• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဖရိုဖရဲ မြန်မာ့ စီးပွားရေးနဲ့ ရွှေဈေးကွက်လားရာ

by ယမင်းမြတ်အေး
13 July 2016
in စီးပွားရေး
A A
ရွှေအရောင်းဆိုင်

ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တခု။ (ဓာတ်ပုံ-ဧရာဝတီ)

16.9k
VIEWS
Share on FacebookShare on Twitter

လက်ရှိအချိန်က ပြည်တွင်းရွှေဈေးကွက်မှာ ရွှေဈေး အမြင့်ဆုံး ရောက်နေတဲ့ အချိန် ဖြစ်ပါတယ်။ မြန်မာ့ရွှေ ဈေးကွက်မှာ ဘယ်တုန်းကမှ မရောက်ဖူးတဲ့ဈေးကို ရောက်ရှိနေတာပါ။ ဒါက အထူးအဆန်းဖြစ်ရပ်မျိုးတော့ မဟုတ်ပါဘူး။ ကုန်ပစ္စည်း တခုခုရဲ့ ဈေးကွက်မှာ ဈေးနှုန်း အလွန်အမင်းမြင့်တက်တယ်ဆိုတာက မြန်မာနိုင်ငံမှာ ဖြစ်နေကျပုံစံ တစ်ခုပါ။ ရွှေဈေး ကွက် မှာ ဖြစ်ဖူးသလို ဒေါ်လာဈေးကွက်မှာလည်း ဖြစ်ဖူးပါတယ်။ ကားဈေးကွက် မှာလည်း ဖြစ်ဖူးပါတယ်။ အိမ်ခြံ မြေဈေး ကွက်မှာလည်း ဖြစ်ဖူးပါတယ်။ အဆုံးစွန်အားဖြင့် တယ်လီဖုန်းလို သာမန်လူ အသုံး အဆောင် ပစ္စည်း ဈေးကွက် မှာတောင် ကမ္ဘာမှာ မဖြစ်ဖူးတဲ့ ဈေးနှုန်းမျိုးနဲ့ အမြင့်ဆုံးစံချိန် တင်ခဲ့ ဖူးပါတယ်။

ကမောက်ကမ မြန်မာ့ဈေးကွက်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံစရာ နေရာ ရှားပါးပါတယ်။ တပါတီဆိုရှယ်လစ်ခေတ်အလွန် လွတ်လပ်တဲ့ ဈေးကွက်ဆိုပြီး ဖွင့်လိုက် ပေမယ့်  ရင်းနှီးမြှုပ်နှံစရာနေရာက ဗိုလ်ချုပ်တွေ ချုပ်ကိုင် ထားတဲ့ ကားဈေးကွက်တခုပဲ ရှိနေခဲ့ပါတယ်။ ငွေပိုရှိသူ စီးပွားရေးသမားတွေ ဈေးကစားတဲ့အတွက် ယခုအချိန်မှာ ကျပ်သိန်းတရာလောက်နဲ့ ဝယ်နိုင်တဲ့ ကားတွေဟာ အဲဒီအချိန် က ကျပ် သိန်းတထောင်နီးပါး လောက်အထိ ပေးခဲ့ရပါတယ်။

ကားခေတ်ကုန်ဆုံးသွားမှ အိမ်ခြံမြေခေတ်ကို ရောက်ခဲ့ပါတယ်။ အိမ်ခြံမြေဈေးတွေ အလွန် အမင်း ဈေးတက် ခဲ့တာက ကြောက်ခမန်းလိလိပါ။ မြန်မာအိမ်ခြံမြေ ဈေးကွက်ဟာ ကမ္ဘာ့အဆင့်နံပါတ် ခြောက်ရှိနေပြီး ၂၀၁၄ ခုနှစ်မှာ ရန်ကုန် အိမ်ခြံ မြေ ဈေးကွက်ဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့က အိမ်ခြံမြေဈေးကွက်နဲ့ ဈေးနှုန်းတတန်း တည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာက ရင်းနှီးမြုပ်နှံသူတွေ နောက်ပြန်လှည့်သွားရတဲ့ အထိ မြင့်တက် ခဲ့တာပါ။ အိမ်ခြံမြေနဲ့တိုက်ခန်း ဝယ်ယူရေး ဆိုတာ အခြေခံလူတန်းစားတွေ စိတ်မကူးနိုင်တော့တဲ့ ကိစ္စ ဖြစ်သွား ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် လက်ထက်က စပြီး ပြုပြင်ပြောင်းလဲရေး ကာလလို့ ကမ္ဘာကို ကြေညာ ခဲ့တဲ့အချိန်မှာ နိုင်ငံတ ကာ လုပ်ငန်းရှင်တွေက မြန်မာကို စိတ်ဝင်စားခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ ရင်းနှီးမြုပ်နှံမှု ဥပဒေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီ အချိန်မှာ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်က ဈေးကစားသူတွေ လက်ထဲ ကို ရောက်နေခဲ့ပါပြီ။

“မြန်မာနိုင်ငံမှာမြေဈေး မြင့်တက်တာရယ် သူတို့လိုချင်တဲ့နေရာကို မပေးနိုင်တာရယ်ကြောင့် ကိုရီးယားက ဆမ်ဆောင်း ကုမ္ပဏီက မြန်မာနိုင်ငံမှာ မမြှုပ်နှံတော့ပဲ ဗီယက်နမ်ရောက်သွားခဲ့တယ်။ ဒါဟာ မြေယာကို ဈေးက စားဖို့ ကိုင်ထားတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်လို့ဖြစ်တာပါ” လို့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.1k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ဒါပေမယ့်လည်း ၂၀၁၅ ခုနှစ် မှာတော့ အိမ်ခြံမြေနဲ့ တိုက်ခန်း၊ကွန်ဒိုအရောင်းဈေးကွက် တဖြည်းဖြည်း ပြန်အေး လာပါတယ်။ အံ့သြစရာ ကောင်းတာက အိမ်ခြံမြေ အအေးမှာ ဒေါ်လာဈေးတွေ တဟုန်ထိုး တက်လာခဲ့တာပါပဲ။ ၂၀၁၃ ခုနှစ် နှစ်ဆန်း ပိုင်းမှာ တစ်ဒေါ်လာကို ၈၅၀ ကျပ် ဝန်းကျင် ရှိခဲ့တဲ့ဒေါ်လာဈေးဟာ ၂၀၁၅ ခုနှစ် သြဂုတ်လ ကုန်မှာ ၁၃၀၀ ကျပ် အထက် ကို ရောက်သွားခဲ့ပါတယ်။

လက်ရှိအစိုးရသစ် တက်လာတဲ့ အခါမှာတော့ ပြန်ကျသွားပြန်ပါတယ်။ ဘာကြောင့် ကျဆင်း ရတာလဲ။ ပြည်ပ အလှူငွေတွေ၊ ODA ချေးငွေတွေ ဝင်လာရင် ဒေါ်လာဈေးကွက်ကို ထိခိုက်မလား ဆိုတဲ့ စိုးရိမ်မှုနဲ့အတူ ဒေါ်လာဝယ်ယူ စုဆောင်းမှု လျော့ကျလာတဲ့အတွက် ပါပဲလို့ဖြေရမှာပါ။

ဒေါ်လာဈေးကွက်က အမြတ်ရဖို့ မသေချာတဲ့အချိန်မှာ စတော့ဈေးကွက်ဘက်ကို ရောက်သွားပြန်ပါတယ်။ Yangon Stock Exchange ကို စဖွင့်တဲ့ အချိန်မှာ FMI ရဲ့ စတော့ နဲ့စဖွင့်ခဲ့တာပါ။ စစချင်းပဲ ရှယ်ယာ တစ်ခုကို သုံးသောင်းကျပ် (၃၀၀၀၀) ဝန်းကျင်ရှိတဲ့ စတော့ဈေးကအမြင့်ဆုံး  လေးသောင်း နှစ်ထောင် (၄၂၀၀၀) ကျပ် အထိရောက်သွားခဲ့ပါတယ်။  စတော့ ပေါ်လာပြီးတဲ့ အချိန်မှာ  ဒေါ်လာက ၁၂၄၀   ကျပ်လောက် ကနေ ၁၁၉၀ ဝန်းကျင်ကို ရောက်လာခဲ့ပါတယ်။

စတော့ ဈေးကွက်ဟာ လည်း အစပိုင်းမှာ ကောင်း မလိုလိုနဲ့ နောက်ပိုင်းမှာ ထိုးဆင်းလာခဲ့ ပါ တယ်။  တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်မှာပဲ ဥရောပဇုန်ုထဲက ယူကေနိုင်ငံ ခွဲထွက်မယ်ဆိုတာ ကြောင့် ပေါင်စတာလင်ဈေး ကျရာကနေ ကမ္ဘာ့ရွှေဈေး လည်း ပြန်လည် ဦးမော့လာခဲ့ပါတယ်။

ဒီအချိန်မှာပဲ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင် ကလည်း ရွှေကို ပြည်ပတင်ပို့ခွင့်ရဖို့စီစဉ်နေတယ်လို့သတင်း ထုတ်ပြန် လိုက်ပါတယ်။ မြန်မာ့ရွှေဈေးကွက်ဟာလည်း ယခုလို ဈေးနှုန်း စံချိန်တင်လာပါတယ်။  ကမ္ဘာ့ရွှေဈေး ပြန်တက်လာချိန်မှာ အခုလို သတင်းထုတ်ပြန်ချက်တွေက မီးလောင်ရာ လေပင့်များ ဖြစ်သွားသလားဆိုတာ စဉ်းစားစရာပါ။ ရွှေကို ပြည်ပ တင်ပို့ခွင့်ရဖို့ ကြိုးစားနေဆဲပါလို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းရဲ့  ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။ ပြည်ပတင်ပို့ရင် ဘယ်သူအကျိုးရှိမလဲဆိုတာကို တွက်ဆဖို့တော့ လိုပါ လိမ့်မယ်။

 ရွှေအရှုပ်တော်ပုံ

“ရွှေအသင်းက ပုဂ္ဂိုလ်တွေက ပြောတာလည်း သူတို့ကလည်း သူတို့အကျိုးစီးပွားအတွက်ပြောတာ ဟုတ် မဟုတ် လည်း မသိဘူး။ ရွှေကို ကစားဖို့ဆိုရင် gold trading အနေနဲ့တော့ စတော့မားကတ်မှာ မရှိဘူး။ အတုံးလိုက် ဝယ်တာ မျိုး ဖြစ်နေ တယ်။ စတော့ကတော့ စာရွက်နဲ့ပဲ။ ရွှေက ပြည်တွင်းက ထွက်ပေမယ့် ဈေးကစားတဲ့ သူက ဒေါ်လာနဲ့ ချိတ်ထား ပြီး လုပ်နေတာ။ ဒေါ်လာကိုလုပ်လိုက်၊ ပြီးတော့ ရွှေကိုပြန်လုပ် လိုက်။ဈေးကစားတဲ့ သူတွေက ကိုယ့်ရဲ့ အရင်းအနှီးကို မမြှုပ်နှံ ဘဲလုပ်နေတာ။ မြေဝယ်လည်း ဒီလိုပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က ရတဲ့ percentage သည် တကယ်စီးပွားရေး လုပ်တာထက် မြတ်နေတာ” လို့ နိုင်ငံရေးဘောဂပညာရှင် ဒေါက်တာတင်မောင်မောင်သန်းက သုံးသပ်ပြလိုက်တာပါ။

ရွှေကို ကချင်ပြည်နယ်ဘက်မှာ အမြောက်အများတူးပါတယ်။ တန်နဲ့ချီပြီးရခဲ့တာတွေရှိတယ်လို့သိရပါတယ်။ မိုးထိ မိုးမိမှာဆိုရင် ရွှေတူးဖော်ရရှိမှုနှင့် ပတ်သက်ပြီး အိုင်ဗင်ဟို (ကနေဒါ ကုမ္ပဏီ) က စမ်းသပ်ခဲ့ပါတယ်။  ရွှေအမြောက်အမြား ထွက်မယ့် အလားအလာရှိတဲ့အတွက်  အဲဒီမှာ ရွှေစက်ရုံ တည်ဖို့စီစဉ်ပြီးသားလို့ လည်း သိရပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံတော်က သိမ်းပြီး ပြည်တွင်းလုပ်ငန်း ရှင်ကို ပြန်ချပေးတယ်လို့ သတင်း တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းရှင် တွေက နိုင်ငံတော်ကို ရွှေသွင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တိုင်းပြည်ဘဏ္ဍာအများကြီး ဆုံးရှုံးနေတယ်လို့လည်း သိရပါတယ်။
‘ နိုင်ငံတော်ကို ရွှေသုံးတန် သွင်းရမယ့် ကုမ္ပဏီတခုရှိတယ်။ ပိဿာထောင်နဲ့ ချီနေတာ။ ဒါပေမယ့် စာချုပ် ပြင်ချုပ် ပစ်လိုက်ပြီ။စာချုပ်ပြင်ချုပ်တော့ အရင်ဟာတွေ လျှော်ပစ်လိုက်သလိုဖြစ်တာပေါ့ဗျာ။သူတို့လုပ်တဲ့ လုပ်ကွက်က တကယ် တော့ စမ်းသပ်ပြီးသား။ ဒါပေမယ့်လက်တစ်လုံးခြား စမ်းသပ်ဆဲကာလလို့လုပ်တယ်။ အဲဒီလိုပဲ တော်တော် များများက စာချုပ်ပြင်ချုပ်ကြတယ်လို့ သိရပါတယ်။  စမ်းသပ်ကာလလို့ပြင်လိုက်တော့ ဘာမှပေးစရာမလိုတော့ဘူး” လို ရွှေတူးနေတဲ့ အသေးစားလုပ်ငန်းရှင် ဦးမောင်မောင်မြင့်ဝင်းက ပြောပါတယ်။
ရွှေကစားသူများ

မြန်မာပြည်မှာ ရွှေအမြောက်အများထွက်ပါတယ်။ ပြည်ပက တင်သွင်းတယ်ဆိုတာ မရှိသလောက်ပါ။ ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြည်ပက တင်သွင်းတဲ့ အမယ်တွေ စာရင်းထဲမှာလည်း ရွှေမပါပါဘူး။ ဒါဆိုရင် ဘာကြောင့် နိုင်ငံတကာ ဈေးတက်တိုင်း ပြည်တွင်း ရွှေဈေးက လိုက်တက်နေရသလဲ။

ပိုဆိုးတာက ဒေါ်လာဈေး မြင့်မားနေတဲ့အချိန်မှာ ဒေါ်လာနဲ့ ချိတ်ပြီး ကစားနေတဲ့ပြဿနာပါ။ ဒါပေမယ့်လည်း ဒေါ်လာဈေးကျတုန်း ကလည်း ရွှေဈေးနဲ့ ဒေါ်လာဈေးက ပြောင်းပြန်လို့ သတ်မှတ်ကစားခဲ့ကြတာပါပဲ။

ကမ္ဘာ့ရွှေဈေးနှုန်းက ၂၀၁၁ခုနှစ်စက်တင်ဘာလမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး တအောင်စကို ၁၈၆၉ ဒဿမ ၂၀ ဒေါ်လာအထိ ရောက်ရှိခဲ့တာပါ။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ ရွှေဈေး ဒီလောက်မမြင့်ခဲ့ပါဘူး။ ကျပ်ခုနှစ်သိန်း ဝန်းကျင်မှာပဲရှိခဲ့ပါတယ်။ ယခု တအောင်စကို ၁၃၅၀ ဒေါ်လာ ဝန်းကျင်မှာ  ကျပ် ၈သိန်း ၅သောင်းအထိ မြင့်တက်သွားတာ ဘာကြောင့်လဲ။ ဒေါ်လာဈေး မြင့်တက်နေတာနဲ့ ပတ်သက်နေသလို အခြားအကြောင်း တွေလည်း ရှိနေပါတယ်။

“ပြည်တွင်းဈေးကွက်မှာ ရွှေဈေးအလွန့်အလွန်မြင့်တက်နေတာ ယူရိုဇုန်ထဲက ယူကေ ထွက်တဲ့ ကိစ္စနဲ့ သိပ် မဆိုင်ဘူး လို့ထင်တယ်။ ခက်တာကဈေးကွက်မှာက စိတ်ကူးနဲ့ ခံစားမှုနဲ့ လုပ်တဲ့ လူက လည်းရှိ သေးတယ်။ ဥပမာ ဒေါ်လာကျမယ်၊ တက်မယ် အကုန်လုံးပေါ့။

စိတ်ကူးနဲ့လုပ်နေတာတွေ ရှိတယ်။ နောက်ကျ ပြန်ငြိမ် သွားတာမျိုးလည်း ဖြစ်ပြန်ရော၊ ဖြစ်နေ တာက  ဒေါ်လာဈေးရယ်၊ ပြည်တွင်း ရွှေဈေးရယ်၊ နိုင်ငံတကာ ရွှေဈေးရယ်ကို ဂရပ်ဆွဲကြည့်ရင် ကိုက်တာလည်း ရှိတယ်။ မကိုက်တာ လည်းရှိတယ်။မကိုက်တဲ့အကြောင်း ကလည်း အမြတ်အတွက် ဈေးကစားနေလို့ပါ ” လို့ နိုင်ငံရေး ဘောဂဗေဒ ပညာရှင် ဒေါက်တာ တင်မောင် မောင် သန်းက သုံးသပ်ပြပါတယ်။

“ စီးပွားရေးကစားသူတွေက ဘယ်အချိန်မှာ ဘယ်ပစ္စည်းကို ဆွဲတင်ရမလဲဆိုတာ ကောင်းကောင်း သိနေပေမယ့် အစိုးရ ကတော့ ဘာမှ မသိဘဲ ဖြစ်နေတယ် ” လို့ ဝေဖန်နေကြသလို “ နိုင်ငံရေးမှာ ခေတ်ပြောင်း သွားပေမယ့် စီးပွားရေး မှာတော့ အရင်ပုံစံအတိုင်းပဲ ရှိသေးတယ်၊ အမြတ်ရလွယ်တဲ့ လုပ်ငန်းတွေကို ဆွဲတင်နေတဲ့ အစဉ် အလာ မပျောက် သေးပါဘူး” လို့ သုံးသပ်သူတွေလည်းရှိနေပါတယ်။

ရင်းနှီးမြှုပ်နှံစရာ ရှားပါးနေ သေးတဲ့ မြန်မာနိုင်ငံမှာ အမြတ်တခုတည်းကိုသာ အာရုံပြုနေသူတွေရဲ့ လောင်းကစားဆန်ဆန် စီးပွားရေး ဈေးကစားမှုများ ကြောင့် မြန်မာ့ရွှေဈေးကွက်ဟာ မတည်မငြိမ် ဖြစ်နေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြ ပါတယ်။

Your Thoughts …
Tags: Business
ယမင်းမြတ်အေး

ယမင်းမြတ်အေး

Contributor

Similar Picks:

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

Next Post
အသစ်ထွက်မယ့် တေးစီးရီးနဲ့ ပတ်သက်လို့ ပြောပြလာတဲ့ တေးရေးတေးဆို အရိုး

အသစ်ထွက်မယ့် တေးစီးရီးနဲ့ ပတ်သက်လို့ ပြောပြလာတဲ့ တေးရေးတေးဆို အရိုး

စစ်ကိုင်းအလုပ်သမား

တရားရုံး အနှောင့်အယှက်ပေးမှုဖြင့် စစ်ကိုင်း အလုပ်သမားများ ပြစ်ဒဏ်ချခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved