• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အချိန်မတိုင်မီ NUG မီးကုန်ယမ်းကုန် တိုက်ရင် ရှုံးမည်

by Anthony Davis
8 November 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၂၁ ဇူလိုင်လအတွင်း ကရင်နီပြည် ဒီမောဆိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက လက်လုပ်သေနတ်တလက် ကိုင်ထားပုံ / AFP

၂၀၂၁ ဇူလိုင်လအတွင်း ကရင်နီပြည် ဒီမောဆိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက လက်လုပ်သေနတ်တလက် ကိုင်ထားပုံ / AFP

17.7k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းစစ်သစ်ကို ပေါ်ပေါက်စေသော စစ်အာဏာသိမ်းမှု ၂ နှစ်ပင် မပြည့်သေးမီ မြန်မာမှ ဒီမိုကရက်တစ် ခုခံ တော်လှန်ရေး အင်အားစုသည် လက်ရှိအရှိန်မြင့်နေဆဲဖြစ်သည့် ပဋိပက္ခကို အလျင်အမြန် အဆုံးသတ်ရန် တွန်းအားပေးနေသည်။

၂၀၂၃ ခုနှစ်အစောပိုင်း ပွင့်လင်းရာသီသည် နိုင်ငံအနာဂတ်ကို အဆုံးအဖြတ်ပေးရာတွင် အရေးကြီးကြောင်း ယူဆသည့် အန္တရာယ်များမည့် လုပ်ရပ်အနေဖြင့် စင်ပြိုင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) သည် အောက်တိုဘာလလယ်တွင် ကြေညာချက်တစောင်ထုတ်ပြန်လိုက်ပြီး ဆယ်စုနှစ်များစွာကြာပြီဖြစ်သော စစ်အုပ်စု ဗိုလ်ကျစိုးမိုးမှုအား ဖြုတ်ချရန် ရည်ရွယ်သည့် နွေဦးတော်လှန်ရေးကို လာမည့်နှစ်ကုန်တွင် အောင်ပွဲခံရန် တောင်းဆိုသည်။

RelatedPosts

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
582
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
1.7k
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.8k

ထိုတောင်းဆိုမှုနောက်တွင် မြို့ပြတိုက်ပွဲများ ပြင်းထန်လာမည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများဖြစ်လာပြီး ထိုတောင်းဆိုမှုကို ကရင်ပြည်နယ်အရှေ့ပိုင်းက ချက်ခြင်းတုံ့ပြန်လိုက်ပုံရသည်။ အဓိကကျသော မြို့တမြို့ကို စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုက ခဏတာစီးနင်းမှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ၎င်း၏ မဟာမိတ် ပြည်သူကာကွယ်ရေးတပ်များ (PDFs) သည် ထိုင်းနယ်စပ် မြဝတီမှ ရန်ကုန်သို့ ဆက်သွယ်ထားသည့် အဓိက အဝေးပြေးလမ်းပေါ်မှ ကော့ကရိတ် မြို့ကို ဝင်တိုက်သည်။

“အလျင်စလိုလုပ်ဖို့ လိုအပ်နေတယ်လို့ ယူဆနေတာ အထင်အရှားတွေ့ရတယ်” ဟု ထို ပဋိပက္ခကို အနီးကပ်စောင့်ကြည့်နေသည့် ပြည်ပထောက်လှမ်းရေး ခွဲခြားစိတ်ဖြာသုံးသပ်သူတဦးပြောသည်။ “NUG က ဒီကိစ္စကို အလျင်အမြန် လုပ်ဖို့ လိုတယ်လို့ ထင်နေတယ်။ တနှစ်အတွင်းပေါ့” ဟုလည်း သူပြောသည်။

လွန်ခဲ့သောနှစ် နောက်ဆုံး ၃ လပတ်ကမှ အရှိန်အဟုန်ရလာသည့် စစ်ပွဲကို အလျင်အမြန် အဆုံးသတ်ရန် လိုအပ်သည်ဟု ထင်နေခြင်း နောက်ကွယ်တွင် အကြောင်းရင်းများစွာ ရှိနေပုံရသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စီစဉ်နေသည့် “စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ” ကျင်းပမည့်အလားအလာသည် မည်မျှအပြစ်အနာအဆာရှိစေကာမူ စစ်ဝတ်စုံ မဝတ်ထားသော အရပ်သားများအား ရုပ်ပြထားသည့် အစိုးရတခုကို နိုင်ငံတကာက တရားဝင်မှု တစုံတရာပေးလိုက်မည့်အပေါ် စိုးရိမ်မှုများ ရှိနေသည်။

ထိုသို့ တွန်းအားပေးနေသော အချက်များအနက် တခုမှာ စစ်ကောင်စီက ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စီစဉ်နေသည့် “စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ” ကျင်းပမည့်အလားအလာဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။ ထိုရွေးကောက်ပွဲသည် မည်မျှအပြစ်အနာအဆာရှိစေကာမူ စစ်ဝတ်စုံ မဝတ်ထားသော အရပ်သားများအား ရုပ်ပြထားသည့် အစိုးရတခုကို နိုင်ငံတကာ တရားဝင်မှု တစုံတရာပေးလိုက်မည့်အပေါ် စိုးရိမ်မှုများ ရှိနေသည်။

၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလတွင် စတင်တည်ထောင်စဉ်ကပင် စစ်ကောင်စီသည် ၎င်းတို့အလိုကျ ကျင်းပသော ရွေးကောက်ပွဲများသည်သာ စစ်တပ်က မြန်မာ့နိုင်ငံရေး၏ အရေးပါသောအခန်းမှ ဆုတ်ခွာရန် တခုတည်းသော အကောင်းဆုံးနည်းလမ်းအဖြစ် ဖွင့်ဆိုသည်။ ရွေးကောက်ခံလွှတ်တော်နှင့် ထိန်းချုပ်ရလွယ်သော အရပ်သား ညွန့်ပေါင်းအစိုးရအတုသည်သာ မြန်မာမှတိုင်းရင်းသားပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကို ဆွဲဆောင်နိုင်မည်ဟု တွက်ချက်ထားပြီး စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို (အနည်းဆုံး သဘောတရားအရ) ခွင့်ပြုမည်ဖြစ်သည်။

တချိန်တည်းတွင် မဲပုံးမှ ပေါ်ပေါက်လာသည်ဟုဆိုသည့် မည်သည့် အရပ်သားအစိုးရမဆိုသည် မြန်မာတွင် စစ်ပွဲထက် တည်ငြိမ်မှုကို လိုလားသည့် မည်သည့် ပြည်ပနိုင်ငံမဆိုအတွက် ထိတွေ့ဆက်ဆံမှု ပြန်လည်စတင်ရန် လိုအပ်သော အကာအကွယ်ပေးမည်ဖြစ်သည်။

ထိုသို့သောအုပ်စုများတွင် မော်စကိုနှင့် ဘေ့ဂျင်းမှ စစ်ကောင်စီ၏ အာဏာရှင်မဟာမိတ်များအပြင် အီရန်၊ ပါကစ္စတန်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံအများအပြားသာမက ဒီမိုကရက်တစ်ဟု ဆိုသည် အိန္ဒိယနှင့် ဂျပန်တို့ ပါဝင်နိုင်ဖွယ်ရှိသည်။

ပဋိပက္ခကို အရှိန်မြှင့်တင်ရန် နောက်ထပ်ဖိအားမှာ ကုလသမဂ္ဂ၏ အဆိုအရ မြန်မာလူဦးရေ ၅၅ သန်း၏ ထက်ဝက်နီးပါး ယခုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရောက်သွားစေမည့် ဆိုးရွားလှသော စီးပွားရေးအခြေအနေအောက်တွင် ပိုမိုကြမ်းတမ်းလာသော တိုက်ပွဲအပေါ် လူထုထောက်ခံမှု မည်မျှကြာကြာ ဆက်လက်ထိန်းသိမ်း ထားနိုင်မည်ကို စိုးရိမ်မှုမှ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်နိုင်သည်။

ပဋိပက္ခကို အရှိန်မြှင့်တင်ရန် နောက်ထပ်ဖိအားမှာ ကုလသမဂ္ဂ၏ အဆိုအရ မြန်မာလူဦးရေ ၅၅ သန်း၏ ထက်ဝက်နီးပါး ယခုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ရောက်သွားစေမည့် ဆိုးရွားလှသော စီးပွားရေးအခြေအနေအောက်တွင် ပိုမိုကြမ်းတမ်းလာသော တိုက်ပွဲအပေါ် လူထုထောက်ခံမှု မည်မျှကြာကြာ ဆက်လက်ထိန်းသိမ်း ထားနိုင်မည်ကို စိုးရိမ်မှုမှ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်နိုင်သည်။

နောက်ဆုံးအချက်မှာ အနောက် ဒီမိုကရေစီနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ခံမှုသည် စစ်ကောင်စီ၏ အလွန်အကျွံလုပ်ရပ်များအပေါ် ထိုးထွင်းဉာဏ်ကင်းမဲ့ပြီး အပ်ကြောင်းထပ်နေသော ကြေညာချက်များသာဖြစ်သောကြောင့် NUG ရင်ဆိုင်နေရသည့် ဘဏ္ဍာရေးနှင့် စစ်ရေးအကန့်အသတ်များက မရေရာသည့် ရေရှည်စစ်ထက် အလျင်အမြန် တိုက်ခိုက် အောင်ပွဲခံရေးကို လိုအပ်စေသည်။

“သူတို့ သိပ်အကြာကြီးစောင့်နေရင် အောင်ပွဲခံဖို့ သူတို့မှာ ငွေအလုံအလောက် ရှိမှာ မဟုတ်ဘူး” ဟုလည်း အထက်ပါ ထောက်လှမ်းရေးသတင်း ခွဲခြမ်းစိတ်ဖြာသုံးသပ်သူကပင် ပြောသည်။

ပြည်တွင်းမှထောက်ခံသူများ၏ လှူဒါန်းငွေနှင့် NUG ၏ တီထွင်ဆန်းသစ်သော ရန်ပုံငွေရှာဖွေသည့် အစီအစဉ်များမှသာ အဓိကရရှိနေသည့် ခက်ခက်ခဲခဲရှာရသော ထိုငွေများသည် လက်နက်ဝယ်ယူရေး၊ ပဋိပက္ခ ဖြစ်နေသောနေရာများသို့ လူသားချင်းစာနာမှု အကူအညီနှင့် အမျိုးမျိုးသော ဒေသဆိုင်ရာ PDF များကို ထောက်ပံ့ရေးအတွက် အရေးပါသည်။ ထိုသို့ဒေသဆိုင်ရာ PDF များကို ထောက်ပံ့ခြင်းဖြင့် ပိုမိုထိရောက်သော ဗဟိုချုပ်ကိုင် ကွပ်ကဲထိန်းချုပ်မှု ရနိုင်မည်ဖြစ်သည်။

အရှိန်အဟုန်မြင့်လာသော အန္တရာယ်များ

ထိုသို့သောဖိအားများကြောင့် လာမည့်ဆယ်လအတွင်း တော်လှန်ရေးအောင်ပွဲ အလျင်အမြန်ရရန် တွန်းအားများသည် ကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ရစေနိုင်သည်။ ရှင်းရှင်းပြောရပါက သီးခြား သို့မဟုတ် တိုင်းရင်းသားမဟာမိတ်များက ထောက်ပံ့ထားသော PDF များအတွက် ထိုအန္တရာယ်မှာ လမ်းမလျှောက်တတ်မီ ပြေးတတ်ရန် ကြိုးစားခြင်း သို့မဟုတ် မှောက်လျက် လဲကျခြင်းပင်ဖြစ်သည်။

စစ်ရေးအရဆိုရပါက ထိုသို့သောဖြစ်ရပ်မှာ လုံလောက်သော ညှိနှိုင်းမှု၊ လေ့ကျင့်မှု၊ လက်နက်အကူအညီ သို့မဟုတ် လေကြောင်းကာကွယ်ရေးမရှိဘဲ လျှော့တိလျှော့ရဲ ဖွဲ့စည်းထားသည့်ပြောက်ကျားများက လက်နက်ကောင်းစွာ တပ်ဆင်ထားပြီး ချောင်ပိတ်မိနေသည့် စစ်ကောင်စီတပ်များကို အနိုင်ယူရန်ပင်ဖြစ်သည်။

ခေတ်သစ် ပဋိပက္ခများတွင် ခိုင်မာသည့် အာဏာရှင်များကို ဖြုတ်ချရန် ပြောက်ကျားစစ်နည်းပရိယာယ်မှ သမားရိုးကျတပိုင်း စစ်ဆင်ရေးများသို့ အချိန်မတိုင်မီ ကူးပြောင်းခြင်းသည် ကောင်းမွန်စွာ ဖွဲ့စည်းထားသည့် အတွေ့အကြုံရှိ တော်လှန်ရေးတပ်ဖွဲ့များအတွက်ပင် သွေးဖြင့်ပေးဆပ်ရသည့် သင်ခန်းစာအများအပြား ရရှိစေသည်။

ခေတ်သစ် ပဋိပက္ခများတွင် ခိုင်မာသည့် အာဏာရှင်များကို ဖြုတ်ချရန် ပြောက်ကျားစစ်နည်းပရိယာယ်မှ သမားရိုးကျတပိုင်း စစ်ဆင်ရေးများသို့ အချိန်မတိုင်မီ ကူးပြောင်းခြင်းသည် ကောင်းမွန်စွာ ဖွဲ့စည်းထားသည့် အတွေ့အကြုံရှိ တော်လှန်ရေးတပ်ဖွဲ့များအတွက်ပင် သွေးဖြင့်ပေးဆပ်ရသည့် သင်ခန်းစာအများအပြား ရရှိစေသည်။ သမိုင်းအရ ဆိုပါက ထိုသို့သော အားထုတ်မှုများသည် စစ်မှန်သော သို့မဟုတ် စစ်မှန်သည်ဟု ယူဆရသော နိုင်ငံရေး ဖိအားများနှင့် ပြိုကွဲလုနီးဖြစ်နေသည်ဟု ယူဆရသည့် ရန်သူကို လျှော့တွက်ခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အလျင်အမြန်အောင်ပွဲရလိုသည့် ရောဂါ၏ မှတ်သားစရာကောင်းသည့် အဆိုးရွားဆုံး ဥပမာမှာ ၁၉၅၁ ခုနှစ် အစောပိုင်းက ကျော်ကြားသော ဗီယက်နမ်ဗိုလ်ချုပ် ဗို ငုယင် ဂီယက်က ပြင်သစ်နယ်ချဲ့တပ်များ မြို့တော် ဟနွိုင်းကို ကာကွယ်ရန် ထူထောင်ထားသည် မြစ်နီမြစ်ဝကျွန်းပေါ် ခံစစ်ကြောင်းကို ထိုးဖေါက်ရန် ကြိုးစားသည့် ဖြစ်ရပ်ဖြစ်သည်။

သုံးလကြာ ထိုထိုးစစ်အတွင်း လူအင်အားဆုံးရှုံးမှုသည် တုန်လှုပ်စရာကောင်းသည်။ မီးလောင်ဗုံးများကို လေယာဉ်မှ ပထမဆုံးအကြိမ်အဖြစ် ကြဲချသောကြောင့် စုရုံးထားသည့် ခြေလျင်တပ်များ အထိနာပြီး ဂီယက်သည် ရာထူးဆုံးရှုံး ရလုနီးဖြစ်ခဲ့သည်။ စစ်ရေးအရ လွန်စွာ အထိနာပြီး နောင် ၃ နှစ်ကြာသောအခါ ဒိန်ဘိန်ဖူးတွင် ပိုမိုကောင်းမွန်စွာ ပြင်ဆင်တိုက်ခိုက်သောအခါမှသာ နယ်ချဲ့ဆန့်ကျင်ရေး ဗီယက်မင်းတို့ အနိုင်ရသည်။

ဗီယက်နမ်တော်လှန်ရေး တိုက်ပွဲနောက်ပိုင်းတွင် ဗီယက်ကောင်းတပ်များသည် လူထုအုံကြွမှု ဖြစ်စေမည်ဆိုသည့် မျှော်လင့်ချက်သက်သက်ဖြင့် ၁၉၆၈ ခုနှစ် ဇန်နဝါရီလက ဗီယက်နမ် တောင်ပိုင်းတခွင်တွင် “တက်”ထိုးစစ်ကို ဆင်နွဲသည်။ ရလဒ်မှာ တောင်ဗီယက်နမ်တွင် ဆယ်စုနှစ် တခုကြာ တည်ဆောက်ထားသော စစ်ရေးအခြေခံ အဆောက်အအုံများသည် အမေရိကန်နှင့် မဟာမိတ်ဆိုင်ဂုံတပ်များ၏ ဖျက်ဆီးမှုကို နှစ်ပတ်အတွင်း ခံလိုက်ရသည်။ ၁၉၇၅ ခုနှစ်ရရှိသည့် အောင်ပွဲသည် အင်အားချည့်နဲ့သွားသည့် ဗီယက်ကောင်းတို့၏ အောင်ပွဲမဟုတ်ဘဲ မြောက်ဗီယက်နမ် စစ်တပ်၏ အောင်ပွဲသာဖြစ်သည်။

နိုင်ငံရေးနှင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု လွန်ကဲခြင်းတို့သည် အာရှတိုက် အခြားတနေရာတွင် အလားတူ ဖရိုဖရဲ ဖြစ်စေခဲ့သည်။ ၁၉၈၉ ခုနှစ် နွေဦးရာသီတွင် ကွန်မြူနစ်ဆန့်ကျင်ရေး အာဖဂန် ပြောက်ကျားများသည် အလျှင်အမြန်အောင်ပွဲရရန် လုပ်ဆောင်ကြသည်။ ဆိုဗီယက်တပ်များဆုတ်ခွာသွားပြီးနောက် ယာယီအစိုးရ ဖွဲ့ရန် စိတ်အားထက်သန်နေသည့် ပါကစ္စတန်ထောက်လှမ်းရေးက တိုက်တွန်းသောကြောင့် မူဂျာဟေဒင် အုပ်စုများက အရှေ့ပိုင်းမှ ဂျလာလာဘက်မြို့ကို ရက်သတ္တပတ်များစွာ ထိပ်တိုက် တိုက်ခိုက်ပြီး ကဘူးမှ ကွန်မြူနစ် အစိုးရ ပြုတ်ကျအောင် လုပ်သည်။

လေ့ကျင့်မှုမရှိသော လူမျိုးစု တိုက်ခိုက်ရေးသမားများကို လက်နက်ကောင်းစွာ တပ်ဆင်ထားပြီး သေရေးရှင်ရေး ရွေးနေရသော အစိုးရတပ်များက အချိန်ပြည့် လေကြောင်းအကူအညီဖြင့် ပြန်လည်မောင်းထုတ်လိုက်ရာ ဖရိုဖရဲ ဆုတ်ခွာခဲ့ရသည်။ နောက် ၃ နှစ်အကြာတွင် နဂျီဘူလာအစိုးရ ပြုတ်ကျခြင်းမှာ ဆိုဗီယက်က ထောက်ပံ့ကြေး ဖြတ်တောက်လိုက်သောကြောင့် အချင်းချင်းသဘောထားကွဲကာ ပြိုလဲခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေတွင်မူ ထိပ်တိုက်ရင်ဆိုင်ထိုးစစ်အတွက် ပြင်ဆင်မထားသည့် တပ်ဖွဲ့များ ထိုအတိုင်းအတာအထိ အထိနာမှုသည် လူထု၏ စိတ်ဓာတ်ရေးရာ အပြင်းအထန်ထိခိုက် ကျဆင်းစေနိုင်ခြင်းနှင့် အောင်ပွဲသို့သွားရန် အခြားလမ်းကြောင်းများ မရှိခြင်းသို့ ဆိုက်ရောက်သွားစေနိုင်သည်။

မြန်မာနိုင်ငံ၏ အခြေအနေတွင်မူ ထိပ်တိုက်ရင်ဆိုင်ထိုးစစ်အတွက် ပြင်ဆင်မထားသည့် တပ်ဖွဲ့များ ထိုအတိုင်းအတာအထိ အထိနာမှုသည် လူထု၏ စိတ်ဓာတ်ရေးရာ အပြင်းအထန်ထိခိုက် ကျဆင်းစေနိုင်ခြင်းနှင့် အောင်ပွဲသို့သွားရန် အခြားလမ်းကြောင်းများ မရှိခြင်းသို့ ဆိုက်ရောက်သွားစေနိုင်သည်။

လက်ရှိအချိန်တွင် တိုက်ပွဲဝင်လက်နက် တပ်ဆင်ထားသည့် PDF တပ်ပေါင်းစုနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs) သည် မြို့များ မဆုံးရှုံးစေရန် ဆုံးဖြတ်ထားသည့် စစ်တပ်၏ ဒုံးကျည်များကို ဆက်တိုက် အတွဲလိုက်ပစ်ခတ်သည့် စနစ် (MLRS) နှင့် အကြိမ်ကြိမ်လေကြောင်း တိုက်ခိုက်မှုများကြောင့် မြို့များကို သိမ်းယူနိုင်ခြင်း မရှိကြပေ။

ထိုသို့သော စိန်ခေါ်မှုအခက်အခဲများကို ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ် လွိုင်ကော်မြိုတော်အနီးတွင် ဇန်နဝါရီလက တွေ့ရပြီး ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ် မိုးဗြဲတွင် စက်တင်ဘာလက တွေ့ရသည်။

ထိုင်းနယ်စပ် သွားသောလမ်းပေါ်ရှိ ကော့ကရိတ်တွင် အောက်တိုဘာလက အလားတူ သင်ခဏ်းစာများဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဖြစ်စေသည်။

တချိန်တည်းတွင် ERO များ၏ တိုက်ရိုက်ထောက်ပံ့မှု မပါဘဲ PDF အများစု လှုပ်ရှားနေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် မြို့ငယ်များကို ခေတ္တမျှပင် မသိမ်းနိုင်ကြ သို့မဟုတ် မသိမ်းလိုကြပေ။

အခိုင်အမာနေရာ ယူထားသော စခန်းများကို စိတ်ကူးယဉ်သက်သက်ဖြင့် တိုက်ခိုက်ခြင်းသည် ဖွဲ့စည်းမှု မကောင်းသေးဘဲ ခေါင်းဆောင်မှုကင်းမဲ့နေသည့် ပြည်သူ့တော်လှန်ရေး တပ်များဘက်တွင် အကြီးအကျယ် ထိခိုက်သေဆုံးစေမည့် အန္တရာယ်ရှိသည်။

ထိုသို့ လေးနက်သော အခြေအနေနောက်ခံတွင် ၂၀၂၃ ခုနှစ် အောင်ပွဲခံရန် တောင်းဆိုခြင်းသည် လက်တွေ့မကျသည့် မျှော်မှန်းချက်များကို ဖြစ်စေခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေသည်။ အခိုင်အမာနေရာ ယူထားသော စခန်းများကို စိတ်ကူးယဉ်သက်သက်ဖြင့် တိုက်ခိုက်ခြင်းသည် ဖွဲ့စည်းမှု မကောင်းသေးဘဲ ခေါင်းဆောင်မှုကင်းမဲ့နေသည့် ပြည်သူ့တော်လှန်ရေး တပ်များဘက်တွင် အကြီးအကျယ် ထိခိုက်သေဆုံးစေမည့် အန္တရာယ်ရှိသည်။

အဆိုးဆုံး အနေအထားက စစ်တပ်ဆန့်ကျင်ရေး ဒီမိုကရေစီအင်အားစုအတွက် နာလန်ထရန် နှစ်ပေါင်းများစွာ အချိန်ယူရမည့် သေနင်္ဂဗျူဟာ ရှုံးနိမ့်မှုကိုပင် ဖြစ်စေနိုင်သည်။

ဘာလုပ်ကြမလဲ

တိုတောင်းလာသော အချိန်ကာလ ကန့်သတ်ချက်နှင့် မဖွံ့ဖြိုးသေးသော စွမ်းရည်အကြား ကွာဟမှုကို ချဉ်းကပ်ရန် အငြင်းပွားစရာ မလိုသည့် ပိုမိုလက်တွေ့ကျသော နည်းလမ်းမှာ ပစ်အားမြှင့်တင်မှုအပါအဝင် ထိုးစစ်စွမ်းရည် တိုးတက်စေရန် ဦးစားပေးရေးနှင့် လက်ရှိ မစုပေါင်းနိုင်သေးသည့် စစ်ရေးအရ ဒီရေမြင့်တင်ထားနိုင်မှုကို စုစည်းကျစ်လစ်ရန် ရည်ရွယ်သည့် စစ်ဆင်ရေးများအတွက် လာမည့်နှစ်ကို အသုံးပြုခြင်းဖြစ်သည်။

စစ်မြေပြင်တွင် သိသာသော အရှိန်အဟုန် ရရှိခြင်းသည် ပြည်တွင်းထောက်ခံမှုကို ပြန်လည်အားဖြည့် ပေးနိုင်ပြီး စိတ်ဓာတ်ရေးရာ ထိခိုက်နေသော စစ်ကောင်စီတပ်သားများကို တဖြည်းဖြည်း ဖဲ့ခြွေ နိုင်မည်ဖြစ်သည်။ တချိန်တည်းတွင် သိသာသော အောင်မြင်မှုကြောင့် နေပြည်တော်စစ်ကောင်စီသည် ပုံစံတမျိုးမျိုးဖြင့် တပ်ပြိုကွဲမှုနှင့် နိုင်ငံရေး ရှုံးနိမ့်မှုကို ရင်ဆိုင်နေရကြောင်း သံသယရှိနေဆဲဖြစ်သည့် နိုင်ငံတကာ အသိုက်အဝန်းကို ပြသရာလည်း ရောက်သည်။

အာဏာသိမ်းပြီးနောက် ဖြစ်ရပ်များက ပြသခဲ့သည့်အတိုင်း စစ်အုပ်ချုပ်ရေးကို အောင်မြင်သော ခုခံတော်လှန်မှုကို ဗမာလွှမ်းမိုးသည့် NUG နှင့် ဗမာလွှမ်းမိုးသည့် PDF က တဘက် တိုင်းရင်းသား ခုခံတော်လှန်ရေး အင်အားစုများက တဘက် ပါသည့် တိုက်ခိုက်ရေးမဟာမိတ်တခုအတွက် အုတ်မြစ်ချခြင်းဖြင့်သာ တည်ဆောက်ပေးနိုင်သည်။ ထိုတိုင်းရင်းသားအဖွဲ့အစည်းများတွင် ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ ရခိုင်နှင့် အခြားအဖွဲ့အစည်းများ ပါနိုင်ပြီး ၎င်းတို့၏ ထောက်ခံမှုနှင့် ပါဝင်မှုမရှိလျှင် စစ်မအောင်နိုင် နိုင်ပေ။

ရှေ့လာမည့် စစ်ရေးအရ အရေးပါသော လများအတွက် ပြင်ဆင်သည့်အနေဖြင့် မဟာမိတ်ခိုင်မာအောင် ပြုလုပ်ခြင်းအတွက် ကျယ်ပြန့်သော သမိုင်းဆိုင်ရာသွေးကွဲခြင်းကို ပေါင်းကူးပေးနိုင်ရန် ယခုထက် များစွာ ပိုမိုနက်ရှိုင်းသည့် ယုံကြည်မှုတည်ဆောက်ရန် လိုအပ်သည်။ ဖက်ဒရယ်စာချုပ်သစ်တခု ချုပ်ဆိုခြင်းဖြင့် ဗမာကတိကဝတ်များအပေါ် ERO များ၏ သံသယများ ငြိမ်သက်သွားစေရန် NUG နှင့် ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှ NUG တွင် ပါဝင်သူများအပေါ် တိုက်ရိုက် မူတည်နေသည်။

မွေးရာပါ အုပ်ချုပ်ပိုင်ခွင့်ရ ဗမာများ၏ မောက်မာမှုကို အမွေခံခဲ့သော NLD အစိုးရ၏ လက္ခဏာဖြစ်သော သမိုင်းဆိုးနှင့် တိုင်းရင်းသားများ၏ နစ်နာမှုများအား ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ရုံမျှသာမက ထိုနစ်နာမှုများကို နားလည်ရန် ပျက်ကွက်ခြင်းသည် ယနေ့တိုင်ဆက်လက်ဆိုးရွားနေသည့် အမွေတခုကို ချန်ထားသည်။

ဤနေရာတွင် NUG တွင် အဓိကကျသောနေရာမှ ပါဝင်နေသော NLD ၏ ပိုမိုအသက်အရွယ်ကြီးသည့် မျိုးဆက်က ERO များ၏ သံသယကို ပြေပျောက်အောင် ပိုမိုကြိုးစားလုပ်ကိုင်ရန် မည်သည့် ပျက်ကွက်မှုမဆိုသည် တော်လှန်ရေးစစ်ပွဲ အောင်မြင်ရေးအတွက် ဆိုးရွားကြောင်း ပြသနေသည်။ ထိုတော်လှန်သော စစ်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်ခေတ်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးမဏ္ဍိုင်ပြုသည့် တော်လှန်သော နိုင်ငံရေးကို ကျော်လွန်ရွေ့လျှားသွားခဲ့ပြီဖြစ်သည်။

ဤနေရာတွင် NUG တွင် အဓိကကျသောနေရာမှ ပါဝင်နေသော NLD ၏ ပိုမိုအသက်အရွယ်ကြီးသည့် မျိုးဆက်က ERO များ၏ သံသယကို ပြေပျောက်အောင် ပိုမိုကြိုးစားလုပ်ကိုင်ရန် မည်သည့် ပျက်ကွက်မှုမဆိုသည် တော်လှန်ရေးစစ်ပွဲ အောင်မြင်ရေးအတွက် ဆိုးရွားကြောင်း ပြသနေသည်။ ထိုတော်လှန်သော စစ်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်ခေတ်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးမဏ္ဍိုင်ပြုသည့် တော်လှန်သော နိုင်ငံရေးကို ကျော်လွန်ရွေ့လျှားသွားခဲ့ပြီဖြစ်သည်။

အနာဂတ် ဖယ်ဒရယ်နိုင်ငံ ဖွဲ့စည်းပုံကဲ့သို့သော တိုင်းရင်းသားများ၏ စံမှတ်ကျောက်ကို လာမည့်အပတ်အတွင်း ကိုင်တွယ်ဖြေရှင်းခြင်းသည် အရေးပါသည်။ ထိုအချက်သည် ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်နေစဉ်က ပျက်ကွက်ခဲ့သော အချက်ဖြစ်သည်။

ပြည်သူ့တိုက်ခိုက်ရေးတပ်ဖွဲ့သစ်

တိုင်းရင်းသား နိုင်ငံရေး သဘောတူစာချုပ်တခုအတွက် အုတ်မြစ်ကို အကောင်အထည်ဖေါ်နိုင်လျှင်၂၀၂၃ ခုနှစ်အတွက် မည်သည့် သေနင်္ဂဗျူဟာကျကျ ပစ်မှတ်ထား ထိုးစစ်ဆင်ရေးများအတွက် သီးခြားပြင်ဆင်ထားသည့် အဆင့်မြင့်တပ်ဖွဲ့များကို အချိန်နှင့်အမျှ ဦးဆောင်အမိန့်ပေးမည့် အဖွဲ့တခု လိုမည်မှာ သေချာသည်။

လက်ရှိ PDF များကို အခြေခံသော်လည်း လက်နက်ကိရိယာ၊ လေ့ကျင့်ထားသော တပ်ဖွဲ့ဝင်နှင့် လှုပ်ရှားမှုအရ ကွဲပြားသည့် ပြည်သူ့တိုက်ခိုက်ရေးတပ်ဖွဲ့သစ်များ (Peoples Assault Units-PAUs) ဖွဲ့စည်းခြင်းသည် စစ်၏ အတိတ်နှင့် အနာဂတ်အဆင့်များကို ထင်ထင်ရှားရှား ကွဲပြားသွားစေမည်ဖြစ်သည်။

အလားအလာ အကောင်းဆုံးကိစ္စမှာ PAU များသည် တပ်အင်အား ၂၀၀ မှ ၂၅၀ အထိ ပါဝင်ပြီး စက်သေနတ်၊ ဗုံးသီးပစ်ဒုံး (RPG) နှင့် မော်တာများဖြင့် လက်နက်အထောက်အကူ လုံလုံလောက်လောက်ရှိသည့် ဦးစားပေး လက်နက်တပ်ဆင်ထားသည့် စံနှုန်းမီ တပ်ခွဲအရွယ်ရှိ ကော်မန်ဒိုအဖွဲ့များအဖြစ် စတင်လှုပ်ရှားနိုင်သည်။ သို့သော် ထိုအမြဲတန်း တပ်သဖွယ် တပ်ဖွဲ့များတွင် လေကြောင်း ကာကွယ်မှု မရှိဖြစ်နေသော်လည်း မြေပြင်တွင် ကိုယ်ရောင်ဖျောက်ထားနိုင်သည့် အရာများနှင့် အလျင်အမြန် လူစုခွဲနိုင်စေမည့် ကိရိယာများ အသုံးပြုရမည်ဖြစ်သည်။

အနိမ့်ဆုံးအနေဖြင့် ဒေသ သို့မဟုတ် ပြည်နယ်အလိုက် ညှိနှိုင်းမှုပြုလုပ်ပြီး လာမည့်လများတွင် လူဦးရေများစွာ နေထိုင်သည့် နေရာများကို အချည်းနှီး ထိခိုက်ဆုံးရှုံးမှု ကြီးမားစွာ တိုက်ခိုက်ခြင်းကို ရှောင်ရှားပြီး PAU စစ်ဆင်ရေးများကို NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ ဗဟိုညှိနှိုင်းမှု ကော်မတီ-Central Coordinating Committee (CCC) ကဖြစ်စေ မဟာမိတ် EROs များက ညွှန်ကြားရမည်ဖြစ်ကာ အခြေခံပစ်မှတ် ၃ ခုကို အကောင်းဆုံး အာရုံစိုက်ရမည်

အနိမ့်ဆုံးအနေဖြင့် ဒေသ သို့မဟုတ် ပြည်နယ်အလိုက် ညှိနှိုင်းမှုပြုလုပ်ပြီး လာမည့်လများတွင် လူဦးရေများစွာ နေထိုင်သည့် နေရာများကို အချည်းနှီး ထိခိုက်ဆုံးရှုံးမှု ကြီးမားစွာ တိုက်ခိုက်ခြင်းကို ရှောင်ရှားပြီး PAU စစ်ဆင်ရေးများကို NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ ဗဟိုညှိနှိုင်းမှု ကော်မတီ-Central Coordinating Committee (CCC) ကဖြစ်စေ မဟာမိတ် EROs များက ညွှန်ကြားရမည်ဖြစ်ကာ အခြေခံပစ်မှတ် ၃ ခုကို အကောင်းဆုံး အာရုံစိုက်ရမည်ဖြစ်သည်။

လွန်စွာလွယ်ကူသော ပစ်မှတ် ၂ ခုကို ထင်ထင်ရှားတွေ့နေရပြီဖြစ်သည်။ ထုံးစံအားဖြင့် လူအင်အားနည်းပြီး ထောက်ပံ့မှုကောင်းစွာမရသည့် အစွန်အဖျားတွင် ရှိနေသော စစ်တပ် သို့မဟုတ် ခါးပိုက်ဆောင်တပ် စခန်းများဖြစ်သည်။ မကြာသေးမီက မိုးရာသီကုန်သောခါ ထိုသို့သော စခန်းများကို တိုက်ခိုက်ခဲ့ကြသည်။ အထူးသဖြင့် ကရင်နှင့် ကယားပြည်နယ်တွင်သာမက ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်မြောက်ပိုင်းတွင် ထိုသို့သော တိုက်ပွဲများကို တွေ့ရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ နှောင်းပိုင်းမှစတင်ပြီး ရက္ခိုင့်တပ်တော် (AA) သည် ပလက်ဝနှင့် မောင်တောမြို့နယ်များမှ အကာအကွယ်မဲ့သော စစ်တပ်စခန်းများကို ဖြတ်တောက်ပြီး ရွေးချယ်တိုက်ခိုက်သည်။

သို့သော် ယနေ့အချိန်အထိ ထိုသို့သော စစ်ဆင်ရေးများကို စစ်ကောင်စီ၏ တုံ့ပြန်တိုက်ခိုက်မှု စွမ်းရည်ကို အထူးသဖြင့် လေကြောင်းပစ်အားကို ကုန်ခန်းလာအောင် လုပ်ဆောင်သည့် ပိုမိုကျယ်ပြန့်သော သေနင်္ဂဗျူဟာ တခုအဖြစ် ပေါင်းစည်းနိုင်ခြင်း မရှိပေ။

ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လအစောပိုင်းက ထိုင်းနယ်စပ်အနီးရှိ ဥကရစ်ထ စခန်းကို ကရင်တပ်များက ရှည်ကြာစွာ တိုက်ခိုက်မှုကဲ့သို့သော တိုက်ခိုက်မှုများ တွန်းလှန်ခံရခြင်းမှာ လေကြောင်းပစ်အားကို အသုံးပြုပြီး တိုက်ပွဲချိန်ခွင်လျှာ ပြောင်းမသွားစေမီ အင်အားအလုံအလောက် စုစည်းပြီး အလျင်အမြန် မသိမ်းပိုက်နိုင်ခြင်းကြောင့် ဖြစ်သည်။

ဒုတိယပစ်မှတ်မှာ အရေးပါသော စစ်ဘက်အခြေခံအဆောက်အအုံများဖြစ်သည့် လောင်စာသိုလှောင်ရုံ၊ ခဲယမ်းစက်ရုံ၊ လေတပ်စခန်းနှင့် သင်တန်းကျောင်းစသည့် နေရာများကို ကော်မန်ဒို စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် တိုက်ခိုက်ရေးတပ်ဖွဲ့များကို ဖြန့်ကျက်ထားရမည်ဖြစ်သည်။

ကြိုတင်စီမံမှု၊ ထောက်လှမ်းရေးသတင်းတို့ကို အလေးထားပါက ထိုသို့သော စီးနင်းတိုက်ခိုက်မှုများတွင် ရန်သူကို ထိထိရောက်ရောက် ထိုးနှက်ရန်၊ သတ်မှတ်ထားသော ပစ်မှတ်ကို ဖျက်ဆီးရန် နှင့် နယ်မြေသိမ်းပိုက်ခြင်းမပြုဘဲ ဆုတ်ခွာရန် အမှောင်ထုကို အသုံးချရန် လိုအပ်မည်ဖြစ်သည်။

ကြိုတင်စီမံမှု၊ ထောက်လှမ်းရေးသတင်းတို့ကို အလေးထားပါက ထိုသို့သော စီးနင်းတိုက်ခိုက်မှုများတွင် ရန်သူကို ထိထိရောက်ရောက် ထိုးနှက်ရန်၊ သတ်မှတ်ထားသော ပစ်မှတ်ကို ဖျက်ဆီးရန် နှင့် နယ်မြေသိမ်းပိုက်ခြင်းမပြုဘဲ ဆုတ်ခွာရန် အမှောင်ထုကို အသုံးချရန် လိုအပ်မည်ဖြစ်သည်။

အဓိကကျသည့် လမ်းများနှင့် ရထားလမ်းများမှ စစ်ရေးလှုပ်ရှားများသည် မည်သည့် စစ်တပ်အတွက်မဆို အားနည်းချက်ဖြစ်ပြီး တတိယပစ်မှတ်များကို ဖန်တီးပေးသည်။ PDF က ကြိုတင်ပြင်ဆင်မှုမရှိဘဲ လုပ်ဆောင်ခဲ့သည့် ထိုသို့သော စစ်ဆင်ရေးများသည် လက်လုပ်မိုင်းများသုံး စစ်တပ်ယာဉ်တန်းများကို နှောင့်ယှက်နိုင်ပြီး ၂၀၂၁ ခုနှစ် နှစ်လယ်က ပုန်ကန်မှုအစောပိုင်းကာလကပင် စတင်ပြီး အဓိက ခုခံတိုက်ခိုက်ရေး နည်းဗျူဟာ ဖြစ်ခဲ့သည်။

လက်နက်ကောင်းစွာ တပ်ဆင်ထားသည့် တိုက်ခိုက်ရေးတပ်များ ဖြန့်ကျက်ခြင်းအား စစ်ယာဉ်တန်းများကို တားဆီးခြင်းနှင့် ချေမှုန်းခြင်းအတွက် ရည်ရွယ်ရမည်ဖြစ်ပြီး နောက်ဆက်တွဲအကျိုးကျေးဇူးအဖြစ် စစ်ကောင်စီတပ်များကို လွန်စွာ ထိခိုက်လွယ်စေသည့် အဝေးပြေးလမ်း လုံခြုံရေး ကင်းစခန်းများတွင် မလှုပ်ရှားနိုင်အောင် လုပ်ထားနိုင်မည်ဖြစ်သည်။

နေရာအပေါ် မူတည်ပြီး ထိုသို့သော ခြုံခိုတိုက်ခိုက်မှုသည် ကနဦး စတင်တိုက်ခိုက်သည့် အချိန်မှ Mi-35 နှင့် အသစ်ရောက်လာသော Kamov KA-29 ဖြင့် အနီးကပ်လေကြောင်းအကူများရောက်လာမည့် ၄၅ မိနစ်အတွင်း တိုက်ခိုက်နိုင်ရမည်ဖြစ်သည်။

မရေရာသော စစ်ပွဲ

ရှေ့လာမည့် နှစ်အတွင်း ထိုးစစ်စစ်ဆင်ရေးများကို စစ်တပ်ကို အင်အားချည့်နဲ့အောင် စနစ်တကျလုပ်သည့် သွယ်ဝိုက် သေနင်္ဂဗျူဟာမှ လူဦးရေများသည့် အချက်အခြာနေရာကို တိုက်ရိုက်သိမ်းပိုက်ခြင်းသို့ ပြောင်းနိုင်သည် မပြောင်းနိုင်သည်ကို ကြိုတင်ဟောကိန်းထုတ်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

မျှော်လင့်မထားသည့် ပြင်ပအကြောင်းတရားများကို ထည့်မတွက်လျှင်ပင် ယခု ပွင့်လင်းရာသီတွင် လွန်စွာ အပြောင်းအလဲမြန်နိုင်ပြီး ထိုအပြောင်းအလဲသည် ပဋိပက္ခ၏ ဘက် ၂ ဘက်လုံးမှ ပြောင်းလဲနေသော အခြေအနေများအပေါ် မူတည်သည်။

တိုင်းများနှင့် ပြည်နယ်များတွင် စစ်ဆင်ရေးညှိနှိုင်းဆောင်ရွက်ခြင်းနှင့် လေကြောင်း ကာကွယ်ရေး အပါအဝင် စစ်စွမ်းရည်များ တိုးတက်လာခြင်းက စစ်ကောင်စီကို တိုက်ခိုက်နေသည့် အင်အားစုများအတွက် အဆုံးအဖြတ်ကျသော အချက်များဖြစ်သည်။ ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်တားဆီးနိုင်သည့် ထိရောက်မှုကလည်း အရေးပါသော အခန်းမှ ပါဝင်သည်။

တိုင်းများနှင့် ပြည်နယ်များတွင် စစ်ဆင်ရေးညှိနှိုင်းဆောင်ရွက်ခြင်းနှင့် လေကြောင်း ကာကွယ်ရေး အပါအဝင် စစ်စွမ်းရည်များ တိုးတက်လာခြင်းက စစ်ကောင်စီကို တိုက်ခိုက်နေသည့် အင်အားစုများအတွက် အဆုံးအဖြတ်ကျသော အချက်များဖြစ်သည်။ ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်တားဆီးနိုင်သည့် ထိရောက်မှုကလည်း အရေးပါသော အခန်းမှ ပါဝင်မည်ဖြစ်သည်။

စစ်ကောင်စီဘက်တွင် မြေပြင်မှ တိုက်နေသည့် တပ်များ၏ အားနည်းချက်များကို ဖြည့်ဆည်းရန် မြန်မာလေတပ်ကို အလျင်အမြန် တောင်းဆိုရခြင်းနေရခြင်းက အဓိက အရေးပါလာနေသည်။ လေကြောင်းစနစ်များ၊ လေ့ကျင့်ထားသော လေယာဉ်မှူးများ၊ ခဲယမ်းများ၊ လောင်စာနှင့် လုံခြုံသော လေတပ်စခန်းများ ရရှိနိုင်မှုသည်လည်း ပြောင်းလဲနေသော အခြေအနေများတွင် ပါဝင်သည်။

သို့သော် စစ်ပွဲသည် အရေးအပါဆုံးအဆင့်ဖြစ်နိုင်သည့် အဆင့်သို့ ကူးပြောင်းနေချိန်တွင် ရလဒ်သည် အဓိကအကျဆုံးအချက် ၂ ချက်အပေါ် မူတည်နေသည်။ ဗမာလူမျိုးကြီးဝါဒ၏ ဆိုးရွားလှသော အမွေကို ယုံကြည် လက်ခံနိုင်လောက်သည်အထိ စွန့်ပစ်ရန် NUG ၏ နိုင်ငံရေးအရ ပြတ်သားမှုနှင့် ရှုံးနိမ့်မှုဖြစ်သွားစေနိုင်သည့် အောင်ပွဲရရန် အလျင်စလို လုပ်ဆောင်ခြင်းတို့ပင်ဖြစ်သည်။

( Asia Times မှ Anthony Davis ၏ Myanmar’s NUG going for broke before its time ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကို အနီးကပ်ကြည့်ရှုခြင်း

စစ်ကောင်စီ လေတပ်၏ ရက်စက်ကြမ်းကြုတ်မှု တရားခံ ဗိုလ်ချုပ်ကြီး ထွန်းအောင်

အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို

ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း

Your Thoughts …
Tags: NUGPDFတိုက်ရင် ရှုံးမည်ပြည်တွင်းစစ်မီးကုန်ယမ်းကုန်မြို့သိမ်းတိုက်ပွဲအချိန်မတိုင်မီ
Anthony Davis

Anthony Davis

Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထန်းလေးပင် ကျေးရွာရှိ ဒေသခံတို့၏နေအိမ်များ မီးရှို့ခံနေရပုံ/မုံရွာ- အမြင့်လမ်း သတင်းမှန် ပြန်ကြားရေး

မုံရွာ၊ ထန်းလေးပင်ရွာတွင် သတ်ဖြတ်ခံရသူ ၁၈ဦးတွေ့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ရင်း ၁ ၏ တပ်ရင်းမှူး ဗိုလ်လယျ်ာ /  မြိုင်ပကဖ

တော်လှန်ရေးအလုပ်က ကျနော်တို့အတွက် ပုံမှန် ယာခင်းအလုပ်လို ဖြစ်သွားပြီ

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate