• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နိုင်ငံခြားသားပိုင် တရားမဝင်လုပ်ငန်းများနှိမ်နင်းရန် ထိုင်းလုပ်ငန်းရှင်များ တောင်းဆို

by ဧရာဝတီ
7 March 2025
in ဆောင်းပါး
A A
နိုင်ငံခြားသားပိုင် တရားမဝင်လုပ်ငန်းများနှိမ်နင်းရန် ထိုင်းလုပ်ငန်းရှင်များ တောင်းဆို

ထိုင်းတွင် တရားမဝင် နိုင်ငံခြားသားပိုင် လုပ်ငန်းများနှင့် ပတ်သက်၍ ဥပဒေတင်းကျပ်မှု မရှိကြောင်း ထိုင်းလုပ်ငန်းရှင်များက‌ ဝေဖန်ကြသည် / Bangkok Post

2.2k
VIEWS
Share on FacebookShare on Twitter

ဥပဒေများကို အကောင်အထည် မဖော်နိုင်ဘဲ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများသည် နိုင်ငံ၏ ဘေးအန္တရာယ်ကင်းမှုနှင့် လုံခြုံမှုအပေါ် အများပြည်သူ ယုံကြည်မှုကို လျော့ပါးစေသောကြောင့် ထိုင်းနိုင်ငံသည် ကျဆုံးနိုင်ငံဖြစ်လာမည်ဆိုသည့် စိုးရိမ်မှုများ မကြာသေးမီက ကြီးထွားလာသည်။

ယခုနှစ် ပထမ နှစ်လတွင် တရုတ်ဈေးကွက် ကျဆင်းပြီး ထိုင်ဝမ်နှင့် ဟောင်ကောင်ဈေးကွက်သည်လည်း ကျဆင်းသောကြောင့် ထိုဖြစ်ရပ်များသည် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍကို ထိခိုက်နေပြီဖြစ်သည်။ ထိုဈေးကွက် သုံးခုမှ နိုင်ငံသားများသည် ငွေလိမ်ဂိုဏ်းများ၏ သားကောင်များ ဖြစ်ကြသည်။

ထိုင်းနိုင်ငံသားများကို အမည်ခံခိုင်းပြီး လည်ပတ်နေသည့် ပြည်ပစီပွားရေးလုပ်ငန်းများကဲ့သို့ ဥပဒေဟာကွက်ကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချသူများ၏ ရာဇဝတ်မှုများနှင့် အလားတူ ခြိမ်းခြောက်မှုများမှ နိုင်ငံကို ကာကွယ်ရန် အစိုးရက ပျက်ကွက်လျှင် နောက်ဆုံးတွင် စီးပွားရေးကို ထိခိုက်မည်ဟု ယုံကြည်သောကြောင့် ထိုင်းနိုင်ငံတွင် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ခြင်း အပါအဝင် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို စိုးရိမ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ထိုင်းနိုင်ငံသားများကို အမည်ခံခိုင်းပြီး လည်ပတ်နေသည့် ပြည်ပစီပွားရေးလုပ်ငန်းများကဲ့သို့ ဥပဒေဟာကွက်ကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချသူများ၏ ရာဇဝတ်မှုများနှင့် အလားတူ ခြိမ်းခြောက်မှုများမှ နိုင်ငံကို ကာကွယ်ရန် အစိုးရက ပျက်ကွက်လျှင် နောက်ဆုံးတွင် စီးပွားရေးကို ထိခိုက်မည်ဟု ယုံကြည်သောကြောင့် ထိုင်းနိုင်ငံတွင် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ခြင်း အပါအဝင် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို စိုးရိမ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

မအောင်မြင်သော ယန္တရားများ

“ကျဆုံးနိုင်ငံ” ဆိုသည်မှာ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းခြင်း၊ အများပြည်သူဆိုင်ရာအခြေခံ ဝန်ဆောင်မှုများ ပေးခြင်း၊ လူ့အခွင့်အရေး ကာကွယ်ခြင်းနှင့် စီးပွားရေးတည်ငြိမ်စေခြင်း စသည်တို့ကဲ့သို့သော အဓိက လုပ်ငန်းဆောင်တာများကို ကျင့်သုံးရန် အစိုးရ၏ စွမ်းဆောင်ရည်ကင်းမဲ့ခြင်းကို ရည်ညွှန်းသည်။

ထိုသို့ဖြစ်ခြင်းသည် အကျင့်ပျက်ခြစားမှု များပြားခြင်း၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အကြမ်းဖက်မှုနှင့် စီမံအုပ်ချုပ်မှု ထိရောက်မှု မရှိခြင်းစသည်တို့ကို ဖြစ်စေပြီး လူမှုနှင့်စီးပွားစနစ်များ ပြိုလဲမှုသို့ ဦးတည်သည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားသားများက ကျူးလွန်သည့် တရားမဝင်လုပ်ငန်းများကို တင်းကျပ်သော ဥပဒေအကောင်အထည်ဖော်မှု ကင်းမဲ့နေကြောင်း ထိုင်းနိုင်ငံ ဧည့်လမ်းညွှန် အသက်မွေးဝမ်းကြောင်း ပညာရှင်များအသင်းမှ ကော်မတီဝင် ပိုင်ဆန် ဆူသာနုဝေါင်က ပြောသည်။

ဒေသခံ ဧည့်လမ်းညွှန်များသည် ခရီးသွားလုပ်ငန်းကုမ္ပဏီများက ပြည်ပခရီးသည်များကို ဝန်ဆောင်မှုပေးရန် ခန့်ထားသည့် ပြည်ပဧည့်လမ်းညွှန်များ၏ ယှဉ်ပြိုင်မှုနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်နေရပြီး အထူးသဖြင့် တရုတ်ဈေးကွက်တွင် ရင်ဆိုင်ရသည်ဟု ၎င်းကပြောသည်။

“တရားမဝင် နိုင်ငံခြားသား ဧည့်လမ်းညွှန်တွေကို အဓိက ခရီးစဉ်နေရာတွေမှာ ဆက်လက် ရှိနေအောင် ခွင့်ပြုခြင်းဟာ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ အိမ်ခြံမြေ အပါအဝင် တခြားအမည်ခံ စီးပွားရေးတွေကို တံခါးဖွင့်ပေးပြီး ဒေသခံလုပ်ငန်းတွေကို ဝင်ငွေလျော့ကျစေတယ်” ဟု မစ္စတာ ပိုင်ဆန်က ပြောသည်။

တရားမဝင် နိုင်ငံခြားသား ဧည့်လမ်းညွှန်များကို အရေးယူမှု မရှိခြင်းသည် အခြားအမည်ခံ စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုသည့် ပထမခြေလှမ်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဧည့်လမ်းညွှန် အသက်မွေးဝမ်းကြောင်း ပညာရှင်များအသင်းက ယူဆသည်။

ထိုင်းအရာရှိအချို့သည် ထိုနိုင်ငံခြားသားများကို ကူညီနေသည်ဟု ယူဆရသည်။ ရှင်းလင်းသော အထောက်အထား မရှိသော်လည်း ဥပမာအားဖြင့်ဆိုပါက အရာရှိများသည် ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ဖမ်းမိသောအခါ သတိပေးမှုသာပြုလုပ်ပြီး ပြန်လွှတ်ပေးကြောင်း၊ ထိုသူများသည် ခရီးသွားနေသည့် မိတ်ဆွေအဖွဲ့များသာဖြစ်ပြီး ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေခြင်း မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်ဟု ပိုင်ဆန်က ဆိုသည်။

နိုင်ငံခြားသားများ ပါဝင်ပတ်သက်သည့် အလားတူအမှုများကို ဥပဒေနှင့်အညီ အပြည့်အဝ စီရင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။

လေဆိပ်တွင် နိုင်ငံခြားသားများသည် ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမှု လုံးဝမခံရဘဲ နိုင်ငံခြားခရီးသည်များကို လွတ်လပ်စွာ ဝန်ဆောင်မှုပေးနေသည်ဟု မစ္စတာ ပိုင်ဆန်က ပြောသည်။

နိုင်ငံပေါင်း ၉၃ နိုင်ငံမှ ခရီးသည်များအတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်သည် နိုင်ငံခြားသားများ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ရန် ဟာကွက်တခု ဖန်တီးပေးသည်ဟု ၎င်းကပြောသည်။

နိုင်ငံခြားသား အများအပြားသည် ကျောင်းသားဗီဇာကဲ့သို့သော အချို့ဗီဇာအမျိုးအစားများကို စီးပွားရေးလုပ်ခြင်းနှင့် ခရီးသွားလုပ်ငန်းတွင် ၎င်းတို့နိုင်ငံမှ ခရီးသည်များကို ဝန်ဆောင်မှုပေးခြင်း စသည့် မမှန်ကန်သောကိစ္စများအတွက် အလွဲသုံးစားလုပ်ကြပြီး ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ကြသည်ဟု မစ္စတာ ပိုင်ဆန်က ပြောသည်။

နိုင်ငံခြားသား အများအပြားသည် ကျောင်းသားဗီဇာကဲ့သို့သော အချို့ဗီဇာအမျိုးအစားများကို စီးပွားရေးလုပ်ခြင်းနှင့် ခရီးသွားလုပ်ငန်းတွင် ၎င်းတို့နိုင်ငံမှ ခရီးသည်များကို ဝန်ဆောင်မှုပေးခြင်း စသည့် မမှန်ကန်သောကိစ္စများအတွက် အလွဲသုံးစားလုပ်ကြပြီး ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ကြသည်ဟု မစ္စတာ ပိုင်ဆန်က ပြောသည်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး ပြန်လည် ထွက်ခွာသွားကြသည့် ခရီးသည် ၁၇ သန်းထံမှ ဘိုင်အိုမက်ထရစ် အချက်အလက်များ ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးဌာနက ပျက်ကွက်ခဲ့သည်ဆိုသည့် မကြာသေးမီက သတင်းများသည် ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှုကို ဖြစ်စေနိုင်ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့မှာ နိုင်ငံခြားသားတွေ အလုပ်အကိုင်အတွက် နိုင်ငံကို ဝင်ရောက်လာတာကို တားမြစ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၂ လို ကျယ်ပြန့်တဲ့ ဥပဒေတွေ ရှိပြီးဖြစ်ပေမယ့် ပြဿနာက အကောင်အထည်ဖော်မှု မလုံလောက်တာပဲ” ဟု မစ္စတာ ပိုင်ဆန်က ပြောသည်။

တရားမဝင် နိုင်ငံခြားသား ဧည့်လမ်းညွှန်များကို အကြိမ်ကြိမ် အရေးယူမှု မရှိခြင်းသည် အခြားအမည်ခံ စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုသည့် ပထမခြေလှမ်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဧည့်လမ်းညွှန် အသက်မွေးဝမ်းကြောင်း ပညာရှင်များအသင်းက ယူဆသည်။

ပြင်ဆင်မှုမရှိသည့် လစ်ကွက်ဟာကွက်များ

ပတ္တယားသည် ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့တိုက်ခန်းများကို ကာလတို နေထိုင်ခြင်းအတွက် ငှားရမ်းနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် ထိခိုက်သည့် အဓိက ခရီးစဉ်ဒေသဖြစ်သည်ဟု ချွန်ဘူရီ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ ထာနက် ဆူပွန်ဆာဟာဆရွန်စီက ပြောသည်။

ထိုမြို့မှ ကွန်ဒိုအချို့သည် တရုတ်ကမ္ဘာလှည့်ခရီးသည် အများအပြားက အွန်လိုင်းခရီးသွားလုပ်ငန်းများ သို့မဟုတ် ၎င်းတို့၏ မိတ်ဖက်ကွန်ရက်များမှ ကြိုတင်မှာယူမှုများကြောင့် လူသိများပြီး အနည်းဆုံး ရက်ပေါင်း ၃၀ ငှားရန် လိုသည့်ဥပဒေနှင့် ဆန့်ကျင်သည်ဟု ၎င်းက ပြောသည်။

တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ထိုကွန်ဒိုခန်း အများအပြားကို ဝယ်ယူထားပြီး အချို့သည် ထိုင်းနိုင်ငံသား အမည်ခံများဖြင့် ဝယ်ယူထားကာ တရားရေးဌာန တာဝန်ရှိသူများအနေဖြင့် ဥပဒေကို အကောင်အထည် မဖော်နိုင်ကြောင်း၊ ဒေသခံများ၏ အကျိုးစီးပွားကို မစီမံနိုင်ကြောင်း မစ္စတာ ထာနက်က ပြောသည်။

နေအိမ်တွင် တည်းခိုခြင်းနှင့် တည်းခိုခန်းများကို ကူညီရန် ရည်ရွယ်ပြီး ဟိုတယ် မဟုတ်သော လုပ်ငန်းလုပ်ကိုင်ရန် အခန်း ၈ ခန်းနှင့် ဧည့်သည် ၃၀ ထက် မကျော်သည့် တည်းခိုစရာနေရာကို ခွင့်ပြုသည့်စည်းမျဉ်းကို အစိုးရက ဖြေလျှော့ပေးသော်လည်း ထိုကိစ္စသည် နိုင်ငံခြားသားအချို့က လုံးချင်းအိမ်များနှင့် ဗီလာအိမ်များကို ထိုလုပ်ငန်းအတွက် ဝယ်ယူရန် ဟာကွက်ဖြစ်စေသည်ဟု ၎င်းကပြောသည်။

ကမ္ဘာလှည့်ခရီးသည်များသို့ ငှားသည့် ပတ္တယားမှ အခန်းစုစုပေါင်း၏ ထက်ဝက်ခန့်သည် ကွန်ဒိုများဖြစ်သည်ဟု မစ္စတာ ထာနက်က ပြောသည်။ ထိုပြဿနာကို ကိုင်တွယ်ရန်အတွက် ဟိုတယ်လုပ်ငန်း လုပ်ထုံးလုပ်နည်းအတွက် တာဝန်ရှိသော ပြည်နယ်အုပ်ချုပ်ရေး အပါအဝင် အာဏာပိုင်များ၏ စစ်ဆေးမှုနှင့် တင်းကျပ်သော ဥပဒေ အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

ဒေသဆိုင်ရာ လုံခြုံရေးအစီအမံများသည် တိုးတက်နေသော ခရီးသွားလုပ်ငန်းနှင့် အမီမလိုက်နိုင်ဘဲ ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၆၀ ခွင့်ပြုသောကြောင့် ဖြစ်လာသည့် ဟာကွက်ကို မဖြေရှင်းနိုင်ကြောင်း ထိုင်းခရီးသွားအေဂျင်စီများအသင်း ဥက္ကဋ္ဌ မစ္စတာ စစ်ဒီဗာချာ ချီဝါရက်တန်နာပွန်က ပြောသည်။

ဒေသဆိုင်ရာ လုံခြုံရေးအစီအမံများသည် တိုးတက်နေသော ခရီးသွားလုပ်ငန်းနှင့် အမီမလိုက်နိုင်ဘဲ ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၆၀ ခွင့်ပြုသောကြောင့် ဖြစ်လာသည့် ဟာကွက်ကို မဖြေရှင်းနိုင်ကြောင်း ထိုင်းခရီးသွားအေဂျင်စီများအသင်း ဥက္ကဋ္ဌ မစ္စတာ စစ်ဒီဗာချာ ချီဝါရက်တန်နာပွန်က ပြောသည်။

အပန်းဖြေခရီးအတွက် လာရောက်သော နိုင်ငံခြားသားများသည် ထုံးစံအားဖြင့် တလအောက်သာ နေထိုင်ကြောင်း ၎င်းကပြောသည်။ ထို့ကြောင့် ဗီဇာကင်းလွတ်ခွင့်ကို ရက် ၃၀ သို့ လျှော့ချခြင်းသည် ကျိုးကြောင်းဆီလျော်ကြောင်း၊ ထို့ထက် ပိုမိုရှည်ကြာစွာ နေထိုင်လိုသူများသည် စနစ်တကျ စစ်ဆေးသည့် အစီအမံများရှိသော ရေရှည်ဗီဇာ တမျိုးမျိုးကို အသုံးပြုနိုင်ကြောင်း မစ္စတာ စစ်ဒီဗာချာက ပြောသည်

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် မှောင်ခိုလုပ်ငန်းကို အမြစ်ဖြတ်ရန် အစိုးရ၏ အားထုတ်မှုများသည် ခရီးသွားလုပ်ငန်းအပေါ် ယုံကြည်မှုကို မြှင့်တင်ပေးရန် လုံလောက်စွာ ထိရောက်မှုမရှိကြောင်း ၎င်းကပြောသည်။

တချိန်တည်းတွင် တရားမဝင် ပြည်ပစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားသားများသည် အဓိကကျသည့် ခရီးစဉ် ဒေသများတွင် ဒေသခံများထံမှ အလုပ်အကိုင်များကို ဝင်ရောက်စွက်ဖက် လုပ်ကိုင်နေသည်ဟု မစ္စတာ စစ်ဒီဗာချာက ပြောသည်။

ခရီးသွားလုပ်ငန်းနှင့်အားကစား ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့သည် အသေးစား၊ အလတ်စား ဟိုတယ်များအတွက် ဟိုတယ်လုပ်ငန်း အက်ဥပဒေသစ်ကို မူကြမ်းရေးဆွဲနေကြောင်းနှင့် မတ်လအတွင်း ပါလီမန်တွင် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ရကြောင်း ခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီး ဆိုရာဝေါင် သီယန်ထောင်က ပြောသည်။

ယခုလောက် နိုင်ငံခြားစားသောက်ဆိုင် အကြီးအကျယ် များပြားလာခြင်းကို မတွေ့ဖူးကြောင်း ထိုင်းစားသောက်ဆိုင်များအသင်းက ပြောသည်။

ကွန်ဒိုများတွင် တည်းခိုမှုများနှင့် ပတ်သက်၍ ၎င်း၏ဝန်ကြီးဌာနသည် ကမ္ဘာလှည့် ခရီးသည်များအကြား တရားဝင် မှတ်ပုံတင်ထားသည့် ဟိုတယ်များနှင့် နေရာထိုင်ခင်းများတွင် ကြိုတင်မှာယူမှုမှ အကျိုးရရှိများကို အသိပေးမှု ဆက်လက်မြှင့်တင်နေကြောင်း ဝန်ကြီး ဆိုရာဝေါင်က ပြောသည်။

ခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီးဌာနသည် ထိုပြဿနာကို အွန်လိုင်းခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များနှင့် နောင်တွင် ဆွေးနွေးရန် စီစဉ်ထားပြီး ကမ္ဘာလှည့်ခရီးသည်များအတွက် တရားဝင်ပြီး ဘေးကင်းလုံခြုံသော တည်းခိုရန်နေရာများ စာရင်းပြုစုရန် တိုက်တွန်းကြောင်း ၎င်းကပြောသည်။

ပိုမိုတင်းကျပ်သော ဥပဒေ အကောင်အထည်ဖော်မှု လိုအပ်

သူ၏လုပ်သက် နှစ်ပေါင်း ၃၀ အတွင်း ယခုလောက် နိုင်ငံခြားစားသောက်ဆိုင် အကြီးအကျယ် များပြားလာခြင်းကို မတွေ့ဖူးကြောင်း ထိုင်းစားသောက်ဆိုင်များအသင်း ဥက္ကဋ္ဌ မစ္စ ထာနီဝန် ကူမောင်ကိုးလ်က ပြောသည်။

ထိုင်းနိုင်ငံမှ လူကြိုက်အများဆုံး စားသောက်ဆိုင်များသည် ဂျပန်နှင့် အီတာလျံ စားသောက်ဆိုင်များဖြစ်ကြောင်း၊ သို့သော် ၎င်းတို့သည် ကွဲပြားခြားနားသော စီးပွားနည်းစနစ်များကြောင့် တရုတ် စားသောက်ဆိုင်များလောက် အများပြည်သူနှင့် မီဒီယာအာရုံစိုက်မှု မခံရကြောင်း မစ္စ ထာနီဝန်က ပြောသည်။

ဥပမာအားဖြင့် တရုတ် စားသောက်ဆိုင်လုပ်ငန်း ဆိုင်ကွဲများသည် နေရာအများအပြားတွင် တပြိုင်နက် ဖွင့်လှစ်ပြီး ပိုမိုသတိထားမိစေကြောင်း ၎င်းကပြောသည်။

စားသောက်ဆိုင်များသည် ပစ္စည်းကိရိယာများကို ဒေသတွင်းတွင်သာ ဝယ်ယူသောကြောင့် ထုံးစံအားဖြင့် ဒေသခံ လူမှုအသိုက်အဝန်းများအတွက် အပြုသဘောဆောင်သည့် စီးပွားရေး သက်ရောက်မှုရှိသည်။ သို့သော် တရုတ် ဟော့ပေါ့ စားသောက်ဆိုင်အချို့သည် ထိုင်းတွင် နေရာသာငှားပြီး ပရိဘောဂများနှင့် ပစ္စည်းများအားလုံးကို တရုတ်မှ တင်သွင်းကြောင်း မစ္စ ထာနီဝန်က ပြောသည်။

စားသောက်ဆိုင် အများအပြားသည် လုပ်ငန်းလေ့ကျင့်ရေး စံနှုန်းများ ပြည့်မီအောင်မလုပ်ဘဲ ဝန်ထမ်းများ ငှားရမ်းသောကြောင့် အခြားပြဿနာတခုမှာ စားသောက်ဆိုင်များအတွက် ဝန်ထမ်းလေ့ကျင့်ရေး စံနှုန်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

အစားအသောက်ရောင်းချသော နေရာများအတွက် တကိုယ်ရည်ကျန်းမာရေးဆိုင်ရာနှင့် ပတ်သက်၍ ဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းတွင် အစားအသောက် ပြင်ဆင်ခြင်း၊ ချက်ပြုတ်ခြင်း၊ ရောင်းချခြင်းနှင့် ကျွေးမွေးဧည့်ခံခြင်းတို့ ပါဝင်သည့် အစားအသောက် ကိုင်တွယ်သူ အားလုံးသည် ဘေးကင်းလုံခြုံမှုသင်တန်း လိုအပ်သည်။ ထိုင်းစားသောက်ဆိုင်လုပ်ငန်းမှ အလုပ်သမား အများအပြားသည် ထိုသို့သောလေ့ကျင့်မှု မရှိဟု ယူဆကြောင်း မစ္စ ထာနီဝန်က ပြောသည်။

အစားအသောက်ရောင်းချသော နေရာများအတွက် တကိုယ်ရည်ကျန်းမာရေးဆိုင်ရာနှင့် ပတ်သက်၍ ဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းတွင် အစားအသောက် ပြင်ဆင်ခြင်း၊ ချက်ပြုတ်ခြင်း၊ ရောင်းချခြင်းနှင့် ကျွေးမွေးဧည့်ခံခြင်းတို့ ပါဝင်သည့် အစားအသောက် ကိုင်တွယ်သူ အားလုံးသည် ဘေးကင်းလုံခြုံမှုသင်တန်း လိုအပ်သည်။ ထိုင်းစားသောက်ဆိုင်လုပ်ငန်းမှ အလုပ်သမား အများအပြားသည် ထိုသို့သောလေ့ကျင့်မှု မရှိဟု ယူဆကြောင်း မစ္စ ထာနီဝန်က ပြောသည်။

“ဘေးကင်းလုံခြုံမှု မရှိတဲ့ အစားအစာဟာ စားသုံးသူအတွက် အန္တရာယ်ရှိတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် စားသောက်ဆိုင် လုပ်ထုံးလုပ်နည်းများသည် ရှုပ်ထွေးပြီး ပိုင်ရှင်များသည် စားသောက်ဆိုင်ဖွင့်ရန်နှင့် ယမကာရောင်းရန် အပါအဝင် လိုင်စင်အများအပြား ရယူကြရသည်။ ထိုစည်းကမ်းချက်များကို စားသောက်ဆိုင်အားလုံး လိုက်နာဖွယ် မရှိကြောင်း မစ္စ ထာနီဝန်က ပြောသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
166
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384

“စားသောက်ဆိုင်တချို့က လိုအပ်တဲ့ ခွင့်ပြုချက်မရှိဘဲ ဖွင့်တယ်။ အာဏာပိုင်တွေ စစ်ဆေးဖို့ရောက်လာရင် ခွင့်ပြုချက် လျှောက်တယ်။ ဒါဟာ တာဝန်သိတဲ့ စီးပွားရေးလုပ်ကိုင်မှု မဟုတ်ဘူး” ဟုလည်း ၎င်းကပြောသည်။

ရဲတပ်ဖွဲ့ စစ်ဆေးမှုများ၏ ပွင့်လင်းမြင်သာမှုကိုလည်း စိုးရိမ်ကြောင်း မစ္စ ထာနီဝန်က ပြောသည်။ ဥပဒေကို ပိုမိုတင်းကျပ်စွာ အကောင်အထည်ဖော်ရန်၊ အထူးသဖြင့် လုပ်ထုံးလုပ်နည်း မလိုက်နာသော အမည်ခံ စားသောက်ဆိုင်များနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ရန် ၎င်းက တိုက်တွန်းသည်။

“ထိုင်းနိုင်ငံမှာ ဥပဒေသစ်တွေ မလိုဘူး။ ကျမတို့မှာ ဥပဒေတွေ အများရှိတယ်။ ဒါပေမယ့် အဲဒီဥပဒေတွေကို စနစ်တကျ အကောင်အထည် မဖော်ဘူး” ဟု မစ္စ ထာနီဝန်က ပြောသည်။

ထိုင်းနှင့် နိုင်ငံခြားသား စားသောက်ဆိုင်များ အားလုံအတွက် ဥပဒေများကို တူညီစွာ ကျင့်သုံးရမည်ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံမှ စားသောက်ဆိုင် စစ်ဆေးရေးလုပ်ငန်းသည် အခြားနိုင်ငံများလောက် တင်းကျပ်ခြင်း မရှိကြောင်း ၎င်းကပြောသည်။ သို့သော် အများပြည်သူ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များ အပါအဝင် အစိုးရဌာနအမျိုးမျိုးထံမှ အသိအမှတ်ပြုလက်မှတ် ရယူသည့် လုပ်ငန်းစဉ်သည် ရှုပ်ထွေးသည်။

တရုတ်လူမျိုးများ ပိုင်ဆိုင်သည်ဟု ယူဆရသည့် ဟွေခေါင်မှ လက်လီစတိုးဆိုင် အရေအတွက် တိုးလာနေသောကြောင့် ထိုရပ်ကွက်ကို “ဒုတိယ တရုတ်တန်း” ဟုပင် ခေါ်လာကြောင်း ထိုင်း လက်လီ လက်ကားကုန်သွယ်ရေးအသင်း ဂုဏ်ထူးဆောင် အကြံပေး မစ္စတာ ဆွမ်ချိုင်း ပွန်ရတ်တနာချာရွန်က ပြောသည်။

ထိုသို့ စီးပွားရေးလုပ်ငန်းများ တိုးလာခြင်းမှာ ကပ်ရောဂါ မတိုင်မီက တရုတ်ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။ ထိုသို့ လာရောက်ခြင်းကြောင့် ယဉ်ကျေးမှုဖလှယ်ပြီး ထိုင်းနိုင်ငံတွင် တရုတ်ထုတ်ကုန်များအတွက် ဝယ်လိုအားဖြစ်စေသည်။

ပြည်ပမှ ဈေးပေါသော ပစ္စည်းများ ဝင်ရောက်ခြင်းကြောင့် ထိုင်းလက်လီ လက်ကား အရောင်းသမားများ ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျမည်ကို စိုးရိမ်ကြောင်း မစ္စတာ ဆွမ်ချိုင်းက ပြောသည်။

ထို့ပြင် အစိုးရ၏ တင်းကျပ်သော ကြီးကြပ်မှုမရှိဘဲ တရားမဝင်လုပ်ငန်းများ ပေါ်ပေါက်ပြီး အရာရှိများအကြား အကျင့်ပျက်ခြစားလာမည့် အန္တရာယ်လည်း ရှိကြောင်း၊ ဦးစားပေးရမည့်ကိစ္စမှာ တရားမဝင်လုပ်ငန်းများကို အာဏာပိုင်များ၏ မလုံလောက်သော စစ်ဆေးမှုဖြစ်ကြောင်း ၎င်းကပြောသည်။

“ဥပဒေသစ် မလိုဘူး။ ကျနော်တို့မှာ ဥပဒေ လုံလုံလောက်လောက် ရှိတယ်။ လက်ရှိ လုပ်ထုံးလုပ်နည်းတွေကို အကောင်အထည်ဖော်ဖို့ ကျနော်တို့ အာရုံစိုက်သင့်တယ်။ နိုင်ငံခြားသား အလုပ်သမားတွေကို အခွန်ကောက်တာလိုမျိုး စည်းမျဉ်းတွေကို ချိန်ညှိဖို့လိုရင်လိုမယ်” ဟု မစ္စတာ ဆွမ်ချိုင်းက ပြောသည်။

“ဥပဒေသစ် မလိုဘူး။ ကျနော်တို့မှာ ဥပဒေ လုံလုံလောက်လောက် ရှိတယ်။ လက်ရှိ လုပ်ထုံးလုပ်နည်းတွေကို အကောင်အထည်ဖော်ဖို့ ကျနော်တို့ အာရုံစိုက်သင့်တယ်။ နိုင်ငံခြားသား အလုပ်သမားတွေကို အခွန်ကောက်တာလိုမျိုး စည်းမျဉ်းတွေကို ချိန်ညှိဖို့လိုရင်လိုမယ်” ဟု မစ္စတာ ဆွမ်ချိုင်းက ပြောသည်။

ထိုင်း၏ အသေးစား အလတ်စားလုပ်ငန်းများကို ကာကွယ်ရန် အစိုးရသည် နိုင်ငံခြားသားပိုင် ဆိုင်များကို စစ်ဆေးသင့်ပြီး တရားဝင် မဝင်၊ အခွန်လုပ်ထုံးလုပ်နည်း လိုက်နာခြင်း ရှိ မရှိ၊ ၎င်းတို့၏ ကုန်စည်များသည် ထိုင်းနိုင်ငံစံနှုန်းများနှင့် ကိုက်ညီခြင်း ရှိ မရှိ စိစစ်သင့်သည်ဟု ၎င်းက ပြောသည်။

လက်ရှိ ဝန်ထမ်းအင်အားသည် လုံလောက်သောကြောင့် အစိုးရဝန်ထမ်းများ တိုးမြှင့်ခန့်ထားရန် မလိုဘဲ အစိုးရဝန်ထမ်များအနေဖြင့် တရားမဝင် စီးပွားရေးလုပ်ငန်းများကို စစ်ဆေးမှု အရှိန်မြှင့်တင်ရန် အရေးကြီးကြောင်း၊ နိုင်ငံခြားသားများကို ထိုင်းနိုင်ငံတွင် ဆိုင်ဖွင့်ခွင့် ပြုသင့်သော်လည်း အစိုးရသည် အခကြေးငွေနှင့် အခွန်ကောက်ခံရေးအတွက် စနစ်တခု ထူထောင်ပြီး ထိုငွေကို ထိုင်းအသေးစား၊ အလတ်စားလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေမည့် အစီအစဉ်များတွင် သုံးသင့်ကြောင်း မစ္စတာ ဆွမ်ချိုင်းက ပြောသည်။

ထိုင်းသို့ ဝင်ရောက်ရန် အတားအဆီး နည်းနေ

ပြည်တွင်းကုန်စည် အမြန်ပို့ဆောင်ရေးဈေးကွက်တွင် ယဉ်ပြိုင်မှု ဆက်လက် ပြင်းထန်နေကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံအတွင်း ပြည်ပလုပ်ငန်းများက ကုန်ကျစရိတ်ထက်နည်းသော ဈေးနှုန်းသတ်မှတ်သည့် ဗျူဟာများ စတင်သည့် ၂၀၂၂ ခုနှစ်အတွင်း ပြင်းထန်ကြောင်း Thailand Post ဥက္ကဋ္ဌ မစ္စတာ ဒါနန့် ဆူဘဒရာဘန်ဒူးက ပြောသည်။

ကမ္ဘာ့လုပ်ငန်းများမှ အဓိက လုပ်ငန်းများသည် ၎င်းတို့၏ ဈေးကွက်ဝေစုများကို တိုးချဲ့ပြီး ရေရှည်တွင် ဈေးနှုန်းစစ်ပွဲသည် သယ်ယူပို့ဆောင်ရေး ပတ်ဝန်းကျင်ကို ထိခိုက်တော့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထိုင်းနိုင်ငံအတွင်း ပြည်ပလုပ်ငန်းများက ကုန်ကျစရိတ်ထက်နည်းသော ဈေးနှုန်းသတ်မှတ်ပြီးနောက် ယှဉ်ပြိုင်မှု ပြင်းထန်လာကြောင်း Thailand Post ဥက္ကဋ္ဌ မစ္စတာ ဒါနန့် ဆူဘဒရာဘန်ဒူးက ပြောသည် / Bangkok Post

ကုန်ကျစရိတ်ထက်နည်းသော ဈေးနှုန်းများ သတ်မှတ်သည့် အလေ့အထကို တားဆီးရန်နှင့် စားသုံးသူများတွက် ဝန်ဆောင်မှုအရည်အသွး အာမခံချက် ဖန်တီးရန် ကုန်စည်အမြန်ပို့ဆောင်ရေးကို စနစ်တကျ စည်းကြပ်ရမည်ဟု မစ္စတာ ဒါနန့်က ပြောသည်။ ထိုဈေးကွက်တွင် Thailand Post အပါအဝင် အဓိကလုပ်ငန်း ခြောက်ခုရှိသည်။

ထိုင်းနိုင်ငံတွင် လုပ်ငန်းစတင်ထူထောင်ခြင်းသည် လွယ်ကူပြီး လုပ်ငန်းရှင်များသည် စီးပွားရေးတိုးတက်ရေးဌာနတွင် တိုက်ရိုက်ဖြစ်စေ၊ ဖက်စပ်လုပ်ငန်းအဖြစ် သွယ်ဝိုက်၍ဖြစ်စေ မှတ်ပုံတင်ရန်သာ လိုအပ်သည်။ တင်းကျပ်သော စည်းမျဉ်းများ မရှိပါက ပြည်တွင်းဈေးကွက်သည် လက်ဝါးကြီးအုပ်ခံရမည့် ပြင်းထန်သောအန္တရာယ် ရှိနေသည်။ ထိုကိစ္စသည် မကြာမီ အနာဂတ်တွင် ဖောက်သည်များကို ထိခိုက်စေမည်ဟု မစ္စတာ ဒါနန့်က ပြောသည်။

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာနသည် ရှုပ်ထွေးခက်ခဲသော ၁၉၃၄ ခုနှစ် စာတိုက် အက်ဥပဒေကို ပြန်လည် ပြင်ဆင်ရန်အတွက် ပိုမိုကောင်းမွန်သော စာတိုက်စနစ်၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ ဖြစ်လာစေရေးနှင့် ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရေး Thailand Post နှင့် ပူးပေါင်းဆောင်ရွက်ရန် ၎င်း၏လုပ်ငန်းအဖွဲ့ကို မကြာသေးမီက ညွှန်ကြားခဲ့သည်။

ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများ

ပြည်ပငွေရင်း၊ အထူးသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများထံမှ ငွေရင်းများကို ထိုင်းနိုင်ငံမှ ကွန်ဒိုဝယ်ယူမှုများ အပါအဝင် စီးပွားရေးလုပ်ငန်းအမျိုးမျိုးတွင် ပိုမိုရင်းနှီးမြှုပ်နှံလာပြီး ဒေသခံအချို့ကို ထိခိုက်စေကြောင်း လွတ်လပ်သော နိုင်ငံတကာစီးပွားရေး သုတေသီ မစ္စတာ အတ် ပီစန်ဝါနစ်က ပြောသည်။

“တုန်လှုပ်စရာကောင်းတာက နိုင်ငံခြားငွေရင်းတွေ၊ အထူးသဖြင့် တရုတ်ငွေရင်းက ထိုင်းစီးပွားရေးတွေကို တဖြည်းဖြည်း ထိန်းချုပ်နေတာပဲ။ ငါးနှစ်အတွင်း ဒီက စီးပွားရေးလုပ်ငန်း အများအပြားဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလက်ကို ရောက်တော့မယ်။ အထူးသဖြင့် စွမ်းဆောင်ရည် မရှိတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ၊ နိုင်ငံခြားငွေရင်းနဲ့ သိမ်းပိုက်နိုင်တဲ့ လုပ်ငန်းတွေလက်ထဲကို ရောက်ကုန်တော့မယ်” ဟု မစ္စတာ အတ်က ပြောသည်။

“တုန်လှုပ်စရာကောင်းတာက နိုင်ငံခြားငွေရင်းတွေ၊ အထူးသဖြင့် တရုတ်ငွေရင်းက ထိုင်းစီးပွားရေးတွေကို တဖြည်းဖြည်း ထိန်းချုပ်နေတာပဲ။ ငါးနှစ်အတွင်း ဒီက စီးပွားရေးလုပ်ငန်း အများအပြားဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလက်ကို ရောက်တော့မယ်။ အထူးသဖြင့် စွမ်းဆောင်ရည် မရှိတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ၊ နိုင်ငံခြားငွေရင်းနဲ့ သိမ်းပိုက်နိုင်တဲ့ လုပ်ငန်းတွေလက်ထဲကို ရောက်ကုန်တော့မယ်” ဟု မစ္စတာ အတ်က ပြောသည်။

ယခင်က အစိုးရသည် ထိုပြဿနာများကို လျစ်လျူရှုထားပြီး နိုင်ငံခြားငွေရင်းက စီးပွားရေးလုပ်ငန်းများကို လွှမ်းမိုးမှု တားဆီးရန် မည်သည့် အစီအမံကိုမှ မထုတ်ပြန်သေးကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပြည်တွင်းထုတ် ကုန်ကြမ်းများကို ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ သတ်မှတ် အတိုင်းအတာတခု သုံးရန် စည်းကမ်းချက်ကဲ့သို့သော ပိုမိုများပြားသည့် လုပ်ထုံးလုပ်နည်း ထူထောင်ရန် ၎င်းကအကြံပြုသည်။

ထိုင်းမှ ကုန်စည်ပေးသွင်းသူများကို ၎င်းတို့၏ ကုန်စည်ဖြန့်ချိရေး ဈေးကွက်တွင် တစိတ်တပိုင်း ထောက်ပံ့ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စည်းကမ်းလိုအပ်နိုင်ကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်အတွက် မက်လုံးပေးသည့် အစီအစဉ်များအတွက် အစိုးရက လုပ်သည့်အတိုင်း ပြည်တွင်းစက်မှုလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက် လုပ်သင့်ကြောင်း မစ္စတာ အတ်က ပြောသည်။

တရုတ်ငွေရင်းများက စိုက်ပျိုးရေး၊ လက်ကားအရောင်း၊ လက်လီအရောင်းနှင့် ကာစီနိုလုပ်ငန်းများနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်းလုပ်ငန်းများကို သိမ်းယူခံရသည့် လာအိုကို မစ္စတာ အတ်က ဥပမာပေးသည်။ လာအိုသည် တိုးတက်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုအပ်သာကြောင့် လာအိုမှ ဥပဒေများသည် ထိုသိမ်းယူမှုများကို ခွင့်ပြုသည်။

(Bangkok Post ပါ Thai Private Sector Urges Crackdown on Illegal Foreign-Owned Businesses ကို ဘာသာပြန်သည်။)

You may also like these stories:

ထရမ့်-တရုတ် ကုန်သွယ်ရေး စစ်ပွဲ စချိန် ထိုင်းက ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ရဖို့ ပြင်ဆင်နေ

ထိုင်းနိုင်ငံရေးတွင် အလဟဿဖြစ်သော ဆယ်စုနှစ် ၂ ခု

မြန်မာပဋိပက္ခကြောင့် ထိုင်းအိမ်ခြံမြေ အဝယ်လိုက်နေ

လိုငွေပြမှု များပြားသောကြောင့် ကာစီနိုလုပ်ငန်းက ထိုင်းအစိုးရကို ဆွဲဆောင်နေ

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ထိုင်းကုမ္ပဏီ ပါဝင်ခွင့် မြန်မာ ရုတ်သိမ်း

Your Thoughts …
Tags: ကမ္ဘာလှည့်ခရီးသည်ခရီးသွားလုပ်ငန်းစီးပွားရေးတရားဥပဒေစိုးမိုးမှုတရုတ်ထိုင်းနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလူဝင်မှုကြီးကြပ်ရေးအကျင့်ပျက်ခြစားမှုအကြမ်းဖက်မှုအွန်လိုင်းငွေကြေးလိမ်လည်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

Next Post
ကျားဖြန့်တို့ နှိပ်စက်မှု နေ့စဉ်ခံရဟု ကျောက်ခက်မှ လွတ်လာသူများပြော

ကျားဖြန့်တို့ နှိပ်စက်မှု နေ့စဉ်ခံရဟု ကျောက်ခက်မှ လွတ်လာသူများပြော

“ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ” အပိုင်း-၂ (ရုပ်/သံ)

“ပဲခူးရိုးမကို စစ်မျက်နှာ ဖွင့်ပြီ” အပိုင်း-၂ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved