• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အငြိုးကြီးသော စစ်တပ်၏ ကချင်အပေါ် ပစ်မှတ်ထားမှု နောက်ကွယ်

by အောင်ဇော်
31 October 2022
in သူ့အတွေး သူ့အမြင်
A A
--

--

10.1k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) တည်ထောင်ခြင်း ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အနန့်ပါ ကျေးရွာတွင် ဂီတသမားများ၊ စီးပွားရေးသမားများ၊ ကချင်ပြည်သူများနှင့် KIO အဆင့်မြင့်အရာရှိများ ပါဝင်သော အောက်တိုဘာ ၂၃ ရက်နေ့ညက ကျင်းပသည့် တေးဂီတပွဲသည် လူအသေအပျောက်များသော တိုက်ခိုက်ခံရမှုအဖြစ် အသွင်ပြောင်းသွားသည်။

တေးဂီတနှင့်အတူ ကချင်အဆိုတော် အော်ရာလီ စင်ပေါ်တက်လာချိန်တွင် အားလုံးက စိတ်လက်ပေါ့ပါးနေကြသည်။

ထို့နောက် ဂျက်တိုက်လေယာဉ်များ ရုတ်တရက် ရောက်လာပြီး တေးဂီတစင်မြင့်ပေါ်သို့ ဗုံးကြဲချလိုက်ရာ ခန္ဓာကိုယ်များ လွင့်စင်ထွက်ကုန်သည်။ သို့သော် ဂျက်တိုက်လေယာဉ်များသည် ထိုမျှဖြင့် မရပ်သေးဘဲ ထိုနေရာကို စက်သေနတ်များဖြင့် ဆက်လက်ပစ်ခတ်သည်။

အရပ်သားများကို ထိုသို့လေကြောင်းမှ တိုက်ခိုက်မှုအား စစ်ရာဇဝတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချကြသည်။ ထိုနေရာသည် KIA တပ်မဟာ ၉ ထိန်းချုပ်ဒေသ ဖားကန့်မှ ၃ မိုင်အကွာတွင် တည်ရှိသည်။

ရန်ကုန်အခြေစိုက် အနောက်နိုင်ငံ သံရုံးများက တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချသော်လည်း စစ်ကောင်စီက ထိုနေရာသည် စစ်ရေးပစ်မှတ်ဖြစ်ကြောင်း ဆင်ခြေပေးသည်။ တေးဂီတပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုသည် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီစခန်းများကို တိုက်ခိုက်မှုများအား လက်စားချေခြင်း ဖြစ်သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုတွင် ဂီတသမားများ အပါအဝင် အရပ်သားများ သေဆုံးရခြင်းကို စစ်ကောင်စီက ငြင်းဆန်ပြီး အနန့်ပါသည် KIA တပ်မဟာ ၉ ၏ စခန်းဖြစ်ကြောင်း ပြောသည်။

အနန့်ပါကျေးရွာတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီသွားသည့် အဆောက်အအုံများ

သေဆုံးသွားသူများတွင် ကချင်အရာရှိများနှင့် စစ်သားများ၊ ဂီတသမားများနှင့် ကျောက်စိမ်းလုပ်ငန်း ပိုင်ရှင်များ သာမက အခြားအရပ်သားများလည်း ပါဝင်သည်။ KIO အဖွဲ့၏ ထုတ်ပြန်ချက်အရ ထိုတိုက်ခိုက်မှုအတွင်း အရေးပါသူများအတွက် ပေးထားသော ရှေ့ဆုံးနေရာတွင် ထိုင်နေသည့် ကချင်တပ်ဖွဲ့ဝင်များနှင့် စီးပွားရေးသမား ၁၀ ဦးခန့် သေဆုံးကြောင်း သိရသည်။

ဆေးဝါးကုသမှု မရစေရန် စစ်တပ်က ပိတ်ဆို့ထားသောကြောင့် ဒဏ်ရာရသူများ ထပ်မံသေဆုံးနိုင်ပြီး ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်သည် အောက်တိုဘာ ၂၇ ရက်နေ့တွင် ၇၅ ဦးအထိ ရှိလာကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ ကနဦးထုတ်ပြန်သည့် စာရင်းများအရ တပ်မဟာ ၉ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များမှ အဆင့်မြင့်အရာရှိများ ပါဝင်ကြောင်း သိရသည်။

ထိုဗုံးကြဲတိုက်ခိုက်မှု မတိုင်မီက ကချင် စီးပွားရေးသမားများသည် ဂီတပွဲအတွက် အလွတ်သဘော ခွင့်ပြုချက်ရရန် ဒေသဆိုင်ရာ မြန်မာစစ်တပ် တပ်မှူးကို ငွေအမြောက်အများ ပေးခဲ့သည်ဟု ဆိုသည်။ ၎င်းတို့သည် ထိုငွေကို ယူသော်လည်း ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်လိုက်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.1k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
639
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.6k

သေဆုံးသွားသူများတွင် ကချင်အရာရှိများနှင့် စစ်သားများ၊ ဂီတသမားများနှင့် ကျောက်စိမ်းလုပ်ငန်း ပိုင်ရှင်များ သာမက အခြားအရပ်သားများလည်း ပါဝင်သည်။ KIO အဖွဲ့၏ ထုတ်ပြန်ချက်အရ ထိုတိုက်ခိုက်မှုအတွင်း အရေးပါသူများအတွက် ပေးထားသော ရှေ့ဆုံးနေရာတွင် ထိုင်နေသည့် ကချင်တပ်ဖွဲ့ဝင်များနှင့် စီးပွားရေးသမား ၁၀ ဦးခန့် သေဆုံးကြောင်း သိရသည်။

KIO အခမ်းအနားကို ဗုံးကြဲတိုက်ခိုက်ရန် ဆုံးဖြတ်ချက်သည် စစ်ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ထံမှ လာသည်ကို သံသယရှိရန် မလိုပေ။ ထိုဗုံးကြဲတိုက်ခိုက်မှုကို ခေါင်းဆောင်သော လေယာဉ်မှူးကို အလျင်အမြန် ရာထူးတိုးပေးခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်တပ်၏ စိတ်ဓာတ် မြင့်တက်ကောင်း မြင့်တက်သွားစေမည် ဖြစ်သည်။

ထိုဗုံးကြဲတိုက်ခိုက်မှုအတွက် စစ်ကောင်စီခေါင်းဆောင်များသည် ဈေးကြီးသော ဝီစကီပုလင်းများဖွင့်ပြီး အောင်ပွဲခံမည်ကို သံသယရှိစရာ မလိုပေ။ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်အာဏာမသိမ်းမီက ရခိုင်ပြည်နယ်တွင်လည်း အလားတူ လေကြောင်း စီးနင်းတိုက်ခိုက်မှုများကို အမိန့်ပေးခဲ့ဖူးပြီး ထိုသို့သော တိုက်ခိုက်မှုသည် ပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို ခြောက်လှန့်နိုင်သည်ဟု ယုံကြည်သူဖြစ်သည်။ သို့သော် ထိုသို့သော ဗုံးကြဲတိုက်ခိုက်မှုသည် လက်နက်ကိုင် ပဋိပက္ခကို ပိုမိုပြင်းထန်ပြီး နာကျည်းမှုများကို ပိုမို နက်ရှိုင်းစေမည်ကို စိုးရိမ်ရသည်။

KIO/KIA ကို မည်သည့်အတွက် ပစ်မှတ်ထားသနည်း

၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် တည်ထောင်သော KIO သည် သြဇာကြီးမားသော ကချင် နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး ၎င်း၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော KIA သည် ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် မြန်မာအစိုးရနှင့် စစ်တပ်ကို တိုက်ခိုက်နေသည်။

ယခင်က မကြာခဏ အပစ်အခတ်ရပ်စဲမှုများ ရှိခဲ့သော်လည်း KIA သည် စစ်တပ်ကို တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကလည်း စစ်တပ်က ဂျောင်ရန်းရှိ ကချင်ဗိုလ်သင်တန်းကျောင်းကို ပစ်ခတ်သောကြောင့် ဗိုလ်လောင်း ၂၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြသည်။ ထိုစဉ်က KIA သည် ဦးသိန်းစိန်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေသော်လည်း ထိုသို့ တိုက်ခိုက်ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်နေ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူများကို မြှုပ်နှံသဂြိုဟ်ထားစဉ်

လွန်ခဲ့သောနှစ်က အာဏာသိမ်းမှု နောက်ပိုင်းတွင် KIA သည် ကချင်ပြည်နယ်မှ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများနှင့်အတူ စစ်ဆင်ရေးများ ပြုလုပ်နေသည်။ KIO သည် ယခုနှစ်အတွင်း ပြုလုပ်နေသည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့လည်း တက်ရောက်ခြင်းမရှိဘဲ ထိုဆွေးနွေးပွဲများသည် တရားမဝင်ကြောင်း ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်များတွင် KIA သည် အင်အားအကြီးမားဆုံး၊ စနစ်အကျဆုံး၊ ဗဟိုချုပ်ကိုင်မှု အကောင်းဆုံးနှင့် နိုင်ငံရေးအသားပေးသော တပ်ဖွဲ့များအနက် တခုဖြစ်သည်။ အများစုသည် ခရစ်ယာန်များဖြစ်ပြီး ကချင်တရားဟောဆရာများသည် ကချင်ပြည်နယ်တွင် နိုင်ငံရေး သြဇာကြီးမားကြသည်။ ၎င်းတို့သည် အဖမ်းမခံရရန် ရှောင်ရှားလာသည့် တက်ကြွလှုပ်ရှားသူများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ နိုင်ငံရေး သမားများနှင့် အသက်မွေးဝမ်းကြောင်း ပညာရှင်များကိုလည်း ခိုလှုံခွင့် ပေးထားသည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကလည်း စစ်တပ်က ဂျောင်ရန်းရှိ ကချင်ဗိုလ်သင်တန်းကျောင်းကို ပစ်ခတ်သောကြောင့် ဗိုလ်လောင်း ၂၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြသည်။ ထိုစဉ်က KIA သည် ဦးသိန်းစိန်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေသော်လည်း ထိုသို့ တိုက်ခိုက်ခြင်းဖြစ်သည်။

KIA သည် စစ်မှုထမ်းလိုသည့် လူငယ်များကိုလည်း လေ့ကျင့်ပေးနေပြီး စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် ထိုလူငယ်များကို အလယ်ပိုင်း အညာဒေသများ၊ မြို့ကြီးများသို့ ပြန်လည် စေလွှတ်နေသည်။ တော်လှန်ရေး အင်အားစုများ၏ အခိုင်အမာဒေသဖြစ်သော စစ်ကိုင်းတိုင်းတွင် တက်ကြွလှုပ်ရှားသူ အများအပြားသည် KIA ထံမှ စစ်ပညာသင်ပြီးနောက် လက်နက်ငယ်များနှင့် ခဲယမ်းများ ရရှိကာ စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ စစ်အာဏာသိမ်းပြီးနောက် အသစ်ရောက်လာသည့် လူငယ်များကို စစ်ပညာ သင်ကြားပေးသလို KIA သည် စစ်ကောင်စီ တပ်များကိုလည်း ဆက်လက် တိုက်ခိုက်နေသည်။ လွန်ခဲ့သောနှစ် မေလက KIA သည် မိုးမောက်မြို့နယ်မှ လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ ရဟတ်ယာဉ် တစီးကိုလည်း ပစ်ချခဲ့သည်။

KIA သည် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့်လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်။ စင်ပြိုင်အစိုးရ၏ ခေတ္တ သမ္မတမှာလည်း ကချင်တိုင်းရင်းသား နိုင်ငံရေးသမားနှင့် ရှေ့နေ ဒူဝါ လရှီးလ ဖြစ်သည်။

KIA သည် ကချင်ပြည်နယ် နယ်နိမိတ်ကို ကျော်လွန်ကာ နိုင်ငံရေးထောက်ခံမှုနှင့် လေးစားမှု ရရှိသော အဖွဲ့အစည်းဖြစ်ပြီး ထို့ကြောင့်ပင် စစ်ကောင်စီခေါင်းဆောင်များ အငြိုးထားခြင်းဖြစ်သည်ကို သံသယ ရှိရန်မလိုပေ။

သို့သော် ထိုသို့အငြိုးထားရခြင်းအကြောင်းရင်းမှာ ထိုမျှသာ မကပေ။

မကြာသေးမီ နှစ်များအတွင်း KIA သည် ကချင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) ကို တည်ထောင်ခဲ့သည့် ရခိုင်အမျိုးသားရေးဝါဒီ အမာခံ တဒါဇင်ခန့်ကိုလည်း အကာအကွယ်ပေးကာ စစ်ရေးလေ့ကျင့်ပေးခဲ့သည်။ ယခုအခါ AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် အင်အားကြီးမားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်လာသည်။

CNN သတင်းဌာနသို့ အောက်တိုဘာလ ၂၆ ရက်နေ့က တုံ့ပြန်ပြောကြားရာတွင် စစ်ကောင်စီပြောခွင့်ရသူက အထက်ပါ ဗုံးကြဲတိုက်ခိုက်မှုသည် လိုအပ်သော စစ်ဆင်ရေးတခုဖြစ်ကြောင်း ပြောပြီး ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းသည် စစ်ကောင်စီက အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည့် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်းမှ PDFs များကို လေ့ကျင့်ပေးပြီး လက်နက်ထောက်ပံ့နေကြောင်း ပြောသည်။

KIA သည် စစ်ကောင်စီအတွက် ဆူးတချောင်းဖြစ်နေသည်။

ကချင်ပြည်နယ်တွင်းမှ KIA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

စစ်ကောင်စီသည် KIA ကို လက်စားချေလိုပြီး ယခုဗုံးကြဲတိုက်ခိုက်မှုသည် လက်တွေ့တုံ့ပြန်လိုက်ခြင်း ဖြစ်ကြောင်း မြင်နိုင်သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ကချင်နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်များကို သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ကချင်တွေနှင့်အတူ မည်သူတွေ ရပ်တည်သနည်း

နိုင်ငံတောင်ပိုင်းမှ ကရင်များက ထိုတိုက်ခိုက်မှု ရှုတ်ချပြီး စစ်ရာဇဝတ်မှုဟု သတ်မှတ်သည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကရင်တိုင်းရင်းသား လက်နက်ကိုင်များသည်လည်း ၎င်းတို့ ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီဆန့်ကျင်ရေး PDF တပ် အများအပြားကို တက်ကြွစွာထောက်ပံ့သည်။ စစ်ကောင်စီကလည်း ကျေးရွာများ၊ ဒုက္ခသည်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရန် လေယာဉ်များကို ကရင်ပြည်နယ်သို့ အကြိမ်ကြိမ် စေလွှတ်ခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ အနန့်ပါ လေကြောင်း တိုက်ခိုက်မှုသည် လူအသေအပျောက် အများဆုံးဖြစ်သည်။

KNU အပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ဟု လူသိများသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် AA တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ကလည်း ထိုဗုံးကြဲတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချသည်။

စစ်ကောင်စီသည် KIA ကို လက်စားချေလိုပြီး ယခုဗုံးကြဲတိုက်ခိုက်မှုသည် လက်တွေ့တုံ့ပြန်လိုက်ခြင်း ဖြစ်ကြောင်း မြင်နိုင်သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ကချင်နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်များကို သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ် တပ်မတော် (NDAA) တို့ကလည်း ထိုတိုက်ခိုက်မှုအတွက် ဝမ်းနည်းတုန်လှုပ်ကြောင်း နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆွေးနွေးပွဲများ ကျင်းပနေသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် EAOs တိုင်းရင်းသားအဖွဲ့အချို့ ၅ ရက်ကြာမှ ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများက ရပ်ဆိုင်းနေသော မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးရန် ဂျကာတာတွင် အထူးအစည်းအဝေး ကျင်းပရန် ရက်အနည်းငယ် အလိုတွင် ထိုသို့ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။

“ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာမှာ ထူးခြားတဲ့ တိုးတက်မှု မရှိတာကို နိုင်ငံခြားရေး ဝန်ကြီးတွေ စိုးရိမ် စိတ်ပျက်တယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီ ရက်နို မာဆူဒီက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရမယ်။ ဒီတောင်းဆိုမှုကို မြန်မာစစ်တပ်ကို ချက်ခြင်းပြောဖို့ အင်ဒိုနီးရှားက ဖော်ပြခဲ့တယ်” ဟု ရက်နိုက ပြောသည်။

ASEAN အနေဖြင့် မြန်မာတွင် ငြိမ်းချမ်းသော အဖြေ အမြန်ဆုံးရရှိရေးအတွက် ပိုမိုပြတ်သားရမည် ဖြစ်ကြောင်း ASEAN နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ သဘောတူကြောင်း ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြထားပြီး မြန်မာနိုင်ငံအခြေအနေသည် အရေးပါပြီး ထိခိုက်လွယ်ကြောင်း ပြောသည်။

ထိခိုက်လွယ်သလား

ASEAN ထိပ်သီးဆွေးနွေးပွဲများတွင် ပိတ်ပင်ခံထားရသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သနားစရာကောင်းသော ASEAN ကို လက်ခလယ် ထောင်ပြလိုက်သည်။

—

ယနေ့မြန်မာနိုင်ငံသည် ဆီးရီးယားနှင့် တူလာနေကြောင်း နိုင်ငံတွင်းမှ လူအများအပြားက ပြောသည်။ သတ်ဖြတ်မှုများ၊ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများသည် မြန်မာ တနိုင်ငံလုံးတွင် နေ့စဉ်ဖြစ်ပွားနေသည်။

ကချင်ပြည်နယ်၊ ဖားကန့်တွင် ဗုံးကြဲတိုက်ခိုက်သောကြောင့် စစ်ကောင်စီကို တိုက်ခိုက်မှုများပိုမိုပြင်းထန်လာမည် ဖြစ်သည်။

ဘုံရန်သူကို တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုစည်းရုံးသွားစေနိုင်သည်က ဆက်လက် စောင့်ကြည့်ရမည်။

ASEAN ထိပ်သီးဆွေးနွေးပွဲများတွင် ပိတ်ပင်ခံထားရသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သနားစရာကောင်းသော ASEAN ကို လက်ခလယ် ထောင်ပြလိုက်သည်။

ပွင့်လင်းရာသီထိုးစစ်သည် မကြာမီ ရက်များအတွင်း စတင်တော့မည်ဖြစ်ကြောင်း သုတေသီ အများအပြား ယူဆကြသည်။ အငြိုးကြီးသော စစ်ကောင်စီက ကချင်ဂီတပွဲတွင် ဗုံးကြဲခြင်းဖြင့် တိုက်ပွဲ စတင်ရန် ဆုံးဖြတ်ခဲ့သည်။

မေးစရာရှိသော မေးခွန်းမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို မည်သူတရားခွင် ပို့မည်နည်းဆိုသည်ပင်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းမှ Aung Zaw ၏ Myanmar’s Vengeful Regime Takes Aim at Kachin Insurgents ကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြသည်။ အောင်ဇော်သည် ဧရာဝတီ မီဒီယာကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)

You may also like these stories :

အနန့်ပါ ဗုံးကြဲခံရမှု နောက်ဆက်တွဲဖြစ်စဉ်များကို UWSA သတိထားစောင့်ကြည့်နေ

တေးဂီတပွဲ ဗုံးကြဲခံရမှုအပေါ် EAO ခေါင်းဆောင်အချို့၏ သဘောထား

ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ

KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး

Your Thoughts …
Tags: AAKIAKIOKNUNUGPDFကချင်စစ်ကောင်စီစိုးဝင်းမင်းအောင်လှိုင်လေကြောင်းတိုက်ခိုက်မှုအနန့်ပါအရပ်သားသေဆုံးမှု
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရွှေပြည်သာမြို့နယ်၊ မြန်မာပေါင်ချိန် ဖိနပ်စက်ရုံတွင် ဆန္ဒပြနေကြသည့် အလုပ်သမားများ / CJ

လုပ်ခတိုးရေး ဆန္ဒပြသည့် ခေါင်းဆောင်များ Adidas ဖိနပ်ချုပ်စက်ရုံက အလုပ်ထုတ်

ဈေးကွက်အတွင်းမှ ရွှေထည်များ  / ဧရာဝတီ

ရွှေကို သတ်မှတ်ဈေးဖြင့် ရောင်းရန် စစ်ကောင်စီ ညွှန်ကြား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved