• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ခေါင်းဆောင်သားနှင့် ခရိုနီတချို့ပေါင်းပြီး ရုရှားဆီ တင်သွင်းရန် ကြံစည်နေ

by ဧရာဝတီ
25 June 2022
in သတင်း
A A
ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင် တဆိုင် /  Facebook

ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင် တဆိုင် / Facebook

13.3k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ၊ ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် ဦးအောင်မြင့် (Lucky Star) တို့ အပါအဝင် လုပ်ငန်းရှင်တချို့ ပူးပေါင်းပြီး ကုမ္ပဏီထောင်ကာ ရုရှားနိုင်ငံမှ စက်သုံးဆီများကို တင်သွင်းရောင်းချသွားရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပမှ စက်သုံးဆီ တင်သွင်းရောင်းချနေသော ပြည်တွင်း စက်သုံးဆီကုမ္ပဏီတချို့ကို ၎င်းတို့ ထူထောင်မည့် ကုမ္ပဏီ၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဦးအောင်ပြည့်စုံနှင့် အဆိုပါ လုပ်ငန်းရှင်များက လိုက်လံ ကမ်းလှမ်းလျက် ရှိကြောင်း ပြည်တွင်း စက်သုံးဆီကုမ္ပဏီ အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။

စက်သုံးဆီလုပ်ငန်းရှင် တဦးက “သူတို့က ကုမ္ပဏီကြီးတခု ထပ်ထောင်မယ်။ အခု မြန်မာပြည်ဈေးကွက်ကို သူတို့ပဲ အုပ်ထားလိုက်မယ်။ သူတို့ပဲ လုပ်မယ်ပေါ့” ဟု ဆိုသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းရောင်းရန် ကိစ္စနှင့် ပတ်သက်ပြီး ဦးအောင်ပြည့်စုံနှင့် စီးပွားရေးလုပ်ငန်းရှင်တချို့ ရုရှား နိုင်ငံသို့ သွားရောက်ရန် ရှိကြောင်းလည်း ဧရာဝတီ၏ သတင်းရင်းမြစ်တချို့က ပြောသည်။

အဆိုပါ ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းမည့် အစီအစဉ်ထဲတွင် ပါဝင်လာသော ထိပ်တန်း ကျောက်မျက်လုပ်ငန်းရှင် ဦးအောင်မြင့် (ခ) ရုံးဖူ (တရုတ်အမည်) သည် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိသူဖြစ်ပြီး ငွေကြေးအရ ကြွယ်ဝချမ်းသာသူ ဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုသည် စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှ ထွက်ခွာခဲ့သော တယ်လီနော မြန်မာဆက်သွယ်ရေးကုမ္ပဏီ၏ ရှယ်ယာအများအပြားကို ဝယ်ယူခွင့် ရရှိခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ထိုဝယ်ယူမှုတွင် စစ်ခေါင်း ဆောင်၏ သမီးဖြစ်သူ ဒေါ်ခင်သိရီသက်မွန်က ရှယ်ယာထည့်ဝင်ထားကြောင်း ဧရာဝတီသတင်းဌာနက သတင်းရေးသား ဖော်ပြပြီး ဖြစ်သည်။

“သူ့ (ဦးအောင်မြင့်) ကိုတော့ ပိုက်ဆံရှိလို့ ခေါ်တာ ဖြစ်မယ်။ ရင်းနှီးမြှုပ်နှံဖို့ကို သူက အရင်တုန်းက ဆီသွင်းတာတွေ ဘာတွေလည်း လုပ်ဖူးတယ်” ဟု အထက်ပါ ကျောက်မျက်လုပ်ငန်းရှင်က ဆိုသည်။

ဦးအောင်မြင့်သည် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းကို အဓိက လုပ်ကိုင်သူဖြစ်ပြီး ၎င်း၏ Lucky Star ကျောက်မျက်တူးဖော်ရေးကုမ္ပဏီသည် ကချင်ပြည်နယ်၊ ဖားကန့်ရှိ လုံခင်းကျောက်မှော်တွင် ဧက ရာနှင့်ချီသော ကိုယ်ပိုင်လုပ်ကွက်များနှင့် အကျိုးတူလုပ်ကွက် အများအပြားကို လုပ်ကိုင်ခွင့် ရရှိထားသည်။

ထို့ပြင် ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းရောင်းချမည့် ဦးအောင်ပြည့်စုံ၏ အစီအစဉ်တွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဝင်းမြင့်၏ မြတ်မေတ္တာမွန် (MMTM) စက်သုံးဆီကုမ္ပဏီ လည်း ပါဝင်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်က ပြောသည်။

သို့သော် ထိုကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီက မေးမြန်းရာ ဒေါက်တာဝင်းမြင့်က ၎င်းသည် လက်ရှိအချိန်တွင် ပြည်ပ၌ ရောက်ရှိနေပြီး သူ၏ ကုမ္ပဏီအနေဖြင့်လည်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုသည်။

ဒေါက်တာဝင်းမြင့်က “ကျနော် အခု ပြည်ပခရီးရောက်နေတာ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မသိသေးပါဘူး။ ကျနော့် ကုမ္ပဏီနဲ့တော့ ဘာမှ ပြောဆိုထားတာ မရှိသေးပါဘူး” ဟု ပြောသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီ တင်သွင်းသည့် ကိစ္စရပ်သည် ပြည်ပမှ မြန်မာ့စက်သုံးဆီ တင်သွင်းရောင်းချသည့် ပြည်တွင်း ကုမ္ပဏီများကြားတွင် မကြာခဏဆိုသလို ပွဲစားကုမ္ပဏီများက လာရောက် ချိတ်ဆက်လေ့ရှိကြပြီး နောက်ပိုင်းတွင် ပျက်ပြယ်သွားသည်က များကြောင်း ပြည်တွင်းစက်သုံးဆီကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

၎င်းက “အရင်ကတည်းက ရုရှားဆီက လာလာဆက်ကြတယ်။ ဈေးက ဘယ်လိုပေါကြောင်း ဆိုပြီးတော့။ နောက်ပိုင်း ဘယ်ဆိပ်ကမ်းကနေ ပို့မှာလဲ။ ငွေပေးချေ ကိစ္စရပ်တွေ အသေးစိတ် ဆွေးနွေးဖို့ကျရင် အဲဒီ ကုမ္ပဏီ ပြန်ပြန်ပျောက်သွားတယ်။ အခုက Higher Level (ထိပ်တန်းလုပ်ငန်းရှင်) နဲ့ဆိုတော့ သေချာတော့ မပြောတတ်ဘူး” ဟု ပြောသည်။

ထို့ပြင် ရုရှားနိုင်ငံ၏လောင်စာဆီဈေးနှုန်းများမှာ သက်သာသော်လည်း မြန်မာနိုင်ငံသို့ တင်သွင်းရာတွင် ယခု စင်ကာပူနိုင်ငံ မှ တင်သွင်းနေရသည့် သယ်ယူပို့ဆောင်ရေးစရိတ်ထက် ပိုကုန်ကျမည်ဖြစ်သလို တန်ချိန် ၁ သိန်းဝန်းကျင်ရှိသော လောင်စာတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အခြေခံအဆောက်အဦများဖြစ်သော ဆိပ်ကမ်းများ မရှိသေးခြင်းကြောင့် ယခု ကိစ္စရပ်သည် ထင်သလောက် မလွယ်ကူနိုင်ကြောင်း စက်သုံးဆီအသိုင်းအဝန်းမှ လုပ်ငန်းရှင်များက ပြောဆိုကြသည်။

စက်သုံးဆီ တင်သွင်းဖူးသည့် လုပ်ငန်းရှင်တဦးက “ရုရှားဆီ တင်သွင်းဖို့က အဲဒီလောက် လွယ်နေရင် ရှရှားစကား မွတ်နေအောင်တတ်တဲ့ ဦးတေဇတို့က လုပ်နေတာ ကြာပြီပေါ့ဗျာ။ အခုက ဘယ်သူဂျင်းထည့်ပြန်ပြီလဲ မသိဘူး” ဟု ပြောဆိုသည်။

ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ခရိုနီ ဦးတေဇသည် မြန်မာစစ်တပ်အတွက် ရုရှားမှ စစ်လက်နက်ပစ္စည်းများ အဓိက တင်သွင်းနေ သူဖြစ်ပြီး မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံခြားအရံငွေ ရှားပါးလာမှုကြောင့် စက်သုံးဆီအပါအဝင် နိုင်ငံခြားမှ သွင်းကုန်များအပေါ် ကန့်သတ်ထိန်းချုပ်နေပြီး စက်သုံးဆီတင်သွင်းရောင်းချသူများအား ဖိအားပေးနေချိန်တွင် ယင်းသို့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံ ဝင်ပါလာမည့် သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

You may also like these stories:

ရုရှားက ဝယ်မယ့် ရေနံတွေနဲ့ မန္တလေး လာမယ့် တရုတ်ရထား

ဆိုလာစီမံကိန်းတွေ တင်ဒါမပြိုင်ဘဲ လုပ်ခွင့်ရ ကုမ္ပဏီက ဦးအောင်ပြည့်စုံ ပိုင်သလား

စက်သုံးဆီဈေးကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ရပ်ဆိုင်း

စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်ပါက အရေးယူမည် ဟု စစ်ကောင်စီ ကြေညာ

Your Thoughts …
Tags: စက်သုံးဆီစစ်ခေါင်းဆောင်ရုရှားရွှေဗျိုင်းဖြူကုမ္ပဏီဦးအောင်ပြည့်စုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.9k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

Next Post
မြန်မာစစ်တပ်စခန်းတခုအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့က သိမ်းပိုက်အပြီး

စစ်ကောင်စီတပ် ချည့်နဲ့နေပြီလား

ပွင့်ဖြူ ဖြစ်ရပ်မှာ အဓိက တာဝန်ရှိတဲ့ စစ်ကောင်စီဘက်က ဗိုလ်မှူး မင်းပိုင်စိုးနဲ့ မိသားစု

ပဋိပက္ခကြား သတင်းပို့ရာမှာ အမျိုးသမီးနဲ့ ကလေးငယ်များကို ကာကွယ်ပါ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved