• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အထူးသံတမန်ကို အဆင့်နှိမ့်ဆက်ဆံခြင်းဖြင့် စစ်ကောင်စီက ကုလသမဂ္ဂကို မထေမဲ့မြင်ပြု

by ဧရာဝတီ
19 August 2022
in ဆောင်းပါး
A A
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် နိုင်ငံတကာ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံသည့် ပုံများ စုစည်းမှု။ (အပေါ် လက်ဝဲ) စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မစ္စတာ ဘေလ်ရစ်ချတ်ဆန်တို့ သံတမန်ခန်းမတွင် ၂၀၂၁ ခုနှစ်၊ မတ်လက တွေ့ဆုံစဉ်။ (အပေါ် လက်ယာ) စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ASEAN အထူးသံတမန် မစ္စတာ ပရက်ဆိုခွန်းကို သံတမန်ခန်းမတွင် ၂၀၂၂ ခုနှစ်၊ မတ်လက လက်ခံတွေ့ဆုံစဉ်။ (အောက်ဘက် လက်ဝဲ) စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ASEAN အထူးသံတမန် မစ္စတာ ပရက်ဆိုခွန်းကို သံတမန်ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လက တွေ့ဆုံစဉ်။ (အောက်ဘက် လက်ယာ) စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကုလသမဂ္ဂ အထူးသံတမန် မစ္စ နိုလင်းဟေဇာကို စစ်ကောင်စီဥက္ကဋ္ဌရုံးမှ ဧည့်ခန်းတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ၁၇ ရက်နေ့က လက်ခံတွေ့ဆုံစဉ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် နိုင်ငံတကာ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံသည့် ပုံများ စုစည်းမှု။ (အပေါ် လက်ဝဲ) စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မစ္စတာ ဘေလ်ရစ်ချတ်ဆန်တို့ သံတမန်ခန်းမတွင် ၂၀၂၁ ခုနှစ်၊ မတ်လက တွေ့ဆုံစဉ်။ (အပေါ် လက်ယာ) စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ASEAN အထူးသံတမန် မစ္စတာ ပရက်ဆိုခွန်းကို သံတမန်ခန်းမတွင် ၂၀၂၂ ခုနှစ်၊ မတ်လက လက်ခံတွေ့ဆုံစဉ်။ (အောက်ဘက် လက်ဝဲ) စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ASEAN အထူးသံတမန် မစ္စတာ ပရက်ဆိုခွန်းကို သံတမန်ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လက တွေ့ဆုံစဉ်။ (အောက်ဘက် လက်ယာ) စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကုလသမဂ္ဂ အထူးသံတမန် မစ္စ နိုလင်းဟေဇာကို စစ်ကောင်စီဥက္ကဋ္ဌရုံးမှ ဧည့်ခန်းတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ၁၇ ရက်နေ့က လက်ခံတွေ့ဆုံစဉ်။

18k
VIEWS
Share on FacebookShare on Twitter

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာဆိုင်ရာ အထူးသံတမန် မစ္စ နိုလင်းဟေဇာက မြန်မာစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံသောအခါ ၎င်းတို့ မည်သည်တို့ကို ဆွေးနွေးမည်နှင့် အကြောင်းအရာများကို တကမ္ဘာလုံးက အာရုံစိုက်နေသည်။ အာရုံမစိုက်မိသော ကိစ္စများမှာ အိမ်ရှင်က ဧည့်သည်အပေါ် သဘောထားကို ထင်ဟပ်သည့် ထိုအထူးသံတမန် မည်သည့်နေရာတွင် တည်းရသည်၊ မည်သည့်နေရာတွင် လက်ခံတွေ့ဆုံသည် စသည့် အခြားအသေးစိတ်များ ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဝမ်းနည်းစရာကောင်းသည်မှာ သူ့ထက်စောစွာ လာရောက်ခဲ့သော နိုင်ငံတကာ ဂုဏ်သရေရှိ လူကြီးမင်းများနှင့်မတူဘဲ မစ္စ ဟေဇာသည် လွန်ခဲ့သောနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာသို့ ပထမဆုံး ရောက်လာသည့် ကုလသမဂ္ဂ အထူးသံတမန်ဖြစ်သော်လည်း စစ်ကောင်စီထံမှ အဆင့်နိမ့် ဧည်ခံမှုကိုသာ ရရှိခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံမှုကို စစ်ကောင်စီခေါင်းဆောင်၏ ရုံးတွင် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီတွင် ပြုလုပ်သည်။ စစ်ကောင်စီ၏ ကြေညာချက်အရ ထိုအစည်းအဝေးနေရာသည် စစ်ကောင်စီဥက္ကဋ္ဌရုံးမှ ဧည့်ခန်းသာဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတကာဧည့်သည်များကို လက်ခံတွေ့ဆုံလေ့ရှိသည့် သံတမန်ခန်းမ မဟုတ်ပေ။

ဇွန်လက အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန် မြန်မာသို့ ဒုတိယအကြိမ် ရောက်လာသောအခါ မင်းအာင်လှိုင်သည် မစ္စတာ ပရက်ဆိုခွန်းကို သမ္မတအိမ်တော်အတွင်းရှိ နိုင်ငံအချုပ်အခြာ အာဏာပိုင်မှု သင်္ကေတဖြစ်သည့် ကြီးမားလှပြီး ရွှေချထားသော ပုလ္လင်ကြီးတခုရှိသော သံတမန်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

လွန်ခဲ့သောနှစ်က ထိုလတွင်ပင် စစ်ကောင်စီခေါင်းဆောင်သည် ASEAN အတွင်းရေးမှူးချုပ် မစ္စတာ လင်မ် ဂျော့ဟွိုင်နှင့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာရီဝန် ယူဆွတ်ကိုလည်း သံတမန်ခန်းမတွင်သာ လက်ခံတွေ့ဆုံသည်။

မတ်လက မစ္စတာ ပရက်ဆိုခွန်း မြန်မာသို့လာသောအခါတွင်လည်း မင်းအောင်လှိုင်သည် သူ့ကို သံတမန်ခန်းမတွင်သာ လက်ခံတွေ့ဆုံသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကုလသမဂ္ဂ အထူးသံတမန် မစ္စ နိုလင်းဟေဇာကို စစ်ကောင်စီဥက္ကဋ္ဌရုံးမှ ဧည့်ခန်းတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ၁၇ ရက်နေ့က လက်ခံတွေ့ဆုံစဉ် / Cincds

အာဏာသိမ်းချိန်မှစတင်ပြီး မင်းအောင်လှိုင် သိမ်းပိုက်ထားသည့် သမ္မတရုံးမှ သံတမန်ခန်းမသည် ၂၀၁၁ ခုနှစ်ကတည်းက မြန်မာသမ္မတများ နိုင်ငံတကာသံတမန်များကို လက်ခံတွေ့ဆုံသည့် နေရာဖြစ်သည်။

ယခုလအစောပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေးလက်ဗရော့ဗ် နေပြည်တော်သို့ လာသောအခါ မင်းအောင်လှိုင်က သူ့ကို သံတမန်ခန်းမဆောင်မှ ကြိုဆိုခေါ်ယူသွားသည်။

သံတမန်ဟောင်းဖြစ်သော နယူးမက္ကစီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ ဘေလ်ရစ်ချတ်ဆန် လွန်ခဲ့သောနှစ် နိုဝင်ဘာလက နေပြည်တော်သို့ လာစဉ်ကလည်း ထိုအတိုင်းသာ လက်ခံတွေ့ဆုံသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
93
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
991

ထို့ကြောင့် ကုလသမဂ္ဂ အထူးသံတမန်သည် မည်သည့်အတွက် ထိုအဆင့်အတန်းရှိသည့် ဧည့်ခံမှု မရသနည်း။

ကုလသမဂ္ဂနှင့် မြန်မာမှ အာဏာရှင် အဆက်ဆက်ကြားတွင် ပဋိပက္ခဖြစ်ခဲ့ကြသည့် ရှည်လျားသော သမိုင်းကြောင်း ရှိသည်။ ယခု စစ်ကောင်စီခေါင်းဆောင်များသည် ၎င်းတို့၏ အငြိုးအတေးကို မစ္စ ဟေဇာအပေါ် ပုံချလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ASEAN အထူးသံတမန် မစ္စတာ ပရက်ဆိုခွန်းကို သံတမန်ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လက တွေ့ဆုံစဉ် / AFP

စင်ကာပူသံတမန်ဟောင်း မစ္စ နိုလင်းဟေဇာသည် လွန်ခဲ့သောနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ရာထူးကို ယခင်အထူးသံတမန် မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာထံမှ ဆက်ခံပြီး ပထမဆုံး မြန်မာခရီးအဖြစ် ရန်ကုန်သို့ အင်္ဂါနေ့တွင် ရောက်သည်။

သို့သော် မင်းအောင်လှိုင်က မစ္စ ဟေဇာကို သူ၏ ရုံးတွင်သာ လက်ခံတွေ့ဆုံသည်။ ထိုနေရာသည် ဂျပန် အောက်လွှတ်တော်မှ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဟီရိုမီချီ ဝါတာနာဘေကို လက်ခံတွေ့ဆုံသော နေရာဖြစ်သည်။ ဂျပန် အောက်လွှတ်တော်အမတ်သည် ရန်ကုန်မှ ဆန္ဒပြပွဲတခုတွင် ဖမ်းဆီးခံရသော ဂျပန်ရုပ်ရှင်ရိုက်ကူးသူ လွတ်မြောက်ရေးကြိုးစားရန် လာရောက်ခြင်းဟု ခန့်မှန်းကြသည်။

မြန်မာသို့ လာရောက်ခွင့်မရမီက မစ္စ ဟေဇာသည် စစ်ကောင်စီကို ထောက်ခံသည့် အငြင်းပွားဖွယ်ရာ မှတ်ချက်ကြောင့် ဝေဖန်ခံရသူဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင်နှင့် သူတွေ့ဆုံဆွေးနွေးပွဲတွင် သူသည် အစိမ်းရောင်စကတ်ကို ဝတ်ဆင်ထားသည်။ ထိုကိစ္စသည် ပြည်သူများအမြင်တွင် မျက်စိဆံပင်မွှေးစူးစရာဖြစ်ပြီး သူသည် မင်းအောင်လှိုင် ကျေနပ်စေရန် အစိမ်းဝတ်ဆင်သည်လားဟု ပြည်သူများက သိလိုကြသည်။ အစိမ်းရောင်သည် မြန်မာစစ်တပ်နှင့်ပတ်သက်သော အရောင်ဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ASEAN အထူးသံတမန် မစ္စတာ ပရက်ဆိုခွန်းကို သံတမန်ခန်းမတွင် ၂၀၂၂ ခုနှစ်၊ မတ်လက တွေ့ဆုံစဉ် / Cincds

သို့သော် မစ္စ ဟေဇာအတွက် ဝမ်းနည်းစရာကောင်းသည်မှာ မင်းအောင်လှိုင်သည် ကုလသမဂ္ဂကို မထေမဲ့မြင်ပြုရန်သာ စိတ်အားထက်သန်နေခြင်း ဖြစ်သည်။ စစ်ကောင်စီ မီဒီယာများက ထိုအစည်းအဝေးကို စာကြောင်းတကြောင်းတည်းဖြင့်သာ ဖော်ပြပြီး ‘နှစ်ဘက်ယုံကြည်မှု တည်ဆောက်ရေး’ ဆွေးနွေးသည်ဟု ဖော်ပြသောကြောင့် မည်သည့် ထူးခြားသော သဘောတူညီချက်မျှ မရကြောင်း ပြသနေသည်။

တချိန်တည်းတွင် စစ်ကောင်စီက ၎င်းတို့သည် မြန်မာကို အုပ်ချုပ်ရန် တရားဝင်မှုရှိသည့်သဖွယ် ဖြစ်စေရန် မစ္စ ဟေဇာကို အသုံးချသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မစ္စတာ ဘေလ်ရစ်ချတ်ဆန်တို့ သံတမန်ခန်းမတွင် ၂၀၂၁ ခုနှစ်၊ မတ်လက တွေ့ဆုံစဉ် / Cincds

ထိုအစည်းအဝေး မတိုင်မီလေးတွင် စစ်ကောင်စီပြောခွင့်ရသူက ကုလသမဂ္ဂအထူးသံတမန်သည် အစိုးရနှင့် တွေ့ဆုံရန်ရောက်နေကြောင်း ပြောသဖြင့် ၎င်းတို့သည် မြန်မာမှ တရားဝင်အစိုးရဖြစ်ပြီး ထိုကြောင့်ပင် အထူးသံတမန်က ၎င်းတို့ကို လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောသကဲ့သို့ ဖြစ်သည်။ သို့သော် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တွင်မူ အထူးသံတမန်က “ကုလသမဂ္ဂက ထိတွေ့ဆက်ဆံခြင်းသည် မည်သည့်နည်းလမ်းဖြင့်မျှ တရားဝင်မှု ပေးခြင်းမဟုတ်” ဟု ဖော်ပြခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလည်း အာဃာတ ထားနေသည်။ ဦးကျော်မိုးထွန်းသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ခန့်အပ်ခဲ့သော သံအမတ် ဖြစ်ပြီး သူ၏ ကုလသမဂ္ဂစင်မြင့်ကို စစ်ကောင်စီအား သိက္ခာချရန် အသုံးပြုနေသည်။

ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုပြီး စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို လက်မခံသောကြောင့်လည်း စစ်ကောင်စီသည် ဒေါသထွက်နေသည်။ လက်စားချေသည့်အနေဖြင့် စစ်ကောင်စီသည် မြန်မာရှိ ရှရနာ ဘာဂနာ၏ ရုံးခန်းကိုလည်း ပိတ်ပစ်ခဲ့သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မစ္စတာ ဆာဂေးလက်ဗရော့ဗ်တို့ သံတမန်ခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်တွင် တွေ့ဆုံစဉ် / Russian MFA

မစ္စ ဟေဇာသည် ဗိုလ်ချုပ်များနှင့် တွေ့ခွင့်ရရန် တနှစ်နီပါး အချိန်ယူခဲ့ရပြီး တွေ့ရသောအခါတွင်လည်း ချိုးနှိမ်ခံရသည်။

ဦးသန်းရွှေခေါင်းဆောင်သည့် ယခင်စစ်အုပ်စုခေတ်က မြန်မာသို့စေလွှတ်သည့် ကုလသမဂ္ဂ ကိုယ်စားလှယ်များသည် အကြိမ်ကြိမ် ရှုံးနိမ့်သောကြောင့် မြန်မာသည် သံတမန်ရေးသင်္ချိုင်းအဖြစ် လူသိများသည်။ မြန်မာစစ်ဗိုလ်ချုပ်များ၏ အမြင်တွင် ကုလသမဂ္ဂ ကိုယ်စားလှယ်များသည် နိုင်ငံတကာအသိုက်အဝန်းကို လှည့်စားရန် အသုံးပြုသည့် သံတမန်ရေးနယ်ရုပ်များထက် မပိုပေ။

ယခုအခါ မစ္စ ဟေဇာသည် သူ့ယခင် ကုလသမဂ္ဂ အထူးသံတမန်များကဲ့သို့ပင် နေပြည်တော်မှ သံတမန်ရေးသင်္ချိုင်းတွင် နေရာရသွားပြီဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Signals Contempt for UN With Low-Grade Reception for Envoy ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်ကောင်စီ အသုံးတော်ခံ ကုလ အထူးသံတမန်

စစ်ကောင်စီကို တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း UN အထူးသံပြော

မြန်မာ့ကွပ်မျက်မှု ကုလလုံခြုံရေးကောင်စီ ရှုတ်ချ

မြန်မာကို ဝိုင်းပယ်မှုများအတွက် ထိုင်းအထူးသံတမန် သတိပေး

မြန်မာ့အခြေအနေ ပိုဆိုးလာ၊ အားထုတ် လုပ်ကိုင်ရန် လိုကြောင်း ကုလသမဂ္ဂနှင့် ASEAN ပြော

Your Thoughts …
Tags: AseanNLDကုလသမဂ္ဂတွေ့ဆုံဆွေးနွေးမှုနိုင်ငံရေးမင်းအောင်လှိုင်မစ္စ နိုလင်းဟေဇာအထူးသံတမန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

by ဧရာဝတီ
9 November 2023
30.2k

လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

Next Post
KNU နှင့် NLD ပါတီ တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ရှိထားကြောင်းသိရသည်။

နိုင်ငံတကာရေးရာများ ပိုမိုပူးပေါင်းဆောင်ရွက်ရန် KNU နှင့် NLD သဘောတူ

လေယာဉ်သံ ကြောက်နေရတဲ့ပြည်သူတွေ (ရုပ်/သံ)

လေယာဉ်သံ ကြောက်နေရတဲ့ပြည်သူတွေ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved