• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အင်ဂျင်တပ်လေထီးများနှင့် စစ်ကောင်စီ တိုက်ခိုက်လာ

by စွယ်တော်
28 January 2025
in ဆောင်းပါး
A A
အင်ဂျင်တပ်လေထီးများနှင့် စစ်ကောင်စီ တိုက်ခိုက်လာ

အမေရိကန် မရိန်းတပ်သားများ အင်ဂျင်တပ်လေထီးများဖြင့် လေ့ကျင့်နေကြစဉ်/ Jamie Hunter

7.3k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများတွင် Paramotor (သို့မဟုတ်) Paraglider တနည်းအားဖြင့် အင်ဂျင်တပ်လေထီးများ ထုတ်သုံးလာသည်ကို တွေ့လာရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှောင်းပိုင်းနှင့် ယခုနှစ်၏ နှစ်ဆန်းပိုင်းကာလများတွင် စတင်၍သုံးစွဲလာခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က လေယာဉ်အသုံးပြုမှု လျှော့ချရေးအတွက် အခုကဲ့သို့ အင်ဂျင်တပ်လေထီးများကို ထုတ်သုံးလာခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိသည်။ ဖြစ်နိုင်ခြေများသည်ဟု ပြောရမည် ဖြစ်သည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဘက်က မြေပြင်တပ်များကို အသုံးပြုရန် ခက်ခဲလာသဖြင့် တိုက်ခိုက်ရေးသာမက သယ်ယူပို့ဆောင်ရေးအတွက်ပါ လေကြောင်းကို အဓိကထား အသုံးပြုနေရသည်။ ထို့ကြောင့်လည်း အသုံးများသည့် လေယာဉ်၊ ရဟတ်ယာဉ်အချို့ ပျက်ကျသည့်ဖြစ်စဉ်များ ရှိလာခဲ့သည်။

သတ်မှတ် ပျံသန်းချိန် ပြည့်သွားသဖြင့် စစ်ဆေးပြုပြင်ရမည့် လေယာဉ်၊ ရဟတ်ယာဉ်များလည်း အများအပြား ရှိလာခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်ရေး လေယာဉ်၊ ရဟတ်ယာဉ်များနေရာတွင် ဒရုန်းယာဉ်များ အပြင် အင်ဂျင်တပ်လေထီးများကို အစားထိုး အသုံးပြုလာခြင်းလည်း ဖြစ်သည်။

ထို့အတူ သတ်မှတ် ပျံသန်းချိန် ပြည့်သွားသဖြင့် စစ်ဆေးပြုပြင်ရမည့် လေယာဉ်၊ ရဟတ်ယာဉ်များလည်း အများအပြား ရှိလာခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်ရေး လေယာဉ်၊ ရဟတ်ယာဉ်များနေရာတွင် ဒရုန်းယာဉ်များ အပြင် အင်ဂျင်တပ်လေထီးများကို အစားထိုး အသုံးပြုလာခြင်းလည်း ဖြစ်သည်။

လေကြောင်း အရေးသာမှု ရှိပါသည်ဆိုသည့် စစ်ကောင်စီသည် တော်လှန်ရေးကာလတလျှောက်တွင် တော်လှန်ရေးအင်အားစုများ၏ ဒရုန်းတိုက်ခိုက်မှုများတွင် မရှုမလှ ရှုံးနိမ့်ခဲ့ရသည်။ တရုတ်လုပ် ဒရုန်းတားဆီးရေး (Drone Guard) နှင့် ဒရုန်းသေနတ်စနစ် (Drone Gun System) များသည်လည်း စစ်ကောင်စီအတွက် ငွေကုန်သည်ကလွဲလျှင် အကာအကွယ်မဖြစ်ခဲ့ပေ။

ရှမ်းမြောက်၊ ရခိုင်၊ ကချင်နှင့် ကရင်ဒေသများတွင် ဒရုန်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ အနေဖြင့် နယ်မြေများစွာ လက်လွှတ်ခဲ့ရသည်။ ထို့ကြောင့် ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းကာလအတွင်း သွားရောက်ခွင့်ရခဲ့သည့် တရုတ်ခရီးစဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒရုန်း ထုတ်လုပ်သည့်စက်ရုံကို သွားရောက်ခဲ့သည်။ သွားရောက်ခဲ့သည့် အခြေအနေများကိုလည်း စစ်ကောင်စီဘက်က တခမ်းတနား ဝေဝေဆာဆာ ထုတ်ပြန်ခဲ့သည်။ ဝါဒဖြန့်ချိရေးအရ လက်အောက်ကို ဒရုန်းများ ဝယ်တော့မည်ဟု ပြောချင်သည့် သဘောပင် ဖြစ်သည်။

သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်က ပြန်လာပြီး မကြာမီတွင် ဒရုန်းအသစ်များ အသုံးပြုမှုထက် အင်ဂျင်တပ်လေထီးများကို စစ်ကောင်စီက စမ်းသပ် အသုံးပြုလာသည်ကို တွေ့ရသည်။

ထိုအင်ဂျင်တပ်လေထီးများကို သသနဟုခေါ်သည့် တပ်မတော် သိပ္ပံနှင့်နည်းပညာ သုတေသနဌာနချုပ်နှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး (ကက-ထုတ်) လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များတွင် တီထွင်သည်ဟု ယူဆရပြီး မှော်ဘီ လေထီးသင်တန်းကျောင်းက သင်တန်းနည်းပြများနှင့် စမ်းသပ်အသုံးပြုလာသည်ဟု သိရသည်။

မှတ်မိသလောက် အင်ဂျင်တပ်လေထီးများကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် စတင် သုံးစွဲလာသည်မှာ ခရီးသွားကဏ္ဍအတွက် ဖြစ်သည်ဟု ထင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ ဦးပိန်တံတားအနီးတွင် ထိုင်းအခြေစိုက် ASEAN Paramotoring Club (FLY ASEAN) နှင့် မြန်မာနိုင်ငံ လေထီးခုန်အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အင်ဂျင်တပ်လေထီးအဖွဲ့ လိုက်စီးနင်းကာ အစမ်း လေ့ကျင့်ပျံသန်းမှုကို ကျင်းပပြုလုပ်ခဲ့သည်ကို သတိထားမိသည်။

ခရီးသွားကဏ္ဍအတွက် အသုံးပြုခဲ့သည့် အင်ဂျင်တပ်လေထီးများကို အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအနေဖြင့် ဗုံးကြဲတိုက်ခိုက်ရန်အတွက် အသုံးပြုလာခြင်းဖြစ်သည်။

ထိုသို့ ခရီးသွားကဏ္ဍအတွက် အသုံးပြုခဲ့သည့် အင်ဂျင်တပ်လေထီးများကို အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအနေဖြင့် ဗုံးကြဲတိုက်ခိုက်ရန်အတွက် အသုံးပြုလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်နှင့် ထိုင်းအခြေစိုက် ASEAN Paramotoring Club ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၀ရက်နေ့က ဂုတ်ထိပ် တံတားပေါ်မှ ဖြတ်၍ အင်ဂျင်တပ်လေထီး စီးနင်းစဉ် / Ko Pho Lone Facebook

ဖြစ်စဉ်များကို ပြန်ကြည့်သည့်အခါ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ သားကျင်ရွာကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် တောင်သာမြို့နယ်၊ ကျောင်းကုန်းရွာ အနီး၌ရှိသည့် တပ်ရင်း ၃ ဌာနအနီးကိုလည်းကောင်း၊ ဇန်နဝါရီလ ၃ ရက် ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကိုလည်းကောင်း၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွှေစည်ကြီးရွာကိုလည်းကောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် သံဘို၊ သန်းတန်းရွာကိုလည်းကောင်း အင်ဂျင်တပ်လေထီးများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ထိုကဲ့သို့ အင်ဂျင်တပ်လေထီးများဖြင့် တိုက်ခိုက်မှုများသည် လေ့လာကြည့်သည့်အခါ ပြည်သူများ နေထိုင်ရာ လူနေအဆောက်အဦ နေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။ တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူများ၊ တိရစ္ဆာန်များ ထိခိုက်သေဆုံးခဲ့ပြီး လူနေအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည်။ ထို့ကြောင့် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်အတွက် အင်ဂျင်တပ်လေထီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးချ တိုက်ခိုက်ခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုအင်ဂျင်တပ်လေထီး အများစုသည် မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းဘက်မှ တက်လာခဲ့ခြင်းဖြစ်ပြီး တခါ တက်လာပါက နှစ်စီး သို့မဟုတ် သုံးစီးခန့် ပါရှိကြောင်း သိရသည်။ ဖြစ်စဉ်သတင်းများအား လေ့လာကြည့်သည့်အခါတွင် အင်ဂျင်တပ်လေထီးများ ပျံသန်းလာသည့်အခါ အဝေးမှ အသံကြားနိုင်ခြင်း၊ တစီးလျှင် ဗုံး လေးလုံးခန့်သာ သယ်ဆောင်နိုင်ခြင်း၊ လေတိုက်နှုန်းမြင့်ချိန်နှင့် မိုးရွာသွန်းချိန်တွင် ပျံသန်းနိုင်ရန် အခက်အခဲရှိခြင်းနှင့် ပျံသန်းသည့်အရှိန် နှေးသဖြင့် လက်လှမ်းမီသည့် လက်နက်ဖြင့် မြေပြင်မှ အလွယ်တကူ ပစ်ချနိုင်ခြင်းစသည့်အချက်တို့ကို တွေ့ရသည်။

ထိုအင်ဂျင်တပ်လေထီးများကို ယခုအခါ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စမ်းသပ် အသုံးပြုခဲ့ပြီးနောက် ပဲခူးတိုင်း အနောက်ခြမ်းနှင့် ဧရာဝတီဘက်တွင် အသုံးပြုရန် စစ်ကောင်စီဘက်က ပြင်ဆင်နေကြောင်း တွေ့ရသည်။ ထိုဒေသ နှစ်ခုလုံးသည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ရှိနေသည့်နေရာများ ဖြစ်ကြသည်။

ဒေသတွင်းသတင်းများအရ မကွေးတိုင်းရှိ သရက်နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ပန်းတောင်းတို့တွင်ရှိသည့် ကပစ စက်ရုံများတွင် အင်ဂျင်တပ်လေထီးများကို စမ်းသပ်ထုတ်လုပ်နေကြောင်း သိရသည်။

ဒေသတွင်းသတင်းများအရ မကွေးတိုင်းရှိ သရက်နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ပန်းတောင်းတို့တွင်ရှိသည့် ကပစ စက်ရုံများတွင် အင်ဂျင်တပ်လေထီးများကို စမ်းသပ်ထုတ်လုပ်နေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလလယ်တွင် သရက်ရှိ ကပစ စက်ရုံဘက်မှ မိုးကာများ အုပ်ထားသည့် ပစ္စည်းများ တင်ဆောင်ထားသည့် စစ်ယာဉ်တန်းများသည် ပဲခူးအနောက်ခြမ်းရှိ ကပစ စက်ရုံများသို့ ရောက်ရှိလာခဲ့ကြောင်း၊ ကပစ ၃ ဆင်တဲ နှင့် ကပစ ၉ ဥသျှစ်ပင်တို့တွင်လည်း အင်ဂျင်တပ်လေထီး စမ်းသပ် လေ့ကျင့် ပျံသန်းမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို အင်ဂျင်တပ်လေထီး ပျံသန်းမှုများတွင် ဥသျှစ်ပင်မြို့ဘက်မှ ရခိုင်-ပဲခူးအစပ်ရှိ မိုးထိနယ်ခြားဘက်ကို ပျံသန်းမှုများလည်း ပါဝင်ကြောင်း သိရသည်။ ထိုမျှမက AA ၏ ထိုးစစ် စတင်ဝင်ရောက်နေသည့် ဧရာဝတီတိုင်းအတွင်းရှိ ကျုံပျော်မြို့တွင်လည်း အင်ဂျင်တပ်လေထီး လေ့ကျင့် ပျံသန်းမှုများရှိနေကြောင်း တွေ့ရသည်။

ထို့ကြောင့် စစ်ကောင်စီသည် နိုင်ငံအလယ်ပိုင်းတွင် ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ထိတ်လန့်ကြောက်ရွံ့စေရန် အသုံးပြုတိုက်ခိုက်ခဲ့သည့် အင်ဂျင်တပ်လေထီးများကို AA ၏ ထိုးစစ် ဦးတည်ရာအရပ်များတွင် အသုံးပြုလာနေကြောင်း တွေ့ရသည်။ အထူးသဖြင့် AA ထိုးစစ် ရောက်ရှိနေပြီဖြစ်သည့် ဧရာဝတီတိုင်းနှင့် ထိုးစစ် ဝင်ရောက်လုဆဲ ပဲခူးတိုင်း အနောက်ဘက်ခြမ်းတို့တွင် ခံစစ်ဆင်ရာ၌ အင်ဂျင်တပ်လေထီးများကို ပူးတွဲ အသုံးပြုလာဖွယ် ရှိနေသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ စစ်ကောင်စီ၏ အင်ဂျင်တပ်လေထီးများနှင့် ပတ်သက်၍ အကြံပေးမှုများကိုလည်း တွေ့လာရသည်။ အင်ဂျင်တပ်လေထီးများသည် ရာသီဥတု ကောင်းမွန်ချိန်များတွင်သာ အသုံးပြုနိုင်ကြောင်း၊ မောင်းနှင်သူ တဦးသာ လိုက်ပါနိုင်ကြောင်း၊ စစ်ကောင်စီက ကင်းထောက်ရန်နှင့် ဗုံးချတိုက်ခိုက်ရန်အတွက် အသုံးပြုနေကြောင်းနှင့် စက်လက်ကဲ့သို့သော လက်နက်များနှင့် မြေပြင်မှ ပစ်ခတ်၍ ကာကွယ်နှိမ်နင်းနိုင်ကြောင်း ရေးသား ဖော်ပြထားကြသည်ကို တွေ့ရသည်။

အနှေးယာဉ်ဖြစ်ခြင်း၊ လေတိုက်နှုန်းကြောင့် အမြင့်ပေမြင့်မြင့်တွင် မပျံသန်းနိုင်ခြင်း၊ အသံကျယ်ခြင်း၊ လေလံသော ဗုံးသီးများ မသယ်ဆောင်နိုင်ခြင်း စသည့် အားနည်းချက်များ ရှိသည်။

အနှေးယာဉ်ဖြစ်ခြင်း၊ လေတိုက်နှုန်းကြောင့် အမြင့်ပေမြင့်မြင့်တွင် မပျံသန်းနိုင်ခြင်း၊ အသံကျယ်ခြင်း၊ လေလံသော ဗုံးသီးများ မသယ်ဆောင်နိုင်ခြင်း စသည့် အားနည်းချက်များ ရှိသည်။ သို့သော်လည်း ကာကွယ်ရေးအဖွဲ့များက လတ်တလောတွင် ပစ်ချနိုင်ခြင်း မရှိသေးကြောင်း တောင်သာ ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကလေးငယ်များအပါအဝင် စုစုပေါင်း ငါးဦးသေဆုံးခဲ့သည့် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ သားကျင်ရွာကို လေကြောင်းတိုက်ခိုက်မှုတွင်လည်း အင်ဂျင်တပ်လေထီး သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တချို့က ပြောသည်။

ဇန်နဝါရီလ ၃ ရက်ညက စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာကို အင်ဂျင်တပ်လေထီးသုံး တိုက်ခိုက်သလို လေတပ်ကလည်း လာရောက် တိုက်ခိုက်သဖြင့် အမျိုးသမီး တဦး၊ အမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် အိမ်ခြေ ၂၀ ခန့် ပျက်စီးခဲ့သည်။ အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးခဲ့သည်ဟု စစ်ကိုင်းမြို့နယ်ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျောင်းကုန်းရွာအနီးကို စစ်ကောင်စီတပ်က အင်ဂျင်တပ်လေထီးများဖြင့် ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောထားသည်။ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် တောင်သာမြို့နယ်၊ ကျောင်းကုန်းရွာအနီးကို စစ်တပ်က အင်ဂျင်တပ်လေထီးများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိခိုက်မှုများသည့် ဖြစ်စဉ်မှာ တတိယအကြိမ် တိုက်ခိုက်သည့် ဖြစ်စဉ်ဖြစ်သည်။ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ၊ မိနစ် ၂၀ ခန့်တွင် တောင်သာမြို့နယ်၊ ရွှေစည်ကြီးရွာရှိ ပြည်သူ့နေအိမ်များကို မိတ္ထီလာဘက်မှ တက်လာသည့် စစ်ကောင်စီ အင်ဂျင်တပ်လေထီး သုံးစီးက ဗုံးသီးများ ပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို တိုက်ခိုက်မှုကြောင့် အမျိုးသမီး တဦး သေဆုံးခဲ့ပြီး သူ၏ ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နွား နှစ်ကောင် သေဆုံးခဲ့ပြီး နှစ်ကောင်လည်း ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီ၏ အင်ဂျင်တပ်လေထီး သုံးစီးသည် မိတ္ထီလာဘက်မှ တက်လာခဲ့ခြင်းဖြစ်ပြီး ရွှေစည်ကြီးရွာရှိ ပြည်သူများ၏နေအိမ်ပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အလယ်ပိုင်းဒေသများတွင် စမ်းသပ်အသုံးပြုခဲ့သည့် အင်ဂျင်တပ်လေထီးများသည် ပဲခူးအနောက်ခြမ်းဘက်သို့ ရွှေ့လာခြင်းလည်းဖြစ်၏။ AA နှင့် တော်လှန်ရေးအင်အားစုများ ရခိုင်ဘက်မှ ပဲခူးတိုင်းဘက်သို့ ဝင်လာမည့် ထိုးစစ်ကို ခုခံရန် ကြိုတင် ပြင်ဆင်နေသည့်အနေဖြင့် ပဲခူးတိုင်းဘက်သို့ အင်ဂျင်တပ်လေထီး အသုံးပြုရန် စစ်ကောင်စီက ဆောင်ရွက်နေခြင်း ဖြစ်သည်။

အင်ဂျင်တပ်လေထီးများ ကို လေငြိမ်သည့် ဆောင်းရာသီနှင့် နွေရာသီများတွင်သာ အသုံးပြုနိုင်သည့်အတွက်ကြောင့် အခုလာမည့် နွေရာသီတွင် ပဲခူးတိုင်းအနောက်ခြမ်း ခံစစ်တွင် အသုံးပြုရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

အင်ဂျင်တပ်လေထီးများ ကို လေငြိမ်သည့် ဆောင်းရာသီနှင့် နွေရာသီများတွင်သာ အသုံးပြုနိုင်သည့်အတွက်ကြောင့် အခုလာမည့် နွေရာသီတွင် ပဲခူးတိုင်းအနောက်ခြမ်း ခံစစ်တွင် အသုံးပြုရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်သည် မန္တလေးတိုင်း၊ မိတ္ထီလာ (ရှမ်းတဲ) လေတပ်စခန်းဌာနချုပ်နဲ့ မိုင် ၁၀၀ ဝန်းကျင်တွင်ရှိသည့် မြင်းခြံ၊ တောင်သာနှင့် ငါန်းဇွန်မြို့နယ်များထဲသို့ အင်ဂျင်တပ်လေထီး သုံးပြီး ဗုံးကြဲမှုများ လုပ်လာကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က ဘီဘီစီ သတင်းဌာနကို ပြောသည်။

ဇန်နဝါရီ ၁၉ ရက်၊ နံနက်အစောပိုင်းတွင်လည်း မိတ္ထီလာလေတပ်နှင့် ၃၉ မိုင်အကွာရှိ တောင်သာမြို့နယ် အပိုင် သံဘို၊ သန်းတန်းရွာကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးလာကြဲသွားကြောင်း၊ ထိခိုက်သေဆုံးမှု မရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ခရစ္စမတ်နေ့တွင် အင်ဂျင်တပ်လေထီးဖြင့် တိုက်ခိုက်မှု စကြုံရကြောင်း တောင်သာပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုကြည်စတားက ဘီဘီစီကို ပြောသည်။

တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို စက်တပ်လေထီးနှင့် ဗုံးကြဲသောကြောင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

အကြံပြုရမည်ဆိုပါက ပြည်သူများအနေဖြင့် အင်ဂျင်တပ်လေထီးများ တွေ့ပါက သို့မဟုတ် ကောင်းကင်မှ ဆူညံသံကြားပါက စတင်၍ ကြားသိသူသည် ပတ်ဝန်းကျင်မှ လူအများ ကြားအောင် သတိပေး အော်ဟစ်ခြင်း ပြုလုပ်သင့်ပါသည်။

အကြံပြုရမည်ဆိုပါက ပြည်သူများအနေဖြင့် အင်ဂျင်တပ်လေထီးများ တွေ့ပါက သို့မဟုတ် ကောင်းကင်မှ ဆူညံသံကြားပါက စတင်၍ ကြားသိသူသည် ပတ်ဝန်းကျင်မှ လူအများ ကြားအောင် သတိပေး အော်ဟစ်ခြင်း ပြုလုပ်သင့်ပါသည်။

ထို့နောက် ဗုံးခိုကျင်း သို့မဟုတ် ဗုံးဒဏ်ခံနိုင်သည့် အကာအကွယ်အောက်ကို ဝင်ရောက်သင့်သည်။ အင်ဂျင်တပ်လေထီးအသံ ဝေးသွားမှ သွက်လက်ဖျတ်လတ်သူတဦးက အခြေအနေ ထွက်ကြည့်သင့်သည်။ အန္တရာယ်ကင်းကြောင်း သေချာမှ ကျန်လူများကို ဗုံးခိုကျင်း သို့မဟုတ် ဗုံးဒဏ်ခံနိုင်သည့် အကာအကွယ်အောက်မှ ထွက်ရန် ပြောဆိုသင့်ပါသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

ဗန်းမော်လေဆိပ်နှင့် အမြောက်တပ် KIA သိမ်း

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

ရိုးမကို ကျော်လာသည် ရခိုင်စစ်

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
170
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.6k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
534

စစ်ရေးအရှိန်မြင့်လာနိုင်သည့် ယောဒေသ

AA ထိုးစစ် ဘယ်ကို ဦးတည်မလဲ

Your Thoughts …
Tags: AAစစ်ကောင်စီတော်လှန်ရေးအင်အားစုဒရုန်းတိုက်ခိုက်မှုလေကြောင်းတိုက်ခိုက်မှုအင်ဂျင်တပ်လေထီး
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”

ဒီမိုကရေစီအတွက် စိုးရိမ်စရာကောင်းတယ် (ရုပ်/သံ)

ဒီမိုကရေစီအတွက် စိုးရိမ်စရာကောင်းတယ် (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved