• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နမ့်ဆန်က စစ်ကောင်စီ လေကြောင်းချီစစ်ဆင်ရေး ဘာကြောင့် ကျရှုံးရသလဲ

by ဧရာဝတီ
16 December 2022
in ဆောင်းပါး
A A
၂၀၂၂ ခု ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် တပ်မတော်(လေ) ၇၅နှစ်မြောက် နေ့တွင် တပ်တော်ဝင်သည့် ဆူခွိုင်းအမျိုးအစား Su-30 SME ဖြင့် ဓာတ်ပုံအရိုက်ခံနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂၀၂၂ ခု ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် တပ်မတော်(လေ) ၇၅နှစ်မြောက် နေ့တွင် တပ်တော်ဝင်သည့် ဆူခွိုင်းအမျိုးအစား Su-30 SME ဖြင့် ဓာတ်ပုံအရိုက်ခံနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

20.8k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အနောက်မြောက်ဘက်ရှိ ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ဌာနချုပ်ကို ရည်ရွယ်သည့် အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်း စစ်ဆင်ရေးသည် အဆုံးသတ်တွင် အရှုံးနှင့်သာ ရင်ဆိုင်သွားရသည်။

စစ်ကောင်စီတပ်သည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးကာ TNLA ဌာနချုပ် ရှိနိုင်သည်ဟု ယူဆရသည့် ကုန်းသာရွာတွင် ရဟတ်ယာဉ် ၄ စီးဖြင့် ဆင်းကာ အနီးဝန်းကျင်ရွာများကို စီးနင်းတိုက်ခိုက်ခဲ့သော် လည်း TNLA ဌာနချုပ်အထိ မရောက်မီတွင် ဝိုင်းပတ်ချေမှုန်း ခံလိုက်ရခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းက ခုခံတော်လှန်သူများကို လေကြောင်းစီးနင်း တိုက်ခိုက်မှုများ ပြုလုပ်ကာ လက်တွေ့အပွဲပွဲ နွှဲနေသည့် စစ်ကောင်စီတပ်သည် ယခုတကြိမ် အရှုံးပေါ်ခဲ့ရသည့်အတွက် အသံတိတ်သွားသလို စစ်ရေးလေ့လာ သူများ ကြား စိတ်ဝင်တစား ဆန်းစစ်ရမည့် ကိစ္စတရပ် ဖြစ်လာသည်။

တအန်းတောင်တန်းများဆီ ချီလာသည့် တပ်

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်သည် လားရှိုးမြို့၌ TNLA အရာရှိ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီးနောက် အင်အား ၁၃၀ခန့်ပါ စစ်သည်များကို ရဟတ်ယာဉ် ၅စီးဖြင့် တင်ကာ နမ့်ဆန်မြို့နယ်ရှိ အသေးစီး လေကြောင်းချီ တိုက်ခိုက်မှုကို လုပ်ဆောင်လာခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်က မန္တလေးတိုင်း မိထ္တိလာမြို့နယ် မုံတိုင်ဒေသတွင် ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့် မှုတခု(CINCDS)

အင်အား ၁၃၀ ခန့်ဖြင့် မိုးမိတ်တွင် စုစည်းကာ ဒီဇင်ဘာ ၇ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်တွင် နမ့်ဆန်မြို့နယ်၊ အနောက်မြောက်ဘက်ရှိ ကုန်းသာ၊ ဟူးမန်း၊ ပန်အလော့နှင့် ပိန်းလုံရွာများအား စီးနင်း တိုက်ခိုက်ခဲ့သည်။

အကြောင်းပြချက်မှာ နိုဝင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်က မိုးမိတ်မြို့နယ်တွင် TNLA၏ မဟာမိတ် ရက္ခိုင့် တပ်တော် (AA)၏ စခန်းတခုမှ Type-81 ချေမှုန်းရေးရိုင်ဖယ် ၇၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိရာ TNLA ထံမှ လာသည့် လက်နက်များဟု စစ်ကောင်စီဘက်က ယူဆသလို TNLA သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို လေ့ကျင့်ပေးနေသည်ဟု ယူဆကာ အလစ်အငိုက်ယူ၍ လေကြောင်းချီတပ်ကို သုံးကာ တိုက်ခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၁ စီးသည် TNLA တပ်ဖွဲ့ဝင် များ ကင်းပုန်းဝပ်နေသည့် နေရာအား မှားယွင်းဆင်းသက်မိပြီး TNLA တပ်ဖွဲ့ဝင်များ၏ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်မှုကို ခံလိုက်ရသည်။

ဒီဇင်ဘာ ၇ ရက် ည ၉ နာရီတွင် စစ်ကောင်စီတပ်များသည် တိုက်လေယာဉ်ဖြင့် စတင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ရဟတ်ယာဉ် ၂ စင်းဖြင့် စစ်သား ၅၀ ခန့် ထပ်မံ အင်အား ဖြည့်တင်းခဲ့ကာ မန်တုံနှင့် နမ့်ဆန်မြို့တို့မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကုန်းသာရွာတွင် TNLA တပ်ဖွဲ့ဝင်များ ၏ ဝိုင်းပတ်ချေမှုန်းခြင်း ခံလိုက်ရသည်။

တိုက်ပွဲသည် ၆ ရက်ဆက်တိုက် အပြင်းအထန်ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ပစ်ခတ်မှုများ ရပ်စဲသွားကြောင်း TNLA ထံမှ သိရသည်။

TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ဒီဇင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် များ ဝင်ရောက်ခဲ့သည့် ကုန်းသာ၊ ဟူးမန်း၊ ပန်အလော့နှင့် ပိန်းလုံရွာများကို TNLA တပ်ဖွဲ့ဝင်များက ထိန်းချုပ်နိုင်ခဲ့ ကြောင်း ဆိုသည်။

၎င်းက “တိုက်ပွဲဖြစ်တဲ့ရွာတွေကို တမြန်နေ့က ကျနော်တို့ ဝင်နိုင်ပြီ။ ရှင်းလင်းရေး လုပ်ငန်းတွေလည်း လုပ်နိုင်ပြီ။ ဟူးမန်းဘက်လည်း ကျနော်တို့ ဝင်နေရာယူနိုင်တဲ့ အနေအထားလည်း ရှိတယ်။ သူတို့ရဲ့ စစ်သားတွေကိုတော့ ကျနော် တို့ မတွေ့ရတော့ဘူး။ သူတို့ ဘယ်လမ်းကြောင်းက ပြန်ထွက်သွားသလဲတော့ ကျနော်တို့ မသိဘူး” ဟု ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများ ရှိသော်လည်း ထိခိုက်ကျဆုံးမှု အရေအတွက်ကို လတ်တလောတွင် မသိရသေး ကြောင်း ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

TNLA မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကမူ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ နှင့်အထက် သေဆုံးပြီး တပ်ဖွဲ့ဝင် ၂၈ ယောက်ကို TNLA ဘက်က အရှင်ဖမ်းမိခဲ့ကြောင်း ဆိုသည်။

ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၏ တန်ပြန်တိုက်ခိုက်မှုကို ခံလိုက်ရသည့် စစ်ကောင်စီ လေကြောင်းစစ်သည်များ ဤသို့ ကျဆုံးခဲ့သည်(Shwe Phee Myay)

လက်ရှိတွင် TNLA တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်နေပြီး မိုးမိတ်မြို့ဘက်မှ စစ်ကောင်စီ စစ်ကြောင်းတကြောင်း တက်လာသဖြင့် စစ်ရေးတင်းမာနေသည့် အခြေအနေ ရှိကြောင်းနှင့် တိုက်ပွဲကြောင့် ကုန်းသာ၊ ဟူးမန်းနှင့် ပန်အလော့ရွာများမှ ဒေသခံ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးကြရကြောင်း၊ တိုက်ပွဲပြီးသည့်နောက် ဒေသခံအချို့ နေရပ်ပြန်လာမှု ရှိကြောင်း TNLA ၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
112
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
163
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k

ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က “တိုက်ပွဲပြီးတဲ့ ၁၃ ရက်ကနေ ၁၄ ရက်အထိက ရွာသားတွေ တချို့အိမ်တွေကို လာ ကြည့်ကြတယ်။ ၁၃ ရက်နေ့မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ရွာထဲဝင်ပြီးမှ လက်နက် အကြွင်းအကျန်တွေ ရှင်းလင်း တာ၊ မိုင်းရှင်းတာတွေ လုပ်တယ်။ ရွာသားတွေ ရွာပြန်ဝင်နိုင်တဲ့အဆင့် ရောက်ပါပြီ။ တိုက်ပွဲဖြစ်တဲ့ ကုန်းသာရွာမှာ တော့ အချို့အိမ်တွေ လုံးဝ ပျက်ဆီးတာ ရှိတယ်။ မီးလောင်သွားတာ ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။

ဒုတိယအကြိမ် ဆုံးရှုံးရခြင်း

စစ်ရေးလေ့လာသူ အချို့ကမူ မြန်မာစစ်တပ်၏ လေကြောင်းစီးနင်း တိုက်ခိုက်မှုသည် ယခုမှသာ ဆုံးရှုံးမှုနှင့် ကြုံရခြင်း မဟုတ်ဘဲ ၂၀၂၀ နှစ်ဆန်းပိုင်းကလည်း ရခိုင်ပြည်နယ် စစ်မျက်နှာ၌ ဖြစ်ခဲ့ဖူးကြောင်း ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့မြောက်ဘက်ရှိ မီးဝ ခြေကုပ်စခန်းအား ရက္ခိုင့်တပ်တော် (AA) က ဝိုင်းပတ်တိုက်ခိုက် စဉ် မြန်မာစစ်တပ်သည် အမှတ် (၇) ခြေမြန်တပ်ရင်းကို ရဟတ်ယာဉ်ဖြင့် စစ်ကူပို့ခဲ့သည်။

ယင်းစစ်ကူတပ်သည် AA ၏ ဝိုင်းပတ်ချေမှုန်းခံလိုက်ရပြီး တပ်ရင်းမှူးပါ အရှင်အဖမ်းခံလိုက်ရကြောင်း စစ်ရေး လေ့လာသူတဦးက ပြောသည်။

၎င်းက “အဲဒီတုန်းကလည်း ရဟတ်ယာဉ် ၈ စင်း၊ ၄ စင်းနဲ့ လူချ။ ၄ စီးနဲ့ ပစ်ပေါ့။ သူတို့ စစ်ကူပို့ဖူးတယ်။ အဲဒီတုန်းက လည်း စစ်ကြောင်း ၁ ကြောင်းလုံး ပြုတ်တယ်။ တပ်ရင်းမှူးတောင် အဖမ်းခံရတယ်။ ဆိုလိုတာက သူ့ရဲ့ လေကြောင်းချီ စစ်ဆင်ရေးကို စနစ်တကျတုံ့ပြန်ပြီး ဖွဲ့စည်းထားတဲ့ တပ်နဲ့တွေ့ရင် သူမနိုင်ဘူး။ ဆုံးရှုံးနိုင်တယ်ဆိုတာ ၂ ကြိမ် တွေ့ရ တာပေါ့” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ အုံကြွဆန့်ကျင်မှုနှင့်အတူ တပ်အင်အား မလုံလောက် မှုများ ကြုံလာရသဖြင့် လူအင်အား အများအပြား မလိုသော ရုတ်တရက် လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်လာကြောင်း စစ်ရေးလေ့လာသူအချို့က သုံးသပ်ပြောဆိုသည်။

လေကြောင်းစီးနင်း တိုက်ခိုက်မှုများသည် လက်နက်အင်အားနည်းပါးပြီး စနစ်တကျစုဖွဲ့မှု မရှိသေးသည့် စစ်ကိုင်းတိုင်း က PDF များအား တိုက်ရာတွင် အလုပ်ဖြစ်ခဲ့သော်လည်း စနစ်တကျစုဖွဲ့ပြီး လက်နက်အင်အား တောင့်တင်းသည့် TNLA ကဲ့သို့ တပ်ဖွဲ့များနှင့် ရင်ဆိုင်ရသည့်အခါ အရှုံးနှင့်ကြုံရကြောင်း ပြည်တွင်းအခြေစိုက် စစ်ရေးလေ့လာသူတဦး က ပြောသည်။

၎င်းက “အခုလို စစ်ရှုံးရတာက ပထဝီအနေအထား သက်သက်တော့ မဟုတ်ဘူး။ သူက ကုန်းသာမှာ ဆင်းတယ်။ ပြီးရင်တပ်ကို ကုန်းသာမှာ ပြန်စုပြီး ရဟတ်ယာဉ်နဲ့ ပြန်ထွက်ဖို့ အဲဒီလို စီစဉ်ထားပုံရတယ်။ ပြဿနာက TNLA က အားလုံးဝိုင်းပတ်ပြီး ပွိုင့် ၅ တွေ၊ ၁၀၇ မမတွေပါ သုံးပြီး ပြန်တိုက်တော့ ပြန်ခေါ်မယ့် ရဟတ်ယာဉ်က ဆင်းလို့မရ တော့ဘူး။ မြေပြင်က စစ်ကူကလည်း ရောက်မလာတဲ့အခါမှာ ကိုယ့်ဟာကိုယ် ဖောက်ထွက်ရတယ်။ အဲဒီအခါမှာ TNLA က လက်နက်အင်အားအသာ၊ တပ်အင်အားအသာနဲ့ ဝိုင်းပိတ်လိုက်တဲ့အခါမှာ ဆုံးရှုံးသွားတာပဲ” ဟု ဆိုသည်။

တအန်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဆိုရ်ဒါင်းကလည်း ကချင်ပြည်နယ်ရှိ ကချင်တေးဂီတပွဲအား စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို TNLA ဘက်က သတိထား ပြင်ဆင်ခဲ့ကြောင်း ပြောသည်။

၎င်းက “ဖားကန့် အနန့်ပါ ဗုံးကြဲခံရမှုက တော်လှန်ရေးသမားတွေအတွက် သင်ခန်းစာလည်း ဖြစ်စေတယ်။ ဒါကြောင့် TNLA ဘက်က ကြိုတင်ပြင်ဆင်မှု ရှိတယ်။ စစ်ကောင်စီတပ်တွေ လာနိုင်တယ်ဆိုတာကိုလည်း ကြိုခန့်မှန်းထားတယ်။ ခန့်မှန်းထားတဲ့အတိုင်း တက်လာတော့ TNLA ဘက်က လက်တွေ့ စစ်ရေးလေ့ကျင့်နေတဲ့အချိန်နဲ့ သူတို့ ထိုးစစ်လာတဲ့ အချိန်က ကွက်တိသွားကျတဲ့အခါ သူတို့ အထိနာသွားတယ်လို့ ယူဆပါတယ်” ဟု ဆိုသည်။

အမေရိကန်နိုင်ငံသား လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်ကလည်း စစ်ကောင်စီတပ်၏ လေကြောင်း စစ်ဆင်ရေးကျဆုံးရခြင်းနှင့် ပတ်သက်၍ ၎င်း၏ ပုဂ္ဂလိကအမြင်ကို ယခုကဲ့သို့ ပြောသည်။

၎င်းက “အခုလို ဖြစ်တာက အံ့ဩစရာတော့ မဟုတ်ဘူး။ ဒါက ဗျူဟာနဲ့လည်း ဆိုင်တယ်။ ထောက်လှမ်းရေး ကိစ္စတွေ နဲ့လည်း ပတ်သက်တယ်။ အဲဒီဥစ္စာတွေ မရှိရင် ပြန်တိုက်ဖို့က မလွယ်ဘူး။ ကိုယ်က Reaction တော့ ရှိတယ်။ Offensive (ထိုးစစ်) မသွားနိုင်ဘူး။ သွားတိုက်ရုံနဲ့တော့ Offensive မဖြစ်ဘူး။ ဗျူဟာနဲ့ဆိုင်တယ်။ Fire Power ရှိရင် လွယ်ကူတယ်။ ဒါပေမဲ့ မရှိတဲ့အခါမှာ နိုင်အောင်တိုက်ဖို့ဆိုရင် ဗျူဟာနဲ့ဆိုင်တယ်။ ဗျူဟာကောင်းဖို့ဆိုရင် ထောက် လှမ်းရေး အချက်အလက်တွေ ကောင်းဖို့လိုတယ်။ ပထဝီကျွမ်းကျင်ဖို့လည်း လိုတာပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူအချို့ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းချီ စစ်ဆင်ရေး ဒုတိယ အကြိမ် ကျရှုံးရခြင်းသည် စစ်ကောင်စီတပ်အတွက် သက်ရောက်မှုရှိပြီး စုဖွဲ့မှုနှင့် လက်နက်တပ်ဆင်မှု ကောင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အား လေကြောင်းမှတိုက်ရန် ကြံစည်သည့်အခါ ဂရုစိုက်စဉ်းစားရမှုများ ပိုမို လုပ်ဆောင်လာနိုင်ကြောင်း မှတ်ချက်ပြုသည်။

မြန်မာစစ်တပ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက် ၂၀၁၁ခုနှစ်က စ၍ ကြည်း၊ လေ၊ အမြောက် သံချပ် ကာ စသည့် ပူးပေါင်းစစ်ရေးလေကျင့်မှုများ နှစ်စဉ် ပြုလုပ်လာရာ ၂၀၁၈ခုနှစ် ခန့်တွင် အသေးစားလေကြောင်း ချီ စစ်ဆင်ရေးများကို ထည့်သွင်း လေ့ကျင့်လာသည်ကို တွေ့ရသည်။

၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင် တော်လှန်မှုများကို အလျင်အမြန် ရွှေ့လျားနိုင်သည့် စစ်ဆင်ရေးတရပ်အဖြစ် လေကြောင်းချီတိုက်ခိုက်ခြင်းကို သုံး၍ တုံ့ပြန်ကာ နှိမ့်နင်းမှု ပြုလုပ်နေခြင်းဖြစ်သည်။

You may also like these stories:

နမ့်ဆန်တိုက်ပွဲနှင့် နောက်ဆက်တွဲ အလားအလာ

နမ့်ဆန်တွင် စစ်ကောင်စီတပ်ကို TNLA ဝိုင်းပတ်ပိတ်ဆို့ထား

မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ ပန်ဆန်းမှာတွေ့

Your Thoughts …
Tags: TNLAစစ်ကောင်စီနမ့်ဆန်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလေကြောင်းစစ်ဆင်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
FTC 2000G (JL-9) တိုက်လေယာဉ်

သတိထားရမယ့် တရုတ်လုပ် FTC - 2000G တိုက်လေယာဉ်များ

ရွှေဘိုတွင် သီးနှံရောင်းချရာ၌ အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါက စစ်ကောင်စီ သိမ်းယူ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved