အရှေ့တောင်အာရှနှင့် အာဖရိကတဝန်းတွင် တရုတ်၏ ကြီးထွားနေသည့် စီးပွားရေးသြဇာသည် ၎င်း၏ ပထဝီနိုင်ငံရေးရည်မှန်းချက်ကို ပြန်လည်ဖွင့်ဆိုနေသည်။ အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေး သေနင်္ဂဗျူဟာစင်္ကြံများမှတဆင့် တရုတ်၏ ခြေလှမ်း တိုးချဲ့နေစဉ် ပြည်ပစီမံကိန်းများနှင့် ပတ်သက်သည့် အန္တရာယ်များသည်လည်း ကြီးထွားလာနေသည်။
တချိန်က အပြန်အလှန် အကျိုးကျေးဇူးကို အခြေခံအဖြစ် ရည်ရွယ်ခဲ့သော်လည်း ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) သည် ယခုအခါ ထိခိုက်လွယ် ဇုန်များ၊ ပြည်တွင်းပဋိပက္ခများ၊ အပြိုင်ဖြစ်နေသော အချုပ်အခြာအာဏာများနှင့် ပိုမို ထိစပ်လာနေသည်။ ထိုသို့သော ပတ်ဝန်းကျင်များတွင် တရုတ်နိုင်ငံသည် နယ်မြေကျယ်ပြန့်နေပြီး စိစစ်မှုနည်းသည့် ဖိအားပေး ကာကွယ်ရေးနည်းလမ်းအဖြစ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို စတင် မှီခိုလာခြင်းဖြစ်သည်။
မကြာသေးမီကအထိ ထိုကုမ္ပဏီများသည် ပေါ်ပေါ်ထင်ထင်မရှိဘဲ အဓိကအားဖြင့် တည်ငြိမ်သောအခန်းကဏ္ဍမှ ပါဝင်ကြသော်လည်း ယခုအခါတွင် ၎င်းတို့သည် အလုပ်ဝင်းခြံများကို စောင့်ကြပ်ခြင်း၊ အင်ဂျင်နီယာများကို လိုက်လံစောင့်ရှောက်ခြင်းတို့အတွက်သာဟူ၍ ကန့်သတ်မထားတော့ပေ။ ယင်းအစား ၎င်းတို့သည် တရုတ်၏ ပြင်ပလုံခြုံရေးသေနင်္ဂဗျူဟာ အလွှာသစ်တခုအဖြစ် ထွက်ပေါ်လာနေသည်။
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို အသုံးပြုခြင်းလောက် ထင်သာမြင်သာမရှိဘဲ သံတမန်ရေးအရ ပိုမို ငြင်းပယ်နိုင်ကာ တိုက်ရိုက်စွက်ဖက်ခြင်းထက် နိုင်ငံရေးအရ ပိုလှုပ်သာလှည့်သာရှိသည်။ စီးပွားရေးလုပ်ငန်းများအဖြစ် ဖန်တီးထားသည့် ထိုပုဂ္ဂလိက စစ်တပ်များသည် ဗြောင်ကျသော စစ်ရေးထိုးဖောက်မှုကြောင့် ပေးဆပ်ရသည့် ဂုဏ်သိက္ခာထိခိုက်မှုများ မရှိဘဲ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် ယန္တရားဖြစ်လာသည်။
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို အသုံးပြုခြင်းလောက် ထင်သာမြင်သာမရှိဘဲ သံတမန်ရေးအရ ပိုမို ငြင်းပယ်နိုင်ကာ တိုက်ရိုက်စွက်ဖက်ခြင်းထက် နိုင်ငံရေးအရ ပိုလှုပ်သာလှည့်သာရှိသည်။ စီးပွားရေးလုပ်ငန်းများအဖြစ် ဖန်တီးထားသည့် ထိုပုဂ္ဂလိက စစ်တပ်များသည် ဗြောင်ကျသော စစ်ရေးထိုးဖောက်မှုကြောင့် ပေးဆပ်ရသည့် ဂုဏ်သိက္ခာထိခိုက်မှုများ မရှိဘဲ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် ယန္တရားဖြစ်လာသည်။
လုပ်ငန်းဆိုင်ရာနယ်ပယ် အထူးသဖြင့် မြန်မာကဲ့သို့သော ဒေသများတွင် ကျယ်ပြန့်လာသောအခါ ထိုလုပ်ငန်းများသည် ပုဂ္ဂလိက ကြေးစားတပ်များက စီးပွားရေးလုပ်ငန်းများအတွက် အန္တရာယ်ကို စီမံဖြေရှင်းပေးသူများသာ ဖြစ်သည်ဆိုသည့် ကာကွယ်ပြောဆိုချက်များကို ဆက်လက်ပြောဆိုရန် ပိုမိုခက်ခဲလာသည်။
တရုတ်အကျိုးစီးပွား ချဲ့ထွင်လာခြင်း
မြန်မာနိုင်ငံသည် ထိရောက်သော ဥပမာတခုဖြစ်သည်။ မကြာသေးမီကအထိ တရုတ် လုံခြုံရေးကုမ္ပဏီများကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကဲ့သို့သော စွမ်းအင်အခြေခံအဆောက်အအုံများနှင့် စီးပွားရေးဇုန်များကို ကာကွယ်ရန် အဓိကအားဖြင့် ဖြန့်ကြက်သည်။
သို့သော် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများတွင် အတိုင်းအတာအရသာမက လုပ်ငန်းဆောင်ရွက်ပုံအရပါ အပြောင်းအလဲတခုကို ပြသနေသည်။ တရုတ် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း နောက်ထပ် ၅၀ နှင့် ၁၀၀ ကြားကို ကျောက်ဖြူတွင် ဖြန့်ကြက်ခဲ့ပြီး အဓိကကျသည့် အခြေခံအဆောက်အအုံနေရာများတွင် လုံခြုံရေးအားဖြည့်ရန် တရားဝင် တာဝန်ပေးသည်ဟု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ သတင်းများက ခန့်မှန်းကြသည်။
အခြေခံအဆောက်အအုံလုပ်ငန်းများအတွက် တရုတ်ဝန်ထမ်း ၃၀၀ ကျော်ကို ဖြန့်ကြက်ပြီးနောက် ၎င်းတို့ ရောက်လာခြင်းဖြစ်သည်။ သို့သော် ထိုတပ်ဖွဲ့များသည် မြန်မာစစ်အုပ်စုကို အပြင်စည်း ကာကွယ်ရေးပေးရုံသာမက တော်လှန်ရေးအင်အားစုများကို ပစ်မှတ်ထားသည့် ဒရုန်းစစ်ဆင်ရေးများနှင့် လက်ဖြောင့် ပစ်ခတ်မှုများကိုလည်း ပြုလုပ်နေပုံရသည်။
အတည်ပြုနိုင်ပါက ထိုကိစ္စသည် တရုတ် လုံခြုံရေးကုမ္ပဏီများက လုပ်ပိုင်ခွင့်ကန့်သတ်ထားသည့် အခြေခံအဆောက်အအုံ ကာကွယ်ရေးအခန်းကဏ္ဍကို ကျော်လွန်ကာ လက်ရှိဖြစ်ပွားနေသည့် မြန်မာ့ပဋိပက္ခတွင် စစ်ဆင်ရေးအခန်းကဏ္ဍသို့ ပထမဆုံးအကြိမ် ပြောင်းလာခြင်း ဖြစ်သည်။
ထိုသို့လုပ်ခြင်းသည် အရေးပါသည့် ပြန်လည် ညှိနှိုင်းလုပ်ဆောင်မှုဖြစ်သည်။ အထိုင်ချပြီး အကာအကွယ်ပေးရေးမှ တိုက်ပွဲတွင် ရွေးချယ်ပါဝင်ခြင်းသို့ ပြောင်းလဲမှုဖြစ်သည်။ အတည်ပြုနိုင်ပါက ထိုကိစ္စသည် တရုတ် လုံခြုံရေးကုမ္ပဏီများက လုပ်ပိုင်ခွင့်ကန့်သတ်ထားသည့် အခြေခံအဆောက်အအုံ ကာကွယ်ရေးအခန်းကဏ္ဍကို ကျော်လွန်ကာ လက်ရှိဖြစ်ပွားနေသည့် မြန်မာ့ပဋိပက္ခတွင် စစ်ဆင်ရေးအခန်းကဏ္ဍသို့ ပထမဆုံးအကြိမ် ပြောင်းလာခြင်း ဖြစ်သည်။
အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်တွင် စစ်အုပ်စုထိန်းချုပ်မှုအောက်၌ ကျန်နေဆဲမြို့ သုံးမြို့အနက် တခုဖြစ်သည့် ကျောက်ဖြူမှ ၅ ကီလိုမီတာအတွင်းသို့ ချီတက်လာနေသည်။ AA တပ်များသည် ကျောက်ဖြူနှင့် တရုတ် ကျောထောက်နောက်ခံပြု ပင်လယ်နက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံပိုက်လိုင်းများ ရှိသည့် မဒေးကျွန်းကို ချိတ်ဆက်ထားသော လမ်းတလျှောက်မှ စစ်အုပ်စု၏ အဓိကကျသည့် စခန်းများကို သိမ်းပိုက်ပြီးဖြစ်သည်။
စစ်အုပ်စုသည် ဂျက်တိုက်လေယာဉ်များ၊ တရုတ်လုပ် ဒရုန်းများနှင့် စစ်သင်္ဘောများကို ထိုဒေသတွင် ဖြန့်ကြက်ထားပြီး တိုက်ပွဲဖြစ်ပွားနေသည်မှာ လပေါင်းများစွာကြာပြီဖြစ်သည်။
ကျောက်ဖြူပိုက်လိုင်းသည် တရုတ်အတွက် အရေးပါသည့် ပထဝီသေနင်္ဂဗျူဟာအရ ရယူထားမှုဖြစ်ပြီး မလက္ကာရေလက်ကြားကို အားမကိုးဘဲ အိန္ဒိယသမုဒ္ဒရာမှတဆင့် စွမ်းအင်ရနိုင်ရန် ဖြစ်သည်။ မလက္ကာရေလက်ကြားသည် အကျပ်အတည်းကာလတွင် ထိခိုက်လွယ်မှုအဖြစ် တရုတ်သေနင်္ဂဗျူဟာ ပညာရှင်များက သတ်မှတ်ထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သည့် ပိတ်ဆို့မည့်နေရာဖြစ်သည်။
အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက စစ်အုပ်စုကို ထိုးစစ်များဆင်နေသည့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပိုမို မတည်မငြိမ်ဖြစ်လာခြင်းသည် ထိုစင်္ကြံကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သည်။ တရုတ်နိုင်ငံအတွက် ထိုကဲ့သို့သော အခြေခံအဆောက်အအုံကို ဆုံးရှုံးခြင်း သို့မဟုတ် နှောင့်ယှက်ခံရခြင်းသည် စီးပွားရေးသက်သက် မဟုတ်ဘဲ အမျိုးသားစွမ်းအင်လုံခြုံရေး၊ ဒေသတွင်းသြဇာနှင့် BRI အပေါ် ယုံကြည်မှုကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ပုဂ္ဂလိက လုံခြုံရေးလုပ်ငန်းများကို တရုတ်နိုင်ငံက အသုံးပြုခြင်းအတွက် ထူးခြားစေသည့်ကိစ္စမှာ နိုင်ငံတော်နှင့် ဈေးကွက်အကြား ဝေဝါးသည့် စည်းပိုင်းခြားမှု ဖြစ်သည်။ ပုဂ္ဂလိကကုမ္ပဏီများအဖြစ် တရားဝင် မှတ်ပုံတင်ထားသော်လည်း DeWe လုံခြုံရေး သို့မဟုတ် နယ်စပ်ဝန်ဆောင်မှုများအုပ်စု (Frontier Services Group) ကဲ့သို့သော လုပ်ငန်းအများအပြားသည် PLA အရာရှိဟောင်းများ တည်ထောင်ထားသည့် လုပ်ငန်းများဖြစ်ပြီး တရုတ်လုံခြုံရေး အသိုက်အဝန်းနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။
၎င်းတို့ကို ပြည်ပတွင် ဖြန့်ကြက်ခြင်းသည် အန္တရာယ်များသော ပတ်ဝန်းကျင်များအတွက် ဈေးကွက်တုံ့ပြန်မှုမျှသာ မဟုတ်ပေ။ ထိုကိစ္စသည် လုပ်ငန်းဆောင်တာများကို နိုင်ငံတခုအနေဖြင့် လုပ်ပိုင်ခွင့် ပြင်ပသို့ အပ်နှံပြီး ၎င်းအပေါ် အမြင်နှင့် ငြင်းပယ်နိုင်မှုကို ထိန်းချုပ်ထားသည့် သေနင်္ဂဗျူဟာ၏ အစိတ်အပိုင်းဖြစ်သည်။
၎င်းတို့ကို ပြည်ပတွင် ဖြန့်ကြက်ခြင်းသည် အန္တရာယ်များသော ပတ်ဝန်းကျင်များအတွက် ဈေးကွက်တုံ့ပြန်မှုမျှသာ မဟုတ်ပေ။ ထိုကိစ္စသည် လုပ်ငန်းဆောင်တာများကို နိုင်ငံတခုအနေဖြင့် လုပ်ပိုင်ခွင့် ပြင်ပသို့ အပ်နှံပြီး ၎င်းအပေါ် အမြင်နှင့် ငြင်းပယ်နိုင်မှုကို ထိန်းချုပ်ထားသည့် သေနင်္ဂဗျူဟာ၏ အစိတ်အပိုင်းဖြစ်သည်။
ထိုအဖွဲ့အစည်းများသည် ကြားခံနယ်ပယ်တွင် လုပ်ကိုင်ကြသည်။ နိုင်ငံတော်လည်း အပြည့်အဝ မည်သည့်အခါမှ မဟုတ်၊ ပုဂ္ဂလိကလည်း မည်သည့်အခါမှ အပြည့်အဝ မဟုတ်သော်လည်း နိုင်ငံရေးအရ အသုံးဝင်သည့် အဖွဲ့အစည်းများဖြစ်သည်။
ထို့ကြောင့် မိမိတို့ မြင်တွေ့နေရသည့်ကိစ္စသည် တရုတ်က ပြည်ပဖြန့်ကြက်မှုကို စီမံသည့်နည်းလမ်းတွင် သိမ်မွေ့ပြီး အရေးပါသည့် အသွင်ကူးပြောင်းမှုဖြစ်သည်။ တရုတ်၏ချဲ့ထွင်မှု၊ သံတမန်ရေး အပျော့ဆွဲသြဇာ၊ အခြေခံအဆောက်အအုံ သံတမန်ရေးနှင့် သတိထား ကြားနေရေး အစဉ်အလာပုံရိပ်အတွက် နိုင်ငံတော် အမှတ်တံဆိပ်များ မဝတ်ဆင်ထားသော်လည်း နိုင်ငံတော်၏ အသံတိတ် ထောက်ခံမှုဖြင့် လုပ်ငန်းဆောင်ရွက်နေသော အတင်းအကျပ် အကောင်အထည်ဖော်သူများ ရောက်လာခြင်းက ရှုပ်ထွေးစေသည်။
ထိုသို့လုပ်ဆောင်ရာတွင် သိမ်းပိုက်မှုအသွင် မဆောင်သည့် အင်အားထူထောင်မှုလုပ်ရန်နှင့် တရားဝင် ဝင်ရောက်မပတ်သက်ဘဲ မြေပြင်ရလဒ်များကို သြဇာသက်ရောက်စေရေး ၎င်းတို့က တရုတ်နိုင်ငံကို အကျိုးပြုစေသည်။
ထိုကိစ္စသည် တရုတ်၏ ပုဂ္ဂလိကစစ်တပ်များက နိုင်ငံရေးအကျိုးဆက်ဖြစ်စေသည့် ဝိရောဓိဖြစ်သည်။ အဆိုပါ တရုတ် ပုဂ္ဂလိကစစ်တပ်များ တည်ရှိမှုသည် ဒေသခံအစိုးရများကို တာဝန်မခံဘဲ တရုတ်အစိုးရ၏ သေနင်္ဂဗျူဟာတွက်ချက်မှုကို တာဝန်ခံသည့် စင်ပြိုင် လုံခြုံရေးစုဖွဲ့မှုများ ဖြစ်စေသောကြောင့် အိမ်ရှင်နိုင်ငံ၏ အချုပ်အခြာအာဏာကို စိန်ခေါ်သည်။ ဖိတ်ခေါ်၍ လာသည်ဖြစ်စေ စိန်ခေါ်မှု ဖြစ်နေသည်။
မြန်မာကဲ့သို့ တိုင်းပြည်ပျက်နေသည့် နိုင်ငံများတွင် ထိုကိစ္စသည် ပြည်တွင်းပဋိပက္ခ ချိန်ခွင်လျှာကို တိမ်းစောင်းစေပြီး ဒေသခံလူမှုအသိုက်အဝန်းများတွင် ယုံကြည်မှုကို ထိခိုက်စေကာ ရေရှည်နိုင်ငံရေးအရ တန်ဖိုး ပေးဆပ်ရပေမည်။ အထူးသဖြင့် ပြည်ပလွှမ်းမိုးမှုသမိုင်းကို မမေ့ကြသေးသည့် အရှေ့တောင်အာရှကဲ့သို့သော ဒေသများတွင် အရေးပါသည်။
သေနင်္ဂဗျူဟာ အန္တရာယ်များ
ပုဂ္ဂလိကစစ်တပ်များ၏ နိုင်ငံရေးအရ အသုံးဝင်မှု မြင့်မားနိုင်သော်လည်း အန္တရာယ်များသည်လည်း အလားတူ အရေးပါသည်။ အမျိုးသားနယ်မြေ လုံခြုံရေးကို အခြားအစိုးရတခု၏ သေနင်္ဂဗျူဟာ ဦးပေးစားများ တာဝန်ခံရသည့် ပြည်ပတပ်များသို့ ပေးအပ်ရသောအခါ အကာအကွယ်ပေးမှုနှင့် ဝင်ရောက်စွက်ဖက်မှုအကြား ခြားထားသည့် စည်းသည် ဝေဝါးသွားသည်။ ပြည်တွင်းစစ်နှင့် တရားဝင်မှုအားပြိုင်မှုအကြား လျှောက်လှမ်းနေရသောနိုင်ငံများတွင် ထိုကိစ္စသည် တရုတ်ကြံရာပါဖြစ်မှု အယူအဆကို ပိုမိုခိုင်မာစေပြီး တရုတ်ဆန့်ကျင်ရေးကို ဖြစ်စေသည်။
ထိုပုံစံသည် တရုတ်ကို ၎င်းတို့ မထိန်းချုပ်နိုင်သည့် အချိုးမညီ ပဋိပက္ခအတွင်း ဆွဲသွင်းသည်။ ပုဂ္ဂလိကကုမ္ပဏီများသည် ထိုးစစ်များ သို့မဟုတ် အရပ်သားသေဆုံးမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စွဲချက်တင်ခံရသောအခါ တရုတ်သည် ကမ္ဘာ့တောင်ပိုင်းတွင် စီးပွားရေးနှင့် ယဉ်ကျေးမှုသြဇာအတွက် အချက်အချာကျသည့် ကြားနေမိတ်ဖက်အဖြစ် ဂုဏ်သတင်း ထိခိုက်မည်ဖြစ်သည်။
ထိုပုံစံသည် တရုတ်ကို ၎င်းတို့ မထိန်းချုပ်နိုင်သည့် အချိုးမညီ ပဋိပက္ခအတွင်း ဆွဲသွင်းသည်။ ပုဂ္ဂလိကကုမ္ပဏီများသည် ထိုးစစ်များ သို့မဟုတ် အရပ်သားသေဆုံးမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု စွဲချက်တင်ခံရသောအခါ တရုတ်သည် ကမ္ဘာ့တောင်ပိုင်းတွင် စီးပွားရေးနှင့် ယဉ်ကျေးမှုသြဇာအတွက် အချက်အချာကျသည့် ကြားနေမိတ်ဖက်အဖြစ် ဂုဏ်သတင်း ထိခိုက်မည်ဖြစ်သည်။
နောက်ဆုံးဖြင့် အရေးအပါဆုံးချက်မှာ ပဋိပက္ခစစ်မျက်နှာများတွင် လုံခြုံရေးကုမ္ပဏီများ ပါဝင်ပတ်သက်မှုကို သာမန်အဖြစ် သဘောထားခြင်းအတွက် စံနမူနာ ဖြစ်စေခြင်းဖြစ်သည်။ ယနေ့ မြန်မာတွင်ဖြစ်ပြီး နောက်တနေ့၌ ဘလူချစ္စတန်တွင်ဖြစ်မည်လော။ ပိုက်လိုင်းများ၊ ဆိပ်ကမ်းများ သို့မဟုတ် လမ်းများ လုံခြုံစေရန် တရုတ်လုံခြုံရေးလုပ်ငန်းများ ဖြန့်ကြက်နေသည့် စံနမူနာကို တရုတ်၏ ပြိုင်ဘက်နိုင်ငံများ သို့မဟုတ် အချုပ်အခြာ အာဏာထိပါးမှုကြောင့် စိတ်မသက်မသာဖြစ်နေသည့် အိမ်ရှင်နိုင်ငံများက မသိဘဲနေမည် မဟုတ်ပေ။
တရားမဝင် တရုတ်သြဇာ
ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများကို လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများတွင် တက်ကြွစွာ ထောက်ပံ့ရန် ဆွဲခေါ်လာသောအခါ ပါကစ္စတန်၊ ဗဟိုအာရှ အစိတ်အပိုင်းများနှင့် အာဖရိက ပဋိပက္ခဇုန်များတွင် အလားတူ ဖြန့်ကြက်ခြင်းသည် ဖြစ်နိုင်ရုံသာမက ဖြစ်ဖွယ်ရှိသည်။
အခြေခံအဆောက်အအုံ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒ ကြားဝင်စွက်ဖက်ခြင်းအကြားစည်းသည် လျင်မြန်စွာ ပျောက်ကွယ်လာကာ တရုတ်နိုင်ငံသြဇာ ကြီးထွားလာခြင်းသည် ငြိမ်းချမ်းရေးအတွက် သို့မဟုတ် စီးပွားရေးအတွက်ဖြစ်သည်ဆိုသည့် ပြောဆိုမှုသည်လည်း ပျောက်ကွယ်လာသည်။
ဆက်လက် စောင့်ကြည့်ရမည့်ကိစ္စမှာ တရုတ်သည် ထိုပုဂ္ဂလိက လုံခြုံရေးလုပ်ငန်းများကို အပြည့်အဝ ထိန်းချုပ်၊ မချုပ် သို့မဟုတ် အင်အားကို ပြင်ပသို့ ခွဲဖြန့်ခြင်းသည် တရုတ်အတွက် အရှိန်အဟုန် ဖန်တီးပေး၊ မပေးဆိုသည့်အချက်ဖြစ်သည်။
ထိုကိစ္စသည် တရုတ်နိုင်ငံ၏ တာဝန်သိသော အင်အားကြီးနိုင်ငံအဖြစ် ဂရုတစိုက် သတ်မှတ်ထားသည့် ပုံရိပ်ကို ရှုပ်ထွေးစေမည့် ကိစ္စဖြစ်နိုင်သည်။ တရုတ် လုံခြုံရေးလုပ်ငန်းများသည် ထောက်ပံ့ပို့ဆောင်ရေး လိုအပ်ချက်အဖြစ် စတင်ခဲ့နိုင်သော်လည်း ပထဝီနိုင်ငံရေးလက္ခဏာတခု လျင်မြန်စွာဖြစ်လာသည်။
ကမ္ဘာသည် ဖွံ့ဖြိုးတိုးတက်ရေးမဟုတ်၊ သံတမန်ရေးမဟုတ်ဘဲ အကျပ်ကိုင် စီးပွားရေးဖြစ်သော တရုတ်နိုင်ငံ၏ ဖြန့်ကြက်မှုအသစ် ပေါ်ပေါက်လာသည်ကို တွေ့နေရသည်။
ထိုသို့သော အခြေအနေတွင် ကမ္ဘာသည် ဖွံ့ဖြိုးတိုးတက်ရေးမဟုတ်၊ သံတမန်ရေးမဟုတ်ဘဲ အကျပ်ကိုင် စီးပွားရေးဖြစ်သော တရုတ်နိုင်ငံ၏ ဖြန့်ကြက်မှုအသစ် ပေါ်ပေါက်လာသည်ကို တွေ့နေရသည်။
ထိုလုပ်ငန်းများသည် ပိုက်လိုင်းများကို ကာကွယ်သည့် ပုဂ္ဂလိက စစ်တပ်များသာမက ပထဝီနိုင်ငံရေးလက္ခဏာရှိသည့် ယန္တရားများလည်း ဖြစ်သည်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို အပေးအယူ မလုပ်နိုင်ကြောင်းနှင့် တရုတ်သည် ထိုရင်းနှီးမြှုပ်နှံမှုများကို စစ်ပွဲမှ လွဲပြီး အခြားမည်သည့်နည်းဖြင့်မဆို ကာကွယ်ရန် စိတ်အားထက်သန်ကြောင်း ဖော်ပြနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rishan Sen ၏ Security Beyond Borders: China’s Private Armies ကို ဘာသာပြန်သည်။ ရီရှန်းဆန်သည် အာရှတွင် တရုတ်၏ နိုင်ငံခြားရေးမူဝါဒနှင့် သေနင်္ဂဗျူဟာကို အထူးပြုသည့် သုတေသီဖြစ်သည်။)
You may also like these stories:
မြန်မာ့တိုက်ပွဲကြား လူသားဒိုင်းဖြစ်မည့် တရုတ် လုံခြုံရေးကုမ္ပဏီဝန်ထမ်းများ
သတိထားရမယ့် တရုတ်ရဲ့ ပူးတွဲလုံခြုံရေးကုမ္ပဏီ အဆိုပြုချက် (ရုပ်/သံ)
တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ
မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်
တရုတ်လုံခြုံရေးတပ်များ ချထားနိုင်မည့် ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း
ပုဂ္ဂလိက လုံခြုံရေးဥပဒေ ဘယ်သူ့ အကျိုးအတွက်လဲ (ရုပ်/သံ)














