• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စီးပွားရေးမူဝါဒသစ်နဲ့ တည်ဆဲပြဿနာဟောင်းများ

by ယမင်းမြတ်အေး
26 July 2016
in စီးပွားရေး
A A
စီးပွားရေး

မနက် အလုပ်ခွင် ဆင်းကြသူများကို နေပြည်တော်တွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

2.2k
VIEWS
Share on FacebookShare on Twitter

အစိုးရသစ်တက်လာတဲ့အခါမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ နှစ်စဉ်ဖြစ်ပေါ်နေခဲ့တဲ့ ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်မှုလိုငွေ၊ ဒါ တွေကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှု၊ ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပေါ်လာတဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု စတဲ့ပြဿနာတွေကို အစိုးရသစ်က ဖြေရှင်းပေးနိုင်မှာလား ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပါ။

“ဒါတွေကို ဖြေရှင်းပေးနိုင်ဖို့ NLD အစိုးရအနေနဲ့လည်း စီးပွားရေးမူဝါဒကို ရေးဆွဲနေပါတယ်။ မကြာခင် ထွက်လာပါလိမ့်မယ်” လို့ မူဝါဒရေးဆွဲရာမှာ ပါဝင်တဲ့ ဒေါက်တာ အောင်ကိုကို (စီးပွားရေးပေါ်လစီ) က ပြောကြားခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှု ပြဿနာ

ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ ADB ရဲ့ အစီရင်ခံစာမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်ရဲ့ စီးပွားရေး တိုးတက်မှု နှုန်းကို ၈ ဒဿမ ၄ ရာခိုင်နှုန်း မှန်းထားပါတယ်။ အလားတူပဲ ယခုနှစ် ငွေကြေးဖောင်းပွမှုဟာ ၉ ဒဿမ ၅ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်မားနေမယ်လို့ခန့်မှန်း ထားပေမယ့် လက်တွေ့မှာ ဒီထက်ပိုပြီး ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

နိုင်ငံတကာအဖွဲ့အစည်း တွေက အခြေအနေလိုက်ပြီး သက်သက်ညှာညှာ ထုတ်ပြန်တတ် တာကြောင့် GDP ဆိုတာ မိတ်ကပ်လိမ်းလို့ ရတယ်လို့ တချို့က ဝေဖန်ကြသလို ငွေကြေး ဖောင်းပွမှုကကော မိတ်ကပ်လိမ်းလို့ရပါသလား။

ငွေကြေးဖောင်းပွမှုဆိုတာကို အရိုးစင်းဆုံး အနက်ဖွင့်ရရင် ကုန်ဈေးနှုန်းတွေ တက်တာလို့ ပြောရမှာပါ။ အဓိက ကတော့ စားကုန် သောက်ကုန် တွေ ဖြစ်ကြတဲ့ အခြေခံကုန်ပစ္စည်းတွေ ဈေးတက်တာပါ။

“အင်ဖလေးရှင်း (Inflation) များလွန်းတာ မကောင်းပေမယ့် အင်ဖလေးရှင်းကို သိပ်ကြောက်ပြီး အသေသတ် လို့လည်း မရဘူး။ တချို့ အရာတွေဟာ မကောင်းမှန်းသိပေမယ့် အဖြေမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အင်ဖ လေးရှင်းကို သိပ်ကြောက်တဲ့ ခေတ်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ Stagflation ပြဿနာဖြစ်သွားခဲ့တာကို ထည့် စဉ်းစားဖို့လိုတယ်” လို့ စီးပွားရေး ပညာရှင် ဒေါက်တာ တင်မောင်မောင်သန်းက ပြောပါ တယ်။

စတက်ဖလေးရှင်း ဆိုတာက စီးပွားရေး တုံ့ဆိုင်းမှု (Stagnation) နဲ့ ငွေဖောင်းပွမှု (Inflation) ပေါင်းမိရာမှ အလုပ်လက်မဲ့ပေါများမှုလို ဆိုးဆိုးရွားရွား အကျိုး ဆက်တွေ ပေါ်ပေါက်လာတဲ့အဖြစ်ကို ဆိုလိုတာပါ။

“သီအိုရီက ပြောရရင် နိုင်ငံတကာမှာ အင်ဖလေးရှင်းကို ထိန်းချင်ရင် အတိုးနှုန်းကို မြှင့်လိုက်တယ်။ မြန်မာ ပြည်မှာ အတိုးနှုန်းတင်လို့ လည်း ဂရုမစိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ဘဏ်ကငွေကို ချေးယူ သုံးစွဲတဲ့ လူက ဘယ်လောက်မှ မရှိဘူး။ လူတွေအားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငွေရှာပြီး စီးပွားရေးလုပ် နေတာ။ ဒါကြောင့် ငွေကြေးပေါ်လစီ (Monetary policy ) ကို ထိရောက်အောင် လုပ်ဖို့ ခက်နေတာ။ တခါ ဘဏ္ဍာရေးပေါ်လစီ ( Fiscal policy ) ကို ကြည့်ပြန်တော့လည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အကုန်လုံး ဘတ်ဂျက်လိုငွေ (Budget deficit ) ဖြစ်တာပဲ။ မြန်မာနိုင်ငံ မှာလည်း အခုဘတ်ဂျက်လိုငွေတွေ ပြနေတယ်။ ဘာကြောင့်ဖြစ်တာ လဲ။ သုံးတဲ့အထဲ ပါသွားတာလား။ လက်နက် ဝယ်တာလား။ ဘာမှမသိရပေမယ့် ငွေကြေး ဖောင်းပွမှု ဖြစ်တာ ကတော့ အမှန်ပဲ” လို့ သူက ထောက်ပြပါတယ်။

ကုန်သွယ်မှုလိုငွေ နဲ့ ဘတ်ဂျက်လိုငွေ

ငွေကြေးဖောင်းပွမှုကို ဖြစ်စေတဲ့ အခြားအကြောင်းရင်းတခုက နှစ်စဉ်ကုန်သွယ်ရေး လိုငွေပြနေတဲ့ကိစ္စပါ။ ၂၀၁၂ / ၂၁၀၃ ဘဏ္ဍာနှစ်က စပြီး နှစ်စဉ် ကုန်သွယ်ရေးလိုငွေ ပြခဲ့ပါတယ်။ ၂၀၁၂ / ၂၀၁၃ ကနေ ၂၀၁၅ /၂၀၁၆ ထိ ပြခဲ့တဲ့ ကုန်သွယ်မှု လိုငွေဟာ ဒေါ်လာ ၁၂ ဘီလျံ ရှိနေပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေပြမှုဟာ ကျပ်ငွေ ဘီလျံ ၁၁၀၀၀ နီးပါး ရှိခဲ့ပါတယ်။ လိုငွေ မြင့်တက်လာတဲ့အတွက် ဒေါ်လာ ဈေးတွေ မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုကို သိသိသာသာ ဖြစ်စေခဲ့ ပါတယ်။ ဒီအကျိုးဆက်ကို ယခုအထိ ခံစားနေရတုန်းပါပဲ။

ဒေါက်တာ တင်မောင်မောင်သန်းကတော့ အခုလို အကောင်းဘက်က ရှုမြင်ပါတယ်။

“ကုန်သွယ်မှုလိုငွေက ဖွံ့ ဖြိုးဆဲ နိုင်ငံတိုင်းမှာ ဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ရင်းနှီးကုန်စည် ( Capital goods) တွေကို သွင်းနေရတယ်။ စက်ရုံတွေ တည်ဆောက်နေတဲ့အတွက် သုံးနေရတာ ဆိုတော့ ဖြစ်မှာပဲ။ တခုပဲ အဲဒါတွေက ထုတ်လုပ်နိုင်တဲ့အဆင့် ရောက်အောင် ဘယ်လောက်အထိ ကြာမလဲ။ Productive ဖြစ်တဲ့ ကာလမှာ ရလာမယ့် အမြတ်အစွန်းတွေနဲ့ စောစောကပြောတဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်သွယ်မှုလိုငွေကို ချေလို့ရမယ်ဆိုရင် အင်ဖလေးရှင်းကို လျှော့ချနိုင်မှာပဲ။ အဲဒီတော့ အချိန်တော့ လိုပါလိမ့်မယ်” လို့ ဆိုပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
227
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
484

ရင်းနှီးမြုပ်နှံထားတဲ့ စက်ရုံတွေက ကာလတခု အကြာမှာ ဝင်ငွေပြန်ရနိုင်တယ် ဆိုပေမယ့် ပို့ကုန်လုပ်ငန်း တိုးမြှင့်မှု ( Export promotion )ကို လုပ်နိုင်မှသာ ရမှာပါ။ ပို့ကုန်မြှင့်တင်မှုကို ဘယ်ကုန်ပစ္စည်းတွေနဲ့လုပ် မှာပါလဲ။

မြန်မာနိုင်ငံက အဓိက တင်ပို့နေတာ ဆန်နဲ့ ပဲ လောက်ပဲ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ဈေးက ကျနေ ပါတယ်။ ဆန်က အရည်သွေးပိုင်းနိမ့်ကျတဲ့ အတွက် အာဖရိကကိုပဲ ပို့နေရပါတယ်။ နည်းပညာပိုင်းမှာ အား နည်းချက်တွေရှိသလို သွင်းအားစု သွင်းရမယ်ဆိုတော့လည်း အရင်းမရှိတဲ့ ပြဿနာနဲ့ရင်ဆိုင်ရပြန်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍကို တွန်းမယ်ဆိုရင်လည်း မြေပိုင်ဆိုင်မှုပြဿနာက တပုံကြီးရှိနေပါတယ်။ မြေပြဿနာ မရှင်း နိုင်တာကြောင့် စိုက်ပျိုးရေးကဏ္ဍတိုးချဲ့ဖို့လည်း ခက်ခဲနေပါတယ်။

ရင်းနှီးမြှုပ်နှံမှု မျှော်လင့်ချက်

မျှော်လင့်စရာက ရင်းနှီးမြုပ်နှံမှုပဲ ရှိပါတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံထဲကို ဝင်လာတဲ့ ပြည်ပ ရင်းနှီးမြုပ်နှံမှုက နည်းပါသေးတယ်။ အစိုးရသစ်တက်လာတဲ့ ကာလမှာ မြန်မာ နိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ကို အသစ်ပြင်ဆင်ဖွဲ့စည်း လိုက်တာကြောင့် Proposal တင်ထားတာတွေကို ဆိုင်းငံ့ထား တဲ့အတွက် ဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန က ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောခဲ့ပါတယ်။ Proposal တင်ထားတဲ့ ပမာဏကတော့ ၂ ဘီလီယံလောက်ရှိနေတာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ( FDI ) နဲ့ ပတ်သက်ရင် ကိန်းဂဏန်းတွေနဲ့ပဲ ကိစ္စပြီးခဲ့တဲ့ကာလတွေ ရှိခဲ့ပါတယ်။ ကိန်းဂဏန်းထက် အရေးကြီးတဲ့အချက်တွေကို မဖော်ပြသေးပါဘူး။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုက ဘာတွေဝင်နေတာပါလဲ။ စီးကရက်စက်ရုံလား။ အချိုမှုန့် စက်ရုံ လား။ အရက်စက်ရုံလား။ ပြည်ပကို ပြန် တင်ပို့မှာလား။ ပို့ကုန်ဦးစားပေးလား၊ သွင်းကုန် ဦးစားပေးလား။ အလုပ်သမားဘယ်လောက် ခန့်မလဲ။ ဘာနည်းပညာတွေ လွှဲပြောင်းပေးမှာလဲ။

“ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ရင် ထားပါတော့ စီးကရက်စက်ရုံ။ သူက အဲဒီစီးကရက်ဖော်မြူလာ ဘယ်တော့မှ မပေးဘူး။ သတ္တုပုံးလုပ်တဲ့ နည်းပညာလောက်ပဲ ပေးချင်ပေးမယ်။ FDI ကို လက်ခံတဲ့ အဖွဲ့အစည်းကြီးတွေမှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာဘောင်နဲ့လုပ်နေလဲ ကျနော် မသိဘူး။ ဒါပေမယ့် လာတိုင်း အကုန်ကောင်း တယ်လို့တော့ ပြောမရပါဘူး” လို့ ဒေါက်တာတင်မောင်မောင်သန်းက ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှိနိုင်တယ်ဆိုပေမယ့် ပြည်တွင်းလုပ်သားတွေရဲ့ ကျွမ်းကျင်မှု အားနည်းတာကြောင့် အများကြီး မျှော်လင့်လို့ မရနိုင်ဘူး။ နောက်တခုက ၁၀ ဘီလျံ ရင်းနှီးမြုပ်နှံရင် အဲဒီ ၁၀ ဘီလျံ က ဈေးကွက်ထဲကို ငွေသားအနေနဲ့ ဝင်လာတာ မဟုတ်ပါဘူး။ အစိုးရ ရသွားတာလည်း မဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံရာမှာ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေအတွက် သုံးမယ့်ပမာဏကို ဆိုလိုခြင်းသာ ဖြစ်ပါ တယ်။ တိုင်းပြည်ကရတာ မြေငှား စရိတ်နဲ့ အောက်ခြေသိမ်းအလုပ်လောက်ပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ရင်းနှီးမြုပ်နှံမှု တိုးတက်ဖို့လိုတယ် ဆိုပေမယ့် GDP ကို တကယ် မြှင့်တင်ပေးနိုင်မယ့် ရင်းနှီးမြုပ်နှံမှုမျိုးပဲ ဖြစ်သင့် တယ်လို့ သုံးသပ်ကြပါတယ်။

“တချို့ရင်းနှီးမြုပ်နှံမှုတွေက သူတို့ယူလာတာနဲ့ သူတို့ပြန်ယူသွားတာနဲ့ ဘဲစားဘဲချေဖြစ်နေတာတွေ အများ ကြီးပါ။ ဒါပေမယ့် ကျနော်တို့ မလုပ်လို့လည်း မရဘူး၊ တဖြည်းဖြည်းတော့ လုပ်ယူရမှာပါ ” လို့ ဒေါက်တာ အောင်ကိုကို (စီးပွားရေးပေါ်လစီ) က သုံးသပ်ပြပါတယ်။

ပြီးခဲ့တဲ့ အစိုးသက်တမ်းမှာ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်တာ ကာလ အတွင်းမှာ စုစုပေါင်းရင်းနှီးမြုပ်နှံမှု ၂၇ ဒဿမ ၅ ဘီလျံ ဝင်ထားတာ တွေ့ရပါတယ်။ ၂၀၁၅/ ၂၀၁၆ မှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ ဒဿမ ၄ ဘီလျံအထိ ရှိခဲ့ပါတယ်။ အစိုးရသစ် လက်ထက် ပထမ ဦးဆုံး ဘဏ္ဍာရေးနှစ်မှာတော့ ရင်းနှီးမြုပ်နှံမှု ၆ ဘီလျံရရှိဖို့ခန့် မှန်းထားပေမယ့် လတ်တလောအချိန်အထိတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၉၅ သန်းပဲ ဝင်ရောက်နေသေးတာပါ။ ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုကတော့ ကျပ်ငွေ ၁၃ ဘီလျံရှိတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ အစိုးရလက်ထက်မှာ စီမံခန့်ခွဲမှုအမှားတွေကြောင့် မြန်မာ့စီးပွားရေးဟာ အစဉ်တစိုက် ကျဆင်း နေခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာတော့ ဒီအနေအထားကို ပြောင်းလဲပစ်နိုင်ဖို့ ပြည်သူလူထုက မျှော်လင့်နေ ပါတယ်။ NLD ရဲ့ စီးပွားရေးမူဝါဒအသစ်က ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အဓိက ထားရပါလိမ့် မယ်။ စီးပွားရေးဦးမော့လာဖို့၊ အလုပ်အကိုင်ပေါများလာဖို့စတာတွေကို သိသိသာသာ ဖန်တီးပေးနိုင်တဲ့ မူဝါဒ အသစ် ဖြစ်ရပါမယ်။

“နှစ်ပေါင်း ၅၀ လောက် ယိုယွင်းပျက်စီး နေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်ကောင်းမွန်လာဖို့ အချိန်ယူလုပ်ဆောင် နေရပါတယ်။ ဒါပေမယ့် လူတွေကတော့ သိပ်စိတ်မရှည်ကြပါဘူး။ အထူးသဖြင့် နိုင်ငံတကာ လုပ်ငန်းရှင်တွေပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ သာမန်အားထုတ်မှုနဲ့ မရနိုင်ပါဘူး။ ပြီးတော့ အခု လုပ်နေတဲ့ Democratic economic transformation ဒီမိုကရေစီနည်းကျ နိုင်ငံ့စီးပွားရေး အကူးအပြောင်း ဆိုတာ မြန်မာတနိုင်ငံတည်းအတွက် မဟုတ်ပါဘူး။ အားလုံးအတွက် အရေးကြီးပါတယ်” လို့ NLD ရဲ့ စီးပွားရေး မူဝါဒ ဆိုင်ရာအကြံပေး တစ်ဦးဖြစ်တဲ့ ပါမောက္ခ ရှောင်တာနယ် (Sean Turnell) က ပြောပါတယ်။

Your Thoughts …
Tags: Business
ယမင်းမြတ်အေး

ယမင်းမြတ်အေး

Contributor

Similar Picks:

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

Next Post
သစ်တောပြုန်းတီးမှု

ပဲခူးရိုးမ ကာကွယ်ရေးအတွက် သစ်တောဌာနကို အားဖြည့်ပေးရမယ်

အာဏာ

အာဏာတခေတ်ကုန်လို့ ပညာနိုင်ငံရေး ရောင်နီသန်းချိန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

22 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved