• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရိပ်ရိပ် ဆက်တက်နေဦးမယ့် ဒေါ်လာဈေး

by သစ်နေမိုး
28 March 2015
in စီးပွားရေး
A A
ငွေလဲနှုန်း, ဒေါ်လာ

သွင်းကုန်များပြားခြင်းသည်လည်း ဒေါ်လာဈေး တက်လာခြင်း၏ အကြောင်းရင်းတခု ဖြစ်သည် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

10.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ ယခုနှစ်အတွင်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး လက်ရှိအချိန်တွင် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၁၀၀ ကျပ်နီးပါးအထိ အရောင်းအဝယ် ရှိလာခဲ့သည်။ ငွေလဲနှုန်း မြင့်တက်လာခဲ့သည့် ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ လလယ်လောက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ၁ ဒေါ်လာလျှင် ၉၇၀ ကျပ် ဝန်းကျင်အတွင်းမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ မတ်လ ၂၆ ရက်နေ့အထိ အပြင်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်နေသည်မှာ ဝယ်ဈေး ၁ ဒေါ်လာ ၁၀၈၀ ကျပ်နှင့် ရောင်းဈေး ၁ ဒေါ်လာ ၁၀၈၆ ကျပ်အထိ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ငွေလဲနှုန်းများ မြင့်တက်ရခြင်း အကြောင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များက ပြောဆိုကြသည်မှာ မြန်မာနိုင်ငံတွင် သွင်းကုန်တင်သွင်းမှု သိသာစွာ များပြားလာခြင်းနှင့်အတူ ဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် ကြီးမားလာမှုကြောင့် သော်လည်ကောင်း၊ အမေရိကန်စီးပွားရေး ကောင်းလာမှုနှင့်အတူ ဒေါ်လာတန်ဖိုး ပြန်လည် မာလာခြင်းကြောင့် လည်ကောင်း ဖြစ်ရသည်ဟု ဆိုကြသည်။ သို့သော် အဓိကကျသော အချက်မှာ သွင်းကုန်အတွက် ပေးသွင်းရမည့် ဒေါ်လာလိုအပ်ချက် များပြားခြင်းကြောင့်ဟု ဆိုသည်။

ပို့ကုန်လုပ်ငန်းရှင် တဦးဖြစ်သည့် မြန်မာနိုင်ငံ ပုဇွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနှင်းဦးက “သွင်းကုန်နဲ့ ပို့ကုန်ပမာဏ ကွာခြားမှုဟာ အခုဆို လိုငွေ ၅ ဘီလီယံ ကျော်နေပြီ။ အဲဒီ ၅ ဘီလီယံက ဘယ်က သွားရမှာလဲ။ သွင်းကုန်ပမာဏများပြီး ပို့ကုန်ပမာဏ နည်းလို့ လိုလာတဲ့ ပိုက်ဆံက ဘယ်ကသွားရမှာလဲ။ နိုင်ငံခြားအရန်ငွေထဲကပဲ သုံးမလား။ ဒါမှမဟုတ် ဘယ်က ဝင်လာမလဲပေါ့။ လိုငွေအတွက် ဒေါ်လာလိုလာပြီ။ အဲဒီအချိန် ဝယ်လိုအားများတဲ့အတွက် ဒေါ်လာက ဈေးတက်တယ်။ ဗေဒင်သွားမေးလို့ရင် လွဲဦးမယ်။ တက်ဦးမှာ ဒေါ်လာက။ ပစ္စည်းတွေ သွင်းနေသ၍ ဆက်တက်နေဦးမှာပဲ” ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်ငန်း အားနည်းမှုကြောင့် အစစအရာရာကို သွင်းကုန်အပေါ် မူတည်ပြီး လုပ်ကိုင်နေကြရာ လုပ်ငန်းများအားလုံးတွင် ဒေါ်လာက အဓိကကျသည့်အရာ ဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အဦများ တည်ဆောက်နေဆဲကာလ ဖြစ်ရာ ယင်းအတွက် လိုအပ်သည့် ပစ္စည်းများ တင်သွင်းနေရသဖြင့် သွင်းကုန်တင်သွင်းမှုမှာလည်း တနှစ်ထက်တနှစ် ပိုမို များပြားလာသည်။ ယခုဘဏ္ဍာနှစ်ကုန်ရန် ၂ ပတ်အလိုတွင် ပို့ကုန်တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်သာရှိပြီး သွင်းကုန်တင်သွင်းမှုက ၁၅ ဘီလီယံကျော်ရှိရာ ၅ ဘီလီယံကျော် ကုန်သွယ်ရေးလိုငွေ ပြနေသည့် အနေအထားဖြစ်သည်။

ယင်းကဲ့သို့ ကုန်သွယ်ရေး လိုငွေပြမှုနှင့်အတူ ဒေါ်လာလိုအပ်ချက် ကြီးမားလာခြင်းကြောင့် ငွေလဲနှုန်းများ မြင့်တက်လာသည့် ဖြစ်စဉ်အပေါ်တွင် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်တွင် ဝင်ရောက် ထိန်းညှိနိုင်ကြောင်း၊ သို့သော်လည်း ဗဟိုဘဏ်၏ နိုင်ငံခြားငွေအင်အား တောင့်တင်းရန် လိုသည်ဟု စီးပွားရေး အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းလွင်က ယခုကဲ့သို့သော ငွေလဲနှုန်း မြင့်တက်လာမှုနှင့် ပတ်သက်၍   “အဓိက အရေးကြီးတာက ဈေးကွက်မှာ ဗဟိုဘဏ်ဝင်စွက်တာ အကောင်းဆုံးပေါ့။ ဝင်စွက်တယ်ဆိုတာ ပိုက်ဆံ သုံးရမှာလေ၊ ဒေါ်လာဈေး ကျစေချင်ရင် သူကပိုက်ဆံ သုံးရမှာလေ။ သူက မသုံးနိုင်ဘူးဆိုရင် ထုံးစံအတိုင်းဖြစ်မှာပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “ဗဟိုဘဏ်အနေနဲ့ ဝင်ထိန်းတဲ့ဟာ ဆိုတာကတော့ အထိုက်အလျောက် သူ့မှာ ပိုက်ဆံရှိမှ ဝင်ထိန်းလို့ရတာပေါ့။ ဗဟိုဘဏ်မှာလည်း အကန့်အသတ် ရှိမှာပေါ့။ အခုမှ မြန်မာက စခါစဖြစ်တဲ့အတွက် ဗဟိုဘဏ်ကလည်း ဝင်ထိန်းနိုင်ဖို့ အင်အားရှိဖို့ တော်တော်လေး ခက်ခဲပါတယ်” ဟု ပြောသည်။

ဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေ အင်အားပမာဏမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံသာ ရှိသည့် အခြေအနေဖြစ်သည်။ ယခုနှစ်၏ ကုန်သွယ်ရေး လိုငွေပမာဏ ၅ ဘီလီယံအောက်ပင် လျော့နေသည်ဟု ဆိုနိုင်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.4k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
242
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

စီးပွားရေးပညာရှင်တဦး ဖြစ်သည့် ဒေါက်တာ အောင်ကိုကိုကလည်း ဗဟိုဘဏ်အနေဖြင့် အရန်ငွေအင်အား နည်းလာသဖြင့် ငွေလဲနှုန်းမြင့်တက်ပြီး မြန်မာငွေတန်ဖိုး ကျဆင်းလာသည့် ဖြစ်စဉ်အပေါ် ဝင်ရောက်စွက်ဖက်ရန် ခက်လာမည် ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “ပို့ကုန်ထက် သွင်းကုန်ကို အားထားနေရဦးမှာပဲ။ ဘယ်နည်းနဲ့မှ ပို့ကုန်ကို မြှင့်တင်နိုင်တဲ့ အခြေအနေကို မတွေ့ရသေးဘူး။ မြန်မာငွေတန်ဖိုးနဲ့ ဒေါ်လာတန်ဖိုးမှာ ကျမလား၊ တက်မလားဆိုရင် ရှိတဲ့ အရန်ငွေကြေးနဲ့လည်း ဆိုင်တယ်။ ကုန်သွယ်ရေး လိုငွေကလည်း မြင့်လာတယ်။ ဘဏ္ဍာရေး လိုငွေကလည်း မြင့်လာတယ်။ အရန်ငွေ ပမာဏသည်လည်း တခြား နိုင်ငံခြား အကူအညီတွေ၊ ချေးငွေတွေနဲ့ အစားထိုး ဖြည့်ဆည်းတာမျိုး မရှိဘူး ဆိုရင်တော့။ အရန်ငွေလျော့ပြီး မြန်မာငွေတန်ဖိုးသည်လည်း ကျလာမယ်ပေါ့။ အရန်ငွေနည်းတော့ ဝင်စွက်ဖို့ ခက်လာလိပ်မယ်” ဟု ပြောသည်။

ယခုအခြေအနေအရ ငွေလဲနှုန်း မြင့်တက်လာသည့် ဖြစ်စဉ်မှာ တိုင်းပြည်သွင်းကုန်အတွက် နိုင်ငံခြားငွေ လိုအပ်ချက် များပြားမှုနှင့်ထပ်တူ ဖြစ်လာခြင်း၊ ဗဟိုဘဏ်၏ ဈေးကွက်အတွင်း ဝင်ရောက် ထိန်းညှိနိုင်မှု ဆိုရာတွင်လည်း ၎င်းတွင်ရှိသော နိုင်ငံခြားငွေပမာဏ အင်အားချိနဲ့၍ အကန့်အသတ် ရှိနေခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ၏ လိုအပ်ချက်ဖြစ်သည့် အခြေခံ အဆောက်အဦများအတွက် သွင်းကုန်များ ဆက်လက် အားကောင်းလာရန် ရှိနေခြင်း၊ ကုန်သွယ်ရေး လိုငွေကို လျော့နည်းလာစေရန် သွင်းကုန်အစားထိုး ပစ္စည်းများ ထုတ်လုပ်နိုင်မှုနှင့် ပို့ကုန်တိုးမြှင့်ရေး အလားအလားအလာကို မမြင်ရခြင်း စသည့် အချက်တို့ကြောင့် ကျပ်ငွေတန်ဖိုး ဆက်လက် ကျဆင်းနေမည့် အလားအလာရှိပြီး ငွေလဲနှုန်းတရိပ်ရိပ် ဆက်လက် မြင့်တက်သွားရန်သာရှိနေသည်ဟု စီးပွားရေး အသိုင်းအဝိုင်းက ခန့်မှန်းထားသည်။

ယခု ငွေလဲနှုန်း မြင့်တက်လာသည့် ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “ဒါဟာ ရှေ့ဆက်ပြီးတော့ ဖြစ်နေနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဝယ်လိုအားက ရှိနေဦးမှာမို့။ နိုင်ငံတော်ရဲ့ တည်ဆောက်မှု လုပ်ငန်းတွေမှာလည်း ထပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ့် လုပ်ငန်းတွေရှိလို့ ထပ်ပြီး တက်ဖို့၊ တက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်” ဟု ပြောသည်။

Your Thoughts …
Tags: Business
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

Next Post
နယ်သာလန်ဘုရင်မ မြန်မာ့ငွေကြေးစနစ် ကူညီပြင်ဆင်ရေး လေ့လာမည်

နယ်သာလန်ဘုရင်မ မြန်မာ့ငွေကြေးစနစ် ကူညီပြင်ဆင်ရေး လေ့လာမည်

Vol.2, No.12, March 29, 2015

Vol.2, No.12, March 29, 2015

Please login to join discussion
No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved