မြန်မာစစ်ကောင်စီသည် နိုင်ငံတဝှမ်း ခုခံတော်လှန်စစ်များကို ချေမှုန်းရန် စစ်ဘက်နှင့် စစ်ဘက်မဟုတ်သော ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။
ထိုကြောင့် ဖြစ်ပေါ်လာသော အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများသည် ပြည်တွင်းပြည်ပ ပြည်သူများကို တုန်လှုပ်စေပြီး နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများကို ဖြစ်ပွားစေသည်။ မကြာသေးမီက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၏ ပစ်မှတ်များတွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာမှ စာသင်ကျောင်းတကျောင်းကို တိုက်ခိုက်မှုနှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင် လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) က ကျင်းပသည့် ဂီတပွဲတခုကို တိုက်ခိုက်မှုတို့ ပါဝင်သည်။
ယခင်အခါက စစ်လေယာဉ်များကို တွေ့လျှင် တိုင်းရင်းသားများ၏ နယ်စပ်ဒေသများတွင်သာ ပုန်းအောင်းကြရသည်။ ယခုအခါ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှ ပြည်သူများသည်ပင် ပုန်းအောင်းနေရသည်။
ယခင်အခါက စစ်လေယာဉ်များကို တွေ့လျှင် တိုင်းရင်းသားများ၏ နယ်စပ်ဒေသများတွင်သာ ပုန်းအောင်းကြရသည်။ ယခုအခါ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှ ပြည်သူများသည်ပင် ပုန်းအောင်းနေရသည်။
စစ်ကောင်စီတပ်များသည် လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၄၀ ခန့်ပြုလုပ်ခဲ့ပြီး အရပ်သား ၂၄၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း စင်ပြိုင် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖော်ပြသည်။
ထိုအသေအပျောက်များသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူသည် နေပြည်တော်မှ အစောင့်အကြပ် ထူထပ်စွာချထားသည့် စစ်ရုံးတွင် ရုံးထိုင်သည်။
လေတပ်အကြီးအကဲအဖြစ် ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် အညာနှင့် တိုင်းရင်းသားဒေသများကို သိမ်းကြုံး ဗုံးကြဲတိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူဖြစ်သည်။
လွန်ခဲ့သောအပတ် သောကြာနေ့က ၈၄ ကြိမ်မြောက် လေယာဉ်မှူး သင်တန်းဆင်းပွဲကို မိတ္ထီလာလေတပ် အခြေစိုက်စခန်းတွင် ပြုလုပ်သည်။ ထိုသင်တန်းဆင်းပွဲသို့ တက်ရောက်သူများတွင် အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ်တွင် လူအနည်းဆုံး ၇၅ ဦး သေဆုံးစေသည့် တိုက်ခိုက်မှုကို ပြုလုပ်သည် စစ်အရာရှိများ ပါသော်လည်း ၎င်းတို့သည် အပြစ်ရှိသည့် အမူအယာမပြပေ။
ထိုသင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောသောအခါ ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်မှူးများသည် အသက်သေသည်အထိ တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောသည်။
ထွန်းအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၉ မှ ဆင်းသူဖြစ်ပြီး မကြာသေးမီက ရာထူးမှဖြုတ်ချခံရသည့် စစ်ကောင်စီရဲချုပ် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်နှင့် အပတ်စဉ်တူသည်။
ထွန်းအောင်၏လေကြောင်းစစ်ဆင်ရေး ကျွမ်းကျင်မှုသည် သူ့ကံကြမ္မာကို အဆုံးအဖြတ်ပေးပြီး နောက်ဆုံးတွင် စစ်ကောင်စီ၏ သွေးချောင်းစီး စစ်ဆင်ရေးများတွင် အကြီးအကဲ ဖြစ်လာစေသည်။
သူ၏လေကြောင်းစစ်ဆင်ရေး ကျွမ်းကျင်မှုသည် သူ့ကံကြမ္မာကို အဆုံးအဖြတ်ပေးပြီး နောက်ဆုံးတွင် စစ်ကောင်စီ၏ သွေးချောင်းစီး စစ်ဆင်ရေးများတွင် အကြီးအကဲ ဖြစ်လာစေသည်။
၂၀၀၀ ပြည့်နှစ်များတွင် မြန်မာစစ်တပ်က ၎င်းတို့လေတပ်ကို ရုရှားလုပ် MIG 29 တိုက်လေယာဉ်များဖြင့် အင်အား ဖြည့်တင်းရန် ဆုံးဖြတ်သောအခါ လေယာဉ်မှူးများကို ယခုအခါ မြန်မာ စစ်ကောင်စီကို လက်နက် အဓိကရောင်းနေသည့် ရုရှားတွင် လေ့ကျင့်ရန်စေလွှတ်သည်။ ထိုစဉ်က ရုရှားသို့ စေလွှတ်ခံရသူများတွင် ထွန်းအောင်လည်း ပါဝင်သည်။
သူသည်လေတပ်တွင် ထိပ်တန်းလေယာဉ်မှူးအဖြစ် ကျော်ကြားပြီး အပတ်စဉ်တူသူများအနက် ပထမဆုံး ရာထူးတက်သူ ဖြစ်သည်။
သို့သော် သူသည် လေတပ်ထိပ်ဆုံးရာထူး ရရန် အချိန်ယူရသည်။
ထိုစဉ်က လေတပ်သည် နယ်စပ်မှ တိုင်းရင်းသားဒေသများကို ဗုံးကြဲနေပြီး အိမ်နီးချင်း နိုင်ငံများသို့ ဗုံးများ မကြာခဏ လွဲမှားကျရောက်သည်။
လူသိများသောဖြစ်ရပ်တခုတွင် လေတပ်စစ်ဦစီး ဗိုလ်ချုပ် လွင်ဦးသည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကို ၂၀၁၅ ခုနှစ်က ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် ဗုံးကြဲသောအခါ တရုတ်နိုင်ငံသို့ ဗုံးများ ချော်ကျသောကြောင့် ရာထူးမှ ထွက်ရသည်။ ဦးလွင်ဦးသည် လက်ရှိ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဖြစ်သည်။
ဗိုလ်ချုပ် လွင်ဦး၏နေရာကို စစ်ဦးစီးအရာရှိ (လေ) မောင်မောင်ကျော် ဆက်ခံသောအခါ ထွန်းအောင်သည် မည်သည့်စာရင်းမျှ မဝင်ပေ။
လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် အငြိမ်းစားယူသောအခါ မောင်မောင်ကျော်က ထိုနေရာကို အစားထိုး ဝင်ရောက်လာပြီး ထွန်းအောင်သည်လည်း လေတပ်စစ်ဦးစီး ဖြစ်လာသည်။
သို့သော် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် အငြိမ်းစားယူသောအခါ မောင်မောင်ကျော်က ထိုနေရာကို အစားထိုး ဝင်ရောက်လာပြီး ထွန်းအောင်သည်လည်း လေတပ်စစ်ဦးစီး ဖြစ်လာသည်။
စစ်ဦးစီးအရာရှိဆိုသည်မှာ လေတပ်တွင် ဒုတိယအကြီးဆုံး အိမ်ရှေ့မင်းသားဟု ကျော်ကြားသည်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ဗိုလ်ချုပ်ကြီး နေဝင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်၏ သားဖြစ်သည်။
ထိုဗိုလ်ချုပ်နှင့် သူ၏မိသားစုများသည် လေတပ်အတွက် လေယာဉ်အစိတ်အပိုင်းများကို တင်သွင်းခြင်းဖြင့် လွန်စွာချမ်းသာကြသည်။ ထိုလေတပ် အကြီးအကဲသည် လိင်ကိစ္စတွင် “ပလေးဘွိုင်း” ဖြစ်သည်ဟု သူ၏လက်အောက်ငယ်သားများက ပြောသည်။
“သူ့လက်အောက်ငယ်သားတွေက သူ့ကိုနောက်ကွယ်မှာ ဂျိမ်းစ်ဘွန်းလို့ ခေါ်ကြတယ်။ ဒါပေမယ့် သူက ‘တွမ်ခရုဇ်’ ဖြစ်ချင်တာ” ဟု လေတပ်အရာရှိတဦးက ဟောလိဝုဒ်တွင် ခရုဇ် သရုပ်ဆောင်ခဲ့သည့် ‘Top Gun’ ဇာတ်ကားကို ရည်ညွှန်း၍ပြောသည်။
စစ်ကောင်စီက အရပ်သားများကို နှိမ်နင်းပြီး ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်လာသောကြောင့် လက်နက်ကိုင် ခုခံမှုများသည် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုသည့် တိုင်းရင်းသား ဒေသများဖြစ်သော ကချင်၊ ကရင်၊ ကယား (ကရင်နီ) သာမက လွတ်လပ်ရေးရပြီးနောက် ကြီးမားသော ပုန်ကန်မှုမရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်းသို့ပါ ကူးစက်လာသည်။
စစ်ကောင်စီတပ်များသည် မိုင်းခွဲတိုက်ခိုက်မှုနှင့် ခြုံခိုတိုက်ခိုက်မှုများကြောင့် အပြင်းအထန် သေကြေထိခိုက် ပြီးနောက်တွင် စစ်ကောင်စီသည် လေတပ်ကို ပိုမိုအားကိုးလာသည်။ စစ်အာဏာသိမ်းမှုအပြီး တနှစ်နီးပါး ကာလအတွင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကို အမိန့်ပေးခဲ့သည်။ ဇန်နဝါရီလသို့ ရောက်သောအခါ စစ်ကောင်စီသည် အကြောင်းတစုံတရာ ထုတ်ပြန်ခြင်းမရှိဘဲ သူ့ကို အငြိမ်းစားယူခွင့်ပြုသော်လည်း အမျိုးသမီးလေယာဉ်မှူးတဦးနှင့် လိင်ကိစ္စအရှုပ်တော်ပုံ ပတ်သက်သည်ဟု ယူဆရသည်။
သူ၏ အထက်အရာရှိများဖြစ်သော လွင်ဦးနှင့် မောင်မောင်ကျော်ကို ဖြုတ်ချလိုက်သောကြောင့် ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် သွေးစွန်းနေသော ရာထူးကိုရရန် လမ်းပွင့်သွားသည်။
“ဗိုလ်ချုပ်ကြီး ထွန်းအောင်က အရင်လေတပ်ဦးစီးချုပ် (မောင်မောင်ကျော်) နဲ့ မတူဘူး။ သူက အမိန့်နာခံပြီး ဆင်ခြေမပေးတတ်ဘူး” ဟု နေပြည်တော်စစ်ရုံးမှ အရာရှိတဦးက ပြောသည်။
“ဗိုလ်ချုပ်ကြီး ထွန်းအောင်က အရင်လေတပ်ဦးစီးချုပ် (မောင်မောင်ကျော်) နဲ့ မတူဘူး။ သူက အမိန့်နာခံပြီး ဆင်ခြေမပေးတတ်ဘူး” ဟု နေပြည်တော်စစ်ရုံးမှ အရာရှိတဦးက ပြောသည်။
ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေတပ်အကြီးအကဲ မခန့်အပ်ခံရမီက စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဒါရိုက်တာတဦး ဖြစ်သည်။ သူ့ကိုခန့်အပ်ပြီး ၂ လအကြာတွင် ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့က ပိတ်ဆို့အရေးယူကြသည်။
မတ်လ တော်လှန်ရေးနေ့တွင် ကြေညာသည့် အရေးယူပိတ်ဆို့မှုအရ သူသည် နိုင်ငံတဝှမ်းမှ လေကြောင်း တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ အမိန့်ပေးမှုအောက်တွင် လေတပ်သည် မြန်မာပြည်သူများကို ရက်ရက်စက်စက် တိုက်ခိုက်သည်။ ကျွမ်းကျင်လေယာဉ်မှူးများ မောင်းနှင်သည့် စစ်လေယာဉ်များသည် အရပ်သားများကို အကြီးအကျယ် ထိခိုက်သေဆုံးစေပြီး ပိုင်ဆိုင်မှုများကို ဖျက်ဆီးရုံသာမက နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကိုလည်း ဗုံးကြဲကြသည်။
ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း မြန်မာလေတပ်သည် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင် စခန်းကို ဗုံးကြဲတိုက်ခိုက်သည်။ အခြားတိုက်ခိုက်မှုများတွင် လူအနည်းဆုံး ၁၈ ဦးသေဆုံးစေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရင်ပေါင်တိုင် ကျေးရွာကို တိုက်ခိုက်ခြင်း၊ ကလေး ၇ ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးစေသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာမှ စာသင်ကျောင်းတခုကို တိုက်ခိုက်ခြင်း၊ လူအနည်းဆုံး ၇၅ ဦးသေဆုံးစေပြီး အများအပြား ဒဏ်ရာရစေသည့် ကချင်ပြည်နယ်မှ ဂီတပွဲတခုကို ညအချိန်တွင် တိုက်ခိုက်ခြင်းနှင့် လူအနည်းဆုံး ၁၆ ဦးသေဆုံးစေသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ပြည်သူ့ အုပ်ချုပ်ရေးရုံးကို တိုက်ခိုက်ခြင်းတို့ ပါဝင်သည်။ ထိုတိုက်ခိုက်မှုများသည် ဗိုလ်ချုပ်ကြီး ထွန်းအောင် လက်အောက်မှ အမည်ဆိုးဖြင့် ကျော်ကြားသော လေကြောင်းတိုက်ခိုက်မှုများအနက် အချို့သာ ဖြစ်သည်။
လေတပ်ဖွဲ့ဝင်များသည် အဆင့်မြင့်နည်းပညာများ အသုံးပြုရသောကြောင့် ယေဘုယျအားဖြင့်ဆိုပါက ကြည်းတပ်မှ လူများထက် ပညာပိုမိုတတ်ပြီး ယဉ်ကျေးကြသည်။ သို့သော် ကျောင်းတခု၊ စစ်ရှောင်စခန်းတခုနှင့် ဂီတပွဲတခုကို လူအသေအပျောက်များစေသည့် တိုက်ခိုက်မှုများကြောင့် ထိုအယူအဆသည် မှားယွင်းကြောင်း ပြသနေသည်။
အောက်တိုဘာလအတွင်း နေ့စဉ်လေကြောင်း စီးနင်းတိုက်ခိုက်မှုများအတွင်း လူ ၁၀၀ ကျော်သေဆုံးပြီး အနည်ဆုံး ၁၃၀ ကျော် ဒဏ်ရာရကာ အိမ်အများအပြားလည်း ပျက်စီးသွားသည်။
လေတပ်ဖွဲ့ဝင်များသည် အဆင့်မြင့်နည်းပညာများ အသုံးပြုရသောကြောင့် ယေဘုယျအားဖြင့်ဆိုပါက ကြည်းတပ်မှ လူများထက် ပညာပိုမိုတတ်ပြီး ယဉ်ကျေးကြသည်။ သို့သော် ကျောင်းတခု၊ စစ်ရှောင်စခန်းတခုနှင့် ဂီတပွဲတခုကို လူအသေအပျောက်များစေသည့် တိုက်ခိုက်မှုများကြောင့် ထိုအယူအဆသည် မှားယွင်းကြောင်း ပြသနေသည်။
ပညာရပ်ဆိုင်ဆိုင်ရာ အရည်အသွေးများသည် လူသတ်သည့်ကိစ္စနှင့် မပတ်သက်သင့်ကြောင်း အငြိမ်းစား စစ်အရာရှိတဦးပြောသည်။
“တိုတိုပြောရင်တော့ သူတို့တွေက ဦးနှောက်ဆေးခံထားရတာ” ဟု အဆိုပါ အငြိမ်းစား အရာရှိက ပြောသည်။
You may also like these stories:
အငြိုးကြီးသော စစ်တပ်၏ ကချင်အပေါ် ပစ်မှတ်ထားမှု နောက်ကွယ်
မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ
တော်လှန်ရေးအင်အားစုများအတွက် ရဟတ်ယာဉ်ပစ် ဒုံးများ လိုသည်
ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ
ဘင်္ဂလားဒေ့ရှ်နယ်စပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာသံအမတ်ကို ဆင့်ခေါ်