ဒီတပတ်အတွင်း လူများ စိတ်ဝင်တစား ရှိနိုင်မယ့် သတင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး အခြေအနေ၊ NUG ရဲ့ လေယာဉ်ပစ်လက်နက် စစ်ကောင်စီကို ခြိမ်းခြောက်နိုင်မှာလား ဆိုတာနဲ့ ရန်ကုန်မြို့ပေါ်အထိ ရောက်လာတဲ့ ဒရုန်း စစ်ဆင်ရေးတို့ အကြောင်းတွေပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး
ကမ္ဘာပေါ်မှာ လူ့သက်တမ်းအရှည်ဆုံးလို့ ပြောရတဲ့ ဂျပန်နိုင်ငံရဲ့ပျှမ်းမျှ လူ့သက်တမ်းက ၇၄ နှစ်ပါ။ မြန်မာနိုင်ငံက ဒေါ် အောင်ဆန်းစုကြည်ဟာ အသက် ၇၈ နှစ် ရှိနေပါပြီ။
ဧရာဝတီကမှာ ဖော်ပြခဲ့သလို ဒီတော်လှန်ရေးကြီး မအောင်မြင်ရင် မြန်မာပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ရှင်လျက် ပြန်တွေ့နိုင်တော့မှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။
အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ဝန်းထဲက သူ့အတွက် သီးသန့် ဆောက်ထားတဲ့ အ ဆောက်အဦတစ်ခုထဲမှာ နေပြည်တော်ရဲ့ဆိုးဝါးလှတဲ့ ရာသီဥတုဒဏ်၊ အခြား ဘက်တီးရီးယားနဲ့ အင်းဆက် ပိုးမွှားတွေ ကိုက်တဲ့ဒဏ်နဲ့ အစားအသောက် ဆင်းရဲတဲ့ ဒဏ်တွေကို ခံနေရပါတယ်။
စစ်အစိုးရ အဆက်ဆက်က နေအိမ်အကျယ်ချုပ်သာ ထားရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထောင်အထဲအထိ ရည်ရွယ်ချက်ရှိရှိ ပို့ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကို ပို့လိုက်တာဟာ ရည်ရွယ်ချက် နှစ်ခု ရှိပါ တယ်။ တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာ ကျဆင်းစေဖို့ ဖြစ်ပြီး နောက်တခုကတော့ ဒေါ်အောင်ဆန်း စုကြည် တဖြည်းဖြည်း ကျန်းမာရေး ယို့ယွင်းသွားစေဖို့ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကို ပို့လိုက်တာဟာ ရည်ရွယ်ချက် နှစ်ခု ရှိပါ တယ်။ တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာ ကျဆင်းစေဖို့ ဖြစ်ပြီး နောက်တခုကတော့ ဒေါ်အောင်ဆန်း စုကြည် တဖြည်းဖြည်း ကျန်းမာရေး ယို့ယွင်းသွားစေဖို့ ဖြစ်ပါတယ်။
အသက် ၇၈ နှစ်အရွယ် အဘွားအို တယောက်ဟာ ပုံမှန်နေအိမ်မှာ မနေထိုင်ရဘဲ လိုအပ်ချက်များစွာ ရှိနေတဲ့ အကျဉ်းထောင်တခုထဲကို အပို့ခံထားရတာဟာ ပြောရရင် အနုနည်းနဲ့ သေခိုင်းလိုက်တာပါ။
ဒါပေမယ့် တရားရုံး အသိုင်းအဝိုင်းနဲ့ NLD ပါတီ သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ရုပ်ပိုင်းဆိုင် ရာမှာ အနည်းငယ်ကျဆင်းသွားခဲ့ပေမယ့် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာတော့ အမြင့်ဆုံးမှာပဲ ရှိနေသေးတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လက အကျဉ်းထောင်ဝန်းထဲက အိမ်ထဲမှာ တယောက်တည်း ရှိနေစဉ် ချော်လဲမလို ဖြစ်ခဲ့တဲ့အတွက် မလဲအောင် ထိန်းလိုက်နိုင်ပေမယ့် ထောင်ဆရာဝန်တွေအထိ ခေါ်ယူပြသခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူ့မှာ နှလုံးခုန်နှုန်း အတက်အကျ ကြမ်းလာတဲ့ အခြေအနေတွေ ရှိလာခဲ့ပါတယ်။
ဒီနေရာမှာ စာဖတ်သူတွေ တခု နားလည်ရမှာက နေပြည်တော်ရဲ့ ရာသီဥတုပါ။ နွေရာသီဆိုရင် အရမ်းပူလွန်း၊ ဆောင်းရာသီဆိုရင် အရမ်းအေးလွန်းတဲ့ဒေသမှာ အသက် ၈၀ နီးပါး အဘွားအိုတယောက် အဲကွန်းမရှိတဲ့ နေရာမှာ ဘယ်လို နေနိုင်ပါ့မလဲ။
စိတ်ဓါတ်ပိုင်းဆိုင်ရာ ဘယ်လိုပဲ ပြင်ဆင်ပြီး အားတင်းနေပါစေ အသက်အရွယ်ဇရာက ပြလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ဖိစီးမှု ဝေဒနာတွေကို အနည်းအများတော့ ခံရတော့မှာပါ။ ခံလည်း ခံနေရပါတယ်။
အနေအထိုင်ပြီးတော့ အစားအသောက်မှာလည်း ထောင်က ကျွေးတာတွေ ဒေါ်အောင်ဆန်းစုကြည် မစားနိုင်ပါဘူး။ အပြင်က ဘယ်လိုပဲ စားကောင်းတာတွေ ဝယ်ပို့ပေးပါစေ၊ အဟာရရှိစွာ ချက်ပြုတ်စားသောက်ခွင့် မရတော့ပါဘူး။

ပေါင်မုန့်၊ နွားနို့ Ensure လို ဖြည့်စွက်စာတွေကို အားကိုးနေရပြီး အစားအသောက် အဝင်နည်းလာသည့်အခါ ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှု ရှိလာပါတယ်။ ထောင်ထဲမှာ ရေမသန့်တာနဲ့ ဘက်တီးရီးယား ပိုးမွှားတွေကြောင့် ခန္ဓာကိုယ်မှာ ယားနာ အဖုတွေ ပေါက်လာတယ်။ ဆံပင်တွေ အရင်ကထက် ပိုကျဲလာနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်အတွက် အကျဉ်းထောင်က ရဲမေ ၃ ယောက် ထားပေးပြီး သူတို့ကိုလည်း အလှည့်နဲ့ ထားပါတယ်။ ဒီ ၃ ယောက်တည်းကို အမြဲထားပေးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသွားပြီးတော့ ဘက်ပါသွားမှာကို စစ်ကောင်စီ ဘက်က စိတ်ပူလို့ပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိစ္စ အဝဝအတွက် ရဲတပ်ဖွဲ့က ရဲမှူးကြီးတစ်ဦးက တာဝန်ယူရပြီးတော့ သူဟာ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ဆီကို နေ့စဉ် တိုက်ရိုက် အစီရင်ခံရတာပါ။ စိုးထွဋ်က အကုန်မှတ်သားထားရပြီး မင်းအောင်လှိုင်ကို ပြန်တင်ပြရပါတယ်။
မင်းအောင်လှိုင်ရဲ့ဒေါ်အောင်ဆန်းစုကြည်ကို အလွန်မုန်းတဲ့စိတ်ကို ဒီတခါ အာဏာသိမ်းပွဲ အပြီးမှာ သိသိသာသာ မြင်ခဲ့ရပြီး တကယ်လို့များ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်သာ အနိုင်ရသူဖြစ်ခဲ့ရင် သူမရဲ့အမျိုးသား ရင်ကြားစေ့ရေးမူအရ မင်းအောင်လှိုင်ကို ထောင်ထဲကို ထည့်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။
မင်းအောင်လှိုင်ရဲ့ဒေါ်အောင်ဆန်းစုကြည်ကို အလွန်မုန်းတဲ့စိတ်ကို ဒီတခါ အာဏာသိမ်းပွဲ အပြီးမှာ သိသိသာသာ မြင်ခဲ့ရပြီး တကယ်လို့များ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်သာ အနိုင်ရသူဖြစ်ခဲ့ရင် သူမရဲ့အမျိုးသား ရင်ကြားစေ့ရေးမူအရ မင်းအောင်လှိုင်ကို ထောင်ထဲကို ထည့်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် အာဏာရှိစဉ်ကာလတုန်းကလည်း စစ်တပ်ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ တိုင်စာတွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ အကျင့်ပျက် ခြစားမှု တိုင်စာတွေရောက်လာရင် အစိုးရဘက်ကနေ အရေးယူဆောင်ရွက်တာမျိုးကို ရှောင်ခဲ့ပြီး ကကကြည်းဘက်ကိုပဲ လွှဲပြောင်းပေးခဲ့တာမျိုး လုပ်ခဲ့တာပါ။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီထဲကမှ အမှု ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရသလို ကျန်တဲ့အမှုတွေကိုလည်း နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။
ဒီအမှုတွေအတွက် တပတ်ကို အနည်းဆုံး ၄ ရက် ရုံးထုတ်စစ်ဆေးတာကလည်း သူမအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေ ဖြစ်စေပါတယ်။
အာဏာမသိမ်းခင်အထိ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး အလွန် ကောင်းသူ တဦး ဖြစ်ပြီး မျက်စိဝေဒနာ အနည်းငယ် ရှိသည်မှလွဲ ခန္ဓာကိုယ် အတွင်းက သက်စောင့်အင်္ဂါကြီးများဖြစ်တဲ့ အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နဲ့ အသည်းတွေ ဘာချို့ယွင်းချက်မှ မရှိပါဘူး။
အခုလည်း နေအိမ်အကျယ်ချုပ် အဖြစ် ၁၅ နှစ်ကျော် နေထိုင်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်လိုပဲ တရားရှုမှတ်ရင်း သူ့ရဲ့နေ့စဉ် လူမှုဘဝတွေကို သိက္ခာရှိရှိ၊ သတ္တိရှိရှိ ဖြတ်သန်းနေမှာကတော့ အသေအချာပါပဲ။
NUG က လေယာဉ်ပစ်လက်နက် တကယ် ခြိမ်းခြောက်နိုင်လို့လား
မြေပြင်က PDF တပ်တွေကို လေကြောင်းကနေ ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီလေတပ်ကို တုန့်ပြန်ဖို့ လေယာဉ်ပစ် လက်နက်တွေ နေရာတချို့မှာ တပ်ဆင်ထားပြီး ဖြစ်တယ်လို့ NUG ပြောခွင့်ရ ဦးကျော်ဇော်နဲ့ NUG ရဲ့သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝင်ကြီး ဦးထင်လင်းအောင်တို့ရဲ့ပြောဆိုချက်တွေဟာ ဒီတပတ်အတွင်း လူစိတ် ပါဝင်စားမှု မြင့်တက်ခဲ့ပါတယ်။
တကယ်သာ စစ်ကောင်စီရဲ့အဆင့်မြင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ရင် စစ်ပွဲရဲ့အဆုံးအဖြတ်တွေလည်း ပြောင်းလဲသွားနိုင်မှာမိုလို့ စိတ်ပါဝင်စားမှု ရှိရခြင်းလည်း ဖြစ်ပါတယ်။
NUG ရဲ့လေယာဉ်ပစ်ဆိုတဲ့ လက်နက်ဆိုတာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ပိုင်ဆိုင်ထားတဲ့ တရုတ်လုပ် FN-6 ပခုံးထမ်း ဒုံးလက်နက် အမျိုးအစားသာ ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းကြပါတယ်။
FN–6 ဒုံးပစ်လောင်ချာဟာ အနိမ့်ပျံ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကိုသာ ပစ်ခတ်နိုင်တဲ့အတွက် မြန်မာစစ်တပ်က ပိုင်ဆိုင်ထားတဲ့ အမြင့်ပျံ Su–30 လို MiG–29 နဲ့ Yak-130 လို တိုက် လေယာဉ်တွေလို လေယာဉ်တွေကို ပစ်ချဖို့ကတော့ မလွယ်သေးပါဘူး။
အဲဒီလို FN–6 ဒုံးပစ်လောင်ချာဟာ အနိမ့်ပျံ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကိုသာ ပစ်ခတ်နိုင်တဲ့အတွက် မြန်မာစစ်တပ်က ပိုင်ဆိုင်ထားတဲ့ အမြင့်ပျံ Su–30 လို MiG–29 နဲ့ Yak-130 လို တိုက် လေယာဉ်တွေလို လေယာဉ်တွေကို ပစ်ချဖို့ကတော့ မလွယ်သေးပါဘူး။
ဒါ့ကြောင့်လည်း NUG ရဲ့FN – 6 တွေ ရှိနိုင်တယ်လို့ ယူဆထားတဲ့ ကရင်နဲ့ ကရင်နီ ပြည်နယ်တွေဘက်ကို စစ်တပ်က ရဟတ်ယာဉ်တွေ သိပ်မလွှတ်တော့ဘဲ အမြင့်ပျံ ဂျက်တိုက်လေယာဉ်တွေသာ ဗုံးကျဲတိုက်ခိုက်ခိုင်းတာ တွေ့နေရပါတယ်။
စစ်ကိုင်းနဲ့ မကွေးမှတော့ာ NUG အနေနဲ့ လေယာဉ်ပစ်ဒုံး ထားနိုင်ဖို့ နေနေသာသာ လူစုံအောင်တောင် လက်နက်တပ်ဆင် ပေးနိုင်တာမျိုး မရှိသေးပါဘူး။

NUG က လေယာဉ်ပစ်လက်နက်ရှိတယ်လို့ ကြေညာပြီး နောက်တရက်မှာပဲ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပြီး PDF စခန်းတစ်ခု အသိမ်းခံရကာ ကျဆုံးခဲ့ရသူတွေလည်း ရှိပါတယ်။ ဝက်လက် PDF စခန်းကို ဂျက်ဖိုက်တာတွေရော စစ်ရဟတ်ယာဉ်တွေပါသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဝက်လက်မှာ PDF တွေဟာ မြေပြင်ကို ထိန်းချုပ်ထားနိုင်ပေမယ့် လေကြောင်း တိုက်ခိုက်မှု ရှိလာရင် စစ်ပွဲမှာ ရှုံးရတယ်ဆိုတာ ဒီဖြစ်စဉ်က သက်သေပြသွားပြီး ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလေတပ်ကလည်း ကချင်ပြည်နယ်၊ ကရင်နီ၊ ကရင်၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်းတို့မှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်မှာဆိုရင် ဥကရစ်ထ တိုက်ပွဲကာလ တလ အတွင်းမှာပဲ လေကြောင်း တိုက်ခိုက်မှု ၄၀၀ ကျော်ပြုလုပ်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။
NUG ဘက်က ပြောနေတဲ့ တနှစ်အတွင်း စစ်တပ်ကို နှိမ်နှင်းမယ့် စစ်ဆင်ရေးဆင်နွှဲနိုင်ဖို့ဆိုတာ လေကြောင်းရန် မကာကွယ်နိုင်ဘဲ ဘယ်လိုမှ မဖြစ်လာနိုင်ပါဘူး။
CDM စစ်တပ်အရာရှိတွေကတော့ စစ်ကောင်စီလက်ထဲမှာရှိတဲ့ လေယာဉ်ပစ်လက်နက်တွေကို ဝင်လုဖို့ စဉ်းစားကြတာမျိုးလည်း ရှိပါတယ်။ တနိုင်ငံလုံး အခြေချ စစ်ဗျူဟာစခန်းတွေမှာ စစ်တပ်က လေယာဉ်ပစ်လက်နက်တွေ ဖြန့်ကျက်ထားတာပါ။
ဒါပေမယ့် CDM စစ်တပ်အရာရှိတွေကတော့ စစ်ကောင်စီလက်ထဲမှာရှိတဲ့ လေယာဉ်ပစ်လက်နက်တွေကို ဝင်လုဖို့ စဉ်းစားကြတာမျိုးလည်း ရှိပါတယ်။ တနိုင်ငံလုံး အခြေချ စစ်ဗျူဟာစခန်းတွေမှာ စစ်တပ်က လေယာဉ်ပစ်လက်နက်တွေ ဖြန့်ကျက်ထားတာပါ။
အဲဒီ စခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီဘက်က တပ်သားတွေဟာ လေယာဉ်ပစ်လက်နက်တွေနဲ့အတူ CDM ဝင်လာရင်တော့ NUG ဘက်ကို အဲဒီလို လက်နက် ရောက်လာနိုင်သလို အဲဒီ စခန်းတွေကို ဝင်တိုက်ပြီး လက်နက်ရနိုင်မယ့် နည်းလမ်းတွေလည်း ရှိပေမယ့် သိပ်လွယ်ကူမယ့် အခြေအနေမျိုး မဟုတ်ပါ။
ပြောရရင် ၂၀၀၁ တုန်းက ထွက်ခဲ့တဲ့ အမေရိကန် နာမည်ကျော် ရုပ်ရှင် Black Hawk Down ထဲကလို ဆိုမာလီသူပုန်တွေ အမေရိကန်ရဲ့ နာမည်ကြီး တိုက်ခိုက်ရေး ရဟတ်ယာဉ် ဘလက်ဟော့ကို ပစ်ချပြီး အမေရိကန်စစ်သားတွေကို ဝိုင်းတိုက်ခိုက်ခဲ့ကြတာဟာ အာရ်ပီဂျီ RPG တွေနဲ့ ပွိုင့်ဖိုက် စက်သေနတ်ကြီးတွေနဲ့ပါ။
အဲဒီ ၂ မျိုးကိုသာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖောဖောသီသီ NUG သုံးနိုင်ရင် စစ်တပ်က လတ်တလော လုပ်နေတဲ့ မကွေးနဲ့ စစ်ကိုင်းက စစ်ဆင်ရေးတွေမှာ သုံးတဲ့ အနိမ့်ပျံ ရဟတ်ယာဉ်တွေကို စပြီး ခြိမ်းခြောက်နိုင်ပြီလို့ပဲ ပြောပါရစေ။
ရန်ကုန်မြို့ပေါ်အထိ ရောက်လာတဲ့ ဒရုန်း စစ်ဆင်ရေး
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့စစ်ကြောရေးနှင့် တည်းခိုရေး စခန်းထဲကို ဒရုန်းနဲ့ ဗုံးပစ်ချတိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒရုန်းယာဉ်တစင်းပေါ်ကနေ ဗုံးပစ်ချခဲ့တာ ဖြစ်ပြီး စခန်းထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူနဲ့ အဆောက်အအုံတွေကို ထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဘက်ကလည်း တနင်္သာရီတိုင်း ပုလောမြို့နယ်က ပုလော K-PDF စစ်ဆေးရေးဂိတ်တခုကို အောက်တိုဘာလ ၁၃ ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ PDF ရဲဘော်တစ်ဦးဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ခေတ်သစ်တိုက်ပွဲတွေမှာ ဒရုန်းရဲ့ အခန်းကဏ္ဍက အရေးပါတာကြောင့် နောက်ပိုင်းမှာ နှစ်ဖက်လုံးက ဒရုန်း အသုံးပြု တိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကို တွေ့ရပါတယ်။
အခုလို ခေတ်သစ်တိုက်ပွဲတွေမှာ ဒရုန်းရဲ့ အခန်းကဏ္ဍက အရေးပါတာကြောင့် နောက်ပိုင်းမှာ နှစ်ဖက်လုံးက ဒရုန်း အသုံးပြု တိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကို တွေ့ရပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ မြန်မာပြည်သူတွေဟာ ရရာလက်နက်ကိုင်ဆွဲပြီး တော်လှန်ကြတဲ့အခါ မြေပြင်မှာ တူမီးလို သေနတ်တွေနဲ့ စတင်ခုခံခဲ့ပြီး ဝေဟင်ကနေတော့ ဒရုန်းလို့ခေါ်တဲ့ မောင်းသူမဲ့လေယာဉ်တွေ သုံးပြီး PDF တွေဘက်က စတင် တိုက်ခိုက်ခဲ့တာပါ။
NUG အစိုးရ ကိုယ်တိုင်က စစ်ကောင်စီတပ်တွေကို ထောက်လှမ်းဖို့နဲ့ တုံ့ပြန်တိုက်ခိုက်ဖို့အတွက် ဒရုန်း ခေါ် မောင်းသူမဲ့ လေယာဉ်တွေကို ပိုမိုအဆင့်မြင့်စွာ သုံးစွဲနိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လကနေ စပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရှာဖွေရေး စီမံချက်ကို လုပ်ဆောင်ခဲ့ပါတယ်။

NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန (MOCIT) က Federal Wings ဒရုန်းတပ်ဖွဲ့ ကို နည်းပညာ ကျွမ်းကျင်တဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းခဲ့ပြီး ဒရုန်းတွေအသုံးပြုပြီး စစ်မြေပြင်မှာ တိုက်ပွဲတွေ ပါဝင် တိုက်ခိုက် နေပြီဖြစ်တယ်လို့ Federal Wings ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
PDF တွေဘက်က ဒရုန်းကို ပိုမိုအားကိုးရတာဟာ မြေပြင်မှာ လူအင်အား၊ လက်နက်အင်အား စစ်တပ်ဘက်ကို မယှဉ်နိုင်သေးမီ နည်းပညာအရ ပိုကျွမ်းကျင်တာ၊ ပစ်မှတ်ကို ခြိမ်းခြောက်နိုင်တာ၊ လူအင်အား မသုံးရတာနဲ့ ဘေးအန္တရာယ်ကင်းတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။
PDF တွေဘက်က ဒရုန်းတွေကို စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေး၊ ကရင်ပြည်နယ်နဲ့ ကရင်နီတို့ဘက်မှာ ပိုမိုအသုံးများပြီး စစ် ကောင်စီ အထိုင်ချထားတဲ့ စခန်းတွေကိုသာမက ရွေ့လျားပစ်မှတ်တွေဖြစ်တဲ့ စစ်ရေယာဉ်တွေ၊ စစ်ယာဉ်တန်းတွေကိုပါ ဒရုန်းနဲ့ တိုက်ခိုက်တာမျိုးတွေအထိ ရှိပါတယ်။
ဒရုန်းမှာ လက်လုပ်ဗုံးတပ်၊ ၆၀ မမ အသီးတွေ တပ်ပြီး ပစ်မှတ်ကို ရောက်တဲ့အခါမှာ ဒရုန်းယာဉ်ကို စောင်းလိုက်ပြီး အပေါ် ကနေ လွှတ်ချတာ၊ အဲဒီထက် နည်းနည်း အဆင့်မြင့်လာရင်တော့ ဖြုတ်ချတဲ့ခလုပ်နဲ့ တခါတည်း ဖြုတ်ချတာမျိုးတွေလည်း ရှိပြီး စစ်ကောင်စီတပ်တွေကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ပါတယ်။
ကရင်ပြည်နယ် လေးကေ့ကော် ဒေသကနေ ဘက်ပြောင်းလာတဲ့ စစ်ကောင်စီ တပ်သားတချို့က သူတို့မှာ တိုက်ပွဲဖြစ်လာရင် ဒရုန်းပေါ်က ဗုံးသီးကျလာမှာ စိုးလို့ ကျည်ဆန်ကိုတောင် ဆက်တိုက်မပစ်ရဲဘူးလို့ ဆိုပါတယ်။
စစ်တပ်ဘက်ကတော့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ စစ်ကောင်စီ ပြောခွင့်ရဆိုသူက ဒရုန်း တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အရေးကြီးတဲ့ နေရာတွေ၊ အဆောက်အအုံတွေမှာ Anti-Drone Gun တွေ တပ်ဆင် နေပြီလို့ ပြောပါတယ်။
စစ်တပ်ဘက်ကတော့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ စစ်ကောင်စီ ပြောခွင့်ရဆိုသူက ဒရုန်း တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အရေးကြီးတဲ့ နေရာတွေ၊ အဆောက်အအုံတွေမှာ Anti-Drone Gun တွေ တပ်ဆင် နေပြီလို့ ပြောပါတယ်။
အဲဒီလို ကြိုတင်ပြင်ဆင်မှုတွေကြောင့် အခုနောက်ပိုင်း စစ်ကိုင်းတိုင်းက နေရာဒေသတချို့မှာ တက်လာသမျှ ဒရုန်းကို စစ်တပ်ဘက်က အကုန်ပစ်ချနေလို့ အဲဒီဒေသမှာ ဒရုန်း စစ်ဆေးရေးကို NUG ဘက်က ခန ရပ်နားထားရတာမျိုးအထိ ရှိခဲ့ပါတယ်။
အခုလို တန်ပြန်တိုက်ခိုက်မှုတွေကြောင့် NUG ဘက်ကလည်း ဒရုန်းကို အခုထိပိုပြီး နည်းပညာ အဆင့်မြင့်ဖို့ လိုအပ်လာပါတယ်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲ အလုပ်လုပ်ရမှာလား
တော်လှန်ရေးအင်အားစုများအတွက် ရဟတ်ယာဉ်ပစ် ဒုံးများ လိုသည်
စစ်ကောင်စီကို ရခိုင်တန်ပြန်စစ်ဆင်မှုနှင့် လားရာ
စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဝက်လက်ဒေသခံများ ထွက်ပြေးနေရ
မြန်မာလူထုအား လက်နက်ကူရန် အချိန်တန်ပြီ