• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရခိုင်မြောက်ပိုင်းအရေးကို လျှော့တွက်ခဲ့ဟု DICA ညွှန်ချုပ် ပြော

by ဧရာဝတီ
6 September 2018
in စီးပွားရေး
A A
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး  / ဧရာဝတီ

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး / ဧရာဝတီ

25k
VIEWS
Share on FacebookShare on Twitter

ရခိုင်မြောက်ပိုင်းအရေး၏ အကျိုးသက်ရောက်မှုကို ၎င်းအနေဖြင့် လုံးဝလျှော့တွက်ခဲ့ကြောင်း မြန်မာအစိုးရ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုရေးရာ တာဝန်ရှိသူတဦးက ဗုဒ္ဒဟူးနေ့က စင်ကာပူတွင် ပြောကြားကြောင်း၊ ထို့ပြင် ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချလိုက်ခြင်းမှာလည်း တိုင်းပြည်၏ ဂုဏ်သတင်းအပေါ် သက်ရောက်မှုအချို့ရှိစေနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

စင်ကာပူမှ လာသော ရိုက်တာ သတင်းတပုဒ်တွင် စင်ကာပူတွင် ကျင်းပသော ရင်းနှီးမြှပ်နှံမှုဖိုရမ်တွင် ပုဂ္ဂလိကကဏ္ဍနှင့် ရင်းနှီးမြှပ်နှံမှု ဖွံ့ဖြိုးရေးမြှင့်တင်နေသည့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ” ကျနော် လုံးဝလျှော့တွက်ထားခဲ့တယ်” ဟု ၂၀၁၆ ခုနှစ်ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပိုမိုကြီးထွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်၏ သက်ရောက်မှုကို ရည်ညွန်း ပြောဆိုကြောင်း ရေးသားထားသည်။

“၂ နှစ်ကြာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှပ်နှံမှု ကျဆင်းနေတာကို ခင်ဗျားတို့တွေ့နိုင်ပါတယ်။ ကျဆင်းနေတယ်လို့ပဲ ပြောရမှာ” ဟု နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံကို ရည်ညွန်းပြောကြားခဲ့သော်လည်း အစိုးရအနေဖြင့် ရခိုင်ပြည် မြောက်ပိုင်း အခြေအနေကို တည်ငြိမ်အောင် ထိန်းနိုင်ကြောင်း ယုံကြည်စိတ်ချမှုရှိစွာဖြင့် ဦးအောင်နိုင်ဦးက ပြောကြောင်း သိရသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနလက်အောက်ရှိ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ကျဆင်းခဲ့ကြောင်း တွေ့ရပြီး ၂၀၁၃ ခုနှစ်မှ စတင်ရေတွက်သည့် ကိန်းဂဏန်းများအရဆိုလျှင် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

စစ်သွေးကြွများက လုံခြုံရေးကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ပြီး အရပ်သားများကိုပါ သတ်ဖြတ်သဖြင့် ပြီးခဲ့သည့်တနှစ်ကျော်က လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ မွတ်ဆလင် ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။

မျိုးဖြုတ်ရေးရည်ရွယ်ချက်ဖြင့် မွတ်ဆလင်များကို သတ်ဖြတ်ခြင်း၊ အုပ်စုလိုက်မုဒိမ်းကျင့်ခြင်းနှင့် ရွာများကို မီးရှို့ခြင်းတို့ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲပြီး ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို တရားစွဲရန် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ယခင်သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။ မြန်မာဘက်က အဆိုပါ အစီရင်ခံချက်ကို ပယ်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရသည်လည်း ရခိုင်ပြည်နယ်အရေး တစုံတရာပြောဆိုရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ပြစ်တင်ဝေဖန်ခံနေရပြီး ရင်းနှီးမြုပ်နှံသူများအနေဖြင့် ယခင်စစ်အစိုးရလက်ထက်က ကာလကြာရှည်စွာ စီးပွားရေးပိတ်ဆို့ခံရခြင်းမျိုး တဖန်ပြန်လာမည်ကို စိုးရိမ်မှုရှိနေသည်။

တချိန်တည်းတွင် ယခုရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မွတ်ဆလင် အရပ်သား ၁၀ ဦးကို တရားလက်မဲ့ သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းဖော်ထုတ် ရေးသားသော ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို စီရင်ချက်ချခဲ့သည်။ ၎င်းတို့နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုဖြင့် စွပ်စွဲ၍ ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခဲ့သည်။ ယင်းစီရင်ချက်ကို ပြည်တွင်းပြည်ပမှ ကန့်ကွက်သံများ ဆူညံခဲ့သည်။

စီးပွားရေးဥပဒေမူကြမ်းရေးဆွဲခြင်းတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားနေသူ ဦးအောင်နိုင်ဦးက ယင်းသတင်းထောက်များအမှုမှာ မီဒီယာသတင်းများတွင် ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး အနောက်နိုင်ငံမှ စီးပွားရေးသမားများအတွက် ရင်းနှီးမြှပ်နှံမှုပြုရေး ဆုံးဖြတ်ရာတွင် အာရုံစိုက်သည့် အချက်တချက်ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းတင်မကဘဲ ပြည်တွင်းအသိုင်းအဝိုင်းအချို့ကပါ ဒီလို ဆုံးဖြတ်စီရင်တာကို ဝမ်းနည်းကြပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ဂုဏ်သိက္ခာကို တနည်းတဖုံ ထိခိုက်စေပါတယ်” ဟု ဖိုရမ်အခမ်းအနားပြင်ပတွင် ရှိနေစဉ် သူက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: DICAစင်ကာပူရင်းနှီးမြှပ်နှံမှုဦးအောင်နိုင်ဦး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
17.2k

မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။ ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

by ဧရာဝတီ
8 September 2023
13.1k

စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

Next Post
အိမ်အကူ မကရင်မကို နှိပ်စက်သူဟု သံသယရှိသူ ဒေါ်သိင်္ဂီစု အားရုံးထုတ်လာစဉ်  / အောင်ကျော်ထက် / ဧရာဝတီ

အိမ်အကူ မကရင်မသေဆုံးမှု အမှုစစ်ဆေးဆဲတွင် တရားသူကြီး ပြောင်းလဲ

Mytel ၏ လျှော့ဈေးဗျူဟာက သြဂုတ်လလယ်ပိုင်းရောက်သည့် အခါ သုံးစွဲသူ ၂.၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည် / ဧရာဝတီ

၂ လအတွင်း ဈေးကွက် ၄ ရာခိုင်နှုန်း Mytel သိမ်းပိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved