• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

၂၀၁၈ ခုနှစ် ဒေါ်လာဈေးမြင့်တက်မှု စံချိန်ချိုးမလား

by မျိုးပပစန်း
30 June 2018
in စီးပွားရေး
A A
ဒေါ်လာနှင့် ဆက်နွှယ်နေသော ကမ္ဘာ့ ရွှေဈေးကွက်မှာလည်း ကျနေသောကြောင့် ဒေါ်လာဈေး မြင့်တက်ခြင်း ဖြစ်သည် ဟု  / ဧရာဝတီ

ဒေါ်လာနှင့် ဆက်နွှယ်နေသော ကမ္ဘာ့ ရွှေဈေးကွက်မှာလည်း ကျနေသောကြောင့် ဒေါ်လာဈေး မြင့်တက်ခြင်း ဖြစ်သည် ဟု / ဧရာဝတီ

8k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ယခင်နှစ်များထက်ပိုမိုမြင့်တက်မှု ရှိ၊ မရှိ ကို စောင့်ကြည့်နေရသည်ဟု ဒေါ်လာရောင်းဝယ်သူများကပြောသည်။

ဒေါ်လာဈေးမှာ ဇွန်လ ၁ ရက်၌ ၁ ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၃၄၄ ကျပ်ခန့်ရှိခဲ့ရာမှ ဇွန်လ ၂၉ ရက်တွင် ၁ ဒေါ်လာ လျှင် ၁၄၀၃ ကျပ်အထိမြင့်တက်လာသောကြောင့် ရက်ပေါင်း ၂၉ ရက်အတွင်း ၅၉ ကျပ်ခန့် ဈေးမြင့်တက်ခဲ့သည်။ မြန်မာနိုင်ငံ၌ ဒေါ်လာဈေးသည် ပြီးခဲ့သည့် ၆နှစ်၊ ၇ နှစ်ခန့် ၁ ဒေါ်လာလျှင် ၁၄၅၀ ကျပ်အထိ ဈေးနှုန်း အမြင့်ဆုံး မြင့်တက်ထားသည့် အတွက် ဆက်လက် ဈေးတက်၊ မတက်ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

Delta maubin ကုမ္ပဏီ money changer ပိုင်ရှင် ကိုအောင်ဆန်းက “အခုဒေါ်လာက ကမ္ဘာ နိုင်ငံအသီးသီးမှာကို ဖြစ်နေတာ။ ကျနော်တို့နဲ့ နီးစပ်တဲ့ တရုတ်နဲ့ ထိုင်းကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ ဒေါ်လာက ၆ဒသမ ၃၁ ကနေ ၆ဒသမ ၄၁ ဆိုတဲ့ နှုန်းကိုသွားနေတယ်။ အဲဒီလိုတန်ဖိုးအရ ကြည့်မယ်ဆိုရင် ပွိုင့် ၂ ယွမ်ပေါ့။ အဲဒါအပြင် ထိုင်းငွေကြေးကို ကြည့်မယ်ဆိုရင်လည်း ဘတ်က ၃၂ ကနေ ၃၃ ကျပ်ဖြစ်သွားတယ်။ အဲဒီမှာ ၁ ဘတ်ရဲ့ တန်ဖိုးက ၄၀ နဲ့ ၄၂ ကျပ်လောက်ရှိတယ်။ တရုတ်ငွေကလည်း ၂၀၀ နဲ့မြှောက်ရင် ၄၀ လောက် ရှိတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက”တရုတ်နိုင်ငံမှာလည်း ၄၀ ယွမ်လောက်တက်တယ်။ ထိုင်းမှာလည်း ၄၀ ဘတ်လောက်တက်တယ်။ အဲဒီတော့ မြန်မာနိုင်ငံကလည်း ၁၃၄၄ ကျပ်ကနေ ၁၃၈၄ ၊ ၁၃၉၄၊ ၁၄၀၀ ကျပ် ကျော်ရောက်လာတာပေါ့။ ဒါကြောင့် ၄၀ကျပ်နဲ့ ၅၀ ကျပ်လောက်တက်လာတာက ဒေါ်လာတက်တဲ့ နှုန်းတခု အရ လိုက်တက်တာပဲ။ တခြား ဘာပယောဂမှ မပါဘူး” ဟု ရှင်းပြသည်။

လက်ရှိဒေါ်လာဈေး အတက်နှုန်းမြန်နေခြင်းမှာ ဗဟိုဘဏ် အညွှန်းကိန်း တက်လာ ခြင်း၊ ကမ္ဘာ့ ရွှေဈေးကျခြင်း၊ ဈေးကွက် အတွင်း ဈေးကစားသူများ ရှိခြင်း၊ ရာသီစာ အတွက် ခရီးသွားမည့်သူများက ဒေါ်လာငွေ စုဆောင်းခြင်းတို့ အပါအဝင် အစိုးရ ဝန်ကြီးဌာနများ နိုင်ငံခြားငွေကို ကိုယ်တိုင်ရှာဖွေ သုံးစွဲရမည် ဆိုသည့် သတင်းများ ကြောင့်လည်း အကြောင်းအရင်း စုံသွားကာ ဈေးတက်နေခြင်း ဖြစ်သည် ဟု နိုင်ငံခြားငွေကြေး အရောင်းအဝယ် လုပ်ကိုင် သူများက ပြောဆိုကြသည်။

“ဇွန် ၁၂ရက်က အမေရိကန် ထိပ်သီးခေါင်းဆောင်နဲ့ မြောက်ကိုရီးယား သမ္မတ လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စက ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ လက္ခာဖြစ်တယ်။ အဲဒီတော့ ရင်းနှီးမြှုပ်နှံသူ တော်တော်များများက ဒီအခြေအနေဆိုရင် ရွှေဈေးကိုအကျဘက်ကိုမှန်းတယ်။ အမေရိကန်ရဲ့ စွမ်းဆောင်ရည်မြင့်တယ်ဆိုပြီး ဒေါ်လာက ကမ္ဘာမှာ ပိုပြီး မာလာတဲ့ သဘာရှိတယ်” ဟု ၎င်းကရှင်းပြသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
5.6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
250
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ဒုတိယတချက်အနေဖြင့် ဇွန်လအလယ်တွင် FONC ဟုခေါ်သော အမေရိကန်ဘဏ်အတိုးနှုန်းမှာ ထပ်ပြီး တင်လိုက်သောကြောင့် ယင်းအချက်များသည် ကမ္ဘာရွှေဈေးအကျနှင့် ဒေါ်လာဈေးအတက်ကို ဦးတည်ကြောင်း ၎င်းကပြောသည်။

“အဲဒီတော့ ကမ္ဘာနိုင်ငံအသီးသီးမှာ ဒေါ်လာဈေးက မာသွားတယ်။ ကျျနော်တို့လို နိုင်ငံမှာ ကျတော့လည်း ငွေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူများတဲ့အခါကျတော့ အခုဦးတည်ချက်ကိုကြည့်ရင် နည်းနည်းလေးထပ်တက်မှာကို မြင်နေရတုန်းပဲ” ဟု ၎င်းက ပြောသည်။

ယခင်က ဒေါ်လာဈေးအမြင့်ဆုံးဖြစ်ခဲ့သည့် လွန်ခဲ့သော ၆နှစ်၊ ၇ နှစ်အချိန်သည် ငွေကြေးဈေးကွက်က ပွင့်လင်း မြင်သာမှု မရှိခြင်း၊ ဗဟိုဘဏ်မှ reference value ထုတ်ပေးမှု မရှိခြင်း၊ ငွေလဲကောင်တာများမှာလည်း တရားဝင်အတည်မရှိခြင်း ငွေကြေးအားဖြင့်လည်း တရားဝင်ကိုင်ဆောင်ခြင်းမဟုတ်သဖြင့် ဈေးကွက်မှာ မှောင်ခိုဈေးကွက် အနေနှင့်ရှိသည်။

ထို့ကြောင့် ဈေးကွက်အတွင်း ကောလဟာလများနှင့် သတင်း၊ အဖျင်းများသာရှိပြီး ယင်းအပေါ်သာမှီခိုဝယ်ယူရသောကြောင့်ဈေးမြင့်ခဲ့ရသည်ဟု ဒေါ်လာရောင်းဝယ်သူများက ပြောကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် ဆက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးက “ဒေါ်လာဈေးက အခုတင်ပဲ ကမ္ဘာ့ဘဏ်တို့နဲ့ ပြောနေပါတယ်။ ဒါက ဒေသတွင်းဖြစ်စဉ်တွေပါ။ တခြားနိုင်ငံတွေမှာလည်း ဒါလေးတွေတော်တော်များများ ငွေကြေးမတည်ငြိမ်မှုတွေ ဖြစ်နေတာရှိပါတယ်။ ဒါကလည်း အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းလေး မြင့်တင်လိုက်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လည်း အထိုက်အလျှောက် ကျပ်ငွေကျဆင်းမှုလေးတွေရှိတယ်။ မကြာခင်တော့ ပြေပျောက်သွားနိုင်မယ်လို့ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသည် သွင်းကုန်ကိုအားထားနေရသဖြင့် ယခုကဲ့သို့ ငွေကြေးမငြိမ်သက် မှု ကြောင့် ပြည်တွင်းကုန်စည်ဈေးနှုန်းမှာ အထိုက်အလျှောက်တက်လာသည်။

သို့သော် မကြာခင် ပြန်လည်တည်ငြိမ်မည်ဟု မျှော်မှန်းသဖြင့် ဒေါ်လာဈေးတက်သဖြင့် ယခုအချိန်တွင် ပို့ကုန် တင်ပို့မှုကိုတိုး၍ သွင်းကုန်ကိုလျှော့သင့်ကြောင်း ဒေါက်တာ မောငေ်မာင်လေးက သုံးသပ်သည်။

” ငွေကြေးရိုက်ထုတ်မယ့်အစား သက်သက်သာသာနဲ့ ငွေတွေကို ချေးပေးနိုင်ရင် ကောင်းမယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် (Reference Exchange)ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ” ကျမတို့ ဗဟိုဘဏ်သုံးသပ်ချက်ကတော့ အခြားသော ကျမတို့ ကုန်သွယ်ဖက်နိုင်ငံ တွေရဲ့ ငွေကြေးက Depreciation ဖြစ်တာက ကျမတို့နိုင်ငံ ဖြစ်တာထက် ပိုတယ်။ အမေရိကန်နိုင်ငံမှာ အတိုးနှုန်းတွေကို ဝဒသမ ၂၅ တက်လိုက်တော့ သူ့ငွေက တန်ဖိုးပိုရှိသွားတယ်။ သူငွေတန်ဖိုးကမာတယ်”ဟု ၎င်းကပြောသည်။

ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်းနှင့် ပတ်သက်ပြီး ဗဟိုဘဏ်အနေနှင့် ဈေးကွက်အချက်အလက် များပေါ် အခြေခံပြီး လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

ဆက်စပ်ဖတ်ရှုရန်- ဒေါ်လာဈေး ဆက်တက်နိုင်ဟု ဗဟိုဘဏ် ပြော

Your Thoughts …
Tags: ဈေးနှုန်းဒေါ်လာဈေးသွင်းကုန်ပို့ကုန်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

by ဧရာဝတီ
1 June 2024
12.6k

မေလ နောက်ဆုံးပတ်က စတင်ပြီး မြန်မာငွေကျပ်တန်ဖိုးတွေ တရှိန်ထိုးကျဆင်းလာပြီးတဲ့နောက် ဈေးကွက်ထဲမှာ ဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းထားတွေဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

by ဧရာဝတီ
10 September 2024
9.9k

ယနေ့တွင် ၁ ဒေါ်လာလျှင် ၅၂၀၀ ကျပ်အထိ ပြန်တက်ခဲ့သလို အကယ်ဒမီအခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ၆၆ သိန်းကျော်သို့ ပြန်လည် မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

by ဧရာဝတီ
23 August 2023
3.4k

ပို့ကုန်ရငွေမှတ်တမ်း မပြနိုင်သည့် ကုမ္ပဏီ ၇၈ ခုကို တရားစွဲထားပြီး ထိုကုမ္ပဏီ တည်ထောင်သူများအနက် နှစ်ဦးကို ထောင်ချထားပြီးဖြစ်သည်။

ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း

ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း

by ဧရာဝတီ
6 June 2024
3.1k

မြန်မာမှ ဝယ်ယူမှုများသောကြောင့် ထိုင်း အိမ်ခြံမြေဈေးကွက် တက်လာသည့် သတင်းများ ထွက်လာပြီးနောက် ထိုင်းကွန်ဒိုမီနီယံများကို မြန်မာနိုင်ငံအတွင်း ရောင်းဝယ်ခြင်းအား ဖြိုခွဲရန် စစ်ကောင်စီ ကြိုးစားနေသည်။

ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ

ဆိုလာသွင်းကုန်များ၍ ဒေါ်လာဈေးတက် အဖမ်းအဆီးရှိလာ

by ဧရာဝတီ
16 January 2025
2.3k

တရက်လျှင် ၈ နာရီသာပေးနိုင်မည်ဟု စစ်ကောင်စီကြေညာထားသော်လည်း မီးလာရမည့် အချိန်မှာ ပင် မီးမမှန်သောကြောင့် အများစုမှာ မီးစက်၊ ဆိုလာနှင့် အားသွင်းအသုံးပြုရသည့် လျှပ်စစ်ပစ္စည်းတို့ကိုသုံးစွဲလာရပြီး ယင်းပစ္စည်းများလည်း ပြည်ပမှသွင်းရ၍ ဒေါ်လာငွေလိုအပ်ချက်ရှိလာ

Next Post
ထမင်းပူပူနဲ့လိုက်ဖက်တဲ့ ဝက်သားကင်မ်ချီစတူး

ကိုရီးယားစတိုင် ဝက်သားကင်မ်ချီစတူး

NLD ပါတီ ဗဟို အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ ဒေါ်မေဝင်းမြင့် (ယာဘက်မှ ရေလျှင် ဒုတိယမြောက်)နှင့် အခြား အမျိုးသမီး ပါတီခေါင်းဆောင်များကို ရန်ကုန်ပါတီညီလာခံတွင် တွေ့ရစဉ် / ထက်ဝေ

ရွေးကောက်ပွဲ အမျိုးသမီးကိုယ်စားလှယ်လောင်း ရရှိရန် NLD ရုန်းကန်နေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved