• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီအောက် ဒုစရိုက်မှုတွေ ကြီးစိုးလာတဲ့ ရန်ကုန်

by ဧရာဝတီ
5 November 2022
in ဆောင်းပါး
A A
CCTV မှတ်တမ်းမှ တွေ့ရသည့်ပန်းဘဲတန်း လုယက်မှုဖြစ်စဉ်

CCTV မှတ်တမ်းမှ တွေ့ရသည့်ပန်းဘဲတန်း လုယက်မှုဖြစ်စဉ်

14.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ကြီးပေါ်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ကျောင်းသားလူငယ်တွေကို ကြွက်တွင်းထဲတောင် ဝင်ပုန်းလို့မရနိုင်အောင် ထောက်လှမ်းရေး စံနစ်တွေနဲ့ လိုက်ဖမ်းနေတဲ့ စစ်ကောင်စီဟာ မြို့လယ်ခေါင်ထိ အတင့်ရဲလာတဲ့ ဒုစရိုက်မှုတွေကို ထိရောက်တဲ့ နှိမ်နှင်းမှုတွေ ပြုလုပ်တာမတွေ့ရပါဘူး။

မြန်မာနိုင်ငံရဲ့ အစည်ကားဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ကြီးဟာ နေ့စဉ် ခါးပိုက်နှိုက်မှုတွေ၊ လုယက်မှု အသေးစားတွေကနေ ဓားပြမှုတွေ၊ လူသတ်မှုတွေအထိ ရင်ဆိုင်နေရပြီး ပြည်သူတွေရဲ့ အသက်လုံခြုံမှုနဲ့ ပိုင်ဆိုင်မှုတွေကို ခြိမ်းခြောက်လာနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက် ညနေပိုင်းကဆိုရင် ရန်ကုန်မြို့ လူအစည်ကားဆုံးနေရာ မြို့လယ်ကောင် ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းအောက်ဘလောက်မှာရှိတဲ့ သစ္စာ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ထဲကို ဓားကိုင်ထားတဲ့ လူ ၃ ယောက်က ဝင်လာပြီး ဆိုင်ရှင်နဲ့ သူ့မိတ်ဆွေ ၁ ဦးကို ဓားနဲ့ထိုးပြီး လုယက်မှု ကျူး လွန်သွားတာဖြစ်ပါတယ်။

ဒီလုယက်မှုမှာ ကားတစီး၊ ငွေကျပ် သိမ်း ၅ ရာခန့်နဲ့ လက်ကိုင်ဖုန်းတွေ ပါသွားပါတယ်။

ဒုစရိုက်မှုတွေက ဆိတ်ငြိမ်တဲ့ မှောင်ချိန်တွေ၊ လူပြတ်လပ်တဲ့ နေရာတွေမှာတင် မကတော့ဘဲ တကယ့်ကို လူစည်ကားရာ နေရာတွေ ဖြစ်တဲ့ မြို့လယ်နဲ့ နေ့လယ်ခင်းမှာပါ ဒုစရိုက်သမားတွေက ဗြောင်ကျကျ ကျူးလွန်လာတာဖြစ်ပါတယ်။

ဒီလို ဒုစရိုက်မှုတွေ မြင့်တက်လာတာဟာ စစ်ကောင်စီက တရားရေးစနစ်ကို မတည်ဆောက်နိုင်တာ၊ စစ်ကောင်စီရဲ့ တရား ရေးစနစ်အပေါ် ပြည်သူတွေက မယုံကြည်တာ၊ တရားရေးစနစ်ကို ထိန်းကျောင်းတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးဟာ စစ်ကောင်စီရဲ့ လက်တံအနေနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတဲ့ အလုပ်ကလွဲလို့ ဘာမှ မလုပ်နိုင် တာကြောင့်လို့ လေ့လာသူတွေက ယူဆကြပါတယ်။

ပန်းဘဲတန်း လုယက်မှုမှာဆိုရင် CCTV မှတ်တမ်းထဲမှာ ကျူးလွန်သူတွေကို အထင်အရှား မြင်တွေ့ခဲ့ရပေမယ့် ဆန္ဒပြပွဲတွေကို ကားနဲ့ တိုက်ဖမ်းနေတဲ့ စစ်ကောင်စီဟာ တရားခံတွေကို ချက်ချင်း ဖော်ထုတ် ဖမ်းဆီးနိုင်တာမျိုး မတွေ့ရပါဘူး။ ပြစ်မှုကျုးလွန်သူတွေ ယူဆောင်သွားတဲ့ မော်တော်ယာဉ်ကို ရန်ကင်းကလေးဆေးရုံအနီးမှာ ပြန်တွေ့ရပေမယ့် ဖုန်းနဲ့ ငွေတွေလည်း ပြန်မရသေးပါဘူး။

ဒါ့ပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ မန္တလေးလမ်းမှာ နေထိုင်တဲ့ ရူပဗေဒ ကထိက အငြိမ်းစား ကျောင်းဆရာ ဦးမြင့်ဝေ (တက္ကသိုလ် ကြည်ပွင့်) နှင့် အငြိမ်းစား ကျောင်းဆရာမ ဒေါ်ခင်ခင်စန်းတို့ကို လူ ၃ ဦးက နေအိမ်မှာပဲ သတ်ဖြတ် လုယက်ခဲ့ ပါတယ်။

အဲဒီလူသတ်မှုကို ကျူးလွန်သူဟာ ဦးမြင့်ဝေအိမ်ကို ဝင်ထွက်သွားလာနေကြတဲ့ ရေသန့်ပို့နေတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လူသတ်၊ လုယက်မှုတွေတင်မက လမ်းသွားလမ်းလာ အိတ်ကိုဆွဲပြီး လုတာတွေ၊ လက်ဝတ်လက်စားကို ဖြတ်တာ၊ ဖုန်းကို ဆွဲလုတာ၊ မိန်းကလေးတွေကို ဆံပင်ဖြတ်လုတာ၊ ခါးပိုက်နှိုက်တာ စတဲ့ သတင်းတွေကတော့ လူမှုကွန်ရက် စာမျက်နှာတွေမှာ နေ့တိုင်းကို စိတ်မချမ်းမြေ့ စရာအဖြစ် တွေ့နေရတဲ့ သတင်းပါပဲ။

လုယက်မှုတွေ အမြဲလို ဖြစ်ပွားနေကျ နေရာလို့ နာမည်ကြီးတဲ့ အင်းစိန် ပေါက်တောဝမှာဆိုရင် အောက်တိုဘာ ၃ ရက်က စက်ဘီးနဲ့လာတဲ့ မောင်နှမ ၂ ယောက်ကို ဓားနဲ့ထိုးပြီး ငွေပါလာတဲ့ အိတ်ကို အုပ်စုဖွဲ့ လုယက်မှုတွေ လုပ်ကြပါတယ်။

CCTV မှတ်တမ်းမှ တွေ့ရသည့်ပန်းဘဲတန်း လုယက်မှုဖြစ်စဉ်

လူစည်ကားပြီး ကားတွေ အသွားအလာ မပြတ်နေတဲ့ အချိန်မှာကိုပဲ ဆိုင်ကယ်နဲ့ လူ ၂ ယောက်ရယ် နောက် မလှမ်း မကမ်းမှာ ထပ်ရှိနေတဲ့ လူ ၂ ဦးရယ်က လုယက်မှုတွေ ပြုလုပ်ခဲ့လို့ မောင်နှမ ၂ ဦးလုံး ဓားဒဏ်ရာတွေ ရခဲ့သလို ငွေ ၁၃ သိန်းနဲ့ အိုင်ဖုန်း ၃ လုံး ပါသွားခဲ့ပါတယ်။

လုယက်ခံရသူ မဝါဝါ (အမည်လွှဲ)က “ကားလမ်းကူးဖို့ ရပ်နေတုန်း ၂ ယောက်က ဆိုင်ကယ်နဲ့ ရောက်လာတာ။ ဘေးအိတ်ကို လိုချင်တော့ လက်ဖျံကို ဓားနဲ့ ထိုးတယ်။ အိတ်ပါသွားတာ။ လိုက်ဖမ်းပေးမယ် ပြောပြီး ဝင်လာတဲ့ တယောက်ကပါ စက်ဘီးကို ထပ်လုတယ်။ ကိုကြီးကတော့ ရင်ဘတ်တွေရော လက်တွေရော ထိသွားတယ်။ ပစ္စည်းပဲ ယူတာဆို ထားလေ။ လူကိုပါ လုပ်တာ။ လိုက်ဖမ်းတဲ့ လူကိုလည်း ဓားနဲ့ ပြန်လုပ်တယ်” လို့ ဖြစ်စဉ်ကို ပြောပြပါတယ်။

လုယက်သွားတဲ့ ဒုစရိုက်သမားတွေကို ဖမ်းဖို့ ဘေးပတ်ဝန်းကျင်က လူ ၂ ယောက်၊ ၃ ယောက်က ဝိုင်းဝန်း ကူညီခဲ့ပေမယ့် ဓားနဲ့ရမ်းပြီး ပြန်ရန်ပြုလို့ မဖမ်းပေးနိုင်ခဲ့ဘူးလို့ ရှင်းပြပါတယ်။

ဒီလိုလုယက်မှု အများအပြားဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့နေရပေမယ့် ခံရသူတွေဟာ ရဲစခန်းတွေကိုတော့ သွားရောက် တိုင်ကြားခြင်း အလျဉ်း မရှိကြသလို တိုင်ကြားသူလည်း နည်းပါးလှပါတယ်။

အကြောင်းကတော့ တရားစီရင်ရေးယန္တရားနဲ့ တရားစွဲ အဖွဲ့အစည်းတွေ ရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာ ယုံကြည်မှု ကင်းမဲ့လာ တာကြောင့်ပါပဲ။

ရန်ကုန်မြို့မှာ လုယက်ခံရတဲ့ ပြည်သူ တဦးကလည်း “တကယ်က သွားတိုင်ချင်တယ်။ ဒါပေမယ့် မထူးလို့ မတိုင်တော့တာ သူတို့မှာ အမှုပေါင်း သောင်းခြောက်ထောက်နဲ့ မဖမ်းပေးနိုင်ဘူး။ အဲဒါကြောင့် ပြည်သူတွေက မတိုင်တော့ဘဲနဲ့ ခံရလည်း ကိုယ့်ဘာသာပဲ နေလိုက်ကြတော့တာ။ ကိုယ့်ဘာသာ ဓားနဲ့ ခုတ်နိုင်ရင်သာ ခုတ်လိုက်မယ်။ သွားတော့ မတိုင်တော့ဘူး။ အခုနောက်ပိုင်း ဘာမှ မဖြေရှင်းနိုင်တော့ဘူး” လို့ ဆိုပါတယ်။

တကယ်လည်း တရားခံတွေကို ဖော်ထုတ် အရေးယူတဲ့ နေရာမှာ ကြန့်ကြာမှုတွေ၊ တရားခံ မမိတဲ့ အမှုတွေ များစွာ ဖြစ်နေသလို မှုခင်း လျှော့ချရေးအတွက် လုပ်ဆောင်ရမယ့် ရဲတပ်ဖွဲ့ဝင်တွေကလည်း စစ်ကောင်စီ အာဏာ တည်မြဲ ရေးကိုသာ လုံးပန်းနေတယ်လို့ ဝေဖန် သုံးသပ်ကြပါတယ်။

အရင်ကဆိုရင် မှုခင်းလျှော့ချနိုင်ရေးအတွက် ကြိုတင်ပြုလုပ်တဲ့ စီမံချက်တွေရှိသလို လက်ထဲ ရောက်လာတဲ့ အမှုအခင်း တွေကိုလည်း ပြီးစီးသည်အထိ လုပ်ရမယ်ဆိုတဲ့ ဖိအားပေးခံရမှုတွေ ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ဒါမျိုးတွေ လုပ်ဆောင်နိုင်တာ မရှိတော့ဘူးလို့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ရဲအုပ် ကိုစိုးက ပြောပါတယ်။

“ဖိအားတွေ မရှိတော့ တိုင်လည်း အရေးမယူဘူး။ သိပ်ဖိအားပေးမရဘူးလေ။ ပြေးမယ် CDM လုပ်မှာဆိုတော့။ အရင်တုန်း က စီမံချက်အနေနဲ့ လုပ်ကြတယ်။ ခိုးမှုများတဲ့ ရပ်ကွက်ကိုဆိုရင် ဝင်လမ်း ထွက်လမ်းတွေ ပိတ်ပြီးတော့ ပိုက်စိပ်တိုက် စစ်ပြီး မသင်္ကာတဲ့လူတွေ စစ်တယ်။ နောက် ခါးပိုက်နှိုက်များတဲ့ ယာဉ်လိုင်းတွေကို မှုခင်းနှိမ်နင်းအဖွဲ့တွေက အရပ်ဝတ် တွေနဲ့ လိုက်တယ်။ ခါးပိုက်နှိုက်တွေကို ဖမ်းလို့ရတော့ ယာဉ်လိုင်းတွေမှာ နည်းသွားတာပေါ့” လို့ သူ့အတွေ့အကြုံကို ပြော ပြပါတယ်။

ဒီလိုမျိုး ဒုစရိုက်သမားတွေကို မနှိမ်နင်းနိုင်တဲ့ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်း စစ်ကောင်စီကို ဆန့် ကျင်တဲ့ လူမှန်သမျှကို ဖမ်းဆီးဖို့ လက်မတွန့်ကြပါဘူး။ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကိုဆိုရင် နည်းမျိုးစုံနဲ့ မဆိုင်းမတွ လိုက်လံ ဖမ်းဆီးနေတယ် ဆိုတာကို တွေ့မြင်နေရပါတယ်။

ရာဇဝတ်မှု ကျူးလွန်တာ မဟုတ်ဘဲ နိုင်ငံရေး ယုံကြည်ချက်တွေနဲ့ လမ်းမပေါ် ဆန္ဒထွက်ပြတဲ့ လူငယ်တွေကိုဆိုရင် လမ်းမပေါ်မှာ တပ်ထားတဲ့ CCTV တွေကနေတဆင့် ရက်ပိုင်းအတွင်းကို ဖမ်းဆီးနိုင်ကြပါတယ်။

ဥပမာ ပြရရင် ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ရှစ်လေးလုံး ၃၄ နှစ်ပြည့်အနေနဲ့ ရန်ကုန်မြို့ထဲမှာ ထီးသပိတ်လှုပ်ရှားမှု ပြုလုပ် ခဲ့တဲ့ လူငယ်တွေဟာ ရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

ဒီအချက်တွေကြောင့်ပဲ ခိုးဆိုးလုယက်မှုတွေ ပိုမို များပြားလာခြင်းဟာ အာဏာသိမ်း စစ်ကောင်စီက တရားဥပဒေ စိုးမိုး ရေးနဲ့ လုံခြုံရေးကို လျစ်လျူရှုပြီး အာဏာ တည်မြဲရေးကိုသာ ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သုံးသပ်နေကြ ခြင်းလည်း ဖြစ်ပါတယ်။

ရဲအုပ် ကိုစိုးက “လူအင်အား မရှိဘူး။ ဆန္ဒပြတဲ့လူတွေ နိုင်ငံရေးသမားတွေ UG တွေကို အဓိက ရှာဖွေ ဖော်ထုတ်ပြီး ဖမ်းဆီးတာတွေကို လုပ်နေတယ်။ ဒီလို လုပ်နေလို့ မှုခင်းပိုင်းကို သိပ်အားမစိုက်ဘူးပေါ့” လို့ ဆိုပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ကိုမောင်စကလည်း “အာဏာရှင်ဆိုတာက သူတို့အာဏာ တည်မြဲရေး ကိုပဲ အာရုံစိုက်ကြတယ်။ ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှုတွေက သူတို့ရဲ့ အာဏာကို ထိခိုက်စေခြင်း မရှိဘူး။ ဆန္ဒပြတာ တွေက သူတို့ရဲ့ အာဏာတည်မြဲရေးကို ထိခိုက်စေတယ်။ သူတို့ ပလ္လင်ကို ကိုင်လှုပ်နိုင်တယ်။ အဲဒါကြောင့် အာဏာရှင် တွေက ဆန္ဒပြတဲ့လူတွေကို ဖမ်းဆီးတယ်။ ဆန္ဒပြပွဲတွေကို ကားနဲ့တိုက်ပြီး ဖြိုခွင်းတယ်” လို့ ပြောပါတယ်။

CCTV မှတ်တမ်းမှ တွေ့ရသည့်ပန်းဘဲတန်း လုယက်မှုဖြစ်စဉ်

ဒီလိုမြေပြင်မှာ နေ့လယ်နေ့ခင်း လူမြင်ကွင်းမှာတင် အနုကြမ်းစီးမှု လုယက်မှု၊ ခါးပိုက်နှိုက်မှုနဲ့ ဓားပြတိုက်မှုကနေ လူသတ်မှုအဆင့်ထိ ဖြစ်နေချိန်မှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငွေချမ်းသာပြီး လုံခြုံမှု မရှိရင် အထုပ်ပိုက်ပြီး ကင်းစောင့်အိပ်ရမယ် လို့ ဆိုလာပါတယ်။

နိုဝင်ဘာ ၁ ရက်က လုပ်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တိုင်းပြည် သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်း လိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့ လိုတယ်။ တရားဥပဒေ စိုးမိုးရေး ဖြစ်ဖို့လည်း လိုတယ်။ ဒါမှ တိုင်းပြည်သာယာ ဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျနော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှု မရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန် လာလု မလဲဆိုပြီး ဖြစ်နေရမှာ” လို့ ပြောထားတာပါ။

တကယ်လည်း ပြည်သူတွေက အထုပ်ပိုက်ပြီး ကင်းစောင့်နေရသလို နေ့ခင်းကြောင်တောင် လူအများကြားမှာပဲ ရဲတင်းစွာ လုယက်မှုတွေတင်မက အိမ်ထဲထိပါ ဝင်ရောက် စီးနင်းပြီး ဓားပြတိုက်မှုတွေကြောင့် မြို့ပြနေပြည်သူတွေဟာ ကိုယ်စိတ် နှစ်ပါး မလုံခြုံမှုကို ခံစားနေကြရပါတယ်။

“အပြင်တောင် မထွက်ရဲဘူး ကြောက်နေတာ။ အရင်လိုမျိုး မလုံခြုံတော့ဘူး။ အကုန်လုံးကို ကြောက်နေရတယ်။ အိမ်ထဲ လည်း ဝင်သတ်နေတော့ အိမ်ထဲလည်း ကြောက်ရတယ်။ အပြင်သွားရတာလည်း ကြောက်နေပြီ ဘယ်မှ မသွားရဲတော့ ဘူး။ ဘယ်တော့ ထပ်လုပ်ခံရမလဲဆိုပြီး စိတ်ထဲမှာ ဖြစ်နေတာ” လို့ မဝါဝါက ဆိုပါတယ်။

ဒီလိုအခြေအနေတွေဟာ နိုင်ငံရေး အခင်းအကျင်းကနေ ဖြစ်ပေါ်လာတဲ့ ရလဒ်တခုဖြစ်ပြီး အာဏာသိမ်း အဖွဲ့အစည်းက အချိန်တိုအတွင်း ကိုင်တွယ်ဖြေရှင်းနိုင်မယ့်ပုံ မပေါ်ကြောင်းကိုလည်း ရန်ကုန်မြို့ အခြေစိုက် ရှေ့နေတဦးက သုံးသပ်ပါ တယ်။

“ဒုစရိုက်သမားတွေက ပျူစောထီး ယောင်ယောင် PDF ယောင်ယောင်နဲ့ လက်နက်တွေ ဝယ်ပြီး ကိုင်ဆောင်ကြတယ်။ ဒုစရိုက်သမားတွေအတွက် အခွင့်ကောင်း အခါကောင်းကြီး ဖြစ်နေတာ။ ဘယ်တုန်းကမှ မကြားဘူးတဲ့ ရာဇဝတ်မှုကြီး ဖြစ်လာတာ။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ တည်မှီပြီးတော့ ဖြစ်တာမို့လို့ ဒါကြီးကို ချက်ချင်း အမြစ်ပြတ် ဆောင်ရွက်နိုင်ဖို့ အလားအလာလည်း မမြင်သေးဘူးလို့ ပြောရမယ်” လို့ သူက ဆိုပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
165
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
519
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

အာဏာကို လက်ဝယ် ယူထားတဲ့ အဖွဲ့အစည်းကလည်း သူ့ရဲ့ အာဏာတည်မြဲမှုကိုပဲ အားထုတ်နေချိန်မှာ တရားဥပဒေ စိုးမိုးရေးယန္တရားက ပြိုပျက်နေပြီ ဖြစ်သလို ပြည်သူရဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုတွေကလည်း အသက်ကို ခြိမ်းခြောက်လာ မှုတွေ ဖြစ်နေပါတယ်။

လက်နက် အပြည့်အစုံကိုင်ဆောင်ရင်း ပြည်သူတွေကို နေ့စဉ် သတ်ဖြတ်နိုင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ အခုလို တောမီးလောင် တောကြောင် လက်ခမောင်းခတ်နေတဲ့ ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့ကိုတော့ လုံးဝလျစ်လျူရှူ ထားပါတယ်။

ဒါကြောင့် လက်နက်ကိုင် ဒုစရိုက်သမားတွေဟာ တောရိုင်းထဲက တိရစ္ဆာန်တွေလိုပဲ နိုင်ရာစား စတမ်းပုံစံ၊ လျင်ရာ စားစတမ်း ပုံစံနဲ့ ပြည်သူလူထုကို နိုင်ထက်စီးနင်း လုပ်နေနိုင်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြည်သူတွေဟာ နေ့လည်း မလုံခြုံ၊ ညလည်း မလုံခြုံ ကျီးလန့်စာစား ရှင်သန်နေထိုင်နေရပြီး သူတို့ရဲ့ လူမှု ဘဝလုံခြုံမှုကို တာဝန်ယူပေးမယ့် အဖွဲ့အစည်းလည်း မရှိနေတဲ့ တောရိုင်း ဥပဒေနဲ့ မြို့ပျက်ကြီးမှာ ရှင်သန်နေရတဲ့ ဘဝတွေ လိုမျိုး ကြုံနေရတာပဲ ဖြစ်တယ်။

You may also like these stories:

စစ်ကောင်စီ လူသတ်တာ ၂၄၀၀ ကျော်ပြီ

မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ

ထိပ်ပိုင်းအကျဉ်းချခံတချို့ကို စစ်ကောင်စီ ဘာကြောင့် ပြန်လွှတ်ပေးလဲ

Your Thoughts …
Tags: ခိုးဆိုးလုယက်ရန်ကုန်မြို့ဥပဒေစိုးမိုးမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

by ဧရာဝတီ
17 January 2024
6.3k

မင်းအောင်လှိုင်သည် သူကိုယ်တိုင် ကြီးထွားလာအောင်လုပ်ခဲ့သည့် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ထိန်းချုပ်နိုင်ရန် လက်တွေ့ကျသည့် မည်သည့်အလုပ်မှ မလုပ်ပေ။

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

by ဧရာဝတီ
15 June 2024
5.1k

သတ်မှတ်ဈေးဖြင့်သာ မဖြစ်မနေ ဖွင့်လှစ် ရောင်းချရမည်ဟု ထိန်းချုပ်လိုက်သည့်အတွက် ရန်ကုန်မြို့ ရွှေဆိုင်တချို့တွင် တန်းစီ ဝယ်ယူခြင်းထိ ဖြစ်သွားခဲ့သည်။

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

by မောင်သော်က
8 June 2024
4.2k

ညအချိန်တွင် အပေါက်တို့၏ အန္တရာယ် ပို၍ ထူပြော၏။ အသွားမတော် တလှမ်း ဟူသကဲ့သို့ …

စာတတ်လာပြီ ဖြစ်သော ကြွက် နှင့် ဘီလူး

စာတတ်လာပြီ ဖြစ်သော ကြွက် နှင့် ဘီလူး

by မောင်သော်က
13 July 2024
1.6k

လေယာဉ်ပျံ စင်းလုံးငှား၊ လော်စပီကာတွေ တောင်ပံတပ်၊ ရန်ကုန် မြို့ပေါ်ဝဲ၊ ဂါထာ စာရွက်တွေလည်း ကြဲ၊ ဂါထာလည်း ရွတ်လိုက်ရရင်တော့၊ ရန်ကုန် တမြို့လုံး ကြွက်တွေ ရှင်းသွားမယ် ထင်တာပဲ…

ကန်စွန်းနွယ်

ကန်စွန်းနွယ်

by ဇေယျ
6 April 2024
672

လယ်ကန်သင်း ရေစပ်မှ ကန်စွန်းနွယ်ကလေးကား မည်သူမျှ မပြုရဘဲ သေသည် ပျောက်သည်မရှိ၊ အမြဲထာဝရ ရွှင်လန်း ပေါက်ရောက်လျက် ရှိ၏။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် အမျိုးသမီးတဦး / CJ

အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ

by ဧရာဝတီ
23 April 2021
113.3k

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် ရန်ကုန်မြို့ မှ အမျိုးသမီးငယ်တချို့ မှာ စစ်ကြောရေးအချိန်ကာလကို ဖြတ်သန်းရ စဉ် ညဘက်အချိန်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်ခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း

Next Post
KIA သည် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်ကွပ်မှုကြောင့် တိမ်းရှောင်လာသည့် CDM ဝန်ထမ်းများအပြင် စစ်ကောင်စီအား နိုင်ငံရေးအရသာမက စစ်ရေးအရပါ အံတုသူများကို ကာကွယ်စောင့်ရှောက်ပေးခဲ့၏

ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း

နေပြည်တော်ရောက် ဆင်ဖြူလေးကို ဥပ္ပါတသန္တိစေတီမှာ  လက်ယာရစ် လှည့်ကာ ပူဇော်စေပြီး အမွှေးနံသာ ဆန်မန်း ပေါက်ပေါက် ကြဲကာ “ရဋ္ဌနန္ဒက” ဆိုတဲ့ ဘွဲ့ပေးပွဲ အကြီးအကျယ် ကျင်းပခဲ့ပါတယ်

တပတ်အတွင်း သတင်းစုံ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved