စစ်ကောင်စီသည် အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပြီး စစ်အာဏာသိမ်းမှု မအောင်မြင်ကြောင်း သွယ်ဝိုက်ဝန်ခံလိုက်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် စစ်ကောင်စီသည် မြန်မာ၌ လုပ်ပိုင်ခွင့်အမြင့်မားဆုံးဖြစ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူသည်။
စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာစစ်တပ်အကြီးအကဲသည် အရေးပေါ်အုပ်ချုပ်ရေးကို ၁ နှစ်ကြာပြဋ္ဌာန်းပြီးနောက် ၁ ကြိမ်လျှင် ၆ လဖြင့် သက်တမ်း ၂ ကြိမ်တိုးနိုင်သည်။
ယခုနောက်ဆုံး သက်တမ်းတိုးခြင်းမှာ အရေးပေါ်အခြေအနေသည် အနည်းဆုံး ၂ နှစ်ကြာမည်ဟု ဆိုလိုသောကြောင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် မလုပ်နိုင်ကြောင်း ပြသသည့်လက္ခဏာ ဖြစ်သည်။
စစ်တပ်သည့် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီကလ အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တောင်ပြိုကမ်းပြိုနိုင်သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်း မသမာမှု အကြီးအကျယ်ရှိသောကြောင့် အာဏာသိမ်းသည်ဟု အကြောင်းပြသည်။
မင်းအောင်လှိုင်နှင့် သူ၏ အချက်အလက်များ
အာဏာသိမ်းပြီးနောက် ၁၈ လအတွင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် မိုင်းဖေါက်ခွဲမှု ၇,၀၀၀ ကျော်၊ တိုက်ခိုက်မှု ၆,၀၀၀ ကျော်နှင့် မီးရှို့မှု ၁,၀၀၀ ကျော် ပြုလုပ်ကြောင်း အထက်ပါ ကာလုံအစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
အာဏာသိမ်းပြီးနောက် ၁၈ လအတွင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် မိုင်းဖေါက်ခွဲမှု ၇,၀၀၀ ကျော်၊ တိုက်ခိုက်မှု ၆,၀၀၀ ကျော်နှင့် မီးရှို့မှု ၁,၀၀၀ ကျော် ပြုလုပ်ကြောင်း အထက်ပါ ကာလုံအစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ထိုအချက်အလက်များသည် မှန်ကန်သည်ဟု ယူဆရပါက နိုင်ငံ၏ အသုံးစရိတ်များကို အကြီးအကျယ် ပိုမိုရယူသော စစ်တပ်သည် လွန်စွာအင်အားချည့်နဲ့နေကြောင်း ပြသနေသည်။
စစ်ကိုင်းတိုင်းတွင် ခုခံရေးလှုပ်ရှားမှု အများဆုံးဖြစ်ပြီး တိုက်ခိုက်မှု ၄,၀၀၀ ကျော်ရှိကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောပြီး ရန်ကုန်တိုင်းတွင် တိုက်ခိုက်မှု ၂,၅၀၀ နီးပါး၊ မန္တလေးတိုင်းတွင် ၂,၀၀၀ ကျော်နှင့် မကွေးတိုင်းတွင် ၁,၃၀၀ ကျော်ရှိကြောင်း သိရသည်။ ထိုဒေသများတွင် တည်ငြိမ်မှု ထိန်းသိမ်းနိုင်ခြင်း မရှိပေ။
အာဏာသိမ်းမှုနောက်ပိုင်းတွင် အုပ်ချုပ်ရေးဝန်ထမ်းများနှင့် စစ်ကောင်စီ ထောက်ခံသူများအပါအဝင် ဝန်ထမ်း ၃,၀၀၀ ကျော် သတ်ဖြတ်ခံရပြီး နောက်ထပ် ၃,၀၀၀ ခန့်ဒဏ်ရာရကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောသည်။ ထိုကိန်းဂဏန်းများတွင် သတ်ဖြတ်ခံရသော စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဝင်များ ပါဝင်ပုံရသည်။
USDP ဥက္ကဋ္ဌ ဦးသန်းဌေးသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို လွန်ခဲ့သောလက တွေ့ဆုံခဲ့သည်။ USDP အဖွဲ့ဝင် ၁,၈၀၀ ကျော်ကို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက သတ်ဖြတ်သည်ဟု အထူးသံတမန်ကို သူက ပြောခဲ့သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏ စစ်သားများက အမြောက်များဖြင့် ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ အငြင်းပွားဖွယ် သတ်ဖြတ်မှုများအကြောင်း ထည့်သွင်းပြောကြားခြင်း မပြုပေ။
သို့သော် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏ စစ်သားများက အမြောက်များဖြင့် ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ အငြင်းပွားဖွယ် သတ်ဖြတ်မှုများအကြောင်း ထည့်သွင်းပြောကြားခြင်း မပြုပေ။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက်တွင် လူ ၂,၀၀၀ ကျော်သေဆုံးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ သိရပြီး လူပေါင်း ၁၅,၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး နေရပ်စွန့်ခွာရသူ ၈၆၆,၄၀၀ အပါအဝင် တနိုင်ငံလုံးတွင် လူပေါင်း ၁ ဒဿမ ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (OCHA) က ပြောသည်။
သူအုပ်ချုပ်သည့် ကာလအတွင်း ကုန်သွယ်ရေးအပိုငွေ အမေရိကန် ဒေါ်လာ ၁ ဘီလီယံရှိခဲ့ ကြောင်း ကာလုံ အစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောသောကြောင့် ရယ်စရာကောင်းလှသည်။ မြန်မာသည် သွင်းကုန်အပေါ် မှီခိုနေရပြီး အစိုးရအဆက်ဆက်တွင် ကုန်သွယ်ရေးလိုငွေပြသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ဗရမ်းဗတာ ငွေကြေး မူဝါဒများကြောင့် မြန်မာတွင် အမေရိကန် ဒေါ်လာ ရှားပါးနေပြီး မြန်မာကျပ်ငွေသည် ဒေါ်လာနှင့်ယှဉ်လျှင် တန်ဖိုးကျဆင်းနေသောကြောင့် ပြင်ပဈေးကွက်တွင် တဒေါ်လာလျှင် ၂,၈၀၀ ကျပ်အထိ ဖြစ်နေသည်။
ကာလုံအတု၊ ရွေးကောက်ပွဲအတု
ကာလုံအစည်းအဝေးတွင် ထိုကိန်းဂဏန်းများကို ဖတ်ပြပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကို နောက်ထပ် ၆ လ သက်တမ်းတိုးရန် အဆိုပြုပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ခေတ္တသမ္မတ ဦးမြင့်ဆွေက သဘောတူသည်။
ကာလုံအစည်းအဝေးတွင် ထိုကိန်းဂဏန်းများကို ဖတ်ပြပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကို နောက်ထပ် ၆ လ သက်တမ်းတိုးရန် အဆိုပြုပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ခေတ္တသမ္မတ ဦးမြင့်ဆွေက သဘောတူသည်။
အာဏာသိမ်းပြီးနောက် ဥပဒေနှင့်အညီ အာဏာသိမ်းသည်ဟု ဟန်ဆောင်ရန်အတွက် အရေးပေါ်အခြေအနေ ကြေညာရန်နှင့် သက်တမ်းတိုးရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကာလုံ အစည်းအဝေးခေါ်သည့် ၃ ကြိမ်သာ ထိုအမည်ခံသမ္မတသည် လူမြင်ကွင်းသို့ ထွက်သည်။
ကာလုံအစည်းအဝေးတွင် ပေါ်လာသူနောက်တဦးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတီခွန်မြတ် ဖြစ်သည်။ သူသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲချိန်မှ စတင်ပြီး နိုင်ငံရေးနှင့် ပတ်သက်နေသူဖြစ်ကာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ ယခင်စစ်အုပ်စုတွင်ဖြစ်စေ၊ ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရတွင်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရတွင်ဖြစ်စေ၊ လက်ရှိ စစ်ကောင်စီအောက်တွင်ဖြစ်စေ တိုင်းပြည်အခြေအနေ မည်သို့ရှိစေကာမူ သူ၏နေရာကို ဆက်ထိန်းထားနိုင်သည့် နိုင်ငံရေးသမားအဖြစ် မြန်မာ့သမိုင်းတွင် မှတ်တမ်းဝင်မည့်သူဖြစ်သည်။
ကျန် ကာလုံအဖွဲ့ဝင်များမှာ ဗိုလ်ချုပ်များဖြစ်သည်။ ကာလုံတွင် အရပ်သား ရာထူးဖြစ်သော နိုင်ငံခြားရေးဝန်ကြီးသည်ပင် ဗိုလ်မှူးကြီးဟောင်း ဖြစ်သည်။ ထို့ကြောင့် ထိုအစည်းအဝေးသည် ဥပဒေနှင့်အညီ အာဏာသိမ်းသည်ဟု ပြည်သူလူထုထင်အောင်လုပ်သည့် အစည်းအဝေးအတု တခုသာဖြစ်သည်။
အခြားအတုတခုမှာ စစ်ကောင်စီက လာမည့်နှစ် သြဂုတ်လတွင် ပြုလုပ်ရန် ကတိပေးထားသော ရွေးကောက်ပွဲ ဖြစ်သည်။ စစ်ကောင်စီက ပြုလုပ်သည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမည်ဟု ယူဆသူ မရှိသလောက်ပင် ဖြစ်သည်။
စစ်ကောင်စီသည် လာမည့် ရွေးကောက်ပွဲကို ကြီးကြပ်ရန် ဦးသိန်းစိုးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်ထားသည်။ ထိုဗိုလ်ချုပ်ဟောင်းသည် USDP အတွက် မဲလိမ်သည်ဟု ကျော်ကြားသည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကြီးကြပ်သူဖြစ်သည်။
မြန်မာတွင် လူထုထောက်ခံမှု အကြီးအကျယ်ရသော NLD က စစ်ကောင်စီပြုလုပ်သည့် ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။
လာမည့်ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန် စစ်ကောင်စီက ကြံစည်နေသောကြောင့် ထိုစနစ်ကို ပြည်သူလူထုအား ပညာပေးရန် အချိန်လိုမည်ဖြစ်ပြီး ပုံမှန်အခြေအနေမျိုးတွင်ပင် ၁ နှစ်ဆိုသောကာလသည် ထိုသို့လုပ်ရန် မလုံလောက်ကြောင်း လေ့လာသူများက ပြောသည်။
လာမည့်ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန် စစ်ကောင်စီက ကြံစည်နေသောကြောင့် ထိုစနစ်ကို ပြည်သူလူထုအား ပညာပေးရန် အချိန်လိုမည်ဖြစ်ပြီး ပုံမှန်အခြေအနေမျိုးတွင်ပင် ၁ နှစ်ဆိုသောကာလသည် မလုံလောက်ကြောင်း လေ့လာသူများက ပြောသည်။
ကာလုံအစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်သည် နိုင်ငံကို အုပ်ထိန်းသူဟု ပြောသည်။ ခေတ္တသမ္မတ ဦးမြင့်ဆွေကလည်း နိုင်ငံအကျိုးအတွက် အုပ်ထိန်းသူလုပ်ရန် ပြောသည်။
အာဏာသိမ်းသည်ဆိုသည့် အချက်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ငြင်းဆန်ပြီး စစ်တပ်သည် လာမည့်ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအရ ကြားဖြတ်အစိုးရ တာဝန်ယူခြင်းဖြစ်ကြောင်း ပြောသည်။ ဖွဲ့စည်းပုံအရ မည်သည့် စစ်တပ်အကြီးအကဲမျှ အာဏာကို ၂ နှစ်ထက်ပို ချုပ်ကိုင်မထားနိုင်သောကြောင့် သူ၏ လိမ်ညာမှုသည် မကြာခင် ပေါ်မည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Extending Emergency Rule Shows Junta has no Control Over Myanmar ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories :
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖွဲ့စည်းပုံ ရေးဆွဲဦးမလား</a
အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတ ဖြစ်ရေး အိပ်မက် နီးစပ်နေပြီလား
ဘွဲ့တံဆိပ်များနှင့် မင်းအောင်လှိုင် သိဒ္ဓိတင်နေသည်
—