တရုတ်၏ ပိုက်လိုင်းများ ဘေးကင်းလုံခြုံစေရန်အတွက် မြန်မာစစ်အုပ်စုသည် ဒေသခံပြည်သူများ မလုံခြုံအောင် လုပ်နေသည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၈၀၀ ကျော် ရှည်လျားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှစ်ခုသည် ရေကြောင်းကျပ်ပြီး ထိခိုက်လွယ်သည့် မလက္ကာရေလက်ကြားကို မှီခိုမှုလျှော့ချရန် တရုတ်၏ သေနင်္ဂဗျူဟာကျသည့် အသက်သွေးကြောများဖြစ်သည်ဟု မြင်ကြသည်။
သို့သော် မြန်မာတွင် ၎င်းတို့သည် လက်နက်တပ်ဆင်ထားသည့် စင်္ကြံများဖြစ်နေသည်။ စစ်အုပ်စုသည် တရုတ်အကျိုးစီးပွားများကို ကာကွယ်ရန် ထိန်းချုပ်မှု တင်းကျပ်ထားသောကြောင့် ထိုလမ်းကြောင်း တလျှောက်တွင် နေထိုင်သည့် ကျေးရွာသားများသည် မြေယာသိမ်းယူမှုများ၊ အတင်းအကျပ် လုပ်အားစေခိုင်းမှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်။
သေနင်္ဂဗျူဟာ အသက်သွေးကြောများ
ထိုရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည် ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းလည်ပတ်မှု စတင်ပြီး ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်မှ မြို့နယ် ၂၂ ခုကို ဖြတ်သန်းသည်။
နိုင်ငံပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းက တည်ဆောက်သည့် ထိုစီမံကိန်းသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဒေသဆိုင်ရာ လူမှုအသိုက်အဝန်းများနှင့် သဘာဝပတ်ဝန်းကျင် အုပ်စုများ၏ ဆန့်ကျင်မှုခံနေရသည်။ နှစ်စဉ် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်း တန်သန်းပေါင်းများစွာကို ကျောက်ဖြူပင်လယ်နက်ဆိပ်ကမ်းတွင် ချပြီး ထိုပိုက်လိုင်းမှတဆင့် ယူနန်ပြည်နယ်သို့ ပို့ဆောင်သည်။
နိုင်ငံပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းက တည်ဆောက်သည့် ထိုစီမံကိန်းသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဒေသဆိုင်ရာ လူမှုအသိုက်အဝန်းများနှင့် သဘာဝပတ်ဝန်းကျင် အုပ်စုများ၏ ဆန့်ကျင်မှုခံနေရသည်။ နှစ်စဉ် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်း တန်သန်းပေါင်းများစွာကို ကျောက်ဖြူပင်လယ်နက်ဆိပ်ကမ်းတွင် ချပြီး ထိုပိုက်လိုင်းမှတဆင့် ယူနန်ပြည်နယ်သို့ ပို့ဆောင်သည်။
တရုတ်အတွက် ထိုလမ်းကြောင်းသည် မလက္ကာရေလက်ကြားကို မဖြတ်သန်းဘဲ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ စွမ်းအင်တင်သွင်းမှုကို လုံခြုံစေပြီး အိန္ဒိယသမုဒ္ဒရာသို့ အရေးပါသော ထွက်ပေါက်အဖြစ် မြန်မာ၏ အခန်းကဏ္ဍကို ခိုင်မာစေသည်။
၂၀၂၁ ခုနှစ်တွင် စစ်အုပ်စု အာဏာသိမ်းချိန်မှ စတင်ပြီး တရုတ်က ထိုပိုက်လိုင်းစီမံကိန်းအတွက် လုံခြုံရေး တင်းကျပ်ရန် မြန်မာကို အကြိမ်ကြိမ် တိုက်တွန်းသည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်ဟု ခေါ်သည့် ကျယ်ပြန့်သော နိုင်ငံတကာ အခြေခံအဆောက်အအုံ စီမံကိန်း၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး ထိုစီမံကိန်း အပျက်အစီးသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေမည်ဟု သတိပေးသည်။
ထိုစီမံကိန်းကို ဝေဖန်မှုများဖြစ်သည့် သတင်းမှားဖြန့်ချိမှုဟု ၎င်းတို့မြင်သောကိစ္စများကို ပိတ်ပင်ရန်လည်း တရုတ် အရာရှိများက စစ်အုပ်စုကို သတိပေးသည်။ ထိုအကြိမ်ကြိမ် တောင်းဆိုမှုများသည် ဒေသခံ လူမှုအသိုက်အဝန်းများကို ကြီးမားသော ဖိအားဖြစ်စေသည်။ အထူးသဖြင့် မကွေးနှင့် မန္တလေးတိုင်းများမှ မြို့နယ်များတွင် စစ်အုပ်စုတပ်များသည် ပိုက်လိုင်းနှင့် ထိန်းချုပ်ရေးစခန်းများ ပတ်ဝန်းကျင်တွင် ဖိနှိပ်မှု ပုံစံအမျိုးမျိုး ကျင့်သုံးကြသည်။
ဝင်ငွေရစေသည့်လုပ်ငန်း
မြန်မာသည် ထိုပိုက်လိုင်းစီမံကိန်းများမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံရရှိမည်ဟု ခန့်မှန်းထားသော်လည်း တိကျသော အကျိုးအမြတ်ကို ရှင်းလင်းစွာ မသိရပေ။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) သည် ထိုပိုက်လိုင်းများအတွက် ငွေကြေးစိုက်ထုတ်ရန် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ယူရို ၈၆၁.၆ သန်း (ဒေါ်လာ ၁ ဘီလီယံ) ၂၀၂၀ ပြည့်နှစ်တွင် ချေးယူသည်။
မြန်မာသည် ဖြတ်သန်းခွင့်အတွက် နှစ်စဉ် ဒေါ်လာ ၁၃.၈၁ သန်းနှင့် ထိုပိုက်လိုင်းမှ ဖြတ်သန်းသည့် ရေနံစိမ်း တစည်လျှင် ၁ ဒေါ်လာရသည်။ ထို့ပြင် မြန်မာသည် နှစ်စဉ် ရေနံစည်ပေါင်း ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ၂ ဘီလီယံကုဗမီတာကို ထိုစီမံကိန်းမှ ဝယ်ယူခွင့်ရသော်လည်း လက်ရှိဝယ်ယူမှုအဆင့်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။
မြန်မာသည် ဖြတ်သန်းခွင့်အတွက် နှစ်စဉ် ဒေါ်လာ ၁၃.၈၁ သန်းနှင့် ထိုပိုက်လိုင်းမှ ဖြတ်သန်းသည့် ရေနံစိမ်း တစည်လျှင် ၁ ဒေါ်လာရသည်။ ထို့ပြင် မြန်မာသည် နှစ်စဉ် ရေနံစည်ပေါင်း ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ၂ ဘီလီယံကုဗမီတာကို ထိုစီမံကိန်းမှ ဝယ်ယူခွင့်ရသော်လည်း လက်ရှိဝယ်ယူမှုအဆင့်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။
ထိုစင်္ကြံကို လက်နက်တပ်ဆင်ခြင်း
စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာစစ်တပ်သည် ထိုပိုက်လိုင်းများကို မည်သည့်တန်ဖိုး ပေးဆပ်ရသည်ဖြစ်စေ ကာကွယ်ရမည့် ပိုင်ဆိုင်မှုအဖြစ် မြင်သည်ဟု ဒေသခံများအဆိုအရ သိရသည်။ မန္တလေးတိုင်းမှ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း မြို့နယ်များနှင့် မကွေးတိုင်းမှ ရေနံချောင်းမြို့နယ်တွင် တပ်ရင်းများကို တရင်းလုံး ဖြန့်ကြက်ထားသည်။
ပိုက်လိုင်းများနှင့် ပတ်သက်သည့် အဆောက်အအုံများတွင် ယခုအခါ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ရေနံပိုက်လမ်းထိန်းချုပ်ရေးစခန်း၊ တောင်သာမှ ဓာတ်ငွေ့ထုတ်လုပ်ရေးနှင့် ပို့လွှတ်ရေးစခန်းနှင့် ရေနံချောင်းမှ ရေနံပိုက်လိုင်း ထိန်းချုပ်ရေးစခန်းအခြားတခု ပါဝင်သည်။ ထိုသို့သော စခန်းများကို လက်ခံထားပြီး စစ်အုပ်စုထိန်းချုပ်သည့် မြို့များတွင် စစ်သားများသည် ကျေးရွာများကို ကင်းလှည့်ပြီး စစ်ဆေးရေးစခန်းများ ထူထောင်ကာ ဒေသခံများကို ထောက်လှမ်းခြိမ်းခြောက်သည်။
ခြံစည်းရိုးများနှင့် စစ်စခန်းများကို တောင်သာ၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်းမှ ပိုက်လိုင်းများ တလျှောက်တွင် တည်ဆောက်သည်။ လယ်သမားများက ၎င်းတို့လယ်မြေများ၏ နေရာအများအပြားသို့ သွားရောက်နိုင်ခြင်း မရှိတော့ဘဲ မျိုးဆက်ပေါင်းများစွာ မိသားစုများ မှီခိုနေရသည့် အသက်မွေးဝမ်းကြောင်းများကို ဖြတ်တောက်ခံရကြောင်း ပြောသည်။ ထိုပိုက်လိုင်းစင်္ကြံကို စစ်ရေးဇုန်အဖြစ် ထိရောက်စွာ အသွင်ကူးပြောင်းလိုက်သောကြောင့် အများအပြားက မြေများကို ဆုံးရှုံးရုံသာမက ဝင်ငွေလည်း ဆုံးရှုံးသည်။

လယ်မြေများနှင့် စိုက်ခင်းများသည် ပိုက်လိုင်းများအနီးတွင် ရှိနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ကနဦးတွင် ထိုသဘောတူစာချုပ်အရ ဒေသခံများကို ထိုနေရာများတွင် လယ်ယာလုပ်ငန်း ဆက်လက် ပြုလုပ်ခွင့်ပေးသောကြောင့် ၎င်းတို့က သဘောတူပြီး လယ်ယာလုပ်ငန်း ဆက်လက်လုပ်ကိုင်ကြောင်း ဒေသခံ ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့တခုမှ အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
“အခုသူတို့က မူလသဘောတူညီချက်တွေကို ဖျက်သိမ်းလိုက်ပြီး ခြံစည်းရိုးခတ်ထားတဲ့ နယ်မြေတွေနဲ့ လုံခြုံရေး စခန်းတွေနဲ့ ပြည်သူတွေ ဆက်လက် အလုပ်မလုပ်နိုင်တော့ဘူး” ဟု ၎င်းကပြောသည်။
တောင်သာမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထိန်းချုပ်ရေးစခန်းတွင် စစ်တပ်သည် ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်ထားသည်။ လမ်းများကို ပိတ်ဆို့ထားပြီး စစ်ဆေးရေးဂိတ်များ တည်ဆောက်ကာ ည ၈ နာရီတွင် ဖြတ်သန်းသွားလာမှုကို ကန့်သတ်ထားသည်။ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်တော့ကြောင်း ရွာသားများက ပြောသည်။
တောင်သာမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထိန်းချုပ်ရေးစခန်းတွင် စစ်တပ်သည် ထိန်းချုပ်မှုများကို ပိုမိုတင်းကျပ်ထားသည်။ လမ်းများကို ပိတ်ဆို့ထားပြီး စစ်ဆေးရေးဂိတ်များ တည်ဆောက်ကာ ည ၈ နာရီတွင် ဖြတ်သန်းသွားလာမှုကို ကန့်သတ်ထားသည်။ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်တော့ကြောင်း ရွာသားများက ပြောသည်။
“ကျနော်တို့ အိမ်နီးချင်းတယောက်က ဆေးရုံအသွား လမ်းမှာ ဆုံးသွားတယ်။ အဲဒီဂိတ်တွေကို ပိတ်မထားရင် သူအသက်ဆက်ရှင်နိုင်သေးတယ်” ဟု ဒေသခံတဦးက ပြောသည်။
တောင်သာစခန်းတွင်ကဲ့သို့ တရုတ်ဝန်ထမ်းများကို ချထားရသည့်အခါတိုင်း စစ်တပ်သည် အထူးအကာအကွယ် ပေးရသည်။ လွန်ခဲ့သောနှစ်က အမ်းမြို့နယ်ကို AA က သိမ်းပိုက်သောအခါ စစ်အုပ်စုက တရုတ်ဝန်ထမ်းများကို ကယ်တင်ပြီး ရန်ကုန်သို့ ပြန်ပို့ရသည်။
“တရုတ်ဝန်ထမ်းတွေ စခန်းချနေရင် လုံခြုံရေး ပိုမိုတင်းကျပ်တယ်။ လူငယ်တွေကို ခြံစည်းရိုးတွေဆောက်ဖို့ အတင်းအကျပ် ခေါ်ယူပြီး ငြင်းဆန်ရင် ရိုက်နှက်ခံကြရတယ်” ဟု တောင်သာဒေသခံတဦးက ပြောသည်။
ပိုက်လိုင်းများအနီးတွင် နေထိုင်ကြသော ရွာသားများအတွက် အခြေအနေသည် ဝန်ထုပ်ဝန်ပိုး နှစ်ဆ ဖြစ်စေသည်။ တဖက်တွင် စစ်တပ်သည် တရုတ်စီမံကိန်းများကို ခြိမ်းခြောက်မှုဟု သံသယရှိသည့် မည်သည်ကိုမဆို ပြင်းထန်စွာ ဖြိုခွဲပြီး အရပ်သားများကို မကြာခဏ ဖမ်းဆီးအကြမ်းဖက်သည်။
အခြားတဖက်တွင် တော်လှန်ရေးအင်အားစုများက စစ်အုပ်စုတပ်များ သို့မဟုတ် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် ဒေသခံလူမှုအသိုက်အဝန်းများကို သတိပေးသည်။
၂၀၂၃ ခုနှစ်တွင် တော်လှန်ရေးအင်အားစုများက မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ရွှေစစ်တိုင်ကျေးရွာအနီး ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တိုက်ခိုက်သောအခါ စစ်ကောင်စီတပ်များသည် ထိုဒေသမှ တရုတ်ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ဦးစွာ ရွှေ့ပြောင်းရသည်။ ထို့နောက် ထိုကျေးရွာသည် မီးရှို့ခံရခြင်း၊ အတင်းအကျပ်စစ်သားစုဆောင်းခြင်းနှင့် တိုက်ခိုက်မှုခံရသည်ဟု ကျောက်ပန်းတောင်း ဒေသခံတဦးက ပြောသည်။
“စစ်သားတွေက အဲဒီဒေသကို စစ်ဇုန်လို စောင့်ကြပ်နေတယ်။ ကျနော်တို့က စစ်တပ်ကိုရော တိုက်ပွဲတွေကိုပါ ကြောက်နေရတယ်” ဟု ကျောက်ပန်းတောင်းမှ အမျိုးသမီးတဦးက ပြောသည်။
“စစ်သားတွေက အဲဒီဒေသကို စစ်ဇုန်လို စောင့်ကြပ်နေတယ်။ ကျနော်တို့က စစ်တပ်ကိုရော တိုက်ပွဲတွေကိုပါ ကြောက်နေရတယ်” ဟု ကျောက်ပန်းတောင်းမှ အမျိုးသမီးတဦးက ပြောသည်။
“ထိန်းချုပ်စခန်းတွေနဲ့ ခြံစည်းရိုးတွေက် ဓာတ်ပုံရိုက်ခွင့် ပိတ်ထားလို့ မိုဘိုင်းဖုန်းသုံးဖို့တောင် ကြောက်နေရတယ်။ ဓာတ်ပုံရိုက်တယ်လို့ သံသယနဲ့ ဒေသခံတချို့ရဲ့ ဖုန်းတွေကို စစ်သားတွေက သိမ်းဆည်းတယ်” ဟုလည်း ၎င်းကပြောသည်။
စီမံကိန်းနေရာများကို မည်သူထိန်းချုပ်ထားသနည်း
ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စခန်းများ၏ ၇၀ ရာခိုင်နှုန်းကို စစ်အုပ်စုက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း မြန်မာသေနင်္ဂဗျူဟာနှင့် မူဝါဒအင်စတီကျု (ISP-Myanmar) ၏ အဆိုအရ သိရသည်။
ထိုပိုက်လိုင်းများ ဖြတ်သန်းသွားသည့် မြို့နယ် ၂၂ ခုတွင် အများအပြားသည် ရှမ်းပြည်မြောက်ပိုင်းကို ထိန်းချုပ်ထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ၎င်း၏မဟာမိတ်များ အောက်တွင် ရှိနေသည်။ ရခိုင်ပြည်နယ်တွင် AA က ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ထိန်းချုပ်စခန်း အပါအဝင် အမ်းမြို့နယ်ကို သိမ်းပိုက်လိုက်သောအခါ အခြေအနေပြောင်းလဲသွားသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ မေလအတွင်း မြန်မာမှ တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စခန်းမျာနှင့် အစိတ်အပိုင်းများကို အဓိကကျသည့် တိုက်ခိုက်မှု အနည်းဆုံး ခုနစ်ကြိမ်ဖြစ်ပွားသည်။
ထိုတိုက်ခိုက်မှုများသည် မန္တလေးတိုင်းရှိ တောင်သာ၊ ကျောက်ပန်းတောင်းနှင့် နွားထိုးကြီး၊ ရှမ်းပြည်နယ်မှ ကျောက်မဲနှင့် ရခိုင်ပြည်နယ်ရှိ အမ်းတွင် ဖြစ်ပွားသည်။ ထိုတိုက်ခိုက်မှုများကို ပိုက်လိုင်းကို စောင့်သည့် စစ်အုပ်စုစခန်းများအား ပစ်မှတ်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ TNLA နှင့် AA တို့က ပြုလုပ်ခြင်းဖြစ်သည်။ ထိုပိုက်လိုင်းများကို စစ်အုပ်စု၏ ပုံရိပ်နှင့် တရုတ်သြဇာ ထူထောင်မှုအဖြစ် မြင်ကြသည်။
တဖက်တွင် စစ်အုပ်စုက လုံခြုံရေးတင်းကျပ်မှုနှင့် အခြားတဖက်တွင် တိုက်ခိုက်မှုများအတွင်း ကြားညပ်ပြီး ရွာသားများသည် နည်းလမ်းအမျိုးမျိုးဖြင့် ဒုက္ခခံစားကြရသည်။ စစ်တပ်က ပိုက်လိုင်းကို ကာကွယ်ရေးကြောင့် ဖြစ်လာသည့် အခက်အခဲများကို ဒေသခံများ ခံစားရပြီး တိုက်ပွဲများအတွင်း ထွက်ပြေးရကာ တိုက်ပွဲငြိမ်သက်နေသည့် အချိန်တွင် ရွာများသို့ဝင်လာသော စစ်သားများ၏ တိုက်ခိုက်မှုနှင့် အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်ရသည်။
ပိုက်လိုင်းဒေသများတွင် စစ်အုပ်စုက လုံခြုံရေးတိုးမြှင့်မှုကြောင့် ထိုပဋိပက္ခများ ဖြစ်ပွားသည်။ “သူတို့က လုံခြုံရေး တင်းကျပ်လိုက်တော့ ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက်တွေ့မှုမှာ အရပ်သားတွေ ကြားညပ်မယ့် အန္တရာယ်ရှိတယ်” ဟု ဒေသခံပိုက်လိုင်းစောင့်ကြည့်ရေး အဖွဲ့ဝင်တဦးကပြောသည်။
တဖက်တွင် စစ်အုပ်စုက လုံခြုံရေးတင်းကျပ်မှုနှင့် အခြားတဖက်တွင် တိုက်ခိုက်မှုများအတွင်း ကြားညပ်ပြီး ရွာသားများသည် နည်းလမ်းအမျိုးမျိုးဖြင့် ဒုက္ခခံစားကြရသည်။ စစ်တပ်က ပိုက်လိုင်းကို ကာကွယ်ရေးကြောင့် ဖြစ်လာသည့် အခက်အခဲများကို ဒေသခံများ ခံစားရပြီး တိုက်ပွဲများအတွင်း ထွက်ပြေးရကာ တိုက်ပွဲငြိမ်သက်နေသည့် အချိန်တွင် ရွာများသို့ဝင်လာသော စစ်သားများ၏ တိုက်ခိုက်မှုနှင့် အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်ရသည်။
မကြာသေးမီက အစည်းအဝေးတခုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာမှ တရုတ်အကျိုးစီးပွားများနှင့် စီမံကိန်းများကို ကာကွယ်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောသည်။ တရုတ်အတွက် ထိုပိုက်လိုင်းများသည် သေနင်္ဂဗျူဟာ အသက်သွေးကြောဖြစ်သည်။
မြန်မာကျေးရွာသားများအတွက် ထိုပိုက်လိုင်းများသည် အကြောက်တရား လမ်းကြောင်းများဖြစ်သည်။ လယ်ယာမြေများဆုံးရှုံး၊ အိမ်များ ခြံခတ်ပိတ်ဆို့ခံရပြီး ဘဝများကို စစ်သားများနှင့် စစ်ဆေးရေးဂိတ်များက ကန့်သတ်သောကြောင့် စွမ်းအင်သယ်ဆောင်ရန် ရည်ရွယ်သည့် ထိုစင်္ကြံများသည် ကြီးမားသော စစ်ရေးတန်ဖိုးပေးဆပ်ရမှု ဖြစ်စေသည်။
“ပိုက်လိုင်းနားမှာ နေထိုင်လို့ မင်းအောင်လှိုင်ရဲ့ စစ်သားတွေက ကျနော်တို့ကို ရန်သူလို ဆက်ဆံတယ်” ဟု တောင်သာ ဒေသခံတဦးက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Athena Awn Naw ၏ Militarized Pipelines: How China’s Security Priorities Harm Local Communities ကို ဘာသာပြန်သည်။)
You may also like these stories:
မြစ်ဆုံနဲ့ တရုတ်လိုချင်တဲ့ စီမံကိန်းတွေ မင်းအောင်လှိုင် ထိုးကြွေးတော့မလား (ရုပ်/သံ)
ရခိုင်တွင် AA အောင်မြင်မှုများကို တရုတ်နှင့် အိန္ဒိယ စောင့်ကြည့်နေ
နယ်စပ်ဖြတ်ကျော်လုံခြုံရေးနှင့် တရုတ်ပုဂ္ဂလိကတပ်များ
မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်
တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ














