• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငွေလိမ်ဂိုဏ်းတွေကို ကမ္ဘောဒီးယား အပေါ်ယံသာ နှိမ်နင်း

by Ivan Franceschini နှင့် Ling Li
29 August 2025
in ဆောင်းပါး
A A
ငွေလိမ်ဂိုဏ်းတွေကို ကမ္ဘောဒီးယား အပေါ်ယံသာ နှိမ်နင်း

ဇူလိုင် ၁၆ ရက် ဖနွမ်းပင်တွင် ငွေလိမ်မှု သံသယဖြင့် ဖမ်းဆီးခံရသူများ//EPA

453
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောလတွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတွင် အမြစ်တွယ်နေပြီး ဗြောင်ကျကျ လုပ်ကိုင်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အကြီးမားဆုံး နှိမ်နင်းမှုပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝန်ကြီးချုပ် ဟွန်မန်နက်ထံမှ ညွှန်ကြားချက်တခုသည် ငွေလိမ်ဂိုဏ်းများ၏ ခြိမ်းခြောက်မှု ကြီးထွားလာခြင်းကို ဝန်ခံပြီး ပြည်နယ်အရာရှိများ၊ တရားဥပဒေစိုးမိုးရေး အေဂျင်စီများ၊ တရားရုံးများနှင့် အမျိုးသားလောင်းကစားတိုက်ဖျက်ရေး ကော်မရှင်တို့အနေဖြင့် ထိုကိစ္စကို အရေးယူရန် ညွှန်ကြားသည်။

ရဲတပ်ဖွဲ့က နိုင်ငံတဝန်းမှ ငွေလိမ်ဂိုဏ်းနေရာများကို ဝင်ရောက်စီးနင်းစဉ် ဆိုက်ဘာ ရာဇဝတ်ကောင်များ အသုံးပြုသည့် တယ်လီဂရမ်လိုင်းများ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ဖြိုခွဲမှုပြင်းထန်ခြင်းကို အခြားသူများအား သတိပေးကြသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
750
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
200
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
614

ရဲတပ်ဖွဲ့သည် တနိုင်ငံလုံးတွင် လမ်းများကို ပိတ်ဆို့ကာ နိုင်ငံကူးလက်မှတ် မရှိသူများကို ဖမ်းဆီးပြီး ပြန်လွှတ်ပေးရေးအတွက် လာဘ်တောင်းသည်ဟု အချို့ပို့စ်များက ရေးသားသည်။ ခြံဝင်းကြီးများမှ လူအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးသည့် ဗီဒီယိုများကိုလည်း ဖြန့်ဝေကြသည်။

မကြာမီ အစိုးရက ထိုဖြိုခွဲမှုများ အောင်မြင်သည်ဟု ဂုဏ်ယူစွာ ကြေညာသည်။ နေရာပေါင်း ၁၄၀ နီးပါးတွင် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်းအနည်းဆုံး ၁၉ နိုင်ငံမှ သံသယရှိသူ ၃,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ထက်ဝက်ကျော်သည် တရုတ်နှင့် ဗီယက်နမ်မှ ဖြစ်သည်ဟု ဇူလိုင်လနှောင်းပိုင်းတွင် အစိုးရက ကြေညာသည်။

မကြာမီ အစိုးရက ထိုဖြိုခွဲမှုများ အောင်မြင်သည်ဟု ဂုဏ်ယူစွာ ကြေညာသည်။ နေရာပေါင်း ၁၄၀ နီးပါးတွင် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်းအနည်းဆုံး ၁၉ နိုင်ငံမှ သံသယရှိသူ ၃,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ထက်ဝက်ကျော်သည် တရုတ်နှင့် ဗီယက်နမ်မှ ဖြစ်သည်ဟု ဇူလိုင်လနှောင်းပိုင်းတွင် အစိုးရက ကြေညာသည်။

ထူးခြားသည်မှာ ထိုသူများအနက် အနည်းငယ်သာ ၎င်းတို့ဆန္ဒမပါဘဲ ထိန်းချုပ်ထားခံရသူများ ဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။ သို့သော် The Conversation တွင် ယခင်က ထုတ်ပြန်ခဲ့သည့် မိမိတို့၏ သုတေသနအရ လူထောင်ပေါင်းများစွာကို ထိုခြံဝင်းများသို့ လူကုန်ကူးခြင်း သို့မဟုတ် လိမ်လည်ခေါ်ယူခံရပြီး ခေတ်သစ်ကျွန်စနစ်နှင့် အလားတူသည့် အခြေအနေတွင် အတင်းအကျပ် စေခိုင်းခံရသည်ဟု မိမိတို့ သိထားသည်။

ထိုနှိမ်နင်းမှုကို တရုတ်နှင့် အခြားနိုင်ငံများက ချီးကျူးကြသည်။ ထိုအစိုးရများအနက် အများအပြားသည် ၎င်းတို့နိုင်ငံသားများကို ကမ္ဘောဒီးယားသို့ လူကုန်ကူးခြင်းကြောင့်ဖြစ်စေ၊ ၎င်းတို့နိုင်ငံများမှ ငွေလိမ်ခံရသူများကို ငွေလိမ်ဂိုဏ်းများက ပစ်မှတ်ထားသောကြောင့်ဖြစ်စေ ငွေလိမ်လုပ်ငန်းများ၏ အကျိုးဆက်များဖြင့် ရုန်းကန်နေရသည်။

သို့သော် ထိုစစ်ဆင်ရေး အတိုင်းအတာနှင့် ကမ္ဘောဒီးယားမှ ငွေလိမ်ဂိုဏ်းများကို ရှင်းလင်းရန် အစိုးရက ကတိပြုသော်လည်း ထိုအားထုတ်မှုများသည် ငွေလိမ်လုပ်ငန်းတခုလုံးကို ဖျက်သိမ်းရန် မလုံလောက်ဟု သံသယကျယ်ပြန့်စွာရှိကြသည်။

ထိန်းချုပ်ရန် ခက်ခဲသည့် နယ်စပ်တင်းမာမှုများ

လွန်ခဲ့သောလက ထိုဖြိုခွဲမှုသည် လူ ၃ သိန်းကျော် နေရပ်စွန့်ခွာရစေသည့် ထိုင်းနှင့်ကမ္ဘောဒီးယားအကြား တိုတောင်းသော ပဋိပက္ခနှင့် တိုက်ဆိုင်နေသည်။

ကာလကြာမြင့်နေသည့် နယ်စပ်တင်းမာမှုနှင့် မေလက တိုက်ပွဲအတွင်း ကမ္ဘောဒီးယားစစ်သားတဦး သေဆုံးမှုအပေါ် မြင့်မားသည့် တင်းမာမှုကြောင့် ထိုပဋိပက္ခဖြစ်သည်ဟု သုတေသီများက ပြောသည်။ သို့သော် ထိုင်းနိုင်ငံက ထိုပဋိပက္ခသည် ကမ္ဘောဒီးယား ငွေလိမ်ဂိုဏ်းများကို ထိုင်းက နှိမ်နင်းသောကြောင့် ဖြစ်ပွားသည်ဟု ပြောသည်။

ထိုနိုင်ငံများအကြား ကာလကြာမြင့်နေသည့် နယ်စပ်တင်းမာမှုနှင့် မေလက တိုက်ပွဲအတွင်း ကမ္ဘောဒီးယားစစ်သားတဦး သေဆုံးမှုအပေါ် မြင့်မားသည့် တင်းမာမှုကြောင့် ထိုပဋိပက္ခဖြစ်သည်ဟု သုတေသီများက ပြောသည်။ သို့သော် ထိုင်းနိုင်ငံက ထိုပဋိပက္ခသည် ကမ္ဘောဒီးယား ငွေလိမ်ဂိုဏ်းများကို ထိုင်းက နှိမ်နင်းသောကြောင့် ဖြစ်ပွားသည်ဟု ပြောသည်။

ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း ခြံဝင်းတခု / Ling Li

ယခုနှစ်အစောပိုင်းတွင် ထိုင်းနိုင်ငံသည် နယ်စပ်ငွေလိမ်ဂိုဏ်းများ၏ အချက်အချာနေရာ ပွိုင်ပက်မြို့သို့ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်သည်။

ထို့နောက် ဇူလိုင်လအစောပိုင်းတွင် ထိုင်းနိုင်ငံသည် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်သည်ဟု ၎င်းတို့စွပ်စွဲသည့် ပွိုင်ပက်မှ အိမ်ခြံမြေအများအပြား ပိုင်ဆိုင်သော သြဇာကြီးမားသည် ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ်နှင့် လုပ်ငန်းရှင်သူဌေးတဦးကို အရေးယူရန် ယခင် မလုပ်ဖူးသည့် ခြေလှမ်းလှမ်းသည်။

ထိုင်းရာဇဝတ်တရားရုံးက ထိုအထက်လွှတ်တော်အမတ်ကို ဖမ်းဝရမ်းထုတ်ပြီး ထိုင်းနိုင်ငံမှ သူပိုင်သည့် အိမ်ခြံမြေများကို ဝင်ရောက်စီးနင်းသည်။ အာဏာပိုင်များသည် သူ၏ သားသမီးများနှင့် ၎င်းတို့၏ ထိုင်းနိုင်ငံမှ ပိုင်ဆိုင်မှုများကိုလည်း ပစ်မှတ်ထားသည်။

တုံ့ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားအရာရှိတဦးက ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် “နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၏ အချက်အချာ” ဖြစ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး ကမ္ဘောဒီယားကို “အပြစ်လွှဲချသည်” ဟု စွပ်စွဲသည်။

ထိုအထက်လွှတ်တော်အမတ်ကို ဖွင့်ထားသည့် အမှုသည် ချဲ့ကားမှားယွင်းသည်ဟုလည်း ကမ္ဘောဒီးယား အထက်လွှတ်တော် ပြောခွင့်ရသူတဦးပြောပြီး ထိုလုပ်ရပ်သည် လက်စားချေသည့် လုပ်ရပ်ဖြစ်သည်ဟုပြောသည်။ ထိုအထက်လွှတ်တော်အမတ်သည် ကမ္ဘောဒီးယား မီဒီယာများက ဆက်သွယ်ရန် ကြိုးစားမှုကို တုံ့ပြန်ခြင်း မရှိပေ။

မကြာသေးမီ နှစ်များအတွင်း ငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန် ထိုင်းနိုင်ငံ၏ အားထုတ်မှုများက ငွေလိမ်လုပ်ငန်းမှ အကျိုးအမြတ်ရနေသည်ဟု စွပ်စွဲသည့် ကမ္ဘောဒီယား အထက်လွှာများကို ထိခိုက်စေပြီး ပြည်တွင်းတွင် လူထုထောက်ခံမှုရရန် ထိုင်းခေါင်းဆောင်များ ထိုကိစ္စကို အသုံးချနေဖွယ်ရှိသည်။

မကြာသေးမီ နှစ်များအတွင်း ငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန် ထိုင်းနိုင်ငံ၏ အားထုတ်မှုများက ငွေလိမ်လုပ်ငန်းမှ အကျိုးအမြတ်ရနေသည်ဟု စွပ်စွဲသည့် ကမ္ဘောဒီယား အထက်လွှာများကို ထိခိုက်စေပြီး ပြည်တွင်းတွင် လူထုထောက်ခံမှုရရန် ထိုင်းခေါင်းဆောင်များ ထိုကိစ္စကို အသုံးချနေဖွယ်ရှိသည်။

ကြီးမားသော ငွေလုပ်ငန်းများ ဆက်လည်ပတ်နေ

ထိုသို့သော စကားလုံးစစ်ပွဲအကြားတွင် ကမ္ဘောဒီးယားအာဏာပိုင်များက ငွေလိမ်လုပ်ငန်းများကို ဆက်လက် ဖြိုခွဲနေသည်ဟု ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံကို အသိအမှတ်ပြုရမည်မှာ ယခုနောက်ဆုံး နှိမ်နင်းမှုသည် ယခင်ဖြိုခွဲမှုများကဲ့သို့ မဟုတ်ဘဲ အဓိကကျသည့် ငွေလိမ်လုပ်ငန်း အချက်အချာ ကမ်းခြေမြို့ ဆီဟာနော့ဗီးလ်တွင်သာမက တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

သို့သော် တွေ့နေကျ ပုံစံမျိုး အလျင်အမြန် ပေါ်ပေါက်လာသည်။ ယခင်ကဲ့သို့ပင် အာဏာပိုင်များသည် အသေးစားနှင့် အလတ်စား ငွေလိမ်လုပ်ငန်းများကို အာရုံစိုက်ပြီး အကြီးစား ငွေလိမ်လုပ်ငန်းများကို လက်ဖျားနှင့်ပင် ထိပုံမရပေ။

ကိစ္စအများအပြားတွင် ထိုအဓိက ခြံဝင်းများသည် ကြိုတင်သတင်းရပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြသည်ဟု သိရသည်။ ထိုအချိန်မှစတင်ပြီး ငွေလိမ်သူ အများအပြားသည် ဗီယက်နမ် နယ်စပ်အနီး ခြံဝင်းကြီးများသို့ ရွှေ့ပြောင်းကြပြီး အတားအဆီးမရှိ ဆက်လက် လည်ပတ်နေပုံရသည်ဟု သိရသည်။

ကိစ္စအများအပြားတွင် ထိုအဓိက ခြံဝင်းများသည် ကြိုတင်သတင်းရပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြသည်ဟု သိရသည်။ ထိုအချိန်မှစတင်ပြီး ငွေလိမ်သူ အများအပြားသည် ဗီယက်နမ် နယ်စပ်အနီး ခြံဝင်းကြီးများသို့ ရွှေ့ပြောင်းကြပြီး အတားအဆီးမရှိ ဆက်လက် လည်ပတ်နေပုံရသည်ဟု သိရသည်။

မိမိတို့၏ အဖွဲ့ဝင် “လင်း” သည် နယ်စပ်အနီး မွန်ဒူလ်ကီရီပြည်နယ် တောင်တန်းများအတွင်း လျှို့ဝှက်စွာ တည်ရှိနေသည့် ခြံဝင်းတခုသို့ လူကုန်ကူးခံရသည်ဆိုသည့် တရုတ်လူမျိုးတဦးကို ဆက်သွယ်ရန် ကြိုးစားသည့် ကယ်ဆယ်ရေးအဖွဲ့နှင့် သြဂုတ်လအစောပိုင်းတွင် လိုက်ပါသွားခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဆီဟာနော့ဗီးလ်၏ တရုတ်တန်းအနီး စွန့်ပစ်ခံထားရသော အလောင်းတလောင်းကို ရဲက စစ်ဆေးနေစဉ်/SNTV

ထိုလူသည် သူ၏ နေရာအတိအကျကို မပြောနိုင်သော်လည်း ကယ်ဆယ်ရေးအဖွဲ့နှင့် လပေါင်းများစွာ စာတိုပေးပို့မှုမှတဆင့် သူ့ကို ဖမ်းထားသည့်နေရာနှင့် ငွေလိမ်လုပ်ငန်း၏ အတိုင်းအတာကို ကယ်ဆယ်ရေးအဖွဲ့က ခန့်မှန်းနိုင်သည်။

ထိုဖြိုခွဲမှုအပြီး ရက်သတ္တပတ် အတန်ကြာတွင် လင်းသည် အခြေအနေကို အကဲဖြတ်ရန် ထိုအဖွဲ့နှင့်အတူ ကွင်းဆင်းခရီးသွားခဲ့သည်။ သစ်တော ခပ်ကျဲကျဲ ဝန်းရံထားသည့် အဆောက်အအုံ အများအပြားမှလာသော မီးရောင်များ ဆင်ခြေလျောတွင် တောက်ပနေသည်ကို ညဘက်တွင် တောင်ထိပ်မှ တွေ့နေရသည်။

ထိုနေရာသို့သွားရန် ထင်ရှားသည့် လမ်းကြောင်းတခုသာ ရှိသောကြောင့် ထိုအဖွဲ့သည် ထိုနေရာသို့ လူမသိဘဲသွားရန် မဖြစ်နိုင်ပေ။ သို့သော် ထိုခြံဝင်းသည် လင်း ထိုခရီးတွင် တွေ့ခဲ့သည့် အခြားနေရာ အများအပြားကဲ့သို့ လှုပ်ရှားစည်ကားနေသည်။

ထိုအချိန်တွင် တရုတ်အမျိုးသားသည် အတွင်းတွင် ရှိနေသေးပြီး ထိုအချိန်မှစတင်၍ သူ့ထံမှ မည်သည့် သတင်းမှ မရတော့ပေ။

လုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စ

ငွေလိမ်ခြံဝင်းများကို ယခင်က ဖြိုခွဲရာတွင် ထိုလုပ်ငန်းများကို ကြီးထွားစေသည့် အဓိက မဏ္ဍိုင်နှစ်ခုကို မကိုင်တွယ်သောကြောင့် မအောင်မြင်ပေ။ တခုမှာ ငွေလိမ်သူများကို ကာကွယ်ပေးထားသည့် သြဇာကြီးမားသော ကွန်ရက်များဖြစ်သည်။ အခြားတခုမှာ ထိုခြံဝင်းများ၏ အဆင့်မြင့် အခြေခံအဆောက်အအုံများ ဖြစ်သည်။

ငွေလိမ်သူများကို ဖုံးကွယ်ပေးထားသည့် အထက်လွှာများနှင့် ထိုခြံဝင်းများ အရာမယွင်း ဆက်လက် ရှိနေသမျှ ကာလပတ်လုံး ငွေလိမ်သူများသည် ဖိအားနည်းသွားသောအခါ အလျင်အမြန် အလုပ်ပြန်လည် စတင်ကြသည်။ ဖြိုခွဲခြင်းသည် အခြေအနေကို ယာယီ လှုပ်ခါသွားစေနိုင်သော်လည်း ဖမ်းမိသူများသည် အောက်ခြေအဆင့်နိမ့် လုပ်သားများသာဖြစ်ပြီး ထိပ်တန်းပုဂ္ဂိုလ်များ မဟုတ်ကြပေ။

ငွေလိမ်သူများကို ဖုံးကွယ်ပေးထားသည့် အထက်လွှာများနှင့် ထိုခြံဝင်းများ အရာမယွင်း ဆက်လက် ရှိနေသမျှ ကာလပတ်လုံး ငွေလိမ်သူများသည် ဖိအားနည်းသွားသောအခါ အလျင်အမြန် အလုပ်ပြန်လည် စတင်ကြသည်။ ဖြိုခွဲခြင်းသည် အခြေအနေကို ယာယီ လှုပ်ခါသွားစေနိုင်သော်လည်း ဖမ်းမိသူများသည် အောက်ခြေအဆင့်နိမ့် လုပ်သားများသာဖြစ်ပြီး ထိပ်တန်းပုဂ္ဂိုလ်များ မဟုတ်ကြပေ။

ထိုသို့သော စစ်ဆင်ရေးများ ပြီးဆုံးသွားသောအခါ ငွေလိမ်လုပ်ငန်းများ ပြန်လည် စတင်သည်။ ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများသည် ချေမှုန်းမှူပြီးချိန်အထိ တိတ်ဆိတ်ငြိမ်သက်စွာနေသည် သို့မဟုတ် ပိုမိုဘေးကင်းသောနေရာသို့ ရွှေ့ပြောင်းကြသည်။

ထိုနိုင်ငံများမှ ငွေလိမ်လုပ်ငန်းများကို ကျားကန်ပေးထားသည့် အဂတိလိုက်စားမှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကဲ့သို့ ဖွဲ့စည်းတည်ဆောက်ပုံနှင့် စနစ်များကို ကိုင်တွယ်ဖြေရှင်းရန် ရေရှည် အစီအမံများဖြင့်သာ ထိုသံသရာကို ချိုးဖျက်နိုင်သည်။

ထိုငွေလိမ်လုပ်ငန်းများ၏ နိုင်ငံဖြတ်ကျော်သည့် သဘောသဘာဝနှင့် အိမ်ရှင်နိုင်ငံများမှ အာဏာပိုင်များ၏ ကြံရာပါဖြစ်ခြင်းကြောင့် ထိုကိစ္စတွင် ကမ္ဘာ့အစိုးရများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များ၊ ငွေလိမ်လုပ်ငန်းများက အမြတ်ထုတ် အသုံးချနေသည့် ထုတ်ကုန်များကို ပိုင်ဆိုင်သည့် ဘဏ္ဍာရေးနှင့် နည်းပညာကုမ္ပဏီများ အားလုံး၏ ပြတ်ပြတ်သားသား အားထုတ်မှု လိုအပ်သည်။

(The Conversation ပါ Ivan Franceschini နှင့် Ling Li တို့၏ Cambodia is vowing to ‘rid’ the country of scam compounds. But we’ve seen several still operating in the open ကို ဘာသာပြန်သည်။ အိုင်ဗန် ဖရန်ဆက်ချီနီသည် မဲလ်ဘုန်းတက္ကသိုလ်၊ တရုတ်လေ့လာရေးဌာနမှ ကထိက ဖြစ်သည်။ လင်လီသည် ကာဖော်စကာရီ ဗင်းနစ် တက္ကသိုလ်မှ PhD ကျောင်းသူ ဖြစ်သည်။)

You may also like these stories:

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲအပေါ် မြန်မာစစ်သည်တဦး၏ အမြင်

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ လောကီအစီအရင် တိုက်ပွဲ (ရုပ်/သံ)

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်

Your Thoughts …
Tags: ကမ္ဘောဒီးယားတရုတ်ထိုင်းဗီယက်နမ်လူကုန်ကူးမှုအဂတိလိုက်စားမှုအွန်လိုင်းငွေလိမ်လုပ်ငန်း
Ivan Franceschini နှင့် Ling Li

Ivan Franceschini နှင့် Ling Li

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ဗန်းမော်မှ စစ်တပ်စခန်း နောက်တခုကို KIA သိမ်းပိုက်

ဗန်းမော်မှ စစ်တပ်စခန်း နောက်တခုကို KIA သိမ်းပိုက်

ကုန်စည်ဖြန့်ဖြူးရေး စစ်ကော်မရှင်ကန့်သတ်ပြန်

ကုန်စည်ဖြန့်ဖြူးရေး စစ်ကော်မရှင်ကန့်သတ်ပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved