• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရန်ကုန်၊ မန္တလေး ညများရဲ့ ဖျော်ဖြေရေး ပဲ့ကိုင်ရှင်

by ဧရာဝတီ
4 August 2022
in ဆောင်းပါး
A A
ဦးစိုးလှိုင်သည် မြန်မာပြည်ဖွား တရုတ်တယောက်ဖြစ်ပြီး ဦးစိုးနိုင်ဟူသော အမြွှာညီတယောက်ရှိသည် / ဧရာဝတီ

ဦးစိုးလှိုင်သည် မြန်မာပြည်ဖွား တရုတ်တယောက်ဖြစ်ပြီး ဦးစိုးနိုင်ဟူသော အမြွှာညီတယောက်ရှိသည် / ဧရာဝတီ

17.1k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ချမ်းသာကြွယ်ဝလာသူတွေထဲ စားသောက်ဆိုင် လုပ်ငန်းရှင် သူဌေး ဦးစိုးလှိုင်ကို ချန်ထားခဲ့လို့ မရပါ။

သူသည် နိုင်ငံတော် ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) လက်ထက်တွင် ပေါ်ထွက်လာခဲ့သော ခရိုနီများနှင့် မတူပဲ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ညပိုင်း ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်၍ ကြီးပွါးချမ်းသာလာသူ ဖြစ်သည်ဟု အနုပညာရှင် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ဦးစိုးလှိုင်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် ကြီးပွားချမ်းသာလာသော လူငယ် ခရိုနီ လက်သစ်ဟုလည်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။

ဦးစိုးလှိုင်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် ကြီးပွားချမ်းသာလာသော လူငယ် ခရိုနီ လက်သစ်ဟုလည်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။

ဦးစိုးလှိုင် ဖွင့်လှစ်ထားသော ဘား၊ နိုက်ကလပ်နှင့် KTV များသည် ဆိုင်မဖွင့်ရ တားမြစ်ထားသော ကိုဗစ်ကာလတွင် ပိတ်ရက်မရှိ ဖွင့်လှစ်ခဲ့ပြီး ည ၁၀ နာရီကျော်လျင် အပြင်မထွက်ရ ထုတ်ပြန်ထားသည့် စစ်အာဏာသိမ်း စကာလ အချိန်များ၌ပင် ညလုံးပေါက် ဖွင့်လှစ်ခဲ့သည်။

ထိုကဲ့သို့ အမိန့် စည်းကမ်းများအား ချိုးဖေါက်၍ ဖွင့်လှစ်နေသော ဦးစိုးလှိုင်ပိုင်သည့် ညပိုင်း ဖျော်ဖြေရေးဆိုင် အချို့အား သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့က ညပိုင်းတွင် ဝင်ရောက် ဖမ်းဆီး အရေးယူခဲ့သော်လည်း နောက်နေ့မနက်တွင် အားလုံးကို ပြန်လွှတ်ပေးခဲ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ည ၁၀ နာရီကျော် အပြင်မထွက်ရ ဘားများ၊ ကလပ်များ မဖွင့်ရသည့် သတ်မှတ်ထား သော မာရှယ်လော ကာလဖြစ်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ကန်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထား သော Brave Bar ကလပ်အား သက်ဆိုင်ရာ နယ်မြေစခန်းက ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူ ၂၀၀ နီးပါး အဖမ်းခံရသည်။

သို့သော် ဦးစိုးလှိုင်နှင့် စစ်ခေါင်းဆောင်များ ရင်းနှီးမှုကြောင့် ဖမ်းဆီးခံရသူ အားလုံးမှာ နောက်နေ့မနက်တွင် ပြန်လည်လွတ် မြောက်လာခဲ့သည်။

BraveBar အတွင်းမြင်ကွင်း

ဦးစိုးလှိုင်သည် လက်ရှိ ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ရင်းနှီးသူတဦး ဖြစ်ပြီး ယခင် တိုင်းမှူးဟောင်း ယခု ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံနှင့်ပါ ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်ထားကြောင်း စီးပွားရေး အသိုင်းအဝိုင်းက ပြောသည်။

စစ်တပ်အသိုင်းအဝိုင်းရှိ အပတ်စဉ်တူများ တွေ့ဆုံသည့် ပွဲများ၊ အထိမ်းအမှတ် တွေ့ဆုံပွဲများကို ရန်ကုန်မြို့ရှိ ဦးစိုးလှိုင်ပိုင်ဆိုင်သည့် စားသောက်ဆိုင်များတွင် ပြုလုပ်လေ့ရှိပြီး ယင်းတွေ့ဆုံပွဲများအတွက် ဦးစိုးလှိုင်က အထူးလျှော့ဈေးဖြင့် စီစဉ်ပေးလေ့ရှိသည်။

ထိုကဲ့သို့ စစ်ကောင်စီနှင့် ရင်းနှီးသော ဦးစိုးလှိုင် ဖွင့်လှစ်ထားသော ကန်ရိပ်သာလမ်းပေါ်ရှိ Brave Bar အား စစ်အာဏာ ရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် Justice Bringer Force (JBF) အဖွဲ့က ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

ဦးစိုးလှိုင်ပိုင်ဆိုင်သော ဆိုင်များထဲတွင် ရန်ကုန်မြို့ ကန်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသော Brave Bar ၊ ဆရာစံလမ်း ပေါ်ရှိ World Wide KTV ၊ ၇ မိုင် ကုန်းမြင့်ရိပ်သာလမ်းပေါရှိ Icon KTV တို့မှာ လူသိများသည်။ ထို့အပြင် မန္တလေးမြို့တွင် Worldwide KTV (Mdy)နှင့် Icon KTV (Mdy) တို့ကို ဦးစိုးလှိုင် ဖွင့်လှစ်ထားသည်။

ဦးစိုးလှိုင်ပိုင်ဆိုင်သော ဆိုင်များထဲတွင် ရန်ကုန်မြို့ ကန်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသော Brave Bar ၊ ဆရာစံလမ်း ပေါ်ရှိ World Wide KTV ၊ ၇ မိုင် ကုန်းမြင့်ရိပ်သာလမ်းပေါရှိ Icon KTV တို့မှာ လူသိများသည်။ ထို့အပြင် မန္တလေးမြို့တွင် Worldwide KTV (Mdy)နှင့် Icon KTV (Mdy) တို့ကို ဦးစိုးလှိုင် ဖွင့်လှစ်ထားသည်။

နှစ်သစ်ကူးကာလများနှင့် သင်္ကြန်ကာလများတွင် လူငယ်အကြိုက်ဖျော်ဖြေပွဲများ ကျင်းပပေးသည့် Water zonic Myanmar ၊ The One Entertainment Park တွင်ကျင်းပသော နာမည်ကြီး EDM ရှိုးပွဲများသည် ဦးစိုးလှိုင် စီစဉ်သည့် ပွဲများ ဖြစ်သည်။

ဦးစိုးလှိုင်သည် ညပိုင်းဖျော်ဖြေရေး လုပ်ငန်းများအပြင် Brave Empire Production နာမည်ဖြင့် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းတခု ထူထောင်ထားပြီး နာမည်ကြီး အနုပညာရှင်များစွာနှင့် ရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။

Water zonic Myanmar ပွဲတပွဲ

ဖမ်းဆီးခံခဲ့ရသော မင်းသားပိုင်တံခွန် ပြန်လည်လွတ်မြောက်ရေး ဦးစိုးလှိုင်က ကူညီပေးခဲ့ရသည်ဟု ဆိုကြသည်။

ဦးစိုးလှိုင်သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ သမီးပိုင်ဆိုင်သော Seven Sense ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွင်လည်း ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ပါဝင်သည်ဟု ရုပ်ရှင်ဒါရိုက်တာအချို့က ပြောဆိုသည်။

သူသည် မြန်မာပြည်ဖွား တရုတ်တယောက်ဖြစ်ပြီး ဦးစိုးနိုင်ဟူသော အမြွှာညီတယောက်ရှိသည်။

တရုတ်ဖုန်းရောင်းသူမှ “ပို့ဆွမ်းပို့သူ”ဆီ

နဝတ အစိုးရလက်ထက်တွင် မြေနီကုန်း၌ Do Ko Mo နာမည်ဖြင့် ဆိုင်ဖွင့်ကာ တရုတ်နိုင်ငံထုတ် တန်ဖိုးနည်း ဖုန်းများ ရောင်းချခဲ့သည်။ သူတို့ ညီအကိုနှစ်ဦးသည် နဝတ အစိုးရ လက်ထက် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိများနှင့် ရင်းနှီး သော ဆက်ဆံရေးရှိခဲ့ပြီး တရုတ်နိုင်ငံထုတ် ဟန်းဆက်များအား မြန်မာနိုင်ငံသို့နယ်စပ်မှ တဆင့် တင်သွင်းရောင်းချရင်း စတင် ကြီးပွါးလာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အကြီးဖြစ်သူ ဦးစိုးလှိုင်သည် ဖျော်ဖြေရေး လုပ်ငန်းများအား ပြောင်းလဲလုပ်ကိုင်ပြီး ညီဖြစ်သူ ဦးစိုးနိုင်သည် ဟိုတယ် စားသောက်ဆိုင်နှင့် တယ်လီဖုန်း ဟန်းဆက် ဖြန့်ဖြူးရေးလုပ်ငန်းများအား လုပ်ကိုင်သည်။

ဦးစိုးနိုင်သည် တရုတ်နိုင်ငံထုတ် ရှောင်မီ Xiaomi အမှတ်တံဆိပ် တယ်လီဖုန်း ဟန်းဆက်၏ မြန်မာနိုင်ငံ တဦးတည်းသော ကိုယ်စားလှယ်လည်း ဖြစ်သည်။

ဦးစိုးလှိုင်သည် ရန်ကုန်မြို့တွင် ညပိုင်းဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်ရင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားမက်ဟောင်း ဖြစ်သူ ဦးလင်းမြင့်ဖွယ်နှင့် ရင်းနှီးလာခဲ့သည်။

“လင်းမြင့်ဖွယ်က DJ တီးတာ ဝါသနာပါတယ်။ DJ Xoon Mite က ကိုလင်းမြင့်တို့အဖွဲ့၊ သူတို့အဖွဲ့က ကလပ်တွေ ဘား တွေမှာ DJ တီးတယ်။ ကလပ်တွေမှာ DJ တီးရင်းနဲ့ ဦးစိုးလှိုင်နဲ့ ရင်းနှီးသွားတာ”ဟု အနုပညာရှင် တဦးက ပြောသည်။

Water zonic Myanmar ပွဲတပွဲ

ဦးလင်းမြင့်ဖွယ်နှင့်ရင်းနှီးပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်၊ သားဖြစ်သူ ဦး အောင်ပြည့်စုံတို့နှင့်ပါ ရင်းနှီးလာပြီးနောက်ပိုင်း ဦးစိုးလှိုင်သည် ညပိုင်းဖျော်ဖြေရေးလုပ်ငန်းများအား တိုးချဲ့ လုပ်ကိုင်လာခဲ့သည်။

ထို့အပြင် လူငယ်များကြားတွင် ရေပန်းစားသည့် ဖျော်ဖြေရေးလုပ်ငန်းများနှင့် ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်လာခဲ့သည်။

ဦးစိုးလှိုင်ဖွင့်လှစ်ထားသော ရန်ကုန်မြို့နှင့်မန္တလေးမြို့များရှိ ကလပ်များ၊ ဘားများနှင့် ကာရာအိုကေဆိုင်များသည် အနုပညာရှင်များ၊ ငွေကြေးတတ်နိုင်သည့် လူငယ်များကြားတွင် ရေပန်းစားသည့် နေရာတခု ဖြစ်လာခဲ့သည်။

ဦးစိုးလှိုင်ဖွင့်လှစ်ထားသော ဘားများ၊ ကလပ်များတွင် စိတ်ကြွမူးယစ်ဆေးဝါးများ ဖြစ်သော Ecstasy ၊ Ketamine ၊ Cocaine နှင့် ပျော်ပွဲရွှင်ပွဲသုံး မူးယစ်ဆေးဝါးမျိုးစုံအား ဝယ်ယူနိုင်ပြီး အသင့်သုံးစွဲနိုင်ရန် ပြင်ဆင်ထားသည်ဟု အဆိုပါ ကလပ်များသို့ သွားရောက်ဖူးသူ လူငယ်အချို့က ပြန်ပြောပြသည်။

ဦးစိုးလှိုင်ဖွင့်လှစ်ထားသော ဘားများ၊ ကလပ်များတွင် စိတ်ကြွမူးယစ်ဆေးဝါးများ ဖြစ်သော Ecstasy ၊ Ketamine ၊ Cocaine နှင့် ပျော်ပွဲရွှင်ပွဲသုံး မူးယစ်ဆေးဝါးမျိုးစုံအား ဝယ်ယူနိုင်ပြီး အသင့်သုံးစွဲနိုင်ရန် ပြင်ဆင်ထားသည်ဟု အဆိုပါ ကလပ်များသို့ သွားရောက်ဖူးသူ လူငယ်အချို့က ပြန်ပြောပြသည်။

ဦးစိုးလှိုင်သည် စစ်ဗိုလ်ချုပ်များအတွက် “ပို့ဆွမ်းပို့ပေးသူ”အဖြစ် နာမည်ကြီးသည်ဟုလည်း ရန်ကုန်အခြေစိုက် စီးပွါးရေး လုပ်ငန်းရှင်အချို့က မှတ်ချက်ပြုသည်။

စစ်ဗိုလ်ချုပ်များ၏ ပျော်ပွဲရွင်ပွဲများနှင့် ညစာစားပွဲများသို့ ဦးစိုးလှိုင် ဖွင့်လှစ်ထားသော KTV နှင့်ကလပ်များမှ ငယ်ရွယ်နုပျို သည့်အမျိုးသမီးငယ်များအား ပို့ပေးလေ့ ရှိသည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။

ခရိုနီလက်သစ်

ဦးစိုးလှိုင်သည် တခြားသောခရိုနီများကဲ့သို့ စစ်တပ်သို့လက်နက်ရောင်းချခြင်း၊ စစ်တပ်အတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်းနှင့် စစ်တပ်နှင့်ပတ်သက်သော စီမံကိန်းများအား တည်ခြင်း စသည့ ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရ၍ ကြီးပွါးချမ်းသာသော ခရိုနီလက်သစ်တဦးမဟုတ်ပေ။

ဦးစိုးလှိုင်သည် ညပိုင်းဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်ရင်း ကြွယ်ဝချမ်းသာလာသည့် ခရိုနီလက်သစ်တဦးဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုကြွယ်ဝချမ်းသာလာပြီး မြန်မာနိုင်ငံတွင် လူချမ်းသာများသာ နေထိုင်နိုင်သည့် ပြည်လမ်းမနီး ၇ မိုင်တွင် တဧကခန့် ကျယ်ဝန်းသော ကိုယ်ပိုင် အိမ်ဖြင့် နေထိုင်နိုင်သူဖြစ်လာသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
180
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
106
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388

လက်ရှိ အချိန်တွင် သူတည်ထောင်ထားသော ရုပ်ရှင်ထုတ်လုပ်ရေးမှာ အနုပညာလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ပြင်ဆင်နေပြီး မင်းသား ပိုင်တံခွန် အပါအဝင် MRTV-4 တွင် သရုပ်ဆောင်နေသော မင်းသမီးအချို့နှင့်လည်း ရုပ်ရှင်အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင်နေပြီဟုလည်း အနုပညာရှင် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

လက်ရှိ အချိန်တွင် သူတည်ထောင်ထားသော ရုပ်ရှင်ထုတ်လုပ်ရေးမှာ အနုပညာလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ပြင်ဆင်နေပြီး မင်းသား ပိုင်တံခွန် အပါအဝင် MRTV-4 တွင် သရုပ်ဆောင်နေသော မင်းသမီးအချို့နှင့်လည်း ရုပ်ရှင်အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင်နေပြီဟုလည်း အနုပညာရှင် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ဦးစိုးလှိုင်နှင့် ပတ်သက်ပြီးတော့ စီးပွားရေး မလုပ်ကြရန် အွန်လိုင်းမှာ စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုပ်ရှား လျက်ရှိသည့် Way Way Nay အဖွဲ့ကလည်း တောင်းဆိုထားသည်။

You may also like these stories:

ရွှေနှင့်ဒေါ်လာဈေး အတက်ကြမ်းနေ

ပြင်ပဒေါ်လာပေါက်ဈေးက ကုန်ဈေးနှုန်းများကို တွန်းတင်နေ

မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်

ကားတင်သွင်းခွင့်ပိတ်လိုက်လို့ ကားဈေးကွက် ကမောက်ကမ ဖြစ်လာနေ

Your Thoughts …
Tags: Brave BarEDMခရိုနီ လက်သစ်ဖျော်ဖြေရေး ပဲ့ကိုင်ရှင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရန်ကုန်၊ မန္တလေး ညများဦးစိုးလှိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

Next Post
အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်ပါဝင်ခြင်း မရှိကြောင်းကို ထိုင်ခုံလွတ်တလုံးဖြင့် ဖေါ်ပြနေသည်။ / AFP

နောက်ထပ်ကွပ်မျက်မှု မလုပ်ရန် မြန်မာကို ASEAN သတိပေး

အမေရိကန်အထက်လွှတ်တော် အမတ် မစ်ချ် မက်ကောနဲလ်  / MSNBC

MOGE ကို အရေးယူရန် အမေရိကန် အထက်လွှတ်တော်အမတ် တိုက်တွန်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved