• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

YBS ကားများ အတွက် ညအိပ်ရပ်နားရန် နေရာများ ပြုလုပ်မည်

by မျိုးပပစန်း
27 January 2018
in စီးပွားရေး
A A
ရန်ကုန်မြို့ပေါ် ရောက်ရှိလာသည့် YBS ကားသစ်များ / ဧရာဝတီ

ရန်ကုန်မြို့ပေါ် ရောက်ရှိလာသည့် YBS ကားသစ်များ / ဧရာဝတီ

5.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေသော ရန်ကုန် ဘတ်(စ်)ကား ဝန်ဆောင်မှု (YBS) ဒုတိယနှစ် သက်တမ်းအတွင်း ကားများအတွက် ညအိပ် ရပ်နားနိုင်သော ကားဝင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။

YBS ကားများ အတွက် ညအိပ်ရပ်နားရန် ကားဝန်းမရှိ၍ အများပြည်သူပိုင်လမ်းများပေါ်တွင် ရပ်နားရာတွင် ပြည်သူများကို အနှောင့်အယှက်ဖြစ်စေသဖြင့် ယင်းသို့ စီစဉ်ရခြင်းဖြစ်ကြောင်း လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

ဝန်ကြီး ဒေါ်နီလာကျော် က “ညအိပ်ရပ်နားတဲ့ နေရာတွေ မရှိလို့ အများပြည်သူ ပိုင်တဲ့လမ်းတွေပေါ်မှာ ရပ်ရတဲ့အခါ ကားတွေရဲ့ လုံခြုံမှုလဲမရှိသလို၊ အများပြည်သူကို အနှောင့် အယှက် ဖြစ်တဲ့အတွက် ကားဝင်းကြီးတွေကို ဒီ YBS ရဲ့ဒုတိယနှစ် အတွင်းမှာဘဲ တည်ဆောက်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

အဆိုပါ YBS ညအိပ်ရပ်နားနိုင်သော ကားဝင်းများကို ရွှေပြည်သာ၊ ထောက်ကြန့် နှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များတွင် ပြုလုပ်ရန် လတ်တလော လျာထားပြီး အခြားတည်ဆောက်ရန် နေရာများကိုလည်း YRTA မှ ရှာဖွေနေသည်ဟု ဆိုသည်။

YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင် ကလည်း “အခုကားရပ်ကွင်းတွေကို ဒီနှစ်မှာကျတော့ ဦးစားပေးအစီစဉ်နဲ့ ဖော်ထုတ်မှာ ဖြစ်ပါတယ်။ ဆရာတို့ရဲ့ ကားတွေကို လမ်းပေါ်မှာ ထားမှာမဟုတ်ပါဘူး။ အခုဆိုကားဝင်း ၃၊ ၄ ခုလောက်ရှိပါတယ်။ ကုမ္ပဏီတိုင်း က ကားရပ်နေရာတွေရှိဖို့ လုပ်ဆောင်သွားမှာပါ” ဟုပြောသည်။

အဆိုပါ ကားရပ်ဝင်းများတွင် ကားဝပ်ရှော့များလည်း ပါရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် လမ်းပေါ်တွင် ကားရပ်ထားခြင်းကို လုံးဝခွင့် ပြုပေးမည် မဟုတ်ကြောင်း ဒေါက်တာ မောင်အောင် က ဆက်ပြောသည်။

လက်ရှိအချိန်၌ လမ်းများပေါ်တွင် စည်းကမ်းမဲ့ ညအိပ်ရပ်နားထားသည့် ယာဉ်များ ရှိကြောင်း ယင်းတို့ကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ ပေါင်း၍ အရေးယူမှုများကို ပြုလုပ်လျက် ရှိကြောင်းသိရသည်။

ယာဉ်လိုင်း တာဝန်ခံတဦး ဖြစ်သူ ဦးမျိုးသန့် က “ကားဂိတ်နေရာ သတ်သတ်မှတ်မှတ် မရှိဘဲ မ.ထ.သ လက်ထက် ကတည်းက ဒီအတိုင်းပဲ ရပ်တည်လာကြတာ။ ကားဝင်းမရှိတော့ ယာဉ်ကြောပိတ်ဆို့မှုတွေ ခဏခဏ ဖြစ်တယ်။ ဒီလိုမျိုးလေးတွေ လုပ်ပေးမယ် ဆိုရင်တော့ ကျနော်တို့က ကြိုဆိုပါတယ်” ဟုပြောသည်။

ယာဉ်ရပ်နားဝင်းကိုလည်း ယာဉ်လိုင်းအလိုက် နီးစပ်သည့်နေရာများ၌ ထားရှိပေးနိုင်လျှင် ပို၍ အဆင်ပြေနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့နည်းတူ YBS သက်တမ်း ဒုတိယနှစ်အတွင်း၌ YBS နှင့် Water Bus၊ YBS နှင့် မြို့ပတ်ရထားတို့ကို ချိတ်ဆက် ပြေးဆွဲသွားနိုင်ရေး အစီအစဉ်ကို အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်နီလာကျော် က ပြောသည်။

“ရန်ကုန်မြို့နေ ပြည်သူတွေ အတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ ကျမတို့ ဒီလုပ်ငန်းကို အောင်မြင်အောင် ရဆောင်ရွက်မယ်လို့ ကတိပြုပါတယ်” ဟု ဒေါ်နီလာကျော် က ပြောသည်။

လက်ရှိအချိန်ထိ မှတ်ပုံတင်ထားသော ကား ၉ သိန်း ၃ သောင်းကျော်တွင် ရန်ကုန်တိုင်း ဒေသကြီးမှ ကားအစီးရေ ၅ သိန်း ၃ သောင်းကျော် ရှိနေပြီး မြို့နေ ပြည်သူ လူဦးရေသိန်း ၃၀ ကျော်မှာ နေ့စဉ် အကြောင်း အမျိုးမျိုးနှင့် အသုံးပြု သွားလာနေကြောင်း YRTA မှ သိရသည်။

ကားဝင်းအဖြစ် မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ လိူင်သာယာမြို့နယ်ရှိ ဒဂုံဧရာ အဝေးကာဝင်းနှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ ပါရမီကားဝင်းစသည့် တို့ရှိကြသည်။

Your Thoughts …
Tags: YBSYRTA
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ရန်ကုန် လေဆိပ်မှ မြို့တွင်းသို့ ပြေးဆွဲနေသော YBS ယာဉ်တစီးကို တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်

by အောင်သီဟ
17 May 2019
18.9k

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ ယာဉ်စီးခ ၁ ထောင်ကျပ် ကျသင့်မည့် YBS လိုင်းသစ် ပြေးဆွဲမည် ဖြစ်ကြောင်း

ယခုနှစ် ဇွန်လ အတွင်းက ရန်ကုန်မြို့ပေါ်တွင် တွေ့ရသည့် YBS ကားများ  / ထက်ဝေ / ဧရာဝတီ

YBS မထသ စနစ်ဆိုးထံ ပြန်လှည့်နေသလား

by အောင်သီဟ
8 June 2020
28.8k

အမှု အများစုသည် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ထူထောင်ထားသော အများပိုင် ကုမ္ပ ဏီများ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ မရှိသော တဦးတည်းပိုင် ပုဂ္ဂလိက (အုံနာစနစ်)ဖြင့် ပြေးဆွဲနေ သော YBS ယာဉ်များ ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း  / ဧရာဝတီ

ဦးနေဝင်း မိသားစု နှင့် စစ်တပ်ပိုင်ကုမ္ပဏီတို့ လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲရန် စီစဉ်

by ဧရာဝတီ
29 January 2023
4.9k

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ မြေးတော်စပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်နေဝင်းပိုင် Omni Focus ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတို့က ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဘတ်စ်ကား (EV) များ ပြေးဆွဲရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေး ကားကွင်းတွင် တွေ့ရသည့် ခရီးသည်တင် ကားများ / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်မှ တိုင်းနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းထက်ဝက်ကျော် ရပ်နား

by မျိုးပပစန်း
3 September 2020
21k

သို့သော် လက်ရှိတွင် တိုင်းနှင့်ပြည်နယ်အလိုက် ကိုဗစ်ရောဂါ ကန့်သတ်ချက်များကြောင့် ယာဉ်လိုင်း ပြေးဆွဲမှု လျော့ကျသလို ကားထွက်ရှိမှုလည်း လျော့ကျသွားကြောင်း ၎င်းက ပြောပြသည်။

Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင် / ဧရာဝတီ

ဒီဇင်ဘာမှ ခရီးသည်တွေ YPS ကတ် သုံးလို့ ရအောင် စီစဉ်ထားတယ်

by မျိုးပပစန်း
11 October 2019
11k

ယာဉ်လိုင်းများနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို Asia Starmar Transport Intelligent ကုမ္ပဏီမှ မားကတ်တင်း အမှုဆောင်အရာရှိချုပ် (Chief Marketing Officer- CMO) ဒေါ်ရီရီခင်ကို ဧရာဝတီသတင်းထောက် မျိုးပပစန်းက တွေ့ဆုံမေးမြန်းထားသည်။

၂၀၂၀ ပြည့်နှစ်အတွင်းက ရန်ကုန်မြို့အတွင်း၌ YBS ယာဉ်များ ပြေးဆွဲနေမှုများ / ဧရာဝတီ

စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ

by ဧရာဝတီ
20 May 2021
33.5k

ကားစီးရတာက အဆင်မပြေဘူး။ အဲယားကွန်းလည်း မဖွင့်တော့ဘူး။ အရင်ကဆိုရင် ဘတ်စ်ကားခကို ပုံးထဲ ထည့်ရပေမယ့် အခုတော့ ဒရိုင်ဘာကို ပဲပေးရတယ်။ ကားပေါ်က ဆင်းရင်လည်း ကားအနောက်ဘက်က တံခါးကို မဖွင့် ပေးဘူး။ အရှေ့က ပြန်ဆင်းခိုင်းတာတွေလည်း ရှိတယ်

Next Post
ခပ်ကြမ်းကြမ်းနဲ့ ခပ်လန်းလန်း စီးဖို့ Honda ရဲ့ ဆိုင်ကယ်မော်ဒယ်သစ် CRF 250 R

ခပ်ကြမ်းကြမ်းနဲ့ ခပ်လန်းလန်း စီးဖို့ Honda ရဲ့ ဆိုင်ကယ်မော်ဒယ်သစ် CRF 250 R

ကမ္ဘာ့ အာဏာရှင်ကြီးများ

အာဏာရှင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved