အာဏာသိမ်းမှုဆန့်ကျင်ရေး ခုခံတော်လှန်မှုအနေဖြင့် စစ်အုပ်စုအား တွန်းလှန်ရန်၊ နယ်မြေစုစည်းရန်နှင့် တိုက်ပွဲကို ဆက်လက် ထိန်းထားနိုင်ရန် လက်နက်ငယ်များနှင့် အပေါ့စား လက်နက်များကို လုံလောက်စွာ ရရှိလာနေကြသည်။
မြန်မာနိုင်ငံ ပြည်တွင်းစစ်၏ပြင်းထန်မှု မြင့်တက်လာသည်ကို မြင်တွေ့ခဲ့ရသည့် ခြောက်သွေ့ရာသီ၏အဆုံးတွင်၊ လူထု၏အသိဉာဏ်အတွင်း အခြားမည်သည့် အရာများထက်မဆို ပို၍မနှစ်မြို့ဖွယ်ရာ လောင်မြိုက်မှုဖြင့် အမှတ်တရ ကျန်ရှိနေဦးမည့် ဖြစ်ရပ်တခုရှိသည်။ ၎င်းမှာ စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းရှိ ကျေးရွာတရွာအပေါ် လေကြောင်းမှ တိကျမှုရှိသည့်တိုက်ခိုက်မှုအတွင်း ကလေးသူငယ်များ အများအပြားအပါအဝင် အရပ်သား ၁၇၀ ခန့် သတ်ဖြတ်ခံခဲ့ရမှု ဖြစ်သည်။
အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လည်ပတ်သည့် အုပ်ချုပ်ရေးရုံး ဖွင့်လှစ်မှုအတွက် ဒေသခံလူထု စုဝေးခဲ့ကြသည့် ပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများက ယခင်ကဖြစ်ခဲ့သည့် မည်သည့်အရာနှင့်မျှမတူပေ။ ယခုအခါ ပြောင်းလဲပြင်ဆင်ရန် မဖြစ်နိုင်တော့သည့် မိမိ၏ လူထုအပေါ် ဗျူဟာမြောက် အဆုံးစွန်ခြိမ်းခြောက်မှု စစ်ဆင်ရေးအဖြစ် ကျူးလွန်ခဲ့သည့် စစ်အုပ်စု၏ မျက်တောင်မခတ်သည့် အကြင်နာမဲ့ရက်စက်မှုကို ပေါ်လွင်ထင်ရှားစေခဲ့သည်။
ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များက အမှန်တကယ်တွင် မကြာသေးမီလများအတွင်း ပဋိပက္ခလမ်းကြောင်းကို ပုံဖော်မှုအတွင်း အရေးအကြီးဆုံးဖြစ်သည့် လူသတ်ပစ္စည်းများ မဟုတ်ကြချေ။
ယနေ့အထိ စစ်ပွဲအတွင်း အဆိုပါ တခုတည်းသော သွေးထွက်သံယို အဖြစ်ဆုံး ဖြစ်ရပ်က လူထုအား အညံ့ခံဒူးထောက်လာစေရေး စစ်တပ်၏ တရစပ်အင်အားသုံး ကြိုးပမ်းနေမှုများအတွင်း မြန်မာလေတပ်၏ ထိပ်ဆုံးမှ ရှိနေသည့်အခန်းကဏ္ဌကို ထိတ်လန့်ကြောက်မက်ဖွယ်ရာ သရုပ်ဖော်ပြသလျက် ရှိနေသည်။ ခြောက်သွေ့ရာသီလများအတွင်း မြန်မာလေတပ် ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များက စစ်အုပ်စု၏ အကျပ်အတည်းကြုံနေရသည့် မြေပြင်တပ်များအား ပံ့ပိုးပေးသည့်အပြင် ကျေးရွာများ၊ ဆေးခန်းများ၊ ဘုရားကျောင်းများနှင့် သိန်းနှင့်ချီသည့် ပြည်တွင်းနေရပ်စွန့်ခွာကြရသူများ ခိုလှုံနေကြသော သေချာခိုင်မာမှုမရှိသည့် စစ်ရှောင်စခန်းများကိုပင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လျက် ရှိကြသည်။
သို့ရာတွင် ရရှိလာသည့် လူသိရှင်ကြားဖြစ်မှုနှင့် အမျက်ဒေါသထွက်မှုများ အားလုံးအတွက် စစ်အုပ်စု၏ ရုရှားနိုင်ငံထုတ် Yak-130 ဂျက်တိုက်လေယာဉ်များနှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များက အမှန်တကယ်တွင် မကြာသေးမီလများအတွင်း ပဋိပက္ခလမ်းကြောင်းကို ပုံဖော်မှုအတွင်း အရေးအကြီးဆုံးဖြစ်သည့် လူသတ်ပစ္စည်းများ မဟုတ်ကြချေ။
အသက်သေစေနိုင်မှုများအတွက် ချီးကျူးရမည်ဆိုလျှင် ယခုအခါ မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသများတွင် ခုခံတော်လှန်ရေးတပ်ဖွဲ့များကို အားဖြည့်ပေးနေသည့် ထောင်လွှားမှုကင်းသော ချေမှုန်းရေးရိုင်ဖယ် သေနတ်များနှင့် grenade launcher ခေါ် ဒုံးအားသုံး ဗုံးပစ်လက်နက်များ ဖြစ်ကြသည်။
လက်နက်ငယ်များ၏ အင်အား
၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များတွင် တွေ့မြင်ရရန်ခက်ခဲသည့် မောင်းပြန်ရိုင်ဖယ်များနှင့် အခြားလက်နက်ငယ်များ ယခုနှစ် ခြောက်သွေ့ရာသီ၏ လွန်ခဲ့သည့်ငါးလအတွင်း အရှိန်အဟုန်ဖြင့် တိုးပွားလာခြင်းက သတင်းများတွင် ဖော်ပြခြင်း မရှိသလောက်ဖြစ်သည့် စစ်ပွဲ၏အသွင်ကူးပြောင်းမှုကို အထင်အရှား ဖြစ်ပေါ်လာစေခဲ့သည်။

မကြာမီရှေ့လာမည့် မိုးရာသီကာလအတွင်းနှင့် ထို့ထက်ကျော်လွန်လျက် လက်နက်ငယ်များကို နောက်ထပ် အရှိန်အဟုန်မြှင့် စုဆောင်းရရှိလာနိုင်ဖွယ်ရှိနေသည်။ ပစ်အားအသစ်နှင့် ၎င်းကြောင့်ဖြစ်လာသည့် မြေပြင်တိုက်ခိုက်ရေး လမ်းကြောင်းအပေါ် အကျိုးသက်ရောက်မှုက တိုက်ပွဲအတွင်း ပါဝင်ခြင်းမရှိသူများအား ဝေဟင်မှ ပစ်ခတ်သတ်ဖြတ်ခြင်းထက် များစွာပိုမိုအကျိုးဖြစ်စေသည့် ရေရှည်ဗျူဟာမြောက် အကျိုးဖြစ်မှုများကို ရရှိလာစေသည်။
မြန်မာနိုင်ငံ စစ်မြေပြင်အသီးသီးမှ ထွက်ပေါ်လာသည့် ပုံရိပ်အားလုံးလိုလိုက ဖော်ပြလျက်ရှိနေကြသည့် အမြင်သာဆုံးသောအဆင့်တွင် လက်နက်ငယ်များ တကြော့ပြန် ဝင်ရောက်လာမှုအတွင်း၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများက ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများတွင်သာမက ဗမာအများစုနေထိုင်ရာ မြန်မာပြည်အလယ်ပိုင်းရှိ စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းဒေသများရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တိုက်ခိုက်ရေးသမားများ၏ လက်အတွင်းသို့ သောင်းနှင့်ချီသည့် မောင်းပြန်ရိုင်ဖယ် အမြောက်အမြား ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ကြရသည်။
ရောက်ရှိဖြန့်ဖြူးမှုများက မညီမညာဖြစ်နေပြီး လုံလောက်မှုမရှိကြောင်းကို ရှင်းလင်းစွာ သိနေရသော်လည်း လက်နက်များကို တချိန်တည်း ရာနှင့်ချီ၍ ပို့ဆောင်မှုများက နိုင်ငံ၏ နှလုံးသည်းပွတ်ဒေသများဆီသို့ ရွေ့လျားလျက် ရှိနေသည်ကို စစ်အုပ်စုက ရံဖန်ရံခါ လူသိရှင်ကြားထုတ်ပြန်သည့် တားမြစ်ချက်များအရ ရှင်းရှင်းလင်းလင်း သိလာခဲ့ကြရသည်။
လက်နက်သစ်များသည် စိတ်ပိုင်းဆိုင်ရာအရရော နည်းဗျူဟာအရပါ အကျိုးသက်ရောက်သည့်အားလျော်စွာ လျော့ရဲစွာ ဖွဲ့စည်းထားခဲ့သည့် တပ်ဖွဲ့များကို ဖွဲ့စည်းမှုတွင် ပိုမိုကောင်းမွန်လာစေသည်။
တချက်ပစ် အမဲလိုက်ရိုင်ဖယ်သေနတ်များ သို့မဟုတ် အိမ်လုပ်သေနတ်များဖြင့် တိုက်ခိုက်နေခဲ့ကြသည့် ခုခံတော်လှန်မှု၏ ပထမနှစ်နှစ်အတွင်း လက်နက်ကိုင် တိုက်ခိုက်ရေးသမားများအပေါ် ထိုလက်နက်သစ်များသည် စိတ်ပိုင်းဆိုင်ရာအရရော နည်းဗျူဟာအရပါ အကျိုးသက်ရောက်သည့်အားလျော်စွာ လျော့ရဲစွာ ဖွဲ့စည်းထားခဲ့သည့် တပ်ဖွဲ့များကို ဖွဲ့စည်းမှုတွင် ပိုမိုကောင်းမွန်လာစေသည်။ မကြာခဏဆိုသလိုပင် ဝတ်စုံယူနီဖောင်းများ ဝတ်ဆင်ထားသည့် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များအဖြစ် ပုံသွင်းပေးလာခဲ့ပြီး ထိတွေ့တိုက်ခိုက်မှုများအတွင်း အချိန်ပိုမိုကြာရှည်စွာ အားကောင်းပြင်းထန်သည့် ပစ်ခတ်မှုများကို လုပ်ဆောင်နိုင်ခွင့် ပေးလာခြင်းတို့ ပါဝင်ကြသည်။
အဆိုပါ လက်နက်အများစုမှာ ယခင်ဆိုဗီယက်တို့၏ နာမည်ကျော် AK-47 ကို တရုတ်တို့ မိတ္တူပွားထားသည့်၊ တရုတ်နိုင်ငံတွင် အချိန်ကြာမြင့်စွာကပင် သုံးစွဲခြင်း မရှိတော့သော ၇.၆၂ မီလီမီတာ ကျည်ဆံသုံး Type-56 ချေမှုန်းရေးရိုင်ဖယ်များဖြစ်ကြပြီး နောက်ပိုင်းတွင် တရုတ်တို့က Type-81 ရိုင်ဖယ်များဖြင့် အစားထိုး သုံးစွဲခဲ့သည်။
သို့ရာတွင် အချို့မှာ အသစ်စက်စက်ဖြစ်သည့် အမေရိကန်နိုင်ငံထုတ် M-4 ကာဘိုင်များနှင့် M-16 ရိုင်ဖယ်များ၊ ထိုင်းနိုင်ငံတွင် ထုတ်လုပ်ခွင့်ရယူထားသော ဂျာမနီတွင် ပုံစံရေးဆွဲသည့် HK-33 ရိုင်ဖယ်များ အပါအဝင် ပိုမိုခေတ်မီပြီး ပိုမိုသေးငယ်သည့် ၅.၅၆ မီလီမီတာ ကျည်ဆံသုံး လက်နက်ငယ် ပုံစံများစွာသည်လည်း ယခုအခါ ခုခံတော်လှန်ရေးတပ်ဖွဲ့များ၏ လက်ထဲတွင် ရောက်ရှိနေကြသည်။
သို့သော်လည်း အရေးကြီးသည်မှာ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း သိသိသာသာ စတင် ပျံ့နှံ့ရောက်ရှိလာခဲ့သည့် မောင်းပြန်ရိုင်ဖယ်များအပြင် ယခင်က ပစ်ပြီးပြေးသည့် အချိန်တိုထိတွေ့မှုများမှ အချိန်ကြာတိုက်ခိုက်နိုင်စွမ်း ရှိလာခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့များအား အသေအပျောက်များ တိုးမြင့်လာစေခဲ့ပြီး တိုက်ပွဲအတွင်း သိမ်းဆည်းရရှိမှုများဖြင့် အရေအတွက်တိုးလာနေသည့် အခြားသောလက်နက်ငယ်များက ထပ်မံဖြည့်တင်းပေးလျက် ရှိနေခြင်းဖြစ်သည်။
ဤကဲ့သို့ မြေပြင်တပ်များအား ပံ့ပိုးပေးနေသည့် လက်နက်များတွင် အပေါ့စားစက်သေနတ်များ၊ လက်ကိုင် ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာ လက်နက်များအပြင် အထူးသဖြင့် Type-69 ဒုံးအားသုံး ဗုံးပစ်လက်နက် (RPG) များ၊ တရုတ်တို့ မိတ္တူပွားထားသည့် ဆိုဗီယက်တို့၏ RPG-7 တို့ ပါဝင်နေကြသည်။
၁၉၈၀ ပြည့်နှစ်များက ဆယ်နှစ်ကြာစစ်ပွဲတခုအတွင်း ထောင်နှင့်ချီသည့် သံချပ်ကာယာဉ်များကို ဖျက်ဆီးပစ်ခဲ့သည့် လက်နက်များတွင် နာမည်ကျော် အမေရိကန်လုပ် Stinger မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များအပါအဝင် အခြားလက်နက်များထက် သာလွန်မှုရှိခဲ့သည်မှာ RPG-7 များ ဖြစ်ကြသည်။ ယင်းလက်နက်များဖြင့် ပင်ပန်းနွမ်းနယ်နေသည့် ဆိုဗီယက်တပ်ဖွဲ့များကို အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ မောင်းထုတ်ပစ်နိုင်ခဲ့သည်။
မြင့်မားလာသည့် ခုခံတော်လှန်မှု
ယခုအခါ စစ်ပွဲကို ပြန်လည်ပုံဖော်ရာတွင် လက်နက်ငယ်နှင့် အပေါ့စားလက်နက်များ တဟုန်ထိုး ပြန့်ပွားတိုးများလာမှုက အဓိကရင်းမြစ်ကြီး သုံးခုကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်တပ်ကို ဆယ်စုနှစ်များစွာတိုင် ဆန့်ကျင်တိုက်ခိုက်နေကြသည့် စာနာနားလည်မှုရှိသော တိုင်းရင်းသားတပ်ဖွဲ့များသည် လူကြိုက်များသည့် PDF တော်လှန်ရေးတပ်ဖွဲ့များအတွက် အစောပိုင်းမှစ၍ ယနေ့ထိတိုင် အကျိုးပြုကြသူများ ဖြစ်လာခဲ့သည်။
စစ်တပ်ကို ဆယ်စုနှစ်များစွာတိုင် ဆန့်ကျင်တိုက်ခိုက်နေကြသည့် စာနာနားလည်မှုရှိသော တိုင်းရင်းသားတပ်ဖွဲ့များသည် လူကြိုက်များသည့် PDF တော်လှန်ရေးတပ်ဖွဲ့များအတွက် အစောပိုင်းမှစ၍ ယနေ့ထိတိုင် အကျိုးပြုကြသူများ ဖြစ်လာခဲ့သည်။
PDF တပ်ဖွဲ့များအား ခိုလှုံစရာနေရာ၊ လေ့ကျင့်မှုနှင့် လမ်းညွှန်မှုများ ပေးရာတွင် ထိုင်းနိုင်ငံနှင့် ရှိနေသည့် အရှေ့ဘက်နယ်စပ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ မြောက်ဘက်တွင် ကယားပြည်နယ်ရှိ ကရင်နီတပ်မတော် (KA) နှင့် အိန္ဒိယနယ်စပ်ရှိ ချင်းအမျိုးသားတပ်မတော် (CNA) တို့ အားလုံးက အရေးပါသည့် အခန်းမှ ပါဝင်ခဲ့ကြသည်။
သို့ရာတွင် ၎င်းတို့၏ ကိုယ်ပိုင်လက်နက်ငယ်များ ထုတ်လုပ်ရန် စွမ်းရည်ရှိသည့် အဖွဲ့နှစ်ဖွဲ့က တော်လှန်ရေးအတွက် လက်နက်ပံ့ပိုးပေးကြသူများအဖြစ် ပို၍ အရေးပါနေသည်။ နိုင်ငံ၏မြောက်ဘက်စွန်းရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အရှေ့မြောက်ပိုင်းရှိ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ နှစ်ဖွဲ့စလုံးသည် အခြားရိုင်ဖယ်သေနတ်များထက် PDF တပ်ဖွဲ့သစ်များထံ အရေအတွက် ပိုမိုများပြားစွာ ရောက်ရှိလာခဲ့သည့် တရုတ် Type-81 နှင့် ပုံစံတူရိုင်ဖယ်များကို ထုတ်လုပ်လျက် ရှိကြသည်။
KIA သည် NUG နှင့် မဟာမိတ်ပြုထားပြီး စစ်အုပ်စုကိုဖြုတ်ချရန် အခိုင်အမာ ကတိကဝတ်ပြုထားသော်လည်း အင်အားကြီးတရုတ်၏ ကျောထောက်နောက်ခံ ပြုမှုရှိသည့် UWSA ဝ သည် စစ်တပ်နှင့်ရှိထားခဲ့သည့် ၃၄ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး၏ နောက်ကွယ်တွင် ခြံစည်းရိုးပေါ် ခွထိုင်လျက် ရှိနေခဲ့သည်။
သို့သော်လည်း ဘက်မလိုက်ဘဲ ကြားနေခြင်းက ဝ တို့၏ စီးပွားရှာလိုသည့် ပင်ကိုယ်စရိုက်အား လျော့ပါးသွားစေရန် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ PDF များကို တဖန်တလှည့်ပြန်၍ လက်နက်တပ်ဆင်ပေးနေသည့် မဟာမိတ်တိုင်းရင်းသားအဖွဲ့များအား ဝ နှင့် တရုတ်ထုတ် လက်နက်များကို အမြောက်အမြားရောင်းချပေးခြင်းက ပဋိပက္ခ၏အသွင်သဏ္ဍာန်ကို အခြေခံကျကျ ပြန်လည်ပုံဖော်ပေးလျက် ရှိနေသည်။
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဝ နှင့် နီးစပ်သည့် မဟာမိတ်အဖွဲ့ဖြစ်သော ပလောင်တိုင်းရင်းသားတို့၏ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဖြန့်ကြက်ထားသည့် မန္တလေး PDF ကို ကျောထောက်နောက်ခံပြုမှုက အခြားအရာများကြားတွင် ဥပမာတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
TNLA ၏ နေရာပေးမှုနှင့် ပံ့ပိုးကူညီမှုတို့ဖြင့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၂ ခုနှစ်အစောပိုင်း ကာလများအတွင်း စစ်တပ်က မန္တလေးမြို့မှ မောင်းထုတ်ခဲ့သော မြို့ပြပြောက်ကျားဖြစ်လာမည့် ပြန့်ကြဲနေသည့် အစုအဖွဲ့ငယ်များအား ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ တောတောင်များအား အခြေပြုလျက် အဖွဲ့ဝင် ၁,၀၀၀ အထိ ရှိနိုင်သည့် ကောင်းစွာစုဖွဲ့မှုရှိသော တပ်ဖွဲ့တခုအဖြစ် ပြန်လည်စုဖွဲ့နိုင်ခဲ့သည်။
သစ်တောထူထပ်သည့် တောင်ကုန်းများမှာ မန္တလေးမြို့၏ အရှေ့မြောက်ဘက်မှ လားရှိုးအထိနှင့် ထိုမှ တရုတ်နယ်စပ်အထိ တိုးချဲ့ထားသည့် အဓိက အဝေးပြေးလမ်းမကြီးနှင့် ဘေးချင်းယှဉ်လျက် ရှိနေပြီး မန္တလေးမြို့နှင့် အနောက်ဘက်ရှိ ဧရာဝတီမြစ် နှစ်ခုစလုံးအား အပေါ်မှစီး၍မြင်နေရသည့် ဗျူဟာမြောက် ကုန်းမြေမြင့်များ ဖြစ်လာခဲ့ကြသည်။
အဆိုပါ သစ်တောထူထပ်သည့် တောင်ကုန်းများမှာ မန္တလေးမြို့၏ အရှေ့မြောက်ဘက်မှ လားရှိုးအထိနှင့် ထိုမှ တရုတ်နယ်စပ်အထိ တိုးချဲ့ထားသည့် အဓိက အဝေးပြေးလမ်းမကြီးနှင့် ဘေးချင်းယှဉ်လျက် ရှိနေပြီး မန္တလေးမြို့နှင့် အနောက်ဘက်ရှိ ဧရာဝတီမြစ် နှစ်ခုစလုံးအား အပေါ်မှစီး၍မြင်နေရသည့် ဗျူဟာမြောက် ကုန်းမြေမြင့်များ ဖြစ်လာခဲ့ကြသည်။
ဒုတိယမြောက် လက်နက်များ ဝင်ရောက်လာရာ အဓိကရင်းမြစ်တွင် ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော် မှောင်ခိုကုန်ကူးမှုများ ပါဝင်နေသည်။ စနစ်တခုလုံးအတွင်း ဝင်ရောက်တိုက်စားနေသည့် အကျင့်ပျက်ခြစားမှုများကြောင့် သံသယရှိစရာမလိုအောင်ပင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များ၏ လက်နက်တိုက်များမှ စစ်ဘက်အဆင့်လက်နက်များက ချောမွေ့စွာ စိမ့်ထွက်လာခဲ့ပြီး တရားဝင် ဝယ်ယူတင်သွင်းထားသည့် သေနတ်များသည်လည်း နောက်ပိုင်းတွင် မှောင်ခိုဈေးကွက်သို့ ရောက်ရှိလာခဲ့ကာ ရောင်းချမှုများ ထွန်းကားလာခြင်းက အခြားသေနတ်လက်နက် ပုံစံမျိုးစုံကို ရရှိလာစေသည်။

PDF တပ်ဖွဲ့များက အသုံးပြုကြသည့် လူမှုဆက်သွယ်ရေး ကွန်ရက်များပေါ်တွင် ပျံ့နှံ့လာသည့် ရုပ်ပုံများအတွင်း တချက်ချင်း အလိုအလျောက်ပစ်ခတ်နိုင်သည့် အမေရိကန်ထုတ် AR-15၊ ဘယ်လ်ဂျီယံ FN-FAL မောင်းပြန်ရိုင်ဖယ်၊ စင်ကာပူ Ultimax အပေါ့စား စက်သေနတ်များ၊ အသစ်စက်စက် တာကီယေ (တူရကီ) ထုတ် Derya တချက်ချင်း အလိုအလျောက် ပစ်ခတ်နိုင်သည့် ပြောင်းတိုသေနတ်များ၊ ၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၈၀ ပြည့်နှစ်များက အင်ဒို-ချိုင်းနားစစ်ပွဲအတွင်း အသုံးပြုခဲ့သည့် ခေတ်မမီတော့သော လက်နက်မျိုးစုံတို့ အပါအဝင် ထိုင်းနိုင်ငံမှ မှောင်ခိုတင်သွင်းလာခဲ့သော သိသာထင်ရှားစွာ ကွဲပြားနေကြသည့် လက်နက်ငယ်များအား ခင်းကျင်းပြသလျက် ရှိနေကြသည်။
၂၀၂၂ ခုနှစ်အတွင်း ထိုင်းပြည်နယ်များနှင့် ဘန်ကောက်မြို့တော်ရှိ ရဲများက အကြိမ်ကြိမ် သိမ်းယူရရှိခဲ့သည့်၊ အများအားဖြင့် အွန်လိုင်းအင်တာနက်ချိတ်ဆက်မှုဖြင့် ရောင်းဝယ်ဖောက်ကားခဲ့သော တရားမဝင် သေနတ်လက်နက် အမြောက်အမြားကို အရေအတွက် ထောင်နှင့်ချီ၍ သိမ်းဆည်းရမိမှုများက ထိုင်းဘုရင့်နိုင်ငံအတွင်း လက်နက်ငယ်မှောင်ခို ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်မှု၏ အတိုင်းအတာကို ညွှန်ပြနေသည်။
အဆိုပါ ဖမ်းဆီးရမိမှုများ၏ ပုံမှန်ဖြစ်မှုနှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ သတင်းအရ လူသိရှင်ကြားဖြစ်မှုများက ခုခံတော်လှန်ရေးတပ်ဖွဲ့များထံ နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခိုပေးပို့မှုများကို ရပ်တန့်သွားစေရန် ဘန်ကောက်က လုံလောက်အောင် မလုပ်ဆောင်ခဲ့ခြင်းအတွက် စိုးရိမ်ပူပန်မှုများ ထပ်ခါတလဲလဲ ထုတ်ဖော်ပြောဆိုနေသော စစ်ကောင်စီအား ချွေးသိပ်ပေးနိုင်ခြင်း ရှိ၊ မရှိဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
အနည်းဆုံး ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ခုခံတော်လှန်ရေးတပ်ဖွဲများထံသို့ ရောက်ရှိလာခဲ့သည့် သေနတ်များ၏ တတိယမြောက်အရေးကြီးဆုံး ရင်းမြစ်တွင် PDF တပ်ဖွဲ့များက ကိုယ်တိုင်ထုတ်လုပ်ခဲ့ကြသည့် လက်နက်များ ပါဝင်နေသည်မှာ သေချာသည်။ မှောင်ခိုဈေးကွက်မှ ဝယ်ယူမှုများအတွက် နိုင်ငံရပ်ခြား အရင်းအမြစ်များထံမှ ဒေါ်လာသန်းပေါင်းများစွာကို လွှဲပြောင်းပေးခြင်းအပြင် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) သည် စစ်တပ်မှ ဘက်ပြောင်းလာခဲ့ကြသူများဖြင့် လုပ်ငန်းလည်ပတ်နေသည့် လက်နက်ထုတ်လုပ်မှု အဆောက်အဦများကို စီစဉ်ပေးခဲ့ပြီး စက်ကိရိယာများကိုလည်း တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။
မှောင်ခိုဈေးကွက်မှ ဝယ်ယူမှုများအတွက် နိုင်ငံရပ်ခြား အရင်းအမြစ်များထံမှ ဒေါ်လာသန်းပေါင်းများစွာကို လွှဲပြောင်းပေးခြင်းအပြင် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) သည် စစ်တပ်မှ ဘက်ပြောင်းလာခဲ့ကြသူများဖြင့် လုပ်ငန်းလည်ပတ်နေသည့် လက်နက်ထုတ်လုပ်မှု အဆောက်အဦများကို စီစဉ်ပေးခဲ့ပြီး စက်ကိရိယာများကိုလည်း တပ်ဆင်ပေးခဲ့သည်။
၂၀၂၁ ခုနှစ်နှောင်းပိုင်းမှစတင်၍ PDF များ၏ တနိုင်ငံလုံးအတိုင်းအတာဖြင့် မောင်းသူမဲ့လေယာဉ်များနှင့် ဒရုန်းစစ်ဆင်ရေး၏ ဖွံ့ဖြိုးတိုးတက်မှုများက လက်လုပ်စိန်ပြောင်း မော်တာကျည်များနှင့် ဒုံးပျံများကိုလည်း ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်၏ ထူးခြား၍ ဆန်းသစ်မှုရှိသော လုပ်ဆောင်မှုတခု ဖြစ်သည်။
သို့ရာတွင် ၂၀၂၂ ခုနှစ်နှောင်းပိုင်းနှင့် ယခုနှစ်အတွင်းသို့တိုင် PDF များအား လက်နက်တပ်ဆင်ရာတွင် အရှိန်အဟုန်ဖြင့် ရှိလာခဲ့သည့် ဒေသတွင်းထုတ်လုပ်မှု၏ အရေးပါမှုက သေချာလုနီးပါး စိန်ခေါ်မှုများ ရှိသည်။ ထို့ကြောင့် အခြား ဖြစ်နိုင်စရာရှိသော လက်နက်ရစရာ အရင်းအမြစ်လမ်းကြောင်းမှာ ရန်သူစစ်တပ်ပင် ဖြစ်သည်။ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့ထံမှ သိမ်းဆည်းရမိသော လက်နက်များတွင် ပုံမှန်အားဖြင့် ၅.၅၆ မီလီမီတာ MA-1 နှင့် MA-3 ပြည်တွင်းထုတ် ချေမှုန်းရေးရိုင်ဖယ်များဖြစ်ပြီး ရဲတပ်ဖွဲ့က အသုံးပြုသည့် ခေတ်မမီတော့သော M-11 ရိုင်ဖယ်များဖြင့် အားဖြည့်ထားသည်။
စစ်ပွဲ၏ ပထမ နှစ်နှစ်တာကာလအတွင်း စိန်ပြောင်းမော်တာများ၊ စက်သေနတ်များနှင့် RPG များကဲ့သို့ လက်နက်များ သိမ်းဆည်းရမိခြင်းများမှာ ကောင်းစွာစုဖွဲ့မှုရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရှိရာ နယ်မြေဒေသများတွင်၊ အထူးသဖြင့် စစ်တပ်၏ ကင်းစခန်းများနှင့် ရဲစခန်းများကို အောင်မြင်စွာ စီးနင်းသိမ်းပိုက်နိုင်ခဲ့သည့် KNLA နှင့် မဟာမိတ် PDF များအတွက်သာ အကန့်အသတ်ဖြင့် ရှိနေခဲ့သည်။ သို့ရာတွင် PDF များက ပိုမိုပြင်းထန်ထိရောက်သည့် ပစ်အားကို ယူဆောင်လာနိုင်သည်နှင့်အမျှ အဆိုပါအဖြစ်အပျက်က ယခုအခါ ဗမာတို့၏ နှလုံးသည်းပွတ် နယ်မြေများအတွင်းရှိ ပစ်မှတ်များဆီသို့ တဖြည်းဖြည်း ရွေ့လျားလာလျက် ရှိနေပြီဖြစ်သည်။
နည်းဗျူဟာအရ တိုးတက်လာမှုများ
လက်နက်ငယ်များကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီမှု ရှိလာသည့်တိုင် ခုခံတော်လှန်ရေးတပ်ဖွဲ့များအတွက် မြို့ပြဒေသများကို မဆိုထားနှင့်၊ စစ်တပ်စခန်းများအား စီးနင်းသိမ်းပိုက်နိုင်ရန်အတွက်ပင် သိသိသာသာ လုံလောက်မှုမရှိ ဖြစ်နေသေးသည်။ ပုံမှန်အားဖြင့် စစ်တပ်၏ အခိုင်အမာနေရာများကို လူသတ်မိုင်းကွင်းများဖြင့် ကာကွယ်ထားပြီး၊ အနည်းဆုံး စိန်ပြောင်းများ တပ်ဆင်ထားသည့် တပ်ဖွဲ့ဝင် ၇၀ မှ ၁၅၀ ခန့်ဖြင့် ခံစစ်ပြင်ထားကာ များသောအားဖြင့် လေကြောင်းနှင့် အမြောက်ပစ်ကူ ပံ့ပိုးမှုကို အလျင်အမြန် ခေါ်ယူရရှိနိုင်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိဖြစ်စဉ်လမ်းကြောင်းများက ခွင့်ပြုထားသည့် အရာများမှာ အနည်းဆုံး ယခုနှစ်နှင့် ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ၂၀၂၄ ခုနှစ်အတွင်းအထိ ဆက်ရှိနေမည့် ဗျူဟာမြောက် မျှခြေကာလအတွင်း စစ်ပွဲ၏ အဆင့်တခုနှင့် ပိုမိုကောင်းမွန်သင့်လျော်သော အခြားထိုးစစ်ဆင်မှု အမျိုးအစား နှစ်ခုဖြစ်သည်။
လက်ရှိအဆင့်တွင် စစ်ကောင်စီက အဓိကကျသည့် မြို့ပြဒေသများကိုသာ ထိန်းချုပ်ထားနိုင်ပြီး စစ်ရေးအရ အလွန်အကျွံ ဖြန့်ကြက်ထားရသည်။ ခုခံတော်လှန်ရေးတပ်ဖွဲ့များက ကျယ်ပြန့်သည့် ကျေးလက်ဒေသတွင် အုပ်ချုပ်မှုကို တိုးချဲ့၍သာ လုပ်ဆောင်ရန် ကြိုးစားနေပြီး လွှမ်းမိုးကြီးစိုးမှုရှိကာ ကြီးထွားပြန့်ပွားလာနေသည်။
အသစ်ဖွဲ့စည်းထားသည့် PDF တပ်ဖွဲ့များအနေဖြင့် ခံစစ်အဖြစ် ခုခံကာကွယ်နေခဲ့ရသည့် ၂၀၂၁ ခုနှစ်ကာလမှ ဆင့်ကဲပြောင်းလဲလာခဲ့သည်။ လက်ရှိအဆင့်တွင် စစ်ကောင်စီက အဓိကကျသည့် မြို့ပြဒေသများကိုသာ ထိန်းချုပ်ထားနိုင်ပြီး စစ်ရေးအရ အလွန်အကျွံဖြန့်ကြက်ထားရသည်။ ခုခံတော်လှန်ရေးတပ်ဖွဲ့များက ကျယ်ပြန့်သည့် ကျေးလက်ဒေသတွင် အုပ်ချုပ်မှုကို တိုးချဲ့၍သာ လုပ်ဆောင်ရန် ကြိုးစားနေပြီး လွှမ်းမိုးကြီးစိုးမှုရှိကာ ကြီးထွားပြန့်ပွားလာနေသည်။ စစ်ကောင်စီနှင့် ခုခံတော်လှန်ရေးတပ်ဖွဲ့များအကြား လုပ်ဆောင်လှုပ်ရှားမှုအရ မျှခြေဖြစ်မှုကို ရည်ညွှန်းဖော်ပြလျက်ရှိသည်။
ခြောက်သွေ့ရာသီအတွင်း လက်နက်ပိုမိုကောင်းမွန်လာသည့် တော်လှန်ရေးတပ်ဖွဲ့များ၏ အပြင်းအထန် တိုးမြှင့်တိုက်ခိုက်မှုများက အတိုက်အခံများအတွက် ဖြစ်နိုင်ခြေရှိသော တိုး၍သာမျက်နှာသာပေး အားကောင်းလာစေသည့် မျှခြေအနေအထားဖြင့် အဆုံးသတ်သွားခဲ့ပြီး တိုက်ခိုက်မှုများကို စစ်အုပ်စု၏ လေကြောင်းအင်အားက နှေးကွေးသွားစေခဲ့စရာ ရှိသော်လည်း ရပ်တန့်စေနိုင်ခဲ့ခြင်း မရှိချေ။
ခြောက်သွေ့ရာသီတလျှောက် အရှိန်အဟုန်စုစည်းမှုဖြင့် ပထမအမျိုးအစား စစ်ဆင်ရေးတွင် ရဲစခန်းငယ်များနှင့် အစွန်အဖျားစခန်းများအား တိုက်ခိုက်မှုများဖြင့် ကြီးမားသည့် အခြေစိုက်စခန်းများ၏ ပတ်လည်တွင် အခြေအနေများကို ပိုခက်ခဲလာစေမှုများ ပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ လက်အတွင်းသို့ လက်နက်များ ပိုမိုသိမ်းဆည်း ရရှိလာသည်ကို တွေ့ရှိရသည်။ မကြာသေးမီလများအတွင်း မြို့ပေါ်ရှိ အမာခံစခန်းများကို ပစ်ခတ်-ဆုတ်ခွာ တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာခဲ့ပြီး စစ်ကိုင်းတိုင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့မှာ အထင်ရှားဆုံး ဖြစ်သည်။
အရေးကြီးသည့်အချက်မှာ မောင်းပြန်သေနတ်များနှင့် အခြားလက်နက်ငယ်များ တိုးပွားလာခြင်းက လမ်းများပေါ်တွင် ခြုံခိုတိုက်ခိုက်ခြင်းနှင့် ထောက်ပံ့ရေးယာဉ်တန်းများကို ဟန့်တားခြင်းတို့အား ပိုမိုထိရောက်မှု ရှိလာစေသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်နှောင်းပိုင်းမှစတင်၍ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်လာခဲ့သည့် လက်လုပ်ဖောက်ခွဲရေးပစ္စည်း (IED) များကို အသုံးပြု၍ ခြုံခိုတိုက်ခိုက်ခြင်းက အဓိကကျသည့် ခုခံတော်လှန်မှု၏ နည်းဗျူဟာဖြစ်လာခဲ့သည်။

သို့ရာတွင် စစ်ရေးလှုပ်ရှားမှုများကို တိုက်ခိုက်ချေမှုန်းပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို သံသယ ရှိစရာ မလိုသော်လည်း လက်လုပ်ဖောက်ခွဲရေးပစ္စည်း IED တမျိုးတည်းက ယာဉ်တန်းတခုလုံးကို ဖျက်ဆီးခြင်း သို့မဟုတ် အဓိကကျသည့် လမ်းမကြီးများကို ဟန့်တားနှောင့်ယှက်နိုင်စွမ်းရှိကြောင်း သက်သေပြနိုင်ခြင်း မရှိခဲ့ချေ။
သို့သော်လည်း မကြာသေးမီလများအတွင်း ထိုအခြေအနေက စတင်ပြောင်းလဲလာခဲ့သည်။ ထိုပြောင်းလဲမှု၏ သင်္ကေတတခုမှာ ချင်းပြည်နယ်၏မြို့တော် ဟားခါးရှိ တပ်ဖွဲ့များအား ပြန်လည် ဖြည့်တင်းပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်တပ်၏ စစ်ဆင်မှုအခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့ပြီး ချင်းတောင်များပေါ်သို့ တက်လာခဲ့သည့် ယာဉ်တန်းအား သတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသကဲ့သို့ ဧပြီလအတွင်းက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘရာဇီးနိုင်ငံထုတ် Cascavel သံချပ်ကာယာဉ်နှစ်စီး၏ စောင့်ရှောက်မှုဖြင့် လိုက်ပါလာသည့် စစ်တပ်က ချောဆွဲထားသော ကုန်တင်ကား အစီး ၃၀ ပါ ယာဉ်တန်းမှာ လက်လုပ်မိုင်း IED များ၊ လက်နက်ငယ်များနှင့် ဒရုန်းဖြင့် ဗုံးကြဲချမှုများ အပါအဝင် ချင်းတော်လှန်ရေးသမားများ၏ တိုက်ခိုက်မှုများကြောင့် ရက်ပိုင်းအတွင်း ဖျက်ဆီးခံခဲ့ရသည်။
ဘရာဇီးနိုင်ငံထုတ် Cascavel သံချပ်ကာယာဉ်နှစ်စီး၏ စောင့်ရှောက်မှုဖြင့် လိုက်ပါလာသည့် စစ်တပ်က ချောဆွဲထားသော ကုန်တင်ကား အစီး ၃၀ ပါ ယာဉ်တန်းမှာ လက်လုပ်မိုင်း IED များ၊ လက်နက်ငယ်များနှင့် ဒရုန်းဖြင့် ဗုံးကြဲချမှုများ အပါအဝင် ချင်းတော်လှန်ရေးသမားများ၏ တိုက်ခိုက်မှုများကြောင့် ရက်ပိုင်းအတွင်း ဖျက်ဆီးခံခဲ့ရသည်။
မေလဆန်းပိုင်းကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့မှ မြောက်ဘက် ၈၅ ကီလိုမီတာအကွာ ဟားခါးမြို့သို့ ရောက်ရှိရန် ကြိုးပမ်းခဲ့သည့် ခြေမြန်တပ်မ ၇၇ မှ တပ်ဖွဲ့ဝင်များ လိုက်ပါလာသောယာဉ်တန်းမှာ စိန်ပြောင်းနှင့် RPG အပါအဝင် လက်နက်များနှင့်အတူ ကျဆုံးပြုန်းတီးခဲ့ရကြောင်း၊ အဆိုပါလက်နက်များမှာ ခုခံတော်လှန်ရေးတပ်ဖွဲ့များ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
ယခုအခါ ချင်းပြည်နယ်တဝန်းရှိ စစ်အုပ်စု၏ မြို့စောင့်တပ်ဖွဲ့များအနေဖြင့် ရဟတ်ယာဉ်ဖြင့်ပေးပို့သည့် ထောက်ပံ့ဖြည့်ဆည်းမှုများအပေါ် လုံးလုံးလျားလျားနီးပါး မှီခိုနေကြရပြီး နိုင်ငံ၏အခြားတဖက်ခြမ်းရှိ ကယားပြည်နယ်၏ အခြေအနေကို များစွာထင်ဟပ်ဖော်ပြလျက် ရှိနေသည်။
ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့၏ ကွေ့ကောက်သည့် တောင်ပေါ်လမ်းများပေါ်တွင် မော်တော်ယာဉ်များမှာ ဖြည်းညှင်းစွာရွေ့လျားနေကြရသဖြင့် ခြုံခိုတိုက်ခိုက်ခြင်းများအတွက် ပို၍လွယ်ကူသည်မှာ သံသယရှိစရာမလိုဘဲ ခုခံတော်လှန်ရေးတပ်ဖွဲ့များက ကုန်းမြင့်ဒေသများတွင် အပေါ်စီးရကြလေ့ရှိသည်။ သို့ရာတွင် ယခုအခါ ၎င်းတို့က မြန်မာနိုင်ငံတွင် အပြင်းအထန် ပြိုင်ဆိုင်မှုရှိနေသည့် မိုးနည်းရပ်ဝန်း မြေပြန့်ဒေသများသို့ အထင်အရှားပင် ပြောင်းရွှေ့တိုက်ခိုက်လျက် ရှိလာကြသည်။
မေလလယ်တွင် PDF တပ်ဖွဲ့တခုက လွှင့်တင်ထားသည့် ရုပ်သံမှတ်တမ်းတွင် စစ်ကိုင်းတိုင်း၏ တောင်ဘက်အစွန်းရှိ မြောင်မြို့နယ်ကို ဖြတ်သွားသည့် အဓိက အဝေးပြေးလမ်းမကြီးပေါ်၌ ထောက်ပံ့ရေးယာဉ်တန်းတခုအား ခြုံခိုတိုက်ခိုက်နေကြသည့် ရွေ့လျားလာနေသော စစ်မြေပြင်ကို သရုပ်ဖော်ပြသနေသည်။
ကောင်းစွာလေ့ကျင့်ထားခြင်း မရှိသေးသည့် လူငယ် ၁၅ ဦးမှ ၂၀ ဦးပါ အဖွဲ့၏ နည်းဗျူဟာများက မကောင်းသော်လည်း တိုက်ပွဲအတွင်း ၎င်းတို့ ယူဆောင်လာသည့် လက်နက်များက ပြီးခဲ့သည့်နှစ်အတွင်း ထိုဒေသရှိ PDF များ တိုက်ပွဲဝင်ခဲ့သည်ထက် ခုန်ပျံကျော်လွှား တိုးတက်မှုရှိလာသည်ကို အမှတ်အသားပြုနေသည်။ Type-56 ချေမှုန်းရေး ရိုင်ဖယ်များအပြင် (UWSA က ပေးစွန့်လိုက်ခြင်း ဖြစ်ဖွယ်ရှိသည့်) ဗီယက်နမ်စစ်ပွဲခေတ် တရုတ် RPD အပေါ့စားစက်သေနတ် နှစ်လက်နှင့် RPG သုံးလက်တို့ကို ကိုင်ဆောင်ထားကြသည်။ လေ့ကျင့်သင်ကြားထားသည့် တိုက်ခိုက်ရေးသမားများဆိုပါက ထိုလက်နက်များအနက်မှ တခုဖြင့် အနီးကပ်ပစ်ခတ်လျှင် ကုန်တင်ကားတစီးကို ဖျက်စီးပစ်နိုင်ပြီး ၎င်း၏နောက်တွင် ရပ်တန့်သွားသည့်ယာဉ်များအား လက်နက်ငယ်များဖြင့် စုစည်းပစ်ခတ်နိုင်ရန် လမ်းဖွင့်ပေးလိမ့်မည် ဖြစ်သည်။
ခြိမ်းခြောက်ခံနေရသည့် လမ်းမကြီးများ
အဆိုပါ အခြေအနေများ၏အောက်တွင် အံ့သြစရာမဟုတ်သည်မှာ ဆိုးဆိုးရွားရွား လူအင်အားလျော့ကျနေသည့် နေပြည်တော်၏စစ်တပ်က ခြောက်သွေ့ရာသီအတွင်း လုပ်ဆောင်နိုင်ခဲ့သည့် အရေအတွက်အနည်းငယ်မျှသော ပူးပေါင်းထိုးစစ်ဆင်မှုများသည် အဓိကကျသည့် ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများအပေါ် ခုခံတော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားပေးမှုများမှ လျော့ပါးသက်သာစေရန် သို့မဟုတ် ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အပြင်းထန်ဆုံး တိုက်ပွဲများကို ကချင်ပြည်နယ်မြောက်ပိုင်း၊ နိုင်ငံအလယ်ပိုင်းရှိ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အရှေ့ပိုင်းတို့တွင် အာရုံစိုက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်၏ ပူးပေါင်းထိုးစစ်ဆင်မှုများသည် အဓိကကျသည့် ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများအပေါ် ခုခံတော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားပေးမှုများမှ လျော့ပါးသက်သာစေရန် သို့မဟုတ် ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မတ်လနှောင်းပိုင်းမှစ၍ ဧပြီလဆန်းပိုင်းအထိ နိုင်ငံမြောက်ပိုင်းတွင် ဆက်တိုက်လိုလို ဖြစ်ပွားနေခဲ့သည့် တိုက်ပွဲများအတွင်း မကြာခဏ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်မှုများဖြင့် ကျောထောက်နောက်ခံ ပေးထားသည့် ခြေလျင်တပ်ရင်းများသည် KIA က ပံ့ပိုးပေးထားသည့် PDF တပ်ဖွဲ့များအား ဧရာဝတီမြစ်ဝှမ်းရှိ ဗျူဟာမြောက် မြို့နယ်သုံးခုဖြစ်သည့် ကချင်ပြည်နယ်တောင်ပိုင်း နယ်စပ်တွင်တည်ရှိသည့် ရွှေကူမြို့၊ ကပ်လျက်ရှိနေသည့် စစ်ကိုင်းတိုင်းရှိ ကသာနှင့် ထီးချိုင့်မြို့တို့မှ ရှင်းလင်းဖယ်ရှားရန် ကြိုးပမ်းခဲ့ကြသည်။
စစ်တပ်၏ ကုန်းလမ်းမှ သွားလာမှုများမှာ KIA နှင့် PDF တပ်ဖွဲ့များ၏ တားဆီးဟန့်တားမှုကို ခံရနိုင်ခြင်းနှင့်၊ မန္တလေးနှင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားတို့အကြား ရထားပြေးဆွဲမှုများကို ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သဖြင့် ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ စစ်တပ်တပ်ဖွဲ့များအား ပြန်လည်ထောက်ပံ့ရေးအတွက် မရှိမဖြစ်သည့် ဆက်သွယ်ရေးလမ်းကြောင်းတခု ဖြစ်လာခဲ့သည်။
ဧပြီလလယ်ပိုင်းက မန္တလေးတိုင်းတောင်ပိုင်းတွင် စစ်တပ်၏ ခြေမြန်တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များ၏ စစ်ဆင်မှုများအတွင်း ဧရာဝတီမြစ်ကမ်း တလျှောက်ရှိ တကောင်းနှင့် သပိတ်ကျင်းမြို့နယ်များ၊ မြစ်အရှေ့ဘက်ကမ်းတလျှောက် ရှိနေသည့် အဝေးပြေးလမ်းမကြီးပေါ်ရှိ PDF တပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။
သပိတ်ကျင်းသည် အရှေ့ဘက်တွင် ပတ္တမြားတူးဖော်မှုများရှိရာ မိုးကုတ်မြို့နှင့် အနီးအနား ရှမ်းပြည်နယ်အတွင်းရှိ နောင်ချိုမြို့နယ်တဝိုက်တွင် PDF တပ်ဖွဲ့များ၏ တပ်ချစခန်းပြုမှုများဖြင့် ခြိမ်းခြောက်ခံရရန် အလားအလာရှိနေသည်။

ဧပြီလအတွင်းက ပဲခူးတိုင်းနှင့် ကရင်တောင်တန်းများ ဆုံတွေ့ရာဒေသတွင် စစ်တောင်းမြစ်ဝှမ်း၊ ရန်ကုန်နှင့် နေပြည်တော်တို့အကြား တောင်–မြောက် အဓိကအမြန်လမ်းမကြီးတို့ကို အပေါ်စီးမှ မြင်တွေ့နေရသည့် ကျောက်ကြီးမြို့နယ်အား ဗဟိုပြု၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုအတောအတွင်း တောင်ဘက်ပိုမိုကျသည့်ဒေသတွင် KNLA တပ်မဟာ ၆ နှင့် မဟာမိတ် PDF တပ်ဖွဲ့များ၏ အကြိမ်ကြိမ်ဖြတ်တောက်ခြင်း ခံထားရသည့် ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားပြီး အရေးကြီးသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော အာရှလမ်းမကြီးတလျှောက် တိုက်ပွဲများက ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။
လက်နက်ငယ်နှင့် အပေါ့စားလက်နက်များကို ရရှိလာခြင်းကြောင့် ယခုအချိန် မြန်မာနိုင်ငံ၏ အဓိကဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းမကြီးများအပေါ် ခုခံတော်လှန်ရေးတပ်ဖွဲ့များ၏ ခြိမ်းခြောက်ဖိအားပေးနိုင်မှုများ မြင့်တက်လာခြင်းသည် ဆက်လက်၍ အစိတ်စိတ်အမွှာမွှာဖြစ်နေသေးသည့် ခုခံတော်လှန်ရေးလှုပ်ရှားမှု၏ မတူကွဲပြားသည့် ရှေ့တန်းမျက်နှာစာများတွင် ပူးပေါင်းညှိနှိုင်းမှုမရှိဘဲ လုပ်ဆောင်ခဲ့ကြရာမှ ရရှိခဲ့သည့်ရလဒ်ဖြစ်ပုံရသည်။
သို့ရာတွင် စစ်ပွဲက ၂၀၂၄ ခုနှစ်အတွင်းနှင့် ထို့ထက်ကျော်လွန်၍ ဆက်လက် ဖြစ်ပွားနေသည်နှင့်အမျှ မဟာဗျူဟာ မျှော်မှန်းချက်အမြင်၊ အချေအတင် ဆွေးနွေးမှု၊ အကွက်ချစီစဉ်မှုနှင့် နောက်ဆုံးတွင် ပေါင်းစပ်ညှိနှိုင်းမှုအတွက် လိုအပ်ချက်များက တိုးပွားလာလိမ့်မည် ဖြစ်သည်။
အဆိုပါ ကြိုတင်လိုအပ်ချက်များ အောင်မြင်မှုရရှိရေးအတွက် ဖော်ဆောင်ပေးရန် တာဝန်က နိုင်ငံအစွန်အဖျား ဒေသများရှိ တိုင်းရင်းသားမဟာမိတ်များနှင့် နီးကပ်စွာ ဆက်သွယ်ညှိနှိုင်းလုပ်ဆောင်ရာတွင် မြန်မာ့တော်လှန်ရေး၏ နိုင်ငံရေးနှင့် စစ်ရေးဗဟိုချက်သို့ သေချာပေါက် ရောက်ရှိလာလိမ့်မည်ဖြစ်သည်။
စစ်ရေးအရ အကျပ်အတည်း ပတ်လည်ဝိုင်းနေပြီး နိုင်ငံရေးအရ ချွတ်ခြုံကျနေသည့် စစ်ကောင်စီကို ဆန့်ကျင်လျက် စစ်ပွဲ၏ဒီရေက တဖြည်းဖြည်းချင်း ရွေ့လျားလာနေပြီး NUG နှင့် ၎င်း၏ MOD တို့အနေဖြင့် တိုင်းရင်းသားအင်အားစုများက သဘောတူလက်ခံကာ ထောက်ခံမှုပေးနိုင်သည့် မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ရေးဆွဲတည်ဆောက်ရန် အချိန်ကျန်ရှိနေသေးသည်။
စစ်ရေးအရ အကျပ်အတည်း ပတ်လည်ဝိုင်းနေပြီး နိုင်ငံရေးအရ ချွတ်ခြုံကျနေသည့် စစ်ကောင်စီကို ဆန့်ကျင်လျက် စစ်ပွဲ၏ဒီရေက တဖြည်းဖြည်းချင်း ရွေ့လျားလာနေပြီး NUG နှင့် ၎င်း၏ MOD တို့အနေဖြင့် တိုင်းရင်းသားအင်အားစုများက သဘောတူလက်ခံကာ ထောက်ခံမှုပေးနိုင်သည့် မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ရေးဆွဲတည်ဆောက်ရန် အချိန်ကျန်ရှိနေသေးသည်။
သို့သော်လည်း ထိုအချက်က ယနေ့အထိ အထင်အရှား ကင်းမဲ့နေသည့် စစ်ပွဲအတွင်းခေါင်းဆောင်မှု အဆင့်တခုကို လိုအပ်လိမ့်မည်ဖြစ်ပြီး ‘Zoom’ အစည်းအဝေးများမှတဆင့် ရာထူးတွင် ခန့်ထားခံရသူများ၏ အထင်ကြီးစေရန် သို့မဟုတ် မရိုးမသားလှည့်စားရန် လုပ်ဆောင်သည့် ဗျူရိုကရေစီ ရုံးသဘောဆန်သည့် အပြုအမူများကို ကျော်လွန်၍ စစ်မြေပြင်သို့ မိမိဘာသာ ရောက်ရှိလာတော့မည်ကို တွေ့မြင်နေကြရသည်။
(Asia Times ပါ Anthony Davis ၏ Myanmar PDFs getting the guns to turn the war ကို ဘာသာပြန်သည်။ Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)
You may also like these stories:
PDF များ ပခုံးထမ်းလေယာဉ်ပစ် လက်နက်တွေ မရနိုင်သေးတဲ့အခါ
စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ
အချိန်မတိုင်မီ NUG မီးကုန်ယမ်းကုန် တိုက်ရင် ရှုံးမည်
စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်
စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား