• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အောင်လံက ပြောင်း၊ နှမ်း၊ ဝါနှင့် ပဲမျိုးစုံစိုက် တောင်သူများ ယခုနှစ် တွက်ခြေမကိုက်

by ကောင်းမြတ်မင်း
25 November 2016
in စီးပွားရေး
A A
မကွေးတိုင်း အောင်လံမြို့အဝင် ဆိုင်းဘုတ်  / ကောင်းမြတ်မင်း / ဧရာဝတီ

မကွေးတိုင်း အောင်လံမြို့အဝင် ဆိုင်းဘုတ် / ကောင်းမြတ်မင်း / ဧရာဝတီ

22.2k
VIEWS
Share on FacebookShare on Twitter

မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်အတွင်း ယခုနှစ် စိုက်ပျိုး ထွက်ရှိသည့် ပြောင်း၊ နှမ်း၊ ဝါနှင့် ပဲမျိုးစုံတို့သည်  ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ဈေးနှုန်း ကျဆင်းနေ၍ တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။

တောင်သူအများစု စိုက်ပျိုး ထွက်ရှိသည့် ပြောင်း၊ နှမ်း၊ ဝါနှင့် ပဲမျိုးစုံတို့အား ဝယ်ယူသူ ရှားပါးနေပြီး ဈေးနှုန်းများသည် လည်း ယခင်နှစ်ထက် ထက်ဝက်ခန့် ကျဆင်းနေသည့်အတွက် လာမည့်နှစ်များတွင် တောင်သူလုပ်ငန်းဖြင့် လုပ်ကိုင် ရပ်တည် ရန်ပင် မလွယ်ကူနိုင်ကြောင်း ဒေသခံ တောင်သူများက ပြောသည်။

ပြောင်းတဧကလျှင် အဖူး ၈၀၀၀ ခန့် ထွက်ရှိပြီး တဖူးလျှင် ယခင်နှစ်က ကျပ် ၁၄၀ အထိ ဈေးရခဲ့သော်လည်း ယခုနှစ် ပေါက်ဈေးသည် အများဆုံး ၁၀၀ ကျပ် အထိသာ ဈေးပေးသဖြင့် ပြောင်းစိုက် တောင်သူများ အရှုံးပေါ်နေရခြင်း ဖြစ် ကြောင်း အောင်လံမြို့နယ် အင်းကုန်း ကျေးရွာမှ ပြောင်းစိုက် တောင်သူ ဦးကျော်အောင်က ပြောပြသည်။

“ရန်ကုန်က အဝယ်မလာဘူး။ နောက်ပိုင်း ပြောင်းဈေး ပျက်သွားလို့ မလာတော့ဘူး။ ဒီနယ်မှာပဲ ကုန်သလောက် လေး ကို ရွှေတောင်တို့ မကွေးတို့ဘက် ကားအသေးလေးနဲ့ သွားရောင်း နေရတယ်။ ရန်ကုန်မှာ ကျပြီဆိုတော့ ဒီမှာ တော် တော် ကျမှာ အခုရက်တွေမှာ ပြောင်းအဝင်များလို့ မလာတာ။ ရန်ကုန်ကို ပြောင်းဖူး ၄၀၀၀၀ တင်လို့ရတဲ့ ကားငှားရင် ကားခ ၂၄၀၀၀၀ ကျပ် ပေးရတယ်။ စိုက်ပျိုးစရိတ်နဲ့ ရှုံးတာပေါ့”ဟုလည်း ပြောင်းစိုက်တောင်သူ ဦးကျော်အောင်က ပြော သည်။

ဆီထွက် သီးနှံများဖြစ်သည့် ပဲမျိုးစုံနှင့် နှမ်းများသည်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် ထွက်နှုန်းကျ၍ ဈေးနှုန်း လည်း မနှစ်ကထက် ထက်ဝက်ခန့် လျော့ကျနေကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.1k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ယခင်နှစ်က နှမ်း ၃ တင်းဝင် ၁ အိတ်ကို ၂၂၀၀၀၀ ကျပ် အထိဈေးရခဲ့ပြီး ယခုနှစ်တွင် ၁၂၀၀၀၀ ကျပ် အထိ ဈေးကျ လာကြောင်း၊ ပဲတီစိမ်းသည်လည်း ၁ တင်းလျှင် ယခင်နှစ်က ကျပ် ၄၀၀၀၀ အထိဈေးရခဲ့ပြီး ယခုနှစ် ကျပ် ၂၀၀၀၀ အထိ သာ အမြင့်ဆုံးဈေး ရရှိသည့်တွက် ဆီထွက်သီးနှံစိုက် တောင်သူများလည်း အရှုံးပေါ်နေကြောင်း ပဲမျိုးစုံနှင့် နှမ်း စိုက် တောင်သူ ဒေါ်မြင့်ကြူက ပြောပြသည်။

“ဘာစိုက်စိုက် အဆင်ကိုမပြေတာ၊ ကိုယ်ရောင်းချမယ့် ကုန်တွေသာ ဈေးကျနေတာ၊ ဝယ်စားနေရတဲ့ ကုန်တွေက တော့ မကျတဲ့အပြင် တက်နေလို့ ပိုပိုပြီး ကြပ်တည်းလာတယ်။ နှမ်းစိုက်တာလည်း ရှုံးတယ်။ ပဲစိုက်တာလည်း ရှုံး တယ်။ အခုတော့ ကုန်ကျစရိတ်သက်သာတဲ့ ဗိုလ်ကိတ်ပဲ စိုက်ထားတယ်။ သူလည်း ပေါင်းမထိုးရရင်တော့ နည်းနည်း ပါးပါး မြတ်နိုင်တယ်၊ ဗိုလ်ကိတ်ပဲလည်း ပေါင်းပင်တွေများလို့ ပေါင်းထိုးရရင်တော့ ရှုံးမှာ။ ပေါင်းထိုးခက တဧက ကျပ် နှစ်သိန်းကျော် လောက် ကျတယ်”ဟုလည်း ဒေါ်မြင့်ကြူက ပြောသည်။

ဆီထွက်သီးနှံများဖြစ်သည့် ပဲမျိုးစုံနှင့် နှမ်းစိုက်ပျိုးရာတွင် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ မျိုးသီးနှံဖိုး အပါအဝင် စုစု ပေါင်း တဧကလျှင် ကျပ် ၆ သိန်းနီးပါး ကုန်ကျစရိတ်ရှိကြောင်း၊ ထယ်ထိုးခြင်း၊ စက်ခုတ်ခြင်းပြုလုပ်ရန် တဧကလျှင် ကျပ် ၂ သိန်းခန့် ကုန်ကျပြီး သီးနှံပင်များကြားရှိ ပေါင်းပင်များရှင်းခသည် တဧကလျှင် ကျပ် ၂ သိန်းကျော် ကုန်ကျ ကြောင်း၊ ရိတ်သိမ်းခသည်လည်း တဧကလျှင် ကျပ် ၇ သောင်းခန့် ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

နှမ်းနှင့် ပဲတီစိမ်းထွက်နှုန်းသည် တဧကလျှင် ၈ တင်းခန့်သာ အများဆုံး ထွက်ရှိသည့်အတွက် ယခုနှစ် ဆီထွက် သီးနှံ စိုက်ပျိုးသူများ အရှုံးပေါ်နေရခြင်း ဖြစ်ကြောင်းလည်း တောင်သူများက ပြောသည်။

ဝါဂွမ်းသည်လည်း ယခင်နှစ်က တပိဿာလျှင် ၁၃၀၀ ကျပ် ဈေးရခဲ့သော်လည်း ယခုနှစ်တွင် ၁၀၀၀ ကျပ်သာ ဈေးရရှိ နေသည့်အတွက် ဝါစိုက် တောင်သူများလည်း အရှုံးပေါ်နေကြောင်း၊ ယခင်နှစ်များထက် ဝါဂွမ်း ဝယ်ယူသူလည်း နည်းပါး လာကြောင်း အောင်လံမြို့ ဦးရဲမောင် ဝါစက်မှ တာဝန်ရှိသူ တဦးဖြစ်သော ကိုဇင်ဦးမောင် က ပြောပြသည်။

“ဈေးကမနှစ်က ထောင့်နှစ်ရာ ထောင့်သုံးရာ စပေါ်တယ်၊ အခုနှစ်က တထောင်၊ ထောင့်တရာ စပေါ်တယ်။ မန္တလေးက ဝယ်တဲ့ဘက်က ဈေးလျှော့ဝယ်တော့ ကျနော်တို့ကလည်း ပြန်လျှော့ဝယ်ရတာပါ။ လောလောဆယ်ကို ဝယ်သူသိပ်ကို မရှိသေးဘူး။ အရင်ကတော့ ဒီကထွက်တာနဲ့ ဝယ်မယ့်လူ တန်းရှိတယ်။ အခု တဦးနှစ်ဦးပဲရှိတယ်။ အရင်တုန်းက လေး ငါး ဦး ရှိတယ်။ ဒီဈေးနဲ့တော့ တောင်သူတွေ ဘယ်လိုမှ မကိုက်နိုင်ဘူး”ဟုလည်း ကိုဇင်ဦးမောင်က ပြောသည်။

ဝါဂွမ်း တဧကလျှင် ပျမ်းမျှ ပိဿာချိန် ၆၅၀ ခန့် ထွက်ရှိကြောင်း သိရသည်။

မကွေးတိုင်းအတွင်း ဆီထွက်သီးနှံများ၊ ဖူးစားပြောင်းများ နှင့် ဝါဂွမ်းများကို အများဆုံးစိုက်ပျိုးပြီး ယခု ၂၀၁၆ ခုနှစ် အောင်လံမြို့နယ်အတွင်း ရာသီအလိုက် စိုက်ပျိုးမြေများမှာ ပဲတီစိမ်းစိုက်မြေ ၆၇၄၉၀ ဧက၊ ဝါစိုက်မြေ ၁၉၈၀၀ ဧက၊ လယ်မြေ ၄၇၄၆၈ ဧက၊ နှမ်းစိုက်မြေ ၄၇၀၀ ဧက၊ ဖူးစားပြောင်း စိုက်ပျိုးမြေမှာ မိုးရာသီတွင် ၅၅၆၁ ဧကနှင့် နွေရာသီ တွင် ၆၅၀၀ ဧက စိုက်ပျိုးကြောင်း အောင်လံမြို့နယ် မြေစာရင်း ဦးစီးဋ္ဌာန စာရင်းများတွင် ဖော်ပြထားသည်။

Your Thoughts …
Tags: စိုက်ပျိုးရေး
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

မြန်မာတွင် မြေရှားသတ္တုတူးဖော်မှု မြင့်မားလာကြောင်း ဂြိုဟ်တုပုံများပြသနေ

by Zsombor Peter
13 August 2025
1.2k

မြန်မာသတ္တုတွင်းများမှ သဘာဝပတ်ဝန်းကျင် နောက်ဆက်တွဲများအတွက် သတ္တုတူးဖော်သူများနှင့် UWSA ကိုသာမက တရုတ်နိုင်ငံကိုပါ လူအများအပြားက အပြစ်တင်ကြသည်။

ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာ့စီးပွားရေး

by ဧရာဝတီ
28 June 2024
1.1k

လွန်ခဲ့သော ခြောက်နှစ်အတွင်း မြို့ပြဆင်းရဲနွမ်းပါးမှုသည် ကျေးလက်ဆင်းရဲနွမ်းပါးမှုနှုန်းထက် ပိုမိုလျင်မြန်စွာ မြင့်တက်နေသည်။

မြန်မာရေဘေးသင့်သူများကို ကူညီရန် အမေရိကန် ခေါင်းဆောင်ရမည်

မြန်မာရေဘေးသင့်သူများကို ကူညီရန် အမေရိကန် ခေါင်းဆောင်ရမည်

by Derek Mitchell နှင့် Jack Myint
10 October 2024
960

လတ်တလော ထိခိုက်မှုများအပြင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ဆုံးရှုံးမှုများ တုန်လှုပ်စရာကောင်းလောက်အောင် ကြီးမားသည်။

အညွန့်ပဲ သတ်ပါရစေ

အညွန့်ပဲ သတ်ပါရစေ

by မောင်သစ်လွင် (လူထု)
10 March 2024
900

ဝါ၊ ဂျုံ၊ နှမ်း ပျိုးဖို့ စိုက်ပျိုးရေး ဘဏ်က စိုက်ပျိုးရေး စရိတ်များ ချေးခဲ့ကြတယ်။ ဒီနှစ်တော့ မိုးလေဝသ မမှန်လို့ ဝမ်းစာတောင် ခဲခဲယဉ်းယဉ်းမို့၊ စိုက်ပျိုးစရိတ်ကို ပြန်မဆပ်နိုင်ဘူး။

အာဏာသိမ်းပြီးနောက် ဆက်တိုက်ကျဆင်းလာတဲ့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ

အာဏာသိမ်းပြီးနောက် ဆက်တိုက်ကျဆင်းလာတဲ့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ

by ဧရာဝတီ
12 January 2024
853

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ စပါးရိတ်မယ့်သူတွေ မရိတ်နိုင်ဘဲ ပြေးနေရသလို၊ ရိတ် သိမ်းခြွေလေ့စက်တွေ ငှားပြီးကာမှ ရပ်တန့်ထားရတဲ့အတွက် ကုန်ကျစရိတ်တွေကလည်း တက်လာနေတယ်

စုပေါင်း ဘုံဗိမာန်သို့ ခရီး

စုပေါင်း ဘုံဗိမာန်သို့ ခရီး

by အထောက်တော် လှအောင်
25 November 2023
578

စီကာ ပတ်ကုံး မက်တတ်သည့် ဆောင်းတွင်း အိပ်မက် အကြောင်းကို ကျနော် ပြန်တွေးရင်း စိတ်ကူး ယဉ်ယဉ်ဖြင့် ပြုံးမိပါသည်။ ကျနော်ကား ဆောင်းတွင်း အိပ်မက်၏ အရသာကို ခံစားရင်း ကြည်နူး နှစ်သိမ့်လျက်…

Next Post
၂၀၁၀ ခုနှစ်က ရန်ကုန်အလည်ရောက်လာတဲ့ တိုးရစ်တဦး / Reuters

နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်မှု ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်မည်

ရိုဟင်ဂျာအရေး သံတမန်ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်း /  Reuters

ရိုဟင်ဂျာအရေး သံတမန်ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved