• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကားတင်သွင်းခွင့်ပိတ်လိုက်လို့ ကားဈေးကွက် ကမောက်ကမ ဖြစ်လာနေ

by ဧရာဝတီ
29 June 2022
in စီးပွားရေး
A A
ဆူဇူကီး ကားမော်ဒယ်သစ် အရောင်းပြပွဲတပွဲကို ၂၀၁၈ ခုနှစ်အတွင်း မြင်ခဲ့ရစဉ် / Kyodo

ဆူဇူကီး ကားမော်ဒယ်သစ် အရောင်းပြပွဲတပွဲကို ၂၀၁၈ ခုနှစ်အတွင်း မြင်ခဲ့ရစဉ် / Kyodo

17.6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ အရန်ငွေ ခန်းခြောက်လာမှု အကျပ်အတည်းကို ရင်ဆိုင် လာနေရသော စစ်ကောင်စီသည် သွင်းကုန်များအား အကြီးအကျယ် ကန့်သတ်နေရာ ပြည်ပမှ ကားတင်သွင်းခွင့်များကိုလည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ကာ ရပ်ဆိုင်းခဲ့သည်။

စစ်ကောင်စီ၏ ပြည်ပမှ ကားတင်သွင်းခွင့် ကန့်သတ်ခြင်းတွင် တဦးချင်း ကားတင်သွင်းခွင့်၊ ကား အရောင်းစင်တာများနှင့် ကားအသစ် ( Brand New)တင်သွင်းခွင့်များ ပါဝင်သည့် အပြင် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော SKD (Semi Knocked Down) ကားများအတွက် ကားအစိတ်အပိုင်းများ တင်သွင်းခွင့်အထိ ပါဝင်သည်။

ထို့ကြောင့် ပြည်တွင်းကားဈေးကွက်အတွင်း ကားပြခန်းများတွင် ကားသစ်များ မရှိတော့ဘဲ ကားဈေးနှုန်းများ ဆက်တိုက်မြင့်လာသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကားများသည်လည်း ထုတ်လုပ်မှု ရပ်တန့် လာသည့် အခြေအနေရှိလာနေသည်။

စစ်အာဏာသိမ်းပြီးနောက် တန်ဖိုးဆက်တိုက်ကျဆင်းလာသော မြန်မာကျပ်ငွေကို လက်ဝယ်ကိုင် ဆောင်ထားမည့်အစား ရွှေ၊ အိမ်ခြံမြေ နှင့် ကားဈေးကွက်အတွင်းသို့ ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုလာမှုကလည်း မြင့်တက်နေရာ ကားဈေးနှုန်းများ ခုန်တက်သွားစေကြောင်း ကားအရောင်းအဝယ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုသည်။

ပြည်ပမှ ကားတင်သွင်းခွင့်ပိတ်ထားသည်မှာ အချိန် ၈ လ ခန့် ရှိလာပြီဖြစ်၍ ယခင်က တင်သွင်းခွင့်ရရှိထားသော ပါမစ်များဖြင့် တင်သွင်းထုတ်လုပ်ထားသော ကားများ တဖြည်းဖြည်းရောင်းကုန်လာသည့်အတွက် ကားအရောင်းစင်တာများတွင် ကားများ လျော့နည်းလာသည်။

ထို့သို့ အခြေအနေများကြောင့် လူကြိုက်များပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကိုရီးယား ကား ကုမ္ပဏီဟွန်ဒိုင်း (Hyundai) အမှတ်တံဆိပ် Accent ကားအမျိုးအစားသည် ယခင်က ကျပ်သိန်း ၃၅၀ ဝန်းကျင်သာ ရှိရာမှ ယခုတွင် ကျပ် သိန်း ၅၂၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာလျက်ရှိသလို ဂျပန် ကားကုမ္ပဏီ ဆူဇူကီး (Suzuki) မှ ထုတ်လုပ်သော Ertiga နှင့် Swift ကားများသည် ယခင်က ကျပ် သိန်း ၃၀၀ မှ ၄၀၀ ကျော်သာရှိခဲ့ရာမှ ယခုတွင် ကျပ်သိန်း ၅၀၀ မှ ၆၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာလျက်ရှိကြောင်း ပြည်တွင်းကားဈေးကွက်အတွင်းထံမှ သိရသည်။

အဆိုပါ ဈေးနှုန်းများသည် ပြင်ပကားဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများဖြစ်ပြီး အရောင်းစင်တာများ၏ ဈေးနှုန်းမဟုတ်ပါ။

“ကားဈေးတွေကတော့ ဆူဇူကီးတို့ ဘာတို့မှ မဟုတ်ပါဘူး၊ အကုန်လုံးဈေးလိုက်တက်နေတာ။ အရင်က ကျပ်သိန်း ၁၀၀ ကျော်လောက်နဲ့ ဝယ်လို့ရတဲ့ အိမ်စီးကားတွေက အခုဆိုရင် သိန်း ၂၀၀ ကျော်တွေ ဖြစ် နေပြီ”ဟု ရန်ကုန်မြို့ရှိ Lucky Clover Car Buy & Sale Service Groupမှ ကိုမြတ်ကိုက ပြောသည်။

လတ်တလောတွင် SKD ကားအရောင်းစင်တာများတွင် ကားတင်သွင်းခွင့် မပိတ်ခင်က ပါမစ်ရရှိ လိုက် သော တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီများ ဖြစ်သည့် BAIC နှင့် JETOUR တို့၏ ကားများသာ ရှိနေတော့ ကြောင်း ပြည်တွင်းကားအရောင်းစင်တာလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။ ထိုကားအမှတ် တံဆိပ်များသည်ပင် အစီးရေ ရာဂဏန်းဝန်းကျင်သာ ကျန်ရှိကြောင်း သိရသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်ပိတ်ထားခြင်း၊ ဈေးကွက်အတွင်း ဒေါ်လာအလွယ်တကူ ဝယ်ယူခွင့် မရှိတော့ခြင်းနှင့် တင်သွင်းခွင့်ပါမစ်ပါ အမေရိကန်ဒေါ်လာ ပမာဏာကို ပြန်လည်ရောင်းချရမည် ဆို သော မူဝါဒကြောင့် SKD ကားထုတ်လုပ်သော ကုမ္ပဏီများသည် လုပ်ငန်းဆက်လက်လည်ပတ်ရေး အခက်အခဲဖြစ်လာနေကြောင်း ဧရာဝတီသို့ ပြောသည်။

“ကားကုမ္ပဏီတွေ အရင်က ရောင်းထားတာတွေက ကျပ်ငွေနဲ့ပဲဆိုတော့ မြန်မာ ကျပ်ငွေတွေ ပိုက်မိ နေတဲ့ သဘောရှိတာပေါ့။ အပြင်က ထပ်သွင်းဖို့ကျ ဒေါ်လာဝယ်ဖို့ခက်သွားတယ်။ နောက်တခုက ပါမစ်လည်းပိတ်ထားတယ်ဆိုတော့ ထုတ်လုပ်မှုအတွက် တော်တော်ခက်သွားတယ်။ အခု နောက်ဆုံး မူဝါဒက ပါမစ်လုပ်လို့ရှိရင် ပါမစ်ထဲမှာ ပါတဲ့ ဒေါ်လာပမာဏတခုကို ပြန် ရောင်းပေးရမယ် ဆိုတာပါ ပါလာတော့ အဲဒါကို ပြန်မရောင်းပေးနိုင်တဲ့ အခက်အခဲတွေရှိနေတာ”ဟု ရှင်းပြသည်။

ဧပြီလအတွင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က သွင်းကုန်ထုတ်ကုန်လုပ်ငန်းများအားလုံး ရရှိလာသည့် အမေရိကန်ဒေါ်လာကို နေ့ချင်း ဗဟိုဘဏ်သို့ ပြန်ရောင်းချရမည်ဆိုသော စည်းမျဉ်းသစ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ်နေသော လုပ်ငန်းများ အကျပ်ရိုက်ကုန်သည်။ ထိုအထဲ ကားထုတ်လုပ်ရေးလုပ်ငန်းတွင် ပါဝင်နေသော ဂျပန်နိုင်ငံက စစ်ကောင်စီထံ လွတ်ငြိမ်းခွင့်တောင်းရာ ဗဟိုဘဏ်က လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ သို့သော် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်စေသော ပြဿနာများက ဆက်လက်ကျန်နေသေးပုံရသည်။

ဟွန်ဒိုင်း (Hyundai) နှင့် ဆူဇူကီး (Suzuki) ကားများကို ရောင်းချနေသော ကားအရောင်းစင်တာ လုပ်ငန်းရှင်တဦးက “ကုမ္ပဏီတွေက ပစ္စည်းတွေ ထပ်မသွင်းနိုင်တော့လို့ ရပ်ထားရတဲ့ အခြေ အနေဖြစ် နေတာပေါ့။ ဟွန်ဒိုင်း (Hyundai) ဆိုရင် နှစ်လလောက်ရှိပြီ ကျနော်တို့ကို ကားမချ ပေးနိုင်တာ။ ဆူဇူကီး (Suzuki) ဆိုရင် လာမယ့် ၈ လပိုင်းမှာ စက်ရုံက ဆက်လည်မယ်၊ မလည်တော့ဘူး ဆိုတဲ့ အခြေအနေတွေရှိနေတယ်” ဟု ဆိုသည်။

ဒေသတွင်း နာမည်ကြီး ကားထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည် ဂျပန်နိုင်ငံအခြေစိုက် Suzuki ၊ Nissan ၊ ကိုရီးယားနိုင်ငံအခြေစိုက် KIA ၊ Hyundai နှင့် တရုတ်နိုင်ငံအခြေစိုက် BAIC၊ JETOUR အစရှိ သော ကားကုမ္ပဏီများအပါအဝင် အမေရိကန် ကားကုမ္ပဏီ FORD တို့က ပြည်တွင်း၌ SKD စနစ်ဖြင့် ကားထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အရပ်သားအစိုးရလက်ထက်တွင် ပြည်တွင်း၌ ကားတပ်ဆင်ထုတ်လုပ်သော လုပ်ငန်း(SKD)များကို အားပေးသည့်အနေဖြင့် ၂၀၁၉ ခုနှစ် ကားတင်သွင်းခွင့်မူဝါဒတွင် ဘယ်မောင်းကား(၂၀၁၆ မှ ၂၀၁၉ မော်ဒယ်) များသာ တင်သွင်းခွင့်ပြုခဲ့ပြီး တဦးချင်း ပါမစ်ဖြင့် ပြည်ပမှ ကားအသစ် (Brand New)တင်သွင်းမှုများကို ရန်ကုန်လိုင်စင် ထုတ်ပေးမှု ရပ်ဆိုင်းခဲ့ကာ SKD ကားများကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးခြင်းတို့ကြောင့် SKD ကား ဈေးကွက်သည် တိုးတက်လာခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
13

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော SKD ကားကုမ္ပဏီများသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြစ်ခြင်းကြောင့် အဆိုပါလုပ်ငန်းများသည် လုပ်ငန်းဆက်လက်ရပ်တည်ရေး အခက်အခဲ ဖြစ်ပေါ်လာ၍ စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က ဝင်ရောက်ဖြေရှင်းပေးမှုများကို ဆွေးနွေးလျက်ရှိ သော်လည်း တိကျသောအဖြေ တခုခု မထွက်လာသေးကြောင်း သိရသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက “အခုက ကားဈေးကွက်က မူဝါဒအပြောင်းအလဲကြောင့် ပိတ်ထားတော့ ဈေးတွေ အကုန်တက်ကုန်တာပေါ့။ ပြန်ဖွင့်လိုက်ရင်လည်း ဈေးက ချက်ချင်းပြန်ထိုးသွားမယ့် အခြေအနေရှိတယ်။ Brand New ကားတွေကို ပြန်ဖွင့်ပေးဖို့ အလားအလာတော်တော်လေးနည်းပါတယ်။ SKD လောက်ပဲ ပြန်ဖွင့်ပေးလောက်မယ်”ဟု ခန့်မှန်းပြောဆိုသည်။

You may also like these stories:

စစ်ခေါင်းဆောင်သားနှင့် ခရိုနီတချို့ပေါင်းပြီး ရုရှားဆီ တင်သွင်းရန် ကြံစည်နေ

ကိုဗစ်၊ စစ်အာဏာသိမ်းမှုနှင့်အတူ ဈေးကွက်ပျက်သွားသော မြန်မာ့သီးနှံများ

ဆိုလာစီမံကိန်းတွေ တင်ဒါမပြိုင်ဘဲ လုပ်ခွင့်ရ ကုမ္ပဏီက ဦးအောင်ပြည့်စုံ ပိုင်သလား

ကြွေးမြီအကျပ်အတည်းကြောင့် လာအို ဒေဝါလီခံရနိုင်

Your Thoughts …
Tags: SKDကမောက်ကမကားဈေးကွက်ကားတင်သွင်းခွင့်ပိတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနိုင်ငံခြားအရန်ငွေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

by အောင်ခမ်း
8 December 2023
12.1k

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စက်သုံးဆီပြတ်တောက်မှု အကြီးအကျယ်ဖြစ်ပေါ်ကာ ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းဝယ်ယူရသည့် အခြေအနေများ ရှိခဲ့ကြသည်။

စစ်ကောင်စီ ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို တရုတ်အကူအညီလည်း မကယ်နိုင်

စစ်ကောင်စီ ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို တရုတ်အကူအညီလည်း မကယ်နိုင်

by Zachary Abuza
16 December 2024
9.7k

စစ်ကောင်စီအတွက် ဘဏ္ဍာရေးကျပ်တည်းနေပြီး နိုင်ငံခြားငွေ အမြဲတမ်း မလုံမလောက်ဖြစ်နေသည်။

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

by Aidan Jones နှင့် Khu Sam
3 February 2024
6.8k

အာဏာသိမ်းပြီး သုံးနှစ်ကြာသောအခါ မြန်မာစစ်ကောင်စီနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဘောင်ကျဉ်းလာပြီ ဖြစ်သည်။

တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ

တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ

by ဧရာဝတီ
4 April 2024
6.3k

ကျောက်ဖြူဆိပ်ကမ်းသည် ရခိုင်ကမ်းခြေမှ တရုတ်နိုင်ငံတောင်ပိုင်းကို ဆက်သွယ်ထားသော ၉၇၃ ကီလိုမီတာ ရှည်သည့် တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ စတင်သော နေရာလည်းဖြစ်သည်။

Next Post
လူမှုကွန်ရက်ပေါ် ဖြန့်ဝေနေသည့် ယုဇနဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် လူငယ်  / CJ

ယုဇနဖြစ်စဉ် ပြည်သူများကို အပြစ်မတင်ရန် မြို့ပြပြောက်ကျားများဆို

မြဝတီမြို့ နယ်စပ် ကုန်သွယ်ရေး ဇုန်

ထိုင်း-မြန်မာ နယ်စပ်မှ လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် လိုင်စင်ကြေး တိုးမြှင့်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved