• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့ဘဏ္ဍာရေးလုပ်ငန်းက ပြည်ပကုမ္ပဏီများကို စွဲဆောင်နေ

by Motokazu Matsui
26 February 2017
in စီးပွားရေး
A A
ဈေးအရောင်းစင်တာများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ATM စက်များ မြင်လာနေရသည်  / Reuters

ဈေးအရောင်းစင်တာများနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ATM စက်များ မြင်လာနေရသည် / Reuters

3.6k
VIEWS
Share on FacebookShare on Twitter

ပြည်ပကုမ္ပဏီများသည် အရပ်သားအစိုးရလက်အောက်တွင် ကူးသန်းရောင်းဝယ်ရေးဘဏ်များထံမှ ATM ငွေထုတ်စက်များ၊ ဘဏ္ဍာရေးဆိုင်ရာ ဆော့ဖ်ဝဲလ်အမှာစာများ ရရှိရန် အပြိုင် ကြိုးစားရင်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ အခြေခံအဆောက်အအုံကို အင်အားတောင့်တင်းအောင် လုပ်ဆောင်ပေးရန် အလျင်အမြန် ဝင်ရောက်လာနေကြသည်။

ကမ္ဘာ့ထိပ်တန်း ATM ငွေထုတ်စက်ထုတ်လုပ်သူ Diebold Nixdorf သည် မြန်မာနိုင်ငံတွင်၎င်း၏ ပထမဆုံး အရောင်းရုံးခန်းကို စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ၎င်း၏ ဝန်ထမ်းများကိုသာ အသုံးပြုမည်ဖြစ်သည်။

ထိုအမေရိကန်ကုမ္ပဏီသည် ယခင်က မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ဖြင့် ငွေထုတ်စက်များ ရောင်းချခဲ့ဖူးသည်။ Diebold သည် ကမ္ဘောဇနှင့် ဧရာဝတီ အပါအဝင် အဓိကဘဏ်ကြီးများသို့ ATM စက်များရောင်းချခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံ ATM စက်ဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
227
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
484

သို့သော် ပြည်တွင်းကူးသန်းရောင်းဝယ်ရေးဘဏ်များသည် လုပ်ငန်းကြီးထွားလာသည်နှင့်အတူ ဘဏ္ဍာရေးစနစ်တွင် ပိုမို ရင်းနှီးမြှုပ်နှံလာကြသဖြင့်  Diebold သည် အရောင်းအခြေစိုက်စခန်းထူထောင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအရောင်းရုံးခန်းသည် မြန်မာနိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ Diebold အခြားသော အဓိကကျသည့် ဘဏ်တခုဖြစ်သည့် သမဝါယမဘဏ်ထံမှ ငွေထုတ်စက်အလုံး ၅၀၀ အမှာစာ ရရှိထားသည်။ ၎င်းသည် ၎င်း၏ဖောက်သည်များတွင် စတိုးဆိုင်များ၊ ဆူပါမားကက်များနှင့် အခြား လက်လီအရောင်းလုပ်ငန်းများကိုလည်း တိုးချဲ့ ထည့်သွင်းရန် မျှော်လင့်နေသည်။ ထို့အပြင် ထိုကုမ္ပဏီသည် ၎င်း၏ကတ်ဖြင့် ငွေပေးချေမှု စနစ်များကိုလည်း အရောင်းမြှင့် တင်ရန် စီစဉ်နေသည်။

Diebold သည် ၂၀၁၆ တွင်၎င်း၏ဂျာမန်ပြိုင်ဘက် Wincor Nixdorfကို ဝယ်ယူခဲ့သည်။ Diebold သည် ကမ္ဘာ့ ATM စက် ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသော်လည်း အာရှပစိဖိတ်၏ဈေးကွက်ဝေစုမှာ ၂၀ မှ ၃၀ ရာခိုင်နှုန်းခန့် သာ ဆက်လက်ရှိသည်။

လုပ်ငန်းကြီးထွားရန် အလားအလာ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံတွင် ငွေထုတ်စက် ၁၈၀၀ သာရှိသည်။ အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ်ပြီး အလားအလာလွန်စွာ ကောင်းသည်ဟု Diebold ၏ အာရှပစိဖိတ်ဒေသဆိုင် ရာဌာန မန်နေဂျင်း ဒါရိုက်တာနှင့် ဒုဥက္ကဌ Neil Emerson က ပြောသည်။

ဂျပန်၏ဟီတာချီ (Hitachi) သည် ဘဏ္ဍာရေးစနစ်များနှင့် သက်ဆိုင်ရာကိရိယာများကို ကမ်းလှမ်းပြီး လွန်ခဲ့သောနှစ်က မြန်မာဈေးကွက်သို့ အပြည့်အဝ ဝင်ရောက်ခဲ့သည်။

၎င်းသည် အဆင့်မြင့်နည်းပညာငွေထုတ်စက်များကို ကမ်းလှမ်းပြီး အခြား ထုတ်ကုန်များအပြင် စာရင်းကိုင်စနစ်များကို လည်း ရောင်းချရရန် မျှော်လင့်နေသည်။ ထိုလုပ်ငန်းမှ သတင်းရင်းမြစ်များ၏အဆိုအရ မြန်မာငွေထုတ်စက်ဈေးကွက်သည် ၂၀၂၀ ခုနှစ်အထိ တနှစ်လျှင် ၂ဝ ရာခိုင်နှုန်းအထက် တိုးတက်နေမည်ဟု ဆိုသည်။

လွန်ခဲ့သောနွေက ဗီယက်နမ်၏အဓိက ဆော့ဖ်ဝဲကုမ္ပဏီ FTP သည် မြန်မာနိုင်ငံ၏အဓိက အီလက်ထရောနစ် ငွေပေးချေမှုစနစ် MPU နှင့်ပူးပေါင်းကာ ပြည်တွင်းဘဏ် ၂၀ ခန့်ကို ထူထောင်သည်။ FTP သည် MPU ၏အဖွဲ့ဝင်ဘဏ်များ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရန် နည်းပညာကို လာမည့် ၁၀ နှစ်အတွင်း လွှဲပြောင်းပေးရန် ရည်ရွယ်သည်။

အဖွဲ့ဝင်ဘဏ်များ ပူပေါင်းဆောင်ရွက်မှုဖြင့် MPU သည် ငွေထုတ်ကတ်၂ သန်းခန့် ထုတ်ဝေထားပြီးဖြစ်သည်။ FTP က ထိုကတ်များအတွက် ငွေစာရင်းရှင်းစနစ်ကို အဆင့်မြှင့်တင်ရန် စီစဉ်နေပြီး ဘဏ်များကို နိုင်ငံတကာ ငွေစာရင်းရှင်းမှု စံနှုန်းများ ထူထောင်ရန် ကူညီမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော virtualization ဆော့ဖ်ဝဲလဲထုတ်လုပ်ရေးလုပ်ငန်း VMware သည် လွန်ခဲ့သောနွေက ပြည်တွင်းအဓိက ဘဏ်တခုဖြစ်သော မြန်မာအရှေ့တိုင်းဘဏ်နှင့် လက်တွဲကာ ၎င်း၏ Cloud အခြေခံ ငွေစာရင်းရှင်းလင်းမှုစနစ်ကို ပေးအပ်ခဲ့သည်။

မြန်မာအရှေ့တိုင်းဘဏ်သည် VMware ၏ စနစ်ကို အပြည့်အဝ တပ်ဆင်သည့် ပထမဆုံး မြန်မာဘဏ်ဖြစ်ပြီး VMware သည် ယခင်ကလည်း မြန်မာနိုင်ငံဗဟိုဘဏ်သို့ စနစ်များပံ့ပိုးခဲ့သည်။

လျင်မြန်သော ခုန်ပျံကျော်လွှားခြင်း

Diebold ကဲ့သိုသော ပြည်ပကုမ္ပဏီများ မြန်မာနိုင်ငံတွင် လုပ်ငန်းများတိုးချဲ့နေကြခြင်းမှာ ပြည်တွင်းကူးသန်းရောင်းဝယ် ရေးဘဏ်များ အလျင်အမြန် ကြီးထွားနေသောကြောင့်ဖြစ်သည်။ ၁၉၆၀ ခုနှစ်များမှ ၁၉၈၀ ခုနှစ်များအတွင်း ဆိုရှယ်လစ် အစိုးရလက်အောက်မှ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစနစ်ကို နိုင်ငံပိုင်ဘဏ်များကသာ လွှမ်းမိုးထားသည်။

၁၉၉၀ ခုနှစ်များမှစတင်ပြီး ဘဏ်ထူထောင်လိုအပ်သော စည်းကမ်းချက်များကို ဖြေလျှော့လိုက်သောကြောင် ကူးသန်း ရောင်းဝယ်ရေးဘဏ်များ ရုတ်တတရက် တိုးပွားလာသည်။ ခန့်မှန်းတွက်ချက်မှုတခုအရ ၎င်းတို့အားလုံး၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ နိုင်ငံပိုင်ဘဏ်များ၏ လေးဆရှိနေပြီး နိုင်ငံ၏ဘဏ်ဝန်ဆောင်မှုစနစ်ကို စာရွက်စာတမ်း အခြေပြုစနစ်မှ ဒစ်ဂျစ်တယ်စနစ်သို့ မြန်ဆန်စွာ ကူးပြောင်းသွားစေသည်။

တနိုင်ငံလုံး ဘဏ်ခွဲအရေအတွက်မှာ ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ၁၃၀၀ ရှိရာမှ ၂၀၁၆ မေလတွင် ၁၇၀၀ ရှိလာသည်။ ကူးသန်းရောင်းဝယ်ရေးဘဏ် အရေအတွက်မှ ၅၀ ရာခိုင်နှုန်းတိုးလာပြီး ၈၀၀ မှ ၁၂၀၀ သို့ တိုးတက်လာသည်။ ဘဏ်လုပ်ငန်းကွန်ရက် ကြီးထွားလာခြင်းနှင့်အတူ ငွေထုတ်စက်၊ ငွေစာရင်းစနစ်နှင့် ဆောဖ်ဝဲများ ပိုမို လိုအပ်လာသည်။

အလားအလာကောင်းသော နယ်ပယ်တခုမှာ မိုဘိုင်းဘဏ်လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုမှုမှာ စစ်အစိုးရလက်အောက်တွင် ၁၀ ရာခိုင်နှုန်းအောက်သာရှိရာမှ ယနေ့တွင် ၉၀ ရာခိုင်နှုန်းရှိလာသည်။ ဘဏ်ရှားပါးဆဲဖြစ်နေသေးသော နိုင်ငံ၏အချို့နေရာများတွင် ပြည်သူများသည် ဘဏ်စာရင်းထက် မိုဘိုင်းငွေစာရင်း ရှိကြသည်။

နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောနှင့်ပြည်တွင်းမှ ရိုးမဘဏ်တို့သည် မိုဘိုင်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပေးနေသည်။

( Nikkei Asian Review ပါ Motokazu Matsui ၏ Myanmar’s burgeoning financial sector attracts foreign suppliers ကို ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: ATM
Motokazu Matsui

Motokazu Matsui

Similar Picks:

ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ

ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ

by ဧရာဝတီ
10 July 2024
4.6k

တိုင်းနှင့် ပြည်နယ်များရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံသူ မရှိတော့ဘဲ ငွေထုတ်ယူသူသာ များလာပြီး လိုသလောက် ထုတ်ယူ၍ မရသည့်အခြေအနေ ဖြစ်လာ

ငွေအလွယ်အကူ ထုတ်ယူနိုင်ကြောင်း ဘဏ်များကြေညာ

ငွေအလွယ်အကူ ထုတ်ယူနိုင်ကြောင်း ဘဏ်များကြေညာ

by ဧရာဝတီ
15 July 2024
3.1k

ATM စက်များတွင်ပါ ငွေသားပြန်လည် ထုတ်ယူ၍ ရရှိသည့်အပြင် Special Bank အကောင့်ဖြင့် ထုတ်ယူပါက ကျပ်သိန်း ၁၀၀ အထိတိုးမြှင့် ထုတ်ပေးနေကြောင်း ငွေ ထုတ်လာသူများထံက သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက် ရန်ကုန်ရှိ မြဝတီဘဏ်ခွဲတခုတွင် အပ်နှံငွေ ပြန်လာထုတ်သူများ / ဧရာဝတီ 

ဘဏ်မှာ ငွေအပ်သူဖြစ်ရတဲ့ ဒုက္ခ

by ဧရာဝတီ
18 May 2021
20.4k

မိုးမလင်းခင်အချိန်ကတည်းက စတင် စီတန်းနေသော လူတန်းရှည်ကြီးမှာ မြန်မာ့ဘဏ်စနစ်အပေါ် ပြည်သူများ၏ ယုံကြည်မှု ပျက်ယွင်းနေပြီ ဆိုသည်ကို မီးမောင်းထိုးပြနေသည်။

ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိ အပြည်ပြည်ဆိုင်ရာလေဆိပ်/AFP

ဟိုဘက်ကမ်းက မီးထိန်ထိန်

by ဒက်စမွန်
10 May 2023
11k

ကျနော်တို့ တိုင်းပြည်က အမှောင်ဘက်ထဲ တဟုန်ထိုး ကျဆင်းနေချိန်မှာ အိမ်ဘေးနားမှာတော့ အနာဂတ် နည်းပညာ စီမံကိန်းတွေနဲ့ စိတ်ကူးတည်ဆောက်နေကြပါတယ်။

ငွေဖောင်းပွမှုကပေးတဲ့ ဒဏ်ရာတွေ  / ဧရာဝတီ

ငွေကို ငွေချင်း ကိုက်စားနေကြသူများ

by ဧရာဝတီ
25 May 2021
41.7k

ပြင်ပမှာ ငွေသား ကျပ် သိန်း၂၀၀ ရှိရင်တောင် နိုင်ငံတော်စီးပွားရေးတည်ငြိမ်မှုကို ပျက်စီးအောင်လုပ်တဲ့အမှု နဲ့ ညှိစွန်းတယ်လို့ BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ခြိမ်းခြောက် ပြောဆိုခဲ့သော ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော် တယောက် ယခုကဲ့သို့ ကျပ်ငွေကို...

ရန်ကုန်ရှိ ATM ငွေထုတ်စက်များတွင် ငွေထုတ်ရန် တန်းစီနေသူများကို မြင်လာနေရသည်/ဧရာဝတီ

အကျိုးအမြတ်ယူပြီး ငွေသားထုတ်ပေးနေသူများ အလုပ်ဖြစ်နေ

by ဧရာဝတီ
17 April 2021
23.8k

မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းငွေကြေးလွှဲပြောင်းမှုလုပ်ငန်း Wave Money ကိုယ်စားလှယ်များကလည်း အကျပ်အတည်းတွင် အမြတ်ထုတ်ကြသည်။

Next Post
ဝမ်ပေါင်ကုမ္ပဏီကို ကန့်ကွက်ဆန္ဒပြနေသည့် လက်ပံတောင်းဒေသခံများ

လက်ပံတောင်း သီးနှံလျော်ကြေး ညှိနှိုင်းမှု မပြေလည်သေး

ဖိုရမ်ပထမနေ့ ငြိမ်းချမ်းရေး ကေ်ာမရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း အမှားစကား ပြော နေစဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော် အရပ်ဘက်ဖိုရမ် ရလဒ် UPDJC သို့ မတင်ပြနိုင်သေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

22 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved