• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နယ်စပ်ကုန်သွယ်ရေးလမ်းများပေါ်က စကမ စစ်ဆင်ရေးများ

by အေးချမ်းဆု
25 October 2025
in ဆောင်းပါး
A A
နယ်စပ်ကုန်သွယ်ရေးလမ်းများပေါ်က စကမ စစ်ဆင်ရေးများ

စစ်အာဏာမသိမ်းခင် ကုန်သွယ်ရေးခေတ်ကောင်းစဉ်က မူဆယ်-မန္တလေးလမ်းပေါ်တွေ့ရသည့် ကုန်ကားတစီး/ဧရာဝတီ

767
VIEWS
Share on FacebookShare on Twitter

လက်ရှိ တပြည်လုံးစစ်ပွဲများ ဖြစ်ပွားနေသည့်အနက် စစ်ကော်မရှင် (စကမ) ၏ စစ်ရေးရည်မှန်းချက်တွင် ဦးစားပေး၍ စစ်ဆင်နေသည့် စစ်ဆင်ရေးအများစုမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပွင့်ရန် ဦးတည်ချက်ထား၍ လုပ်ဆောင်နေသည့် စစ်ဆင်ရေးများဖြစ်သည်ကို တွေ့ရသည်။

ပထမ ဦးတည်ချက်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ဒုတိယ ဦးတည်ချက်မှာ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်၏။ တတိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ရန် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစ၍ တောင်ခမ်းမှ အစပြုခဲ့ပြီး နောင်ချိုမြို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်၊ ကျောက်မဲမြို့အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့နှင့် သီပေါမြို့အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တို့တွင် တပ်အင်အား အမြောက်အများသုံး၍ ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် သီပေါမြို့သိမ်းတိုက်ပွဲကမူ လက်စမသတ်ရသေးပေ။ သီပေါမြို့နှင့် ခလရ ၂၃ ကို စစ်တပ်က ထိန်းချုပ်နိုင်သော်လည်း သီပေါမြို့ပြင်ရှိ ခမရ ၅၀၃၊ ခမရ ၅၀၄ တပ်ရင်းဌာနချုပ်များအား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထိန်းချုပ်ထားဆဲဖြစ်၏။

လက်ရှိ စကမ တပ်သည် မန္တလေး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ လမ်းကြောင်းကို ထိန်းချုပ်ထားနိုင်ပြီဟု ယေဘုယျဆို၍ရသည်။

လက်ရှိ စကမ တပ်သည် မန္တလေး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ လမ်းကြောင်းကို ထိန်းချုပ်ထားနိုင်ပြီဟု ယေဘုယျဆို၍ရသည်။

သို့သော် အဓိကပြဿနာမှာ သီပေါအထွက်တံတားမှ လားရှိုးအဝင်အထိ မိုင် ၄၀ ခန့်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်က ထိန်းချုပ်ထား၏။ တဖန် လားရှိုးအထွက် AT ဂိတ်မှ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ ၁၀၅ မိုင်၊ ကျင်းစန်းကျော့၊ ကြူကုတ်ပန်ဆိုင်းအထိ လမ်းကြောင်းအား MNDAA, TNLA, အာရက္ခတပ်တော် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော် လမ်းကြောင်းကိုလည်း MNDAA တပ်ဖွဲ့က ထိန်းချုပ်ထား၏။

ထို့ပြင် ထိုလမ်းကြောင်းများတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ လှုပ်ရှားထိန်းချုပ်နယ်မြေများလည်း ကျန်ရှိသေးသည်။ တရုတ်နယ်စပ်တွင် မူဆယ်တမြို့သာ တရုတ်၏ကာကွယ်ပေးမှုကြောင့် စကမ တပ်က ထိန်းချုပ်နိုင်သည်ကို တွေ့ရသည်။

ထိုလမ်းကြောင်းပေါ်ရှိ အဓိက MNDAA တပ်ဖွဲ့နှင့် စကမသည် တရုတ်၏ ကြားဝင်မှုဖြင့် အပစ်အခတ်ရပ်စဲထားပြီး တရုတ်၏ကြီးကြပ်မှု‌၊ စောင့်ကြည့်မှုအောက်တွင်ရှိ၏။ သို့ဖြစ်ရာ စကမသည် TNLA, KIA, AA တို့ကို စစ်တိုက်၍ဖြေရှင်းရန် ဆုံးဖြတ်နိုင်သော်လည်း သီပေါနှင့်လားရှိုးကြား၊ လားရှိုးနှင့် မူဆယ်ကြားရှိ MNDAA တပ်ဖွဲ့များ၊ သိန္နီနှင့် ချင်းရွှေဟော်ကြားရှိ MNDAA တပ်ဖွဲ့များကို တရုတ်သဘောမတူဘဲ စစ်တိုက်ရန် မဖြစ်နိုင်ပေ။ တရုတ်သဘောမတူဘဲ စကမ ကလည်း တိုက်ရဲမည် မဟုတ်ပေ။

သိန္နီမြို့ကို စကမ တပ်အား ပြန်ပေးရမည်ဟု သတင်းများထွက်ပေါ်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း လက်တွေ့တွင် MNDAA က ထိန်းချုပ်ထားဆဲဖြစ်သည့်အပြင် သိန္နီမြို့ပေါ်တွင် မြန်မာကျပ်ငွေ သန်းထောင်နှင့်ချီ တန်ဖိုးရှိသည့် စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို ကိုးကန့်တပ်ဖွဲ့က ပြုလုပ်နေကြောင်း တွေ့ရ၏။

ထို့ပြင် လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား ကားလမ်းကိုလည်း ကျပ်သန်းထောင်ချီ အသုံးပြု၍ စတင် လမ်းခင်းနေသည်ကို တွေ့ရသည်။ ဤရင်းနှီးမြှုပ်နှံမှုများသည် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး ဤဒေသတွင် စစ်ပွဲပြန်လည်ဖြစ်မလာနိုင်သည့် လက္ခဏာများလည်းဖြစ်သည်။

မူအရ တရုတ်နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားသည်ကို တရုတ်တို့ လက်မခံပေ။ တရုတ်တို့သည် စကမ အာဏာတည်မြဲရေးကို တဖက်က ကူနေသော်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များကို မြန်မာစစ်တပ်က အမြစ်ပြတ်နှိမ်နင်းနိုင်မည်ဟု တရုတ်တို့ မယုံကြည်သကဲ့သို့ အားလည်းမပေးပေ။

ထို့ပြင် မူအရ တရုတ်နယ်စပ်တွင် တိုက်ပွဲဖြစ်ပွားသည်ကို တရုတ်တို့ လက်မခံပေ။ တရုတ်တို့သည် စကမ အာဏာတည်မြဲရေးကို တဖက်က ကူနေသော်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များကို မြန်မာစစ်တပ်က အမြစ်ပြတ်နှိမ်နင်းနိုင်မည်ဟု တရုတ်တို့ မယုံကြည်သကဲ့သို့ အားလည်းမပေးပေ။

လားရှိုးအထွက် AT ဂိတ်မှ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ ၁၀၅ မိုင်၊ ကျင်းစန်းကျော့၊ ကြူကုတ်ပန်ဆိုင်းအထိ လမ်းကြောင်းအား MNDAA, TNLA, AA, KIA တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော် လမ်းကြောင်းကိုလည်း MNDAA တပ်ဖွဲ့က ထိန်းချုပ်ထား၏

တရုတ်တို့သဘောထားမှာ တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးလမ်းကြောင်း၌ ရရှိသည့် အကျိုးအမြတ်များကို သင့်တင့်စွာ ခွဲဝေရယူပြီး လုံးဝ တိုက်ပွဲမဖြစ်ရေးဖြစ်၏။ ထို့ကြောင့်လည်း တရုတ်တို့သည် ရှမ်းမြောက် တရုတ်နယ်စပ်ရှိ KIA, MNDAA, SSPP, TNLA, AA တို့ကို တရုတ်နယ်စပ်တလျှောက် တိုက်ပွဲမဖြစ်ရေး၊ တရုတ်နယ်စပ်ကုန်သွယ်ရေးအား အကာကွယ်ပေးရေး၊ သင့်တင့်သော အကျိုးအမြတ်အား ခွဲဝေပေးရေးကို ၂၀၂၅ ခုနှစ်အတွင်း ခေါ်ယူဆွေးနွေးခဲ့သည်ဟု နယ်စပ်ဒေသ သတင်းအရင်းအမြစ်များထံမှ သိရသည်။

စကမ တပ်သည် ယခုအခါ ရှမ်းမြောက်တွင် နန့်ဆန်၊ နမ္မတူ၊ မန်တုံတို့ကို တောလမ်းအတိုင်း ထိုးစစ်ဆင် တိုက်ခိုက်နိုင်သော်လည်း သီပေါ အထက်ဘက် နယ်စပ်ကုန်သွယ်ရေး ကားလမ်းကြောင်းတလျှောက် မိမိသဘောဖြင့် စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။ တရုတ်၏ ညှိနှိုင်းမှုကို ဦးစွာလက်ခံရမည်ဖြစ်၏။

တရုတ်၏ ညှိနှိုင်းမှုကို တိုင်းရင်းသားတပ်ဖွဲ့များက လက်ခံပါက ထိုညှိနှိုင်းမှုကို စကမ တပ် မလွဲမသွေ လက်ခံရမည်ဖြစ်သည်။ အကယ်၍ တရုတ်တို့ညှိနှိုင်းမှုကို တိုင်းရင်းသားတပ်ဖွဲ့များဘက်က သဘောမတူပါမှ စကမ တပ် စစ်တိုက်ရန် အခွင့်အလမ်းရမည်ဖြစ်သည်။ သို့သော် တရုတ်က မီးစိမ်းပြမှသာ တိုက်၍ရမည်ဖြစ်သည်။

သိန္နီ၊ ချင်းရွှေဟော်အထိ တရုတ်၏ရင်းနှီးမြှုပ်နှံမှုများ အများအပြား ဝင်နေပြီဖြစ်ရာ တရုတ်၏ ညှိနှိုင်းမှုကို လက်ခံကြရဖို့က များ၏။

နယ်စပ်ဒေသကုန်သွယ်ရေးလမ်းကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့များ အခွန်အကောက်ရပြီး ငွေကြေးတောင့်တင်းလာသည်ကို လက်မခံနိုင်သဖြင့် တပြည်လုံးတွင် ပိတ်ဆို့နေသည့် စကမ အဖို့ တရုတ်၏ ညှိနှိုင်းမှုကို မည်သို့ လက်ခံမည်ဆိုသည်က စိတ်ဝင်စားဖွယ်ဖြစ်၏။ စကမ အတွက် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ပွင့်ရေးအပြင် ရှမ်းမြောက်ရှိ ကျယ်ပြန့်သော နယ်မြေတခုလုံးအား ထိန်းချုပ်မှု လက်လွှတ်ရနိုင်သည့် အခြေအနေဖြစ်ရာ လွန်စွာ အကျပ်ရိုက်မည့်ပြဿနာဖြစ်သည်။

စကမ က ထိန်းချုပ်ထားနိုင်ပြီဆိုသည့် ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ လမ်းကြောင်းတလျှောက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားလှုပ်ရှားခြိမ်းခြောက်မှုကို စစ်တပ် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ထို့ပြင် စကမ က ထိန်းချုပ်ထားနိုင်ပြီဆိုသည့် ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ လမ်းကြောင်းတလျှောက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားလှုပ်ရှားခြိမ်းခြောက်မှုကို စစ်တပ် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

ကချင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအနက် စကမ သည် ဗန်းမော်မြို့တွင်ပင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဗန်းမော်မြို့ကိုပင် မထိန်းချုပ်နိုင်သေးရာ ဗန်းမော်၊ မိုးမောက်၊ စိန်လုံကဘာ၊ လွယ်ဂျယ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အလှမ်းဝေးဆဲဖြစ်သည်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး၊ ကန်ပိုက်တီ (ကံပိုင်တည်) ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ရန် စကမ တပ်များသည် ဝိုင်းမော်မှစ၍ ထိုးစစ်ဆင်နေသည်ဆိုသော်လည်း ဝိုင်းမော်အနီး လမြန်ရွာကိုပင် မကျော်နိုင်သေးရာ ထိုလမ်းကြောင်းမှာလည်း အလှမ်းဝေးသေး၏။

ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း

ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသည်မှာ မြဝတီနယ်စပ်ကုန်သွယ်ရေးဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် နှစ်ဆန်းကတည်းက ဒေါနတောင်ကြားအား ထိန်းချုပ်ထားနိုင်ခဲ့၍ စကမ၏ မြဝတီ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နေခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ စကမ တပ်က အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် တောက်လျှောက် ထိုးစစ်ဆင်ခဲ့သော်လည်း ဒေါနတောင်ကို မကျော်နိုင်ခဲ့ပေ။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်အင်အားအလုံးအရင်း ထပ်ဖြည့်ပြီး ထိုးစစ်ဆင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် ‌KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ‌ဒေါနတောင်ကြောမှ စတင်ဆုတ်ခွာခဲ့ရ၏။ စကမ တပ်လည်း စက်တင်ဘာလ ၆ ရက်တွင် သင်္ဃန်းညီနောင်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မြဝတီမြို့သို့ ဝင်ရောက်နိုင်ခဲ့၏။

စကမ အတွက် ပြဿနာတခုမှာ မြဝတီ၊ ကော့ကရိတ် အာရှလမ်းမကို ပြန်လည် သိမ်းပိုက်နိုင်သော်လည်း လမ်းကြောင်းတလျှောက် အပြည့်အဝ လုံခြုံရေးရယူရန် မဖြစ်နိုင်ပေ

ထို့နောက် မြဝတီမြို့လုံခြုံရေးနှင့် အဝိုင်းခံနေရသည့် ဝေါ်လေဗျူဟာအား အင်အားဖြည့်ရန် ရည်ရွယ်ပြီး စက်တင်ဘာလ ၂၁ ရက်မှနေ့မှစ၍ လေးကေ့ကော်မြို့သစ်သို့ ထိုးစစ်ဆင်ခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံမှုကြောင့် စကမ တပ် အကျအဆုံးများခဲ့၏။

အောက်တိုဘာလ ၅ ရက်နေ့တွင် လေးကေ့ကော်အား ပြန်လည် သိမ်းပိုက်နိုင်ပြီဟု စကမ တပ်က ကြေညာသော်လည်း ရှုခင်းသာကုန်း၊ ရသေ့ဂူ၊ မယ်ထော်သလေးတို့တွင် တိုက်ပွဲများဆက်ဖြစ်နေပြီး လေးကေ့ကော်ဘက်၌ အားလုံးသိမ်း၍ မရသေးဟု အောက်တိုဘာလ ၂၀ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်ကို တွေ့ရသည်။

စကမ အတွက် ပြဿနာတခုမှာ မြဝတီ၊ ကော့ကရိတ် အာရှလမ်းမကို ပြန်လည် သိမ်းပိုက်နိုင်သော်လည်း လမ်းကြောင်းတလျှောက် အပြည့်အဝ လုံခြုံရေးရယူရန် မဖြစ်နိုင်ပေ။ KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်နှောင့်ယှက်မှု၊ ထိန်းချုပ်မှုကို တားဆီးခြင်း မပြုနိုင်ပေ။

စကမ အတွက် ပြဿနာတခုမှာ မြဝတီ၊ ကော့ကရိတ် အာရှလမ်းမကို ပြန်လည် သိမ်းပိုက်နိုင်သော်လည်း လမ်းကြောင်းတလျှောက် အပြည့်အဝ လုံခြုံရေးရယူရန် မဖြစ်နိုင်ပေ။ KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်နှောင့်ယှက်မှု၊ ထိန်းချုပ်မှုကို တားဆီးခြင်း မပြုနိုင်ပေ။ ထို့ကြောင့် အာရှလမ်းမ ပြန်ပွင့်ရန် ထိုင်းအစိုးရက KNU နှင့် ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။ ဤအခြေအနေအောက်တွင် ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ အခွန်အကောက်အချို့ KNU ထံ ရောက်ရှိခြင်းကို စကမ က တားဆီးနိုင်မည် မဟုတ်ပေ။

ထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက် ပိတ်ဆို့ခံထားရသည့် ဒုတိယလမ်းကြောင်းတခုမှာ ထားဝယ်၊ မေတ္တာ၊ ထီးခီးလမ်းကြောင်းဖြစ်၏။ ထီးခီးအား KNU တပ်ဖွဲ့များက သိမ်းပိုက်ထားပြီး စကမ တပ်က ပြန်လည် ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။

ထိုင်းနယ်စပ်ကုန်သွယ်ရေးအတွက် ပိတ်ဆို့ခံထားရသည့် တတိယလမ်းကြောင်းမှာ တနင်္သာရီ‌၊ မောတောင်လမ်းကြောင်း ဖြစ်သည်။ မောတောင်နှင့် နယ်စပ်ကုန်သွယ်‌ရေးစခန်းအား စကမ တပ်က ထိန်းချုပ်ထားနိုင်သော်လည်း တနင်္သာရီ၊ မောတောင် လမ်းကြောင်းကို စကမ တပ်က ထိန်းချုပ်မထားနိုင်ချေ။

ထိုလမ်းကြောင်းအား စိုးမိုးလှုပ်ရှားနေသည့် KNU နှင့် PDF များကို ၂၀၂၅ ခုနှစ်အတွင်း စကမ တပ်က အကြိမ်ကြိမ် ထိုးစစ်ဆင်နေသော်လည်း သိန်းခွန်တဝိုက်တွင် တိုက်ပွဲများ အမြဲလိုဖြစ်ပွားနေပြီး မောတောင်ကုန်သွယ်ရေးလမ်းကြောင်းကို စကမ တပ် ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။

သိန်းခွန်နှင့်မောတောင်ကြေား၊ မေတ္တာနှင့်ထီးခီးကြားဒေသများသည် တောတောင်‌ထူထပ်ပြီး မြဝတီဘက်ကဲ့သို့ လမ်းပမ်းဆက်သွယ်ရေး မကောင်းသဖြင့် အဆိုပါ လမ်းကြောင်းများကို စကမ တပ် အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ရန် ခက်ခဲမည်ဖြစ်သည်။

အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း

စကမ တပ်အတွက် အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက အခက်အခဲဆုံးဖြစ်၏။ လမ်းမကောင်းသည့်အပြင် လက်ရှိတွင် လမ်းအပိုင်းလိုက် PDF များက ထိန်းချုပ်ထားသည်။ တမူးနှင့်ကလေးကြား ခါမ်းပါတ်အား PDF များကလည်းကောင်း၊ ကလေးနှင့် ဂန့်ဂေါကြား ချင်းဒေသကာကွယ်ရေးတပ် (CDF) များကလည်းကောင်း၊ ဂန့်ဂေါနှင့် မုံရွာကြားအား PDF များကလည်းကောင်း၊ ကလေးဝနှင့် တန့်ဆည်ကြား မဟာမြိုင်တောအား PDF များကလည်းကောင်း၊ တန့်ဆည်နှင့် စစ်ကိုင်းကြားတွင် PDF များကလည်းကောင်း အသီးသီး စိုးမိုးထားသည်ကို တွေ့နိုင်သည်။

လက်ရှိ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း စကမ တပ်၏ ထိုးစစ်ကို ကလေးနှင့်တမူးကြား၊ ကလေးနှင့်ဂန့်ဂေါကြားတွင် တွေ့ရသည်။ မိုးမကျမီ ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်ရာတွင် လန်ကျလာသည့် စစ်ကြောင်းများကို စုစည်း၍ ထိုးစစ်ဆင်ပုံရပြီး အင်အား ၁ ထောင်နီးပါးရှိသည်ဟု သိရသည်။

ကလေး-တမူးလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် စတင် စစ်ကြောင်းထိုးလာသည့် စကမ နှင့် တော်လှန်ရေးတပ်ဖွဲ့များ ကံသာယာကျေးရွာအနီး၌ သုံးလကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ကံသာယာကျေးရွာကို လက်လွှတ်လိုက်ချိန်တွင် စကမ တပ်က ထပ်မံ အင်အားဖြည့် စစ်ကြောင်းထိုးလာပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကို စိုးမိုးထိန်းချုပ်နိုင်ရန် ကြိုးစားလာသည်ကို တွေ့ရသည်။

ကလေး-တမူးလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် စတင် စစ်ကြောင်းထိုးလာသည့် စကမ နှင့် တော်လှန်ရေးတပ်ဖွဲ့များ ကံသာယာကျေးရွာအနီး၌ သုံးလကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ကံသာယာကျေးရွာကို လက်လွှတ်လိုက်ချိန်တွင် စကမ တပ်က ထပ်မံ အင်အားဖြည့် စစ်ကြောင်းထိုးလာပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကို စိုးမိုးထိန်းချုပ်နိုင်ရန် ကြိုးစားလာသည်ကို တွေ့ရသည်။

စစ်တပ်က ကလေး-တမူး အာရှလမ်းမကြီးတလျှောက် အင်အား ၁ ထောင်ခန့်ကို သုံးဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကလေး-တမူးလမ်းမကြီးအတိုင်း စော်ဘွားရေရှင်ကျေးရွာအနီး၌ အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းတကြောင်း၊ စခန်းကြီးကျေးရွာမှတဆင့် ရာဇဂြိုဟ်ကျေးရွာအတွင်း ဝင်ရောက်နေသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းတကြောင်းနှင့် ကလေးမြို့အနောက်ဘက်မှ ဆည်ကြီးကျေးရွာဘက်သို့ ဝင်ရောက်လာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းတို့ ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် စစ်အုပ်စုက ကလေး-တမူးလမ်းပေါ်ရှိ စော်ဘွားရေရှင်၊ ရာဇဂြိုဟ်၊ မြစိမ်းနှင့် ဆည်ကြီးကျေးရွာများတွင် အထိုင်ချ တပ်စွဲနေပြီး အနီးဝန်းကျင်ကို လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်နေသည်။ ကလေးမှ စစ်ကြောင်းများသည် PDF များ သိမ်းပိုက်ထားသည့် ခါမ်းပါတ်မြို့သို့ ဦးတည်နေ၏။ သို့သော် တမူးဘက်မှမူ ခါမ်းပါတ်သို့ နှစ်ဖက်ညှပ်စစ်ဆင်ခြင်းမျိုး မတွေ့ရဟု သိရသည်။

စကမ တပ် ထိုးစစ်ကြောင့် တော်လှန်ရေးအင်အားစုများက ငါးလကျော်ကြာ ထိန်းချုပ်ခဲ့သော ကလေးမြို့နယ်တောင်ပိုင်း ဂန့်ဂေါ-ကလေး ကားလမ်းပေါ်ရှိ ကြံသာကျေးရွာမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ၂၀ ရက်က ဆုတ်ခွာခဲ့ရ၏။ ထို့နောက် ကြံသာရွာအား အခြေပြု၍ စကမ နှင့် ပြူစောထီး ပူးပေါင်းအင်အားများဖြင့် မှန်တောစခန်းကို ထိုးစစ်ဆင်လာပြီး အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်တွင် မှန်တောစခန်းအား ပြန်လည် သိမ်းပိုက်နိုင်သည်ဟု သိရသည်။

၂၀၂၂ နိုဝင်ဘာအတွင်း တမူး-ကလေးကားလမ်းအတိုင်း စစ်တပ်ယာဉ်တန်း မောင်းနှင်နေစဉ်

CDF နှင့် တော်လှန်ရေးတပ်ဖွဲ့များသည့် မှန်တောမှ မဏိပူရမြစ်အနီး ကမ်းပါးနီစခန်းတွင် ပြန်လည် ခံစစ်ပြင်လျက်ရှိပြီး စကမ တပ်က ကမ်းပါနီစခန်းကို ဆက်လက် ထိုးစစ်ဆင်နိုင်ရေးအတွက် အင်အားစုပြီး ပြင်ဆင်ဆောင်ရွက်နေသည်ဟု သိရ၏။ စကမ တပ်သည် ကလေးနှင့် တမူးကြား ထိန်းချုပ်နိုင်အောင် ထိုးစစ်ဆင်နေသကဲ့သို့ ကလေးနှင့် ဂန့်ဂေါကြားတွင်လည်း ပြန်လည် ထိန်းချုပ်နိုင်အောင် ထိုးစစ်ဆင်နေသည်ကို တွေ့ရသည်။

သို့သော် ဂန့်ဂေါ၊ ကလေး၊ တမူးကြား PDF သိမ်းပိုက်ထားသည့်မြို့နှင့်စခန်းများ ပြန်လည် သိမ်းပိုက်နိုင်လျှင်ပင် PDF များ၏ ပြောက်ကျားစိုးမိုးလှုပ်ရှားမှုကို အန်တုပြီး စကမ တပ်က လမ်းလုံးခြုံရေး အပြည့်အဝယူရန် မဖြစ်နိုင်ပေ။

ထို့ပြင် ဂန့်ဂေါ၊ မုံရွာ၊ ကလေးဝ၊ တန့်ဆည်၊ စစ်ကိုင်းလမ်းများကို ပြန်လည် ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သေးပေ။ အိန္ဒိယသံတမန်တဦးက အိန္ဒိယ၊ မြန်မာ၊ ထိုင်း အာရှလမ်းမကို နှစ်နှစ်ခွဲအတွင်း ပြန်ပွင့်မည်ဟု မျှော်လင့်ကြောင်း ပြောနေခြင်းမှာ စကမ၏ ခန့်မှန်းချက်ကို ပြောနေခြင်းဖြစ်ပုံရပြီး PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ပြန်လည် ထိုးစစ်ဆင်နိုင်မည့် အခြေအနေနှင့် ပြောက်ကျားစစ်ပွဲကို ထည့်သွင်းတွက်ချက်ထားပုံ မရချေ။

ထို့ပြင် ဂန့်ဂေါ၊ မုံရွာ၊ ကလေးဝ၊ တန့်ဆည်၊ စစ်ကိုင်းလမ်းများကို ပြန်လည် ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သေးပေ။ အိန္ဒိယသံတမန်တဦးက အိန္ဒိယ၊ မြန်မာ၊ ထိုင်း အာရှလမ်းမကို နှစ်နှစ်ခွဲအတွင်း ပြန်ပွင့်မည်ဟု မျှော်လင့်ကြောင်း ပြောနေခြင်းမှာ စကမ၏ ခန့်မှန်းချက်ကို ပြောနေခြင်းဖြစ်ပုံရပြီး PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ပြန်လည် ထိုးစစ်ဆင်နိုင်မည့် အခြေအနေနှင့် ပြောက်ကျားစစ်ပွဲကို ထည့်သွင်းတွက်ချက်ထားပုံ မရချေ။

ဒုတိယ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးမှာ ချင်းပြည်နယ်မှ ရိခေါဒါရ်ဖြစ်၏။ ၂၀၂၅ ခုနှစ် မိုးမကျမီ ချင်းပြည်နယ်မြောက်ပိုင်းအား ထိုးစစ်ဆင်ခဲ့သော်လည်း ပြန်လန်ကျခဲ့ပြီး ပြန်လည် ထိုးစစ်ဆင်နိုင်သည်ကို မတွေ့ရပေ။

လောလေဆယ်တွင် စကမ တပ်က မွေးထားသည့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က တွန်းဇံအား တိုက်မည်ဟု ခြိမ်းခြောက်မှုရှိသော်လည်း စကမ တပ်က အင်အားဖြည့် ထိုးစစ်ဆင်နိုင်ဖွယ် မရှိသေးပေ။ ထို့ပြင် ချင်းပြည်နယ်မှ ပြည်မ လာပါကလည်း မ‌ကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် PDF ထိန်းချုပ်နယ်မြေများ ရှိနေသေးသည်။ သို့ဖြစ်ရာ ရိခေါဒါရ်နယ်စပ်ကုန်သွယ်ရေးမှာ အလှမ်းဝေးသေးသည်ဟု ဆိုရမည်။

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
205
သဇင်ပန်း

သဇင်ပန်း

10 January 2026
55
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
4.2k

နိဂုံး

စကမသည် ၂၀၂၅ ခုနှစ်အတွင်း တရုတ်၊ ထိုင်း၊ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးများ ပြန်လည် ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိရာ ရလဒ်ကောင်းအချို့ ပြန်လည်ရသည်ဟု ဆိုနိုင်ပါသည်။

သို့သော် ထိုနယ်စပ်ကုန်သွယ်ရေးများအားလုံး အပြည့်အဝ ချုပ်ကိုင်နိုင်ရန်၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို အပြည့်အဝ လုံခြုံရေးပေးနိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး ထိုနယ်စပ်ကုန်သွယ်ရေးမှရမည့် အခွန်အကောက် အကျိုးအမြတ်များကို တော်လှန်ရေးတပ်ဖွဲ့များထံသို့ မရောက်ရှိအောင် ပိတ်ပင်တားဆီးရန်လည်း ဖြစ်နိုင်ခြေမရှိသည်ကို တွေ့ရပေသည်။

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ စစ်တပ် ဘာလို့ပိတ်လဲ (ရုပ်/သံ)

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

ညီနောင်မဟာမိတ် ထိန်းချုပ်မှုအောက်က နယ်စပ်ကုန်သွယ်ရေးစခန်း (ရုပ်/သံ)

နယ်စပ်ကုန်သွယ်ရေးအတွက် ရနောင်းဆိပ်ကမ်း တိုးချဲ့မည်

ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ်ကုန်သွယ်ရေး KIA ထိန်းချုပ်

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းသစ် ဘာကြောင့် အတားအဆီးတွေ ဖြစ်နေလဲ

ရိခေါရ်ဒါရ်ဂိတ် အိန္ဒိယပိတ်၍ မြန်မာကုန်စည်တို့ သောင်တင်

တိုက်ပွဲနှင့် လမ်းပန်းခက်ခဲမှုကြောင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုကျဆင်း

Your Thoughts …
Tags: PDFကုန်သွယ်ရေးစစ်ကော်မရှင်စစ်အာဏာသိမ်းမှုစီးပွားရေးတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုထိုင်းနယ်စပ်ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုအိန္ဒိယအောင်ဇေယျစစ်ဆင်ရေး
အေးချမ်းဆု

အေးချမ်းဆု

အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကျားဖြန့်တွေကို တကယ်ဖမ်းရဲလို့လား (ရုပ်/သံ)

ကျားဖြန့်တွေကို တကယ်ဖမ်းရဲလို့လား (ရုပ်/သံ)

အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved