၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ ဆိုးကျိုးများစွာ အနက်တခုမှာ စစ်ထောက်လှမ်းရေးများ ပြန်လည် ရောက်လာခြင်းပင်။
နိုင်ငံတော် လုံခြုံရေး ယန္တရားသည် စစ်ကောင်စီကို ဆန့်ကျင်သူများကို ပြန်လည်ဖိနှိပ်နေပြီး စစ်အုပ်ချုပ်ရေး ခိုင်မာရေးနှင့် ဗိုလ်ချုပ်များသည် လူ့အဖွဲအစည်းတခုလုံး၏ အထက်၌ ရှိသည်ဆိုသည့် အဆင့်အတန်း ပြန်လည်ထူထောင်ရေးအတွက် သာမန်ပြည်သူများကိုလည်း အနိုင်ကျင့်နေသည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ထောက်လှမ်းရေး သို့မဟုတ် MI ဟု လူသိများသည့် စစ်ကောင်စီ ထောက်လှမ်းရေး ယန္တရားသည် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ထောက်ခံသည် သို့မဟုတ် အဆက်အသွယ်ရှိသည်ဟု သံသယရှိသူများကို ဖမ်းဆီးပြီး ၎င်းတို့၏ ရန်သူဟု သတ်မှတ်ထားသူများနှင့် ပတ်သက်သည့် သတင်းရရှိရေးအတွက် ရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းနှိပ်စက်သောကြောင့် သေဆုံးရသူများပင် မကြာခဏ ရှိသည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ထောက်လှမ်းရေး သို့မဟုတ် MI ဟု လူသိများသည့် စစ်ကောင်စီ ထောက်လှမ်းရေး ယန္တရားသည် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ထောက်ခံသည် သို့မဟုတ် အဆက်အသွယ်ရှိသည်ဟု သံသယရှိသူများကို ဖမ်းဆီးပြီး ၎င်းတို့၏ ရန်သူဟု သတ်မှတ်ထားသူများနှင့် ပတ်သက်သည့် သတင်းရရှိရေးအတွက် ရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းနှိပ်စက်သောကြောင့် သေဆုံးရသူများပင် မကြာခဏ ရှိသည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပြည်သူအများစုက လက်မခံသောကြောင့် မြန်မာနိုင်ငံတွင် ပုန်ကန်မှု ဖြစ်နေသည်။ လူငယ်အများအပြားသည် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ရန် လက်နက်စွဲကိုင်နေကြသည်။
စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ရုံး (OCMSA) ဟု တရားဝင်သိကြသော ထိုစစ်ထောက်လှမ်းရေးဌာနသည် ညဘက် ဖမ်းဆီးမှုများ နောက်ကွယ်တွင် ရှိနေသည်။ ထိုဖြစ်ရပ်များတွင် စစ်ကောင်စီ ဆန့်ကျင်သူအဖြစ် သံသယရှိသူများကို ညဘက်တွင် ဖမ်းဆီးပြီး နောက်တနေ့ နံနက်တွင် အလောင်းများကို ပြန်ပေးခြင်းများလည်း ပါသည်။
စစ်ကောင်စီ ဆန့်ကျင်သူများသည် ငရဲသဖွယ်ဖြစ်သော စစ်ကြောရေး စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုပုံစံအမျိုးမျိုးကို ခံကြရပြီး တခါတရံ သေလောက်သော ညှင်းပမ်းနှိပ်စက်မှုများကို ခံကြရသည်။ ထိုစစ်ကြောရေးစခန်းများတွင် စစ်ထောက်လှမ်းရေးများသည် အမျိုးသမီးများကို သာမက အမျိုးသားများကိုလည်း မုဒိန်းကျင့်ခြင်းအား လက်နက်သဖွယ် အသုံးပြုနေသည်။
အထက်ပါရုံးသည် သြဇာကြီးမားသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖြုတ်ချပြီးနောက် ၂၀၀၄ ခုနှစ်တွင် ဖျက်သိမ်းလိုက်သည့် MI ကို ဆက်ခံသောရုံး ဖြစ်သည်။
ထိုရုံး၏ တာဝန်မှာ အလားတူပင် ဖြစ်ပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် မြန်မာစစ်တပ်၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟု ယူဆရသူများ၏ လှုပ်ရှားမှုများကို ဂျော့ချ်အော်ဝဲလ်၏ ၁၉၈၄ ဝတ္တုမှ Big Brother ပုံစံမျိုး ထောက်လှမ်း စောင့်ကြည့်ရန် ဖြစ်သည်။
အာဏာသိမ်းပြီးနောက်တွင် ထိုရုံး၏ အဓိက လုပ်ငန်းတာဝန်မှာ စစ်ကောင်စီဆန့်ကျင်ရေး လူထု တော်လှန်ရေးတွင် ပါဝင်သူ မည်သူ့ကိုမဆို ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် ဖြစ်သည်။
အာဏာသိမ်းပြီးနောက်တွင် ထိုရုံး၏ အဓိက လုပ်ငန်းတာဝန်မှာ စစ်ကောင်စီဆန့်ကျင်ရေး လူထု တော်လှန်ရေးတွင် ပါဝင်သူ မည်သူ့ကိုမဆို ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် ဖြစ်သည်။
ထိုလုပ်ငန်းသည် အစိုးရအဆက်အဆက်အောက်တွင် MI ၏ အဓိက တာဝန်ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။
သွေးချောင်းစီး အမွေအနှစ်
၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ထိုစဉ်က စစ်ကောင်စီအတွင်းရေးမှူး (၁)နှင့် စစ်ထောက်လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို လူမဆန်သော ညှင်းပမ်းနှိပ်စက်မှု ပြုလုပ်ရာတွင် အမည်ဆိုးဖြင့် ကျော်ကြားသည်။
၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်တွင်း စစ်အုပ်စု စစ်ကြောရေးစခန်းများမှ စနစ်တကျ ညှင်းပန်းနှိပ်စက်မှုများတွင် ကံကောင်းထောက်မသောကြောင့် လွတ်မြောက်လာသူ တထောင်ခန့်ကို ထောင်ချထားသည်။ ထိုသူများသည် သေခြင်းတရားထက် ပိုမိုဆိုးရွားသည့် ကံကြမ္မာကို စောင့်ဆိုင်းနေရခြင်းပင် ဖြစ်သည်။
စစ်ထောက်လှမ်းရေး အရာရှိများသည် ထောင်များအတွင်းတွင် ၎င်းတို့ အလိုကျ စီရင်ချက်ချမည့် တရားရုံးများ ထူထောင်ပြီး မည်သူ့ကို ထောင်မည်မျှ ကြာကြာချထားမည်ကို တရားသူကြီးများအား အမိန့်ပေးသည်။
အများအားဖြင့် ရှည်လျှားသော ထောင်ဒဏ်များ ချမှတ်ခိုင်းသည်။ ထိုသို့ စီရင်ချက်များ ချထားပြီးနောက် နိုင်ငံရေးအကျဉ်းသား အများစုကို နိုင်ငံမှ ဝေးကွာသော ထောင်များသို့ ပြောင်းစေကာ ၎င်းတို့၏ မိသားစုများကို ပိုမိုစိတ်ဖိစီးစေရန်နှင့် ထောင်ဝင်စာသွားတွေ့လျှင် ငွေကုန်ကြေးကျ ပိုမိုကုန်ကျစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည်။
နှစ်ရှည်ထောင်ချခံရသော နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၀၀ တို့သည် ထောင်တွင်း ဆိုးရွားသော အခြေအနေများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် စနစ်တကျ ဆေးဝါးကုသခွင့် မရသောကြောင့် ထောင်တွင်းတွင် သေဆုံးသွားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။
နှစ်ရှည်ထောင်ချခံရသော နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၀၀ တို့သည် ထောင်တွင်း ဆိုးရွားသော အခြေအနေများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် စနစ်တကျ ဆေးဝါးကုသခွင့် မရသောကြောင့် ထောင်တွင်းတွင် သေဆုံးသွားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။
စစ်အာဏာရှင်စနစ် ခိုင်မာရေး၊ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူများကို ညှင်းပန်း နှိပ်စက်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)ကို စီးပွားရေး မက်လုံးများပေးကာ ငြိမ်းချမ်းရေးအတု တည်ဆောက်ရေးတို့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့်ပြီးလျှင် အဓိက တာဝန်ရှိသည့် စစ်ထောက်လှမ်းရေး အရာရှိများတွင် ဗိုလ်မှူးချုပ် ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်သိန်း၊ ဗိုလ်မှူးချုပ် သိန်းဆွေ၊ ဗိုလ်မှူးကြီး စန်းပွင့်နှင့် ဗိုလ်မှူးကြီး လှမင်းတို့ ပါဝင်သည်။
ထိုစဉ်က ၎င်းကိုယ်၎င်းတို့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟုခေါ်သည့် နဝတ အတွင်းရေးမှူး (၁) စစ် ထောက်လှမ်းရေး အကြီးအကဲသည် EAOs များကို ဖျက်ဆီးရန် ကြိုးစားသည်သာမက ပြည်တွင်း ငြိမ်းချမ်းရေး အမည်ခံကာ စီးပွားရေးနှင့် အခြားမက်လုံးများလည်း ပေးသည်။
ဥပမာဆိုရပါက ဘာသာရေးကို အသုံးချပြီး ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ဒီမိုကရေစီ အကျိုးပြု ကရင့် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ခွဲထွက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။
ထိုစဉ်က စစ်အုပ်စု၏ ဝါဒဖြန့်ချိမှု တစိတ်တပိုင်းအဖြစ် မီဒီယာကို မီဒီယာနှင့်တိုက်ရန် မြန်မာတိုင်းမ်သည် အင်္ဂလိပ်ဘာသာ ဂျာနယ်တစောင်ကို ထုတ်ဝေပြီး စစ်ခေါင်းဆောင်များ၏ အာဘော်နှင့် ဝါဒဖြန့်ချိရေး ယန္တရားအဖြစ် ဆောင်ရွက်ခဲ့သည်။
ထိုမြန်မာတိုင်းမ်သည် စစ်ထောက်လှမ်းရေး၏ နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲ ဗိုလ်မှူးချုပ်သိန်းဆွေနှင့် သူ၏ သား ဆန်နီဆွေတို့က ရှယ်ယာပိုင်ဆိုင်သော သတင်းဌာနဖြစ်သည်။ အခြားသတင်းလုပ်ငန်းများသည် တင်းကျပ်သော ဆင်ဆာဖြတ်တောက်မှု ခံနေရချိန်အတွင်း မြန်မာတိုင်မ်းသည် စစ်အုပ်စုက အခွင့်ထူးများ ပေးထားသော သတင်းဌာန ဖြစ်သည်။
အာဏာသိမ်းပြီးနောက် လွန်ခဲ့သောနှစ်နှောင်းပိုင်းက မင်းအောင်လှိုင် သွားရောက် တွေ့ဆုံခဲ့သည့် ခင်ညွန့်သည် ယခင် စစ်အုပ်စုအဆက်ဆက်တွင် သူကြိုးကိုင်ချယ်လှယ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဝန်ခံခြင်း မပြုသေးပေ။
အာဏာသိမ်းပြီးနောက် လွန်ခဲ့သောနှစ်နှောင်းပိုင်းက မင်းအောင်လှိုင် သွားရောက် တွေ့ဆုံခဲ့သည့် ခင်ညွန့်သည် ယခင် စစ်အုပ်စုအဆက်ဆက်တွင် သူကြိုးကိုင်ချယ်လှယ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဝန်ခံခြင်း မပြုသေးပေ။
သူသည် ဥပဒေအရ အရေးယူမှုများကိုလည်း မခံရသေးပေ။ သူက စစ်အုပ်စု ခေါင်းဆောင်၏အမိန့်ကို သူ့လက်အောက်မှလူများ နားထောင်ရသည်ဟုပြောကာ အပြစ်များအားလုံးကို ထိုစဉ်က စစ်အာဏာရှင် သန်းရွှေအပေါ် ပုံချခဲ့သည်။
သွေးသစ်လောင်းခြင်း
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖြုတ်ချပြီးနောက် ၂၀၀၄ ခုနှစ်တွင် စစ်ထောက်လှမ်းရေးကို ပြန်လည်ဖွဲ့စည်းပြီး ထိုဌာနကို ဦးဆောင်သော ဗိုလ်ချုပ် ၆ ဦး ရှိသည်။ သန်းရွှေနှင့် မင်းအောင်လှိုင် ၂ ဦးလုံးတို့သည် စစ်ထောက်လှမ်းရေး အကြီးအကဲ ရာထူးတွင် ၎င်းတို့ယုံကြည်ရသူများကိုသာ ခန့်အပ်သည်။
ပထမဆုံး အခန့်ခံရသည်မှာ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် ခေတ္တ သမ္မတလုပ်နေသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဖြစ်သည်။ ထိုစဉ်က ရန်ကုန်တိုင်း စစ်တိုင်းမှူး လုပ်နေသော မြင့်ဆွေသည် ခင်ညွန့်ကို ဖမ်းဆီးရာတွင် အဓိက ကျသည့် အခန်းမှ ပါဝင်ခဲ့သူဖြစ်သည်။ သူသည် ရန်ကုန်တိုင်း စစ်တိုင်းမှူးနှင့် စစ်ထောက်လှမ်းရေးအကြီးအကဲအဖြစ် ပူးတွဲ လုပ်ကိုင်သည်။
သူ့ကို ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ၂၀၀၅ ခုနှစ်တွင် ဆက်ခံသည်။ ရဲမြင့်သည် ဦးသိန်းစိန် အရပ်သားတပိုင်း အစိုးရအောက်တွင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာသည်။
တည်ထောင်စ ကနဦးရက်များတွင် စစ်ဘက်လုံခြုံရေးရာဌာန၏ ထောက်လှမ်းရေးသတင်း စုဆောင်းမှုသည် လွန်စွာ ညံ့ဖျင်းသည်ဟု သတ်မှတ်ကြသည်။
ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများတွင် အင်အားမလုံလောက်ခြင်းနှင့် လုံး၀ သစ်လွင်သော ဌာနအဖြစ် ထူထောင်ရန် သတင်းပေး ကွန်ရက်တည်ဆောက်ရေး အချိန်ယူရန်လိုအပ်ခြင်းလည်း တစိတ်တပိုင်း ပါဝင်နေသလို ခင်ညွန့်၏ ခြေရာနင်းမည့် ထောက်လှမ်းရေး အကြီးအကဲမျိုးဖြစ်လာမည်ကို စိုးရိမ်ပြီး ကန့်သတ်ထားမှုများကြောင့်လည်း ဖြစ်သည်။
ယခင်က စစ်တပ်ထိပ်တန်းအရာရှိများ၏ သတင်းများကို စုဆောင်းပြီး တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းများကိုပါ လုပ်ကိုင်သော ထိုထောက်လှမ်းရေးဌာနတွင် လုပ်ကိုင်သူများသည် အထက်အရာရှိများထံ သတင်းပေးပို့ရန် ဒေသခံရဲများထံမှ သတင်းမေးရသည့် အဆင့်သို့ လျှော့ကျလာသည်။ ဒေသခံရဲများသည် စစ်ထောက်လှမ်းရေး ခေတ်ကောင်းစဉ်က စစ် ထောက်လှမ်းရေး၏ လက်ပါးစေများသာ ဖြစ်သည်။
အသစ်ဖွဲ့စည်းထားသည့် စစ်ထောက်လှမ်းရေးဌာနက ယခင်စစ်ထောက်လှမ်းရေးဌာနကဲ့သို့ ကောင်းစွာ လုပ်နိုင်သော လုပ်ငန်းမှာ ကေတီဗွီများ၊ အနှိပ်ခန်းများနှင့် ချဲရောင်းသူများထံမှ အကာအကွယ်ပေး ငွေခြိမ်းခြောက်တောင်းယူသော လုပ်ငန်းသာ ဖြစ်ကြောင်း မိုးဇေငြိမ်းက စစ်ဘက်ဆိုင်ရာ လုံခြုံရေး ဆိုသည်မှာ မည်သည်နည်း ဆိုသည့် စုံစမ်း ထောက်လှမ်း ဆောင်းပါးတွင် ရေးသားခဲ့သည်။
အသစ်ဖွဲ့စည်းထားသည့် စစ်ထောက်လှမ်းရေးဌာနက ယခင်စစ်ထောက်လှမ်းရေးဌာနကဲ့သို့ ကောင်းစွာ လုပ်နိုင်သော လုပ်ငန်းမှာ ကေတီဗွီများ၊ အနှိပ်ခန်းများနှင့် ချဲရောင်းသူများထံမှ အကာအကွယ်ပေး ငွေခြိမ်းခြောက်တောင်းယူသော လုပ်ငန်းသာ ဖြစ်ကြောင်း မိုးဇေငြိမ်းက စစ်ဘက်ဆိုင်ရာ လုံခြုံရေး ဆိုသည်မှာ မည်သည်နည်း ဆိုသည့် စုံစမ်း ထောက်လှမ်း ဆောင်းပါးတွင် ရေးသားခဲ့သည်။
ထိုစာရေးဆရာသည် မြန်မာစစ်တပ်နှင့် ရဲများထံမှ ရရှိသော အတွင်းသတင်းများကို လူမှုကွန်ရက်တွင် ရေးသားသော စာရေးဆရာဖြစ်သည်။
၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးအတွင်းက စစ်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များသည် ဆန္ဒပြပွဲများကို မှတ်တမ်းယူရန်၊ ဖမ်းဆီးရန်နှင့် စစ်ဆေးရန် အရေးပါသော အခန်းမှ ပါဝင်ခဲ့ကြသည်။
ဒုဗိုလ်ချုပ်ကြီး ရဲမြင့်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာသည်။ လက်ရှိ စစ်ကောင်စီ ဒုတိယ ခေါင်းဆောင် စိုးဝင်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်တူ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် စစ်ဘက်ရေးရာ လုံခြုံရေးဌာနကို ဆက်လက် ဦးဆောင်သည်။
သူ့ကို ထိုစဉ်က စစ်တပ်ခေါင်းဆောင်နှင့် လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရခေတ်တွင် ပြည်ထဲရေးဝန်ကြီး ခန့်လိုက်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနသည် အရပ်သား အစိုးရ အောက်တွင် စစ်တပ်က ထိန်းချုပ်သော ဝန်ကြီးဌာန ဖြစ်သည်။
မျိုးစေ့ မကောင်းသောကြောင့် ထိုဌာနသည် အချိန်များ ပြောင်းလဲလာသော်လည်း ယခင်ခေါင်းဆောင်ခဲ့သူများ၏ ခြေရာကို နင်းပြီး စစ်မေးစဉ် ဖမ်းဆီးထားသူများကို စတင် သတ်ဖြတ်လာသည်။
၂၀၁၂ ခုနှစ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဘက်ရေးရာ လုံခြုံရေးဌာနသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ ဘရန်ယောင်နှင့် အခြားအမျိုးသားတဦးကို ကချင် လွတ်လပ်ရေး အဖွဲ့ချုပ်(KIO)နှင့် အဆက်အသွယ်ရှိသည်ဟု သံသယ ရှိသောကြောင့် ဖမ်းဆီးလိုက်သည်။
၎င်းတို့ကို ရိုက်နှက်ပြီး အပြန်အလှန် လိင်ဆက်ဆံရန် အတင်းအကျပ်ခိုင်းစေသည်။ ဘရန်ယောင်၏ ဇနီးက ထိုအမှုကို အမြန်ဆုံး ပယ်ချရန် ထိုစဉ်က သမ္မတ ဦးသိန်းစိန်ထံ အသနားခံသည်။
ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ခေတ်တွင် သိသာသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း စစ်ဘက်ရေးရာ လုံခြုံရေးဌာနသည် ဒီမိုကရေစီတက်ကြွ လှုပ်ရှားသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဆက်လက် နောက်ယောင်ခံလိုက်သည်။
ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ခေတ်တွင် သိသာသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း စစ်ဘက်ရေးရာ လုံခြုံရေးဌာနသည် ဒီမိုကရေစီတက်ကြွ လှုပ်ရှားသူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဆက်လက် နောက်ယောင်ခံလိုက်သည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွင်း စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိများက သူ့နောက်ကို တောက်လျှောက်လိုက်ပြီး သူ၏ မိန့်ခွန်းများကို အသံဖမ်းကြကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဧရာဝတီ သတင်းဌာန သို့ ပြောကြားခဲ့သည်။
ယခုအခါ စစ်ကောင်စီ အဖွဲ့ဝင်နှင့် ကာကွယ်ရေး ဝန်ကြီး ဖြစ်နေသော ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ထိုစစ် ထောက်လှမ်ရေးဌာနကို ၂၀၁၄ ခုနှစ်တွင် စတင်ဦးဆောင်သည်။ သူသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ သင်တန်း ဆင်းဖြစ်ပြီး ထိုစစ်ထောက်လှမ်းရေးဌာနတွင် ဗိုလ်ချုပ်ရဲမြင့် ရှိစဉ်ကတည်းက တာဝန်ယူနေသူ ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် မြထွန်းဦးကို ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးရာထူး တိုးပေးလိုက်ပြီးနောက် ထိုရာထူးကို စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ဆက်ခံသည်။ စိုးထွဋ်သည် စစ်ကောင်စီ၏ လက်ရှိ ပြည်ထဲရေး ဝန်ကြီးဖြစ်ပြီး ယခင် NLD အစိုးရ ခေတ်ကလည်း ထိုရာထူးတွင် လုပ်ကိုင်ဖူးသည်။
စိုးထွဋ်သည် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၆၄ မှဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်း လွန်းမောင်၏ သားဖြစ်သည်။ ဗိုလ်မှူးချုပ်ဟောင်း လွန်းမောင်သည် သန်းရွှေစစ်အုပ်စုခေတ် ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ် ပျက်ကျမှုတခုတွင် စစ်အုပ်စု ထိပ်တန်းအရာရှိ ဒုဗိုလ်ချုပ်ကြီး တင်ဦးနှင့်အတူ သေဆုံးသူ ဖြစ်သည်။
စိုးထွဋ်၏ခေတ်တွင်လည်း စစ်ထောက်လှမ်းရေးဌာနသည် NLD လွှတ်တော်ကိုယ်စားလှယ်များကို ဆက်လက် နောက် ယောင်ခံလိုက်၊ ဓာတ်ပုံရိုက်ပြီး မိန့်ခွန်းများကို အသံဖမ်းနေသောကြောင့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်အတွင်း လွှတ်တော်တွင် တိုင်ကြားခံရသည်။ ထိုအခါ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ထိုသို့ လုပ်ဆောင်ခြင်းသည် လူသိရှင်ကြား လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ဥပဒေ ချိုးဖေါက်ခြင်း မရှိကြောင်း လွှတ်တော်သို့ ချေပသည်။
ထိုရာထူးကို စိုးထွဋ်ထံမှ ၂၀၂၀ ခုနှစ်တွင် ဆက်ခံသူမှာ ထိုစဉ်က အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦး ဖြစ်သည်။
မင်းအောင်လှိုင်၏ ငရဲခန်းတာဝန်ခံ
လက်ရှိ စစ်ဘက်လုံခြုံရေး ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အသက် ၅၆ နှစ်ရှိပြီဖြစ်ပြီး မင်းအောင်လှိုင်နှင့် သူ့မိသားစု၏ လူယုံဖြစ်သည်။ သူသည် စစ်ကောင်စီ တွဲဖက် အတွင်းရေးမှူးလည်း ဖြစ်သည်။ စစ်ဘက်ရေးရာလုံခြုံရေး ဌာနတွင် ရဲဝင်းဦး၏ လက်ထောက်သည် ဗိုလ်ချုပ် တိုးရီ ဖြစ်သည်။
ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၇၇ ဆင်းသော ရဲဝင်းဦးသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်စဉ်ကပင် မင်းအောင်လှိုင်နှင့် သူ၏ မိသားစုကိုပါ ရင်းနှီးသူ ဖြစ်သည်။
ယခု ဖြစ်ရပ်မှာ ယခင်စစ်အာဏာရှင် သန်းရွှေက သူ၏တပည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမြင့်ဆွေ (ယခု စစ်ကောင်စီ၏ ယာယီသမ္မတ)ကို ၂၀၀၄ ခုနှစ်တွင် စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲအဖြစ် ခန့်ခဲ့သည်ကို ပြန်လည် အမှတ်ရစေသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် သမ္မတ အိမ်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်များကို ဖေဖေါ်ဝါရီလ ၁ ရက် နေ့တွင် ဝင်ရောက်စီးနင်းမှုများကို ဦးဆောင်သူဖြစ်သည်။ သူသည် စစ်ကောင်စီ ဆန့်ကျင်သူများကို ဖမ်းဆီးပြီး ရက်စက် ကြမ်းကြုတ်စွာ စစ်ဆေးကာ မကြာခဏ သတ်ဖြတ်သူ ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် သမ္မတ အိမ်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်များကို ဖေဖေါ်ဝါရီလ ၁ ရက် နေ့တွင် ဝင်ရောက်စီးနင်းမှုများကို ဦးဆောင်သူဖြစ်သည်။ သူသည် စစ်ကောင်စီ ဆန့်ကျင်သူများကို ဖမ်းဆီးပြီး ရက်စက် ကြမ်းကြုတ်စွာ စစ်ဆေးကာ မကြာခဏ သတ်ဖြတ်သူ ဖြစ်သည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာလက မင်းအောင်လှိုင်သည် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့်ကို ရန်ကုန်ရှိ သူ၏ နေအိမ်တွင် သွားရောက်တွေ့ဆုံသောအခါ သူလိုက်ပါသွားရသည်။
အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီသည် ၎င်းတို့၏ စစ်ထောက်လှမ်းရေးဌာနကို အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရုံးများကို တိုးချဲ့ဖွင့်လှစ်လိုက်သည်။ အောက်မြန်မာပြည်ရုံးကို နေပြည်တော် စစ်ဌာနချုပ်မှ လက် ထောက်စစ်ရေးချုပ်ဟောင်း ဗိုလ်မှူးချုပ် ရာထူးမှတက်လာသူ ဗိုလ်ချုပ်အောင်ကျော်ကျော်က ဦးဆောင်သည်။ အထက်မြန်မာပြည်ရုံးကို စစ်ဘက်ရေးရာ လုံခြုံရေးဌာနတွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တာဝန်ယူပြီး ရာထူးတက်လာသူ ဗိုလ်ချုပ် ကျော်ကျော်လွင်က ဦးဆောင်သည်။
မင်းအောင်လှိုင်သည် တနိုင်ငံလုံးမှ ခုခံတော်လှန်မှုများကို ဖိနှိပ်ရန် ထောက်လှမ်းရေသတင်း ဆိုးဆိုးရွားရွား လိုအပ် နေသောကြောင့် ယခင်ခေတ်က စစ်ထောက်လှမ်းရေး အရာရှိများကို ပြန်လည်ခေါ်ယူပြီး အကြံပေးခိုင်းသည်။
မင်းအောင်လှိုင်က ဖိတ်ကြားသောကြောင့် ယခင်စစ်ထောက်လှမ်းရေး ဝါရင့်ခေါင်းဆောင်များဖြစ်သော ခင်မောင်သိန်း၊ ငွေထွန်းနှင့် သိန်းဆွေတို့ စစ်ကောင်စီကို ကူညီရန် နေပြည်တော်သို့ သွားကြသည်။
ခင်မောင်သိန်းသည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းဖြစ်သည်။ ငွေထွန်းသည် အာဏာသိမ်းခေါင်းဆောင်နှင့် စစ်တက္ကသိုလ် အပတ်စဉ်တူပြီး ရေတပ်တွင် တာဝန်ထမ်းဆောင်ကာ ၁၉၈၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုတွင် သင်တန်းတက်ပြီးနောက် ထောက်လှမ်းရေးသို့ ရောက်လာသည့် ဒုဗိုလ်မှူးကြီးဟောင်းဖြစ်သည်။ သူသည်ယခုအခါ စစ်ကောင်စီ အတွက် အချိန်ပြည့် အကြံပေးလုပ်နေသည်ဟု ဆိုသည်။
ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့်အတူ စစ်တက္ကသိုလ် တက်ခဲ့ပြီး စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအောက်တွင် တာဝန်ထမ်းဆောင်သည်။ ထို့နောက်သူသည် ဘန်ကောက်တွင် စစ်သံမှူးဖြစ်လာပြီး ခင်ညွန့် ၏ လူရင်းဖြစ်လာသည်။
သူ၏ရွှေခေတ်က သူသည် မြန်မာတိုင်းမ် သတင်းစာကို သူသား ဆန်နီဆွေနှင့်အတူ ထုတ်ဝေသည်။ သူ၏သား ဆန်နီဆွေသည် အကျဉ်းကျခံရမှာ ပြန်လွတ်သောအခါ Myanmar Frontier မဂ္ဂဇင်းကို ထူထောင်ပြီး လက်ရှိ အမှုဆောင် အရာရှိချုပ်ဖြစ်သည်။
စစ်ကောင်စီသည် ယခင်စစ်ထောက်လှမ်းရေးအရာရှိများကို ပြန်လည်တာဝန်ထမ်းဆောင်ရန် ခေါ်ယူနေသောကြောင့် ရဲဝင်းဦးသည် ညှင်းပန်းနှိပ်စက်ရေး ငရဲခန်းများကို ကြီးကြပ်ပြီး စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများထံမှ သတင်းများကို ညှစ်ထုတ်ကာ မင်းအောင်လှိုင်ကို သစ္စာခံကြောင်း ပြသရသည်။
စစ်ကောင်စီသည် ယခင်စစ်ထောက်လှမ်းရေးအရာရှိများကို ပြန်လည်တာဝန်ထမ်းဆောင်ရန် ခေါ်ယူနေသောကြောင့် ရဲဝင်းဦးသည် ညှင်းပန်းနှိပ်စက်ရေး ငရဲခန်းများကို ကြီးကြပ်ပြီး စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများထံမှ သတင်းများကို ညှစ်ထုတ်ကာ မင်းအောင်လှိုင်ကို သစ္စာခံကြောင်း ပြသရသည်။
စစ်ကောင်စီက ဖမ်းဆီးထားစဉ် သေဆုံးသူ အရေအတွက်သည် ပြီးခဲ့သည့်လအထိ ၇၀၇ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားသည်။
ထိုအရေအတွက်တွင် စစ်ကြောရေးစခန်းများတွင် သေဆုံးသူများ၊ နိုင်ငံတဝှမ်းရှိ ထောင်များတွင်သေဆုံးသူများနှင့် လွှဲ ပြောင်း ပေးပို့ခံရရန် စောင့်ဆိုင်းနေစဉ် သေဆုံသူများ ပါဝင်သည်။ ထိုသို့သတ်ဖြတ်ခံရသူများတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ သတင်းသမားများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ကျေးရွာများကို စစ်တပ် ဝင် ရောက်စီးနင်းစဉ် ဖမ်း ဆီးခံရသူများ ပါဝင်သည်။
“သူ့(ရဲဝင်းဦး)မှာ ဘာမှပြောင်မြောက်တဲ့ စစ်ရေးထမ်းဆောင်မှု မှတ်တမ်း မရှိဘူး။ သူက မင်းအောင်လှိုင်ရဲ့လူယုံမို့ ဒီရာထူးကိုရတာ” ဟု မြန်မာအခြေစိုက် လုံခြုံရေးအရ အမည်မဖေါ်လိုသည့် စစ်တပ် သုတေသီတဦး ပြောသည်။
ရုရှားသို့ သွားရောက်စဉ်က နိုင်ငံတကာ သံတမန်များနှင့်တွေ့ဆုံသောအခါ မင်းအောင်လှိုင်သည် ဝဏ္ဏမောင်လွင်ထက် ရဲဝင်းဦးကိုသာ သူ့အနားတွင် နေစေလိုသည်။
စစ်အုပ်စု အဆက်ဆက်တွင် ဆယ်စုနှစ်များစွာကြာသည့် ၎င်းတို့၏ ညှင်းပမ်း နှိပ်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်၊ ဒီမိုကရေစီလိုလားသော အင်အားစုများ၊ သာမန်ပြည်သူများကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးနှိပ်စက်မှုများအတွက် လက်ရှိနှင့် လက်ဟောင်း ထောက်လှမ်းရေး အရာရှိများကို အရေးယူရမည် ဖြစ်သည်။
စစ်အာဏာရှင်အဆက်ဆက်သည် စစ်ထောက်လှမ်းရေးဌာန အကြီးအကဲအဖြစ် ၎င်းတို့၏ လူယုံများကိုသာ ခန့်ထားကြသည်မှာ ပြည်သူတရပ်လုံးကို ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် ဖိနှိပ်ပြီး စစ်အာဏာရှင်စနစ်ကို ခိုင်မာစေရန် အကူအညီ ပေးနေသောကြောင့် ဖြစ်သည်။
စစ်အုပ်စု အဆက်ဆက်တွင် ဆယ်စုနှစ်များစွာကြာသည့် ၎င်းတို့၏ ညှင်းပမ်း နှိပ်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်၊ ဒီမိုကရေစီလိုလားသော အင်အားစုများ၊ သာမန်ပြည်သူများကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးနှိပ်စက်မှုများအတွက် လက်ရှိနှင့် လက်ဟောင်း ထောက်လှမ်းရေး အရာရှိများကို အရေးယူရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထိုသို့ ရက်စက်ကြမ်းကြုတ် အမည်ဆုံး ကျော်ကြားသည့် ဒေါက်တိုင် အဖွဲ့အစည်း မလိုအပ်ပေ။ ထိုသို့ သော ဒေါက်တိုင်များကို စစ်အာဏာရှင်စနစ်နှင့်အတူ ဖျက်သိမ်းရမည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ With Return of Military Rule, Myanmar Again Living Under Big Brother ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ပစ်ခတ်မှုစနစ် ချို့ယွင်းနေသည့် JF 17 တိုက်လေယာဉ်များ စစ်ကောင်စီ ဝယ်ထားမိ
မြောင်တွင် စစ်တပ်က အချင်းချင်း ပစ်သတ်
စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း
စစ်ကောင်စီ လူသတ်တာ ၂၄၀၀ ကျော်ပြီ
စစ်ကောင်စီက လူမဆန်သော်လည်း တော်လှန်ရေးတပ်များ စစ်သုံ့ပန်းကို လူလို ဆက်ဆံ