမန်းတို့ ဆက်ဆံရေး အဆင်ပြေနေသည့်အပေါ် ဝန်ကြီး ဦးစိုးသိန်းတို့ အဖွဲ့က ပို၍ မနှစ်သက် ဖြစ်လာခဲ့သည်။

“တယောက်က လူထု ထောက်ခံတဲ့သူ နောက်တယောက်က လက်နက်ကိုင် အဖွဲ့ရဲ့ အကြီးအကဲဗျာ။ ဒီနှစ်ယောက် စလုံးနဲ့ အဆင်ပြေနေတဲ့ သူရ ဦးရွှေမန်းက၂၀၂၀ မှာ သမ္မတ ဖြစ်လာနိုင်တာပေါ့။ ဒါကို သမ္မတ ဦးသိန်းစိန် အဖွဲ့တွေ က မလိုလားဘူး” ဟု သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သူ တဦးက ဆိုသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
146
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
479
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
103

ထို့ကြောင့် ၂၀၁၄ နှစ်ဆန်းပိုင်းကစ၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သမ္မတ ဦးသိန်းစိန် ဘက်တွင် ပါဝင်လာရန် စတင် စီစဉ် စည်းရုံးခဲ့ကြသည်။ အိမ်ရာစီမံကိန်း အချို့အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား စီမံခန့်ခွဲ ခွင့်ပေးခဲ့သည် ဟုလည်း ပြည်ထောင်စုဝန်ကြီး (ငြိမ်း) တဦးက ဆိုသည်။ ဒဂုံ စီးတီး စီမံကိန်းအား တာဝန်ယူပြီး အကောင်အထည် ဖော်ခွင့် လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား ကိုအောင်ပြည့်စုံအား ဆောက်လုပ် ရေး တင်ဒါအချို့ လုပ်ခွင့်ပေးခဲ့သလို ပြည်ပကနေ ကုန်ပစ္စည်းအချို့ တင်သွင်းခွင့် လုပ်ပိုင်ခွင့်ကို ဦးသိန်းစိန် အစိုးရက လုပ်ပိုင်ခွင့် ပေးခဲ့သည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်နှင့် အပေါင်းအပါများက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဗိုလ်ချုပ်ကြီးအချို့အား ခေါ်ယူ တွေ့ဆုံကာ သူရ ဦးရွှေမန်း သမ္မတဖြစ်လာပါက ဒေါ်အောင်ဆန်းစုကြည်နှင့် ပေါင်းကာ ၎င်းတို့၏ ပိုင်ဆိုင်မှုများ အား ပြန်လည် သိမ်းယူရန် အစီအစဉ်ရှိကြောင်း ပြော ဆိုခဲ့သည်ဟုလည်း အငြိမ်းစား ဗိုလ်ချုပ်ကြီး တဦးက ပြန်ပြောပြ ခဲ့သည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန် အနေဖြင့်၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ အနိုင်ရရှိပါက သမ္မတရာထူးအား နှစ်နှစ်ခွဲခန့်သာ တာဝန်ထမ်းဆောင်ပြီး ကျန်ရှိသည့် ၂ နှစ်ခွဲအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ထမ်း ဆောင်ရန် စည်းရုံး ပြောဆိုခဲ့သည် ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးအားအသက် ၆၃ နှစ်ထိ တာဝန်ထမ်းဆောင် ခွင့်ရစေရန် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်ပေးမည် ဟုလည်း ပြောဆိုခဲ့သည်။

ထို့ကြောင့် ဝန်ကြီး ဦးစိုးသိန်းအနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူအား ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်အား အသက် ၆၃ နှစ်ထိ တာဝန် ထမ်းဆောင်ခွင့် ရရေး နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်ရန် ညွှန်ကြား ခဲ့သည်။

နိုင်ငံ့ဝန်ထမ်းဥပဒေတွင် နိုင်ငံ့ဝန်ထမ်းတဦးသည် အသက် ၆၀ ပြည့်လျှင် အငြိမ်းစားယူရမည်ဟု ပြဋ္ဌာန်းထား သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံး ဖြတ် ခဲ့ရာ ထောက်ခံမဲ ၃၇၉ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲနှင့် ကြားနေမဲ ၇ မဲ ရရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်း စား သက်တမ်းအား ၆၃ ထိ ထားရေး အစီအစဉ် မအောင်မြင် ဖြစ်ခဲ့ရသည်။

သို့သော်လည်း သမ္မတ ဦးသိန်းစိန်နှင့် အပေါင်းအပါများ၏ စည်းရုံးမှု မက်လုံးပေးမှုများ အပါအဝင် ကာယကံရှင် ကိုယ် တိုင်က စိတ်ပါဝင်စားမှုများကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့်၂၀၁၅ ခုနှစ်က စ၍ ပါတီနိုင်ငံရေးထဲ ပါဝင် လာခဲ့သည်။ သမ္မတ ဖြစ်လိုသည့် အိပ်မက်လည်း စတင်လာခဲ့သည်။

သို့သော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ရှုံးနိမ်ခဲ့့သည်။ သမ္မတ ဦးသိန်းစိန်နှင့် အပေါင်းအပါ များ၏ အစီအစဉ်သည်လည်း အထမမြောက် ဖြစ်ခဲ့သည်။ ဦးသိန်းစိန်နှင့် အပေါင်းအပါများ အနေဖြင့် ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ် မပြုရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးတင်အေးက လက်မခံခဲ့သလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအား အာ ဏာလွှဲပေးရန် ပြောဆိုခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအား အာဏာ လွှဲပေးခဲ့ရသည်။

NLD ပါတီ အစိုးရ ဖွဲ့နိုင်သည့်တိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် သူ၏ သမ္မတအိမ်မက်အား ဆက် လက် မက်နေဆဲ ဖြစ်သည်။ NLD အစိုးရ တာဝန်ယူခဲ့သည့် ကာလများတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် NLD အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့သည်။ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သီးခြား အစုအဖွဲ့ အနေဖြင့် ရပ်တည်လာခဲ့သည်။ သို့သော်လည်း ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို လုပ်ဆောင်လာခဲ့သည်။

ထို့အတွက်လည်း သူလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကြံခိုင်ရေး ပါတီတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) အချို့အား ထောက်ပံ့ပေးမှုများ လုပ်ပေးခဲ့သည်။ သူ့လက်အောက်တွင် တာဝန် ထမ်းဆောင် ခဲ့ပြီး လွှတ်တော်အမတ် ဖြစ်လာသူများထဲက သူပြောသည့်အတိုင်း လုပ်ဆောင်သည့် ဗိုလ်ချုပ်ဟောင်း အချို့အား သူ ပြောချင်သည့် စကားများ သူမေးလိုသည့် မေးခွန်းများအား လွှတ်တော်တွင်မေးရန် ဆွေးနွေးရန် ပြောဆိုခိုင်းခဲ့သည်။ ထိုအထဲတွင် အထူးသဖြင့် ကြံ့ခိုင်ရေးပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှာ ထင်ရှားသော သာဓက ဖြစ် သည်။

ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သောင်း အေးမှာ ရခိုင်ပြည်နယ် ငပလီကမ်းခြေတွင် မြေသိမ်းသည့်ကိစ္စနှင့် ပတ်သက်၍ ပြဿနာ တက်ခဲ့ဖူးသည်။ ထိုကိစ္စကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရေးမယူဘဲ ဖြေရှင်းပေးခဲ့သည့်အတွက် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးသောင်း အေးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခိုင်းသည်များအား ခိုင်းသည့်အတိုင်း လုပ်ဆောင်နေရသည်။

ထို့ပြင် တပ်မတော်မှ အငြိမ်းစား ယူလိုသော ဆေးတပ်ဖွဲမှ ဆရာဝန်များအနေဖြင့် ကြံ့ခိုင်ရေးပါတီအတွက် စည်းရုံးရေး သုံးနှစ် လုပ်ပေးမည်ဆိုပါက တပ်မတော်က ထွက်ခွင့်ပြုခြင်းများ လုပ်ဆောင်လာခဲ့သည်။၂၀၁၅ နောက်ပိုင်း ၎င်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ၎င်းလက်အောက်တွင် တာဝန်ထမ်းဆောင်နေသာ ဗိုလ်ချုပ်အချို့က ဘောင်းဘီ ဝတ်ပြီး နိုင်ငံရေး လုပ်နေသည်ဟု ဝေဖန် ပြောဆိုမှုများ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်လည်း ကြံ့ခိုင် ရေးပါတီမှ လူကြီးများက သူတို့ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်း စာရင်းများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သွားရောက် တင်ပြပြီး အတည်ပြုချက် ယူခဲ့သည်။ ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းသည် မကြာခဏ ဆိုသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကြံ့ခိုင်ရေးပါတီက လုပ်ဆောင်မည့် လုပ်ငန်းများအား သွားရောက် တင်ပြခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း အားတက် သရော လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်သွားခဲ့သည်။၂၆ ရာခိုင်နှုန်းသည်ပင် အနိုင်မရသည့် အတွက် သူ ဖြစ်ချင်ခဲ့သည့် သမ္မတ အိပ်မက်နှင့် ဝေးခဲ့ရသည်။ သူသမ္မတ ဖြစ်ရေး ပြင်ဆင်ထားသော Plan A မှာ မအောင်မြင်ခဲ့ပေ။ သို့သော်လည်း သူကား လက်မလျော့ခဲ့ပါ။ Plan B ကို စတင် အကောင်အထည် ဖော်လာခဲ့သည်။

သူပြောချင်သည့် စကားများအား ပြောပေးနေသာ ဦးသောင်းအေးအား ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိနိုင်သည်ကို အကြောင်းပြနိုင်သော မဲစာရင်းမှားသည် ဆိုသော အချက်အလက်အား တင်ပြခိုင်းခဲ့သည်။ ထို့ပြင် ထိုကိစ္စအား သတင်း မီဒီယာများအား ပြောဆိုခိုင်းသည်။ ထိုမှ တဆင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်မျာအား မဲမသမာမှုရှိသည် ဆိုသော အချက်အား သတင်းစာ ရှင်းလင်းပွဲလုပ်၍ ပြောဆိုခိုင်းသည်။ ထိုကဲ့သို့ လုပ်ဆောင်သည်မှာ တပ်မတော်တွင်း မှ စစ်သည်အရာရှိများ ယုံကြည်လာစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

အာဏာသိမ်းနိုင်ရန်အတွက် အကြောင်းပြချက်ရရှိရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ စနစ် တွင် မဲစာရင်း မှားသည်မှာ မထူးဆန်းသော ကိစ္စဖြစ်သည်။ ဗိုလ်ချုပ်ကြီး တင်အေး လက်ထက်တွင်လည်း မဲစာရင်း များ အမှား များစွာ ရှိခဲ့သည်။ မည်သို့ပင် မဲစာရင်း မှားစေကာမူ မဲပေးခွင့်ရှိသူ တဦးအနေဖြင့် တယောက် တည်းဖြင့် မဲနှစ်ကြိမ် ပေး၍ မရစေရန် မဲရုံများနှင့် မဲပေးသည့်ပုံစံတွင် စနစ်တကျ စီစဉ်ထားခဲ့သည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မဲစာရင်း ၁၀ သန်းကျော် မှားသည်ဟု စွပ်စွဲပြောဆိုနေ သည့်တိုင် သူခန့်အပ်ထားသော ရွေးကောက်ပွဲ ကော်မရှင်က ၁ နှစ်အတွင်း လိုက်လံ ရှာဖွေစစ်ဆေးခဲ့ရာ တကြိမ်ထက် မဲပိုပေးခဲ့သူဟု စွပ်စွဲထားသူ ၁၀၀၀ ခန့်သာ ရှိသည်ဟု မကြာသေးခင်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိ၍ အာဏာသိမ်းရသည်ဆိုသော အကြောင်းပြချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် သမ္မတဖြစ်ရေး Plan B သာ ဖြစ်သည်ဆိုမှာ ထင်ရှားနေခဲ့သည်။ ထိုကဲ့သို့ အာဏာသိမ်းမှသာ သူသမ္မတ ဖြစ်ရေး ဆက်လက် အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် အာဏာသိမ်းပြီး နောက်ပိုင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် (အချိုးကျ ကိုယ်စားပြုစနစ်) PR စနစ် ကျင့်သုံးမည် ဟုပြောဆိုလာသည်။ PR စနစ် ကျင့်သုံးမှသာ ကြံ့ခိုင်ရေးပါတီ အနေဖြင့် ရွေးကောက်ပွဲတွင်၂၆ ရာခိုင်နှုန်း အထက် အနိုင်ရရှိနိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သော မဲများသူ အနိုင်ယူ စနစ် (FPTP) စနစ်ဖြင့် ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ ကျင်းပပါက ကြံ့ခိုင်ရေးပါတီ အနေဖြင့် ၂၆ ရာခိုင်နှုန်းနှင့် အထက် အနိုင်ရရှိရန် မလွယ်ကူပေ။

ကြံ့ခိုင်ရေး ပါတီအနေဖြင့် ၂၆ ရာခိုင်နှုန်းကျော် အနိုင်ရရှိလာပါက တပ်မတော်သား ၂၅ ရာခိုင်နှုန်းဖြင့် ပေါင်းကာ သူ အနေဖြင့် သမ္မတ ဖြစ်ရေး အိပ်မက်ကို အကောင်အထည် ဖော်ဆောင်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ၏ အကျိုးစီးပွားများအား ကာကွယ်ရန် သူကိုယ်တိုင် သမ္မတ ဖြစ်ရန် လိုအပ်သည့်အတွက် အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံရေး လေ့လာသူများက ယုံကြည်စွာ ပြောဆိုနေကြလေသည်။

You may also like these stories:

“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”

အာဏာသိမ်းဖို့ စစ်ခေါင်းဆောင် လေသံပစ်တာ ၁ နှစ်ပြည့်ပြီ

မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး

စစ်အာဏာသိမ်းမှုအပြီး တနှစ်အကြာ

Your Thoughts …
Tags: NLDဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မဲစာရင်းသမ္မတ
ပေါ်ထွန်း

ပေါ်ထွန်း

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရန်ကုန်မြို့လည်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ် / ဧရာဝတီ

စစ်အာဏာသိမ်းမှု ကျဆုံးရမည်

(အထက်မှစ၍ ဘယ်မှ ညာသို့) မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ အရှင် တိလောကာဘိဝံသ၊ ဝစီပိတ်ဆရာတော် ဦးကောဝိဒနှင့် သီတဂူ ဆရာတော်။ (အောက်ခြေမှ ဘယ်မှ ညာသို့) ဒေါ်သက်သက်ခိုင်၊ ဒေါ်ရင်ရင်နွယ်၊ ဦးခင်မောင်ဆွေနှင့် ဆလိုင်းငုံကျုံးလျံ

မြန်မာ့ လူသတ်ဂိုဏ်းချုပ်နှင့် ကြံရာပါများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved