• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်

by Andrew Nachemson
31 May 2023
in ဆောင်းပါး
A A
၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က ဘန်ကောက်တွင် ရွေးကောက်ပွဲအနိုင်ရမှု အောင်ပွဲခံနေသော Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ် / AFP

၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က ဘန်ကောက်တွင် ရွေးကောက်ပွဲအနိုင်ရမှု အောင်ပွဲခံနေသော Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ် / AFP

13.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံမှ အဓိကအတိုက်အခံပါတီ နှစ်ခုတို့သည် မေလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲများတွင် အောင်နိုင်မည်ဟု လေ့လာသူ အများအပြား ကြိုတင်ဟောကိန်းထုတ်ခဲ့ကြသော်လည်း တိုးတက်သော Move Forward ပါတီသည် လူကြိုက်များသော ဖွေထိုင်းပါတီထက် အသာရမည်ဟု မျှော်လင့်ခဲ့သူ အနည်းငယ်သာ ရှိသည်။

ဖွေထိုင်း သို့မဟုတ် ထိုပါတီ၏ ယခင်ပါတီသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း ရွေးကောက်ပွဲများတွင် နေရာအများစု နိုင်ရသည်။ သို့သော် ယခုတကြိမ်တွင် Move Forward က ဖွေထိုင်းပါတီအမာခံဒေသများကို ဖဲ့ယူကာ ၁၅၂ နေရာ အနိုင်ရပြီး ဖွေထိုင်းက ၁၄၁ နေရာသာရကြောင်း တရားဝင် ထုတ်ပြန်ရသေးခြင်း မရှိသေးသော စာရင်းများအရ သိရသည်။ ဥပမာအားဖြင့် ဆိုရပါက ချင်းမိုင်ခရိုင်တွင် Move Forward ပါတီသည် ကိုယ်စားလှယ်နေရာ ၁၀ နေရာနက် ၇ နေရာတွင် အနိုင်ရသည်။ ၂၀၁၉ ခုနှစ်တွင် ကျင်းပသည့် နောက်ဆုံးရွေးကောက်ပွဲတွင် ထိုနေရာအားလုံးကို ဖွေထိုင်းက အနိုင်ရသည်။

ရွေးကောက်ပွဲရလဒ်သည် ဖွေထိုင်းအတွက် စိတ်ပျက်စရာဖြစ်စေခဲ့သည်ဆိုလျှင် ထိုရွေးကောက်ပွဲ ရလဒ်သည် ထိုင်းနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်တတ်သည့် စစ်တပ်နှင့် ဘုရင်စနစ်ကို ဗဟိုပြုသည့် ထိုင်းရှေးရိုးစဉ်လာ အသိုက်အဝန်းအတွက်လည်း အိပ်မက်ဆိုးဖြစ်သည်။

ရွေးကောက်ပွဲရလဒ်သည် ဖွေထိုင်းအတွက် စိတ်ပျက်စရာဖြစ်စေခဲ့သည်ဆိုလျှင် ထိုရွေးကောက်ပွဲ ရလဒ်သည် ထိုင်းနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်တတ်သည့် စစ်တပ်နှင့် ဘုရင်စနစ်ကို ဗဟိုပြုသည့် ထိုင်းရှေးရိုးစဉ်လာ အသိုက်အဝန်းအတွက်လည်း အိပ်မက်ဆိုးဖြစ်သည်။

ထိုင်းလူငယ်များအကြားတွင် အရှိန်အဟုန်ရလာသော Move Forward ပါတီက ၎င်း၏ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသော ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ်ကို ထိုင်းနိုင်ငံ၏ နောက်လာမည့် ဝန်ကြီးချုပ်သစ်အဖြစ် ပထမဆုံး ခန့်အပ်လိုသည်။

အာဏာရပြီး ပထမ တနှစ်အတွက် ထိုပါတီ၏ အစီအစဉ်တွင် စစ်တပ်က ရေးဆွဲသည့် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရေးနှင့် ၂၀၁၀ ပြည့်နှစ်က ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို စစ်တပ်က သတ်ဖြတ်နှိမ်နင်းမှုကိစ္စအား စုံစမ်းစစ်ဆေးမှု ပြန်လည်စတင်ရေး ပါဝင်သည်။ Move Forward ပါတီသည် ဘုရင်စနစ်ကို ဝေဖန်ခြင်းအား ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် တော်ဝင်မိသားစုကို အကာအကွယ်ပေးသည့် ဥပဒေကိုလည်း ပြင်ဆင်ရန် ကတိပြုထားသေးသည်။

မကွာဝေးလှသေးသော အတိတ်ကာလတွင် Move Forward ပါတီ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်သည် လွန်စွာ အခြေအမြစ်ကျကျ ပြုပြင်ပြောင်းလဲလိုသော အစီအစဉ်အဖြစ် မြင်ကြမည်ဖြစ်သည်။ သို့သော် ဖွေထိုင်းပါတီ ဦးဆောင်သည့် အစိုးရကို ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချသည့် နိုင်ငံရေးတွင် စစ်တပ်က နောက်ဆုံးအကြိမ် ဝင်ရောက်စွက်ဖက်မှု နောက်ပိုင်း လုံးဝ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံရေးတွင် ပင်မရေစီး ဖြစ်လာသည်။

စစ်တပ်သည် နိုင်ငံတွင် အရေးအပါဆုံး အင်စတီကျူးရှင်းများကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သောကြောင့် စစ်တပ်သည် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းနိုင်သည့်သဘော အဓိပ္ပာယ်သက်ရောက်နေသော်လည်း ထိုသို့လုပ်လျှင် ထိုင်းနိုင်ငံကို နိုင်ငံရေးအကျပ်အတည်း ဆိုက်ရောက်စေမည်ဖြစ်သည်။ ပြည်သူများကို ထိန်းချုပ်ရန် စစ်တပ်၏ ကြိုးစားမှုသည် ဖိနှိပ်မှုနှင့် ပြည်သူ့ဆန္ဒကို စစ်တပ်က လက်ခံမှသာ ပြီးဆုံးမည့် ဆန္ဒပြပွဲများ၏ သံသရာကို ဖြစ်စေမည်ဖြစ်သည်။

အပေးအယူလုပ်နိုင်သည့် အနေအထားရှိသော်လည်း Move Forward ပါတီက ၎င်းတို့၏ အစီအစဉ်တွင် ကြီးကြီးမားမား လိုက်လျောပေးမည့် သဘောမရှိပေ။ ထိုပါတီသည် ထိပ်ဆုံးတန်းသို့ ရောက်လာခြင်းမှာ ၎င်း၏ ရှင်းလင်းပြတ်သားသော မူများကြောင့် ဖြစ်သည်။

အပေးအယူလုပ်နိုင်သည့် အနေအထားရှိသော်လည်း Move Forward ပါတီက ၎င်းတို့၏ အစီအစဉ်တွင် ကြီးကြီးမားမား လိုက်လျောပေးမည့် သဘောမရှိပေ။ ထိုပါတီသည် ထိပ်ဆုံးတန်းသို့ ရောက်လာခြင်းမှာ ၎င်း၏ ရှင်းလင်းပြတ်သားသော မူများကြောင့် ဖြစ်သည်။ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် Move Forward ပါတီသည် ခေတ်ကို စိတ်ကုန်နေသော လူငယ်များအကြားတွင်သာ မကတော့ဘဲ လူဦးရေ အလွှာအသီးသီးထံမှ ထောက်ခံမှုများ ရလာသည်။

Move Forward ပါတီ၏ ယခင်ပါတီဖြစ်သော Future Forward ပါတီသည် ၎င်း၏ ပထမဆုံး ရွေးကောက်ပွဲဖြစ်သော ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် နေရာပေါင်း တတိယအများဆုံး အနိုင်ရသည်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ထိုပါတီသည် တရားမဝင်လှူဒါန်းမှုတခုကို လက်ခံကာ ရွေးကောက်ပွဲစည်းမျဉ်း ဖောက်ဖျက်သည်ဟု ၂၀၂၀ ပြည့်နှစ်တွင် တွေ့ရှိဖျက်သိမ်းခဲ့သည်။ ထိုသို့ ဖျက်သိမ်းသောကြောင့် ကြီးမားသော ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှု ဖြစ်စေကာ စစ်တပ်နှင့် ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုကြသည်။ Future Forward ပါတီဝင်များသည် Move Forward ပါတီ အလံတော်အောက်တွင် ပြန်လည်စုစည်းကြသည်။

Move Forward ပါတီမှ မစ္စ ချွန်သီချာ ဂျန်ဂရာအောသည် ၂၀၂၀ ပြည့်နှစ်က ဆန္ဒပြပွဲများ၌ ရှေ့တန်းမှ ပါဝင်ပြီး ယနေ့တွင် ဘန်ကောက်မြို့မြောက်ဘက် တနာရီခရီးခန့်ရှိ ပထုံဌာနီ ပြည်နယ်မှ ရွေးကောက်ခံ ပါလီမန်ကိုယ်စားလှယ် ဖြစ်လာသည်။ ၂၀၁၉ ခုနှစ်တွင် Future Forward ပါတီသည် ထိုပြည်နယ်မှ နေရာ ၆ ခုအနက် တခုသာ အနိုင်ရသည်။ ယခုနှစ်တွင် Move Forward ပါတီသည် ထိုပြည်နယ်မှ နေရာ ၇ ခု အနက် ၆ နေရာတွင် အနိုင်ရသည်။

“၂၀၂၀ ပြည့်နှစ်က လူငယ်အုံကြွမှုနဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားမှုက ကျမတို့နိုင်ငံမှာ ဒီမိုကရေစီရှိဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ လူတွေကို သတိထားမိလာစေတယ်” ဟု မစ္စ ချွန်သီချာက ပြောသည်။ “သူတို့က ဆန်းသစ်တာ တွေ့ချင်တယ်” ဟုလည်း သူက ဆက်လက်ပြောကြားပြီး သူ၏ပါတီသည် စစ်တပ် ကျောထောက်နောက်ခံပြု မည်သည့်ပါတီနှင့်မှ တပ်ပေါင်းစုဖွဲ့မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရပါက စစ်တပ်ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးမည်ဟု အတိအလင်း ကတိပေးထားကြောင်းလည်း ရှင်းပြသည်။

Move Forward ပါတီသည် ယခုအခါ အကဲဆတ်သော အနေအထားသို့ ရောက်နေသည်။ ပါတီကို ချစ်မြတ်နိုးသည့် အခြေခံကို မထိခိုက်စေဘဲ အာဏာရယူရန် ကြိုးစားရမည်ဖြစ်သည်။

Move Forward ပါတီသည် ယခုအခါ အကဲဆတ်သော အနေအထားသို့ ရောက်နေသည်။ ပါတီကို ချစ်မြတ်နိုးသည့် အခြေခံကို မထိခိုက်စေဘဲ အာဏာရယူရန် ကြိုးစားရမည်ဖြစ်သည်။ ထိုပါတီသည် ပါတီငယ် တခုကို ညွန့်ပေါင်းအစိုးရအတွင်း ထည့်သွင်းမည့် ဆုံးဖြတ်ချက်ကို ရုတ်သိမ်းလိုက်ရပြီး ဖြစ်သည်။ ပါတီကို ထောက်ခံသူများအကြား ဆန့်ကျင်မှုများဖြစ်စေသည်။ တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေနှင့် ပတ်သက်သည့် သဘောထားကို Move Forward ပါတီက မရုတ်သိမ်းသေးသော်လည်း ထိုမူဝါဒကို မဟာမိတ်ပါတီများ သဘောတူရန် မလိုဟု ပြောခဲ့ရပြီးဖြစ်သည်။

ဖွေထိုင်းသည် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု အချို့သုတေသီများက ကြိုတင် ဟောကိန်းထုတ်နေသော်လည်း ဖွေထိုင်းပါတီသည် Move Forward ပါတီ၏ ညွန့်ပေါင်းအဖွဲ့သို့ အလျင်အမြန် ပူးပေါင်းကာ ၎င်းတို့ ၂ ပါတီအနေဖြင့် ကိုယ်စားလှယ် ၅၀၀ ရှိသော အောက်လွှတ်တော်တွင် အများစုအနေအထားကို ဖွဲ့စည်းလိုက်သည်။

သို့သော် စစ်တပ်က ခန့်အပ်ထားသည့် အထက်လွှတ်တော်အမတ် ၂၅၀ သည်လည်း ဝန်ကြီးချုပ် ရွေးချယ်သောအခါ မဲပေးမည်ဖြစ်ပြီး အရေအတွက်အရ ထိပ်တိုက်တွေ့စေသည်။ Move Forward ပါတီက အထက်လွှတ်တော်အမတ်များနှင့် ရှေးရိုးစဉ်လာ ပါလီမန်အမတ်များအား လက်လျှော့ပြီး မစ္စတာ ပီတကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံရန် မေတ္တာရပ်ခံနေသည်။

မဖြစ်နိုင်သည် မဟုတ်သော်လည်း ထိုကိစ္စသည် တောင်ကုန်းသိမ်း တိုက်ပွဲဖြစ်သည်။ တော်ဝင်မိသားစုကို ကာကွယ်သည့် ဥပဒေနှင့် ပတ်သက်သည့် မစ္စတာ ပီတ၏ ရပ်တည်ချက်သည် ရှေးရိုးစဉ်လာ နိုင်ငံရေးသမား အများအပြားအတွက် လက်ခံနိုင်သည့် အတွေးအခေါ်ဖြစ်သည်။

အလယ်အလတ်ဝါဒီဖြစ်ပြီး ရှုံးနိမ့်မည့် ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်နေသည့် ဒီမိုကရက်တစ်ပါတီ (DP) တွင် ထိုပြဿနာတက်နေပြီ ဖြစ်သည်။ ပါတီအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို လေးစားပြီး ပီတကို ထောက်ခံမဲပေးသင့်သည်ဟု ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တဦးက ပြောကြားနေသော်လည်း အခြားပါတီ ခေါင်းဆောင်တဦးက ထိုသို့သော ထောက်ခံမဲပေးခြင်းကို တော်ဝင်မိသားစုအား ကာကွယ်သည့် ဥပဒေကို ထိန်းသိမ်းရန် စည်းကမ်းချက်ဖြင့်သာ ထောက်ခံသင့်သည်ဟု ပြောသည်။

“အထက်လွှတ်တော်နဲ့ ပါလီမန်က မဟာမိတ်မဟုတ်တဲ့ ရှေးရိုးစဉ်လာပါတီတွေက ပီတကို ထောက်ခံမဲပေးဖို့ အလားအလာ သိပ်မများလှဘူး” ဟု မီချီဂန် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့ကျောင်းသား ကန် လောဟတီပါနောင့် က ပြောသည်။ “ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ် ပါတီတွေက သူတို့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားရပြီး အဲဒီမဲဆန္ဒရှင်တွေက Move Forward ပါတီရဲ့ မူဝါဒအများအပြားကို ဆန့်ကျင်ဖို့ များတယ်” ဟုလည်း ၎င်းကပြောသည်။

ထိုင်းရွေးကောက်ပွဲ၏ တုန်လှုပ်စရာကောင်းသော ရလဒ်သည် ထိုင်းစစ်တပ်ကို ထပ်မံ ချောင်ပိတ်မိစေသည်။ ထိုင်းစစ်တပ်တွင် စိတ်တိုင်းကျ အသုံးပြုစရာ ကိရိယာများစွာ ရှိနေသေးသော်လည်း ကောင်းမွန်သော ရွေးချယ်စရာ မရှိတော့ပေ။

မည်သို့ ဆိုစေကာမူ ထိုင်းရွေးကောက်ပွဲ၏ တုန်လှုပ်စရာကောင်းသော ရလဒ်သည် ထိုင်းစစ်တပ်ကို ထပ်မံ ချောင်ပိတ်မိစေသည်။ ထိုင်းစစ်တပ်တွင် စိတ်တိုင်းကျ အသုံးပြုစရာ ကိရိယာများစွာ ရှိနေသေးသော်လည်း ကောင်းမွန်သော ရွေးချယ်စရာ မရှိတော့ပေ။

မစ္စ ပေတောင်တန် ရှင်နာဝပ်နှင့် မစ္စတာ ပီတ လင်ဂျာရွန်ရတ် / AFP

လက်ရှိ နိုင်ငံရေးအသိုင်အဝန်းက မစ္စတာ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ်မှ အထက်လွှတ်တော်တွင် ဝိုင်းဝန်းပိတ်ဆို့နိုင်သည်။ ရွေးကောက်ပွဲကော်မရှင်မှတဆင့် ထိုပါတီ ကိုယ်စားလှယ်လောင်းများသည် အရည်အချင်းမမီဟု ပြောနိုင်သည်။ Move Forward ပါတီကို ဖျက်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို အသုံးပြုနိုင်သည်။ နောက်တကြိမ်ပင် အာဏာသိမ်းနိုင်သည်။

သို့သော် ထိုလုပ်ရပ်များအားလုံးသည် တခုတည်းသော ရလဒ်ကိုသာ ဖြစ်စေနိုင်သည်။ ထိုရလဒ်မှာ နိုင်ငံရေးအကျပ်အတည်းတခုနှင့် လမ်းမပေါ်ထွက် ဆန္ဒပြပွဲများ ဖြစ်စေကာ အထူးသဖြင့် Move Forward ပါတီက ကိုယ်စားလှယ်နေရာ ၃၃ နေရာအနက် ၃၂ နေရာ အနိုင်ရသည့် ဘန်ကောက်တွင် ဖြစ်သည်။ “လမ်းမတွေကသာ တခုတည်းသော ထွက်ပေါက်ဖြစ်လာမယ်” ဟု အသက် ၁၈ နှစ်ရှိပြီဖြစ်သော ဆန္ဒပြသူနှင့် ပထမဆုံးအကြိမ် မဲပေးသူ ဆိုင်နမ်က ပြောသည်။

ထိုင်းစစ်တပ်သည် ၎င်း၏ အဓိကပြဿနာကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။ ထိုင်းနိုင်ငံသည် စစ်အုပ်ချုပ်ရေးကို ငြင်းပယ်နေပြီဖြစ်ပြီး အဓိကအတိုက်အခံသည် ငယ်ရွယ်ပြီး အပေးအယူမလုပ်ဘဲ ကောင်းစွာဖွဲ့စည်းထားကာ ရွေးကောက်ပွဲအောင်နိုင်မှုဖြင့် ရလာသည့် တရားဝင်မှုပင် ရှိနေပြီဖြစ်သည်။

Move Forward ပါတီ အစိုးရမဖွဲ့နိုင်ပါက ဖွေထိုင်းသည် ဒုတိယမြောက် အများဆုံးအနိုင်ရသည့် ပါတီဖြစ်သောကြောင့် ၎င်း၏ သီးခြားညွန့်ပေါင်းအစိုးရကို ဖွဲ့နိုင်သည်။ ထိုသို့ ဖြစ်လာပါက ဖွေထိုင်းပါတီ ဝန်ကြီးချုပ်လောင်း မစ္စ ပေတောင်တန် ရှင်နာဝပ်သည် မီးမောင်းအောက်သို့ ပြန်လည် ရောက်ရှိလာမည်ဖြစ်သည်။

အခြား ဖြစ်နိုင်ခြေတခုလည်း ရှိနိုင်ပါသည်။ Move Forward ပါတီ အစိုးရမဖွဲ့နိုင်ပါက ဖွေထိုင်းသည် ဒုတိယမြောက် အများဆုံးအနိုင်ရသည့် ပါတီဖြစ်သောကြောင့် ၎င်း၏ သီးခြားညွန့်ပေါင်းအစိုးရကို ဖွဲ့နိုင်သည်။ ထိုသို့ ဖြစ်လာပါက ဖွေထိုင်းပါတီ ဝန်ကြီးချုပ်လောင်း မစ္စ ပေတောင်တန် ရှင်နာဝပ်သည် မီးမောင်းအောက်သို့ ပြန်လည် ရောက်ရှိလာမည်ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချခံရသည့် ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်၏ သမီး၊ ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချခံရသော ဝန်ကြီးချုပ်ဟောင်း မစ္စ ယဉ်လတ် ရှင်နာဝပ်၏ တူမ၊ အသက် ၃၆ နှစ်အရွယ် မစ္စ ပေတောင်တန် ရှင်နာဝပ်သည် ထိုင်းနိုင်ငံတွင် သြဇာအကြီးမားဆုံး မိသားစု၏ အရိုက်အရာဆက်ခံသူ ဖြစ်လာသည်။

အထက်လွှတ်တော်က Move Forward ကို ပိတ်ဆို့လျှင် မစ္စ ပေတောင်တန်သည် ဝန်ကြီးချုပ်ဖြစ်နိုင်သည့် နည်းလမ်း နှစ်ခုရှိသည်။ ဖွေထိုင်းသည် ပိုမိုရှေးရိုးစဉ်လာဆန်သော ကွန်ဆာဗေးတစ်ပါတီများနှင့် ညွန့်ပေါင်းဖွဲ့နိုင်သော်လည်း ဖြစ်နိုင်ခြေနည်းသည်။ ထိုသို့လုပ်လျှင် ဖွေထိုင်းပါတီ၏ ထိခိုက်နေပြီးဖြစ်သော ထောက်ခံမှုများကို ထပ်မံထိခိုက်နိုင်ပြီး Move Forward ပါတီထောက်ခံသူများ၏ လမ်းမပေါ် ဆန္ဒပြပွဲများကို တားဆီးရန် မည်သို့မှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

အခြားတနည်းမှာ မစ္စတာ ပီတ၏ ပိုမို အခြေအမြစ်ကျကျ ပြောင်းလဲလိုသော အမြင်များကြောင့် မစ္စ ပေတောင်တန်ကို ရှေးရိုးစဉ်လာ ကွန်ဆာဗေးတစ် အသိုက်အဝန်းအနေဖြင့် ပိုမိုလက်ခံနိုင်ဖွယ်ရှိစေသည်။ ထိုင်းအထက်လွှတ်တော်သည် အပေးအယူအဖြစ် ဖွေထိုင်းနှင့် Move Forward ကို ညွန့်ပေါင်းအဖြစ် ဆက်လက်ထားရှိပြီး မစ္စ ပေတောင်တန်ကို ဝန်ကြီးချုပ် လုပ်စေနိုင်သည်။

“အထက်လွှတ်တော်က ဖွေထိုင်း ဝန်ကြီးချုပ်လောင်းကို ဆန့်ကျင်တယ်လို့ မပြသသေးဘူး” ဟု လောဟတီပါနောင့်က ပြောသည်။

စစ်တပ်က Move Forward နှင့် ဖွေထိုင်းကို အစိုးရဖွဲ့ခြင်းမှ တားဆီးခဲ့ပါက အကျပ်အတည်းဖြစ်မည်ဟု အာမခံခြင်းဖြစ်သည်။ အထက်လွှတ်တော်သည် လူနည်းစုအစိုးရဖွဲ့စည်းရန် အတင်းအကျပ် လုပ်နိုင်သော်လည်း အယုံအကြည်မရှိ အဆို တင်သွင်းသောအခါ အောက်လွှတ်တော် ကိုယ်စားလှယ်အများစု၏ ထောက်ခံမဲသာ လိုသည်။ Move Forward နှင့် ဖွေထိုင်းသည် စစ်တပ်ကျောထောက်နောက်ခံပြု ဝန်ကြီးချုပ်ကို အလွယ်တကူ ဖယ်ရှားနိုင်သောကြောင့် အစိုးရသည် မရေမရာဖြစ်နေသည်။

ဖွေထိုင်းဦးဆောင်သည့် Move Forward ပါတီနှင့် ညွန့်ပေါင်းအဖွဲ့သည် Move Forward ပါတီကို ထောက်ခံသည့် တိုးတက်သောသူ အများအပြားကို စိတ်ပျက်စေမည်ဖြစ်သော်လည်း ထိုရလဒ်သည် စစ်တပ်ဦးဆောင်သော အစိုးရကို ဆန့်ကျင်သည့် လွန်ခဲ့သော ကိုးနှစ်အတွင်း တိုးတက်မှုအဖြစ် လက်ခံကောင်း လက်ခံနိုင်သည်။

ဖွေထိုင်းဦးဆောင်သည့် Move Forward ပါတီနှင့် ညွန့်ပေါင်းအဖွဲ့သည် Move Forward ပါတီကို ထောက်ခံသည့် တိုးတက်သောသူ အများအပြားကို စိတ်ပျက်စေမည်ဖြစ်သော်လည်း ထိုရလဒ်သည် စစ်တပ်ဦးဆောင်သော အစိုးရကို ဆန့်ကျင်သည့် လွန်ခဲ့သော ကိုးနှစ်အတွင်း တိုးတက်မှုအဖြစ် လက်ခံကောင်း လက်ခံနိုင်သည်။

ထိုင်းစစ်တပ်၏ အခက်အခဲအတွက် မည်သူမှ မျှော်လင့်မထားသည်များ ရှိနေသည်။ ထိုင်းစစ်တပ်သည် ရှင်နာဝပ်မိသားစု အာဏာမချုပ်ကိုင်ရေး ကိစ္စတခုတည်းအတွက် အာဏာ နှစ်ကြိမ်သိမ်းပြီး ထိုင်းနိုင်ငံတွင် နိုင်ငံရေးဖရိုဖရဲဖြစ်မှု ၁၇ နှစ်ကာလကို ပေါ်ပေါက်စေခဲ့သည်။ ယခုအခါ ထိုင်းဗိုလ်ချုပ်များသည် Move Forward ၏ ပိုမိုနက်ရှိုင်းသော အပြောင်းအလဲများကို ရှောင်ရှားရန် မျှော်လင့်ချက်အဖြစ် ဖွေထိုင်းကို ရှုမြင်ကြပြန်သည်။

ထိုင်းစစ်တပ်သည် ၎င်း၏ အာဏာအပေါ် အတန်အသင့် ထိန်းကွပ်မှုကိုပင် ငြင်းဆန်ပြီး ၎င်းတို့အကျိုးစီးပွားကို ပိုမိုထိခိုက်စေမည့် လှုပ်ရှားမှုကိုပင် ဖြစ်စေခဲ့ပြီ။ ယခုအချိန် ထိုင်းဗိုလ်ချုပ်များအနေဖြင့် ဆုံးရှုံးမှုများကို ရပ်ဆိုင်းဖြတ်တောက်ပြီး ဒီမိုကရေစီလုပ်ငန်းစဉ် ကို လေ့ကျင့်လိုက်သင့်ပေသည်။

(Foreign Policy ပါ Andrew Nachemson ၏ Thailand’s Military Has No Good Options ကို ဘာသာပြန်သည်။ အင်ဒရူး နာချမ်ဆန်သည် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် အရှေ့တောင်အာရှမှ တရုတ် ဖြစ်ပေါ်တိုးတက်မှုများကို ရေးသားသည့် သတင်းသမားဖြစ်သည်။)

You may also like these stories:

ဘီယာဈေးကွက်လက်ဝါးကြီးအုပ်မှု ဖြေလျှော့ရန် ထိုင်းလွှတ်တော်အမတ် ကြံစည်ထား

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
38
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
59

Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့

ထိုင်းအစိုးရ ဖွဲ့နိုင်ရေး မဟာမိတ်ဖွဲ့မည့် အစီအစဉ် ပီတ ကြေညာ

Move Forward ပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရဖွဲ့ရေးက ဆပ်ပြာပူဖောင်းလား

အတိုက်အခံများ ထိုင်းရွေးကောက်ပွဲနိုင်၊ စစ်တပ်ကို စိန်ခေါ်မှုဖြစ်လာ

Your Thoughts …
Tags: Move Forward ပါတီစစ်အာဏာသိမ်းမှုညွန့်ပေါင်းအစိုးရတော်ဝင်မိသားစုထိုင်းထိုင်းစစ်တပ်ပေတောင်တန် ရှင်နာဝပ်ဖွေထိုင်းပါတီဖွဲ့စည်းပုံအခြေခံဥပဒေဘုရင်စနစ်ရွေးကောက်ပွဲရွေးကောက်ပွဲကော်မရှင်ဝန်ကြီးချုပ်ရာထူး
Andrew Nachemson

Andrew Nachemson

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
အမေရိကန် တဒေါ်လာ ပြင်ပပေါက်ဈေး ၃၀၀၀ ရောက်ပြီ / AFP

တဒေါ်လာ ၃၀၀၀ ဖြစ်လာရခြင်း နောက်ကွယ်

၂၀၁၉ ခုနှစ် စစ်ဆန့်ကျင်ဆန္ဒပြသူတဦးကို ရုံးထုတ်လာစဉ်။  စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုခွင့် ပျောက်ဆုံးလျက်ရှိသည် / AFP

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မဲ့နေကြောင်း ဗျူဟာ အဖမ်းခံရမှုက နောက်ဆုံးသက်သေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved