• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ထိုင်းကို ထိပြီ

by ဧရာဝတီ
27 November 2019
in စီးပွားရေး
A A
ထိုင်းဘတ်ငွေမာနေခြင်းက ပို့ကုန်ကဏ္ဍကို အကြီးအကျယ် ဖိအားပေးနေသည် / Reuters

ထိုင်းဘတ်ငွေမာနေခြင်းက ပို့ကုန်ကဏ္ဍကို အကြီးအကျယ် ဖိအားပေးနေသည် / Reuters

32.8k
VIEWS
Share on FacebookShare on Twitter

အကယ်၍ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းများနှင့် မူဝါဒချမှတ်သူများအတွက် ဆိုးရွားခဲ့ပြီး ဖြစ်ခဲ့လျှင် စီးပွားရေး နာလံထမှုတခုက အလှမ်းဝေးနေဆဲဖြစ်ပြီး မြင့်မားသော အလုပ်လက်မဲ့နှုန်းနှင့် စက်ရုံများမှ ကုန်ထုတ်လုပ်မှု အကြီးအကျယ် လျော့ကျလာနေသည့် အရိပ်နိမိတ်တို့အရ ၂၀၂၀ ခုနှစ်သည် အရာရာက ပိုမိုဆိုးရွားသည့် အခြေအနေသို့ ချိုးကွေ့သွားနိုင်ပါသည်။

ထိုင်းနိုင်ငံ GDP ၏ ၇၀ ရာခိုင်နှုန်းခန့်က နိုင်ငံခြား တင်ပို့မှုမှ လာပါသည်။ ဘတ်ငွေ အားကောင်းလာခြင်းကြောင့် ကုန်တင်ပို့မှု အခက်အခဲတွေ့ရခြင်းနှင့်အတူ တရုတ်-အမေရိကန် ကုန်သွယ်ရေး အငြင်းပွားမှုနှင့် အသိဉာဏ်တု အစားထိုး စက်ရုပ်များ အပါအဝင် နည်းပညာ အခြေပြု ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများက ကုန်စည်တင်ပို့မှုများ ကျဆင်းလာခြင်း၏ ဒဏ်ကို ဖြစ်ပေါ်လာစေခဲ့ပုံ ရသည်။

လမ်းဘေးဈေးသည်များကိုလည်း ပုံမှန် အလုပ်အကိုင်ရှိသူမျာ စာရင်းတွင် ထည့်သွင်းထားသောကြောင့် ထိုင်းအလုပ်လက်မဲ့ဦးရေ နည်းပါးခြင်းဖြစ်သည်/Reuters

အဆိုးများက ထိုနေရာတွင် မရပ်ပါ။ ထုတ်လုပ်ရေးကဏ္ဍ အားနည်းခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ဝင်ငွေလျော့ကျသွားခြင်းတို့က စီးပွားရေးလုပ်ငန်းများအနေဖြင့် ဆိုးကျိုးသက်ရောက်မှုများကို ခုခံနိုင်ရန် ကုန်ကျစရိတ် လျှော့ချရတော့မည် အဓိပ္ပါယ်ပင် ဖြစ်သည်။

“စီးပွားရေး ကျဆင်းနှေးကွေးမှုကြောင့် အများဆုံး ထိခိုက်ခံစားရမယ့် အပိုင်းကတော့ တတိယအဆင့် စီးပွားရေးလုပ်ငန်း (အသေးစား လုပ်ငန်း) တွေပါပဲ”ဟု Thailand Development Research Institute မှ အလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဒါရိုက်တာ Yongyuth Chalamwong က ပြောသည်။ “ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှု ကဏ္ဍမှာ နာလံထမှုက အခုချိန်အထိ ဖြစ်မလာသေးတဲ့အတွက် အလုပ်လက်မဲ့နှုန်းနဲ့ အလုပ်သမား လျှော့ချမှုတွေက နောက်လာမယ့် နှစ်မှာ တိုးလာဖွယ် ရှိပါတယ်။”

အခက်ကြုံနေသော မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်း

ထိုင်းနိုင်ငံ၏ မော်တော်ကားလုပ်ငန်းကဏ္ဍမှာလည်း စွန့်စားရမည့် အရိပ်အယောင်များ ပြသနေသည်။ သြဂုတ်လအတွင်းတွင် အမေရိကန် မိခင်ကုမ္ပဏီ၏ ထိုင်းနိုင်ငံမှ ပြည်တွင်းထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော General Motors Thailand က ၎င်း၏ Rayong စက်ရုံများမှ နောက်ထပ် အလုပ်နေရာ ၃၂၇ ခုကို လျှော့ချခဲ့ကြောင်း လူမှုကွန်ရက်တွင် သတင်းများ ပျံ့နှံ့ခဲ့သည်။

အဆိုပါလုပ်ရပ်သည် လုပ်ငန်းကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ထုတ်လုပ်ရေးစက်ရုံကို ချုံ့ပစ်ရန် အစီအစဉ်၏ အစိတ်အပိုင်းဖြစ်ကြောင်း GM Thailand က အတည်ပြုပြောကြားခဲ့သည်။ ကုမ္ပဏီက အမြဲတမ်းဝန်ထမ်းရော ကန်ထရိုက်ဝန်ထမ်းများကိုပါ စာများပေးပို့၍ အလုပ်မှ ရပ်ဆိုင်းခဲ့သည်။

GM ၏ မော်ဒယ် အသစ်ဖြစ်သော Chevrolet Captiva SUV ကို ယခင်မော်ဒယ် ထုတ်လုပ်ခဲ့သည့် (ထိုင်းနိုင်ငံမှ) Rayong စက်ရုံတွင် မဟုတ်ဘဲ အင်ဒိုနီးရှား စက်ရုံတခုတွင် တပ်ဆင်နေသည်။

ထိုလအတွင်းမှာပင် နောက်ထပ် အမေရိကန် ကားထုတ်လုပ်ရေးလုပ်ငန်းတခုက ကမာ္ဘတလွှားမှ ဝန်ထမ်း ၇၀၀၀၀ ၏ လစာများကို ဖြတ်တောက်ရန် ရည်ရွယ်သည့် ပြန်လည်ဖွဲ့စည်းရေး အစီအစဉ်တခု ပြီးမြောက်ခဲ့သည်။ ပြည်တွင်း အလုပ်သမား အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောပြရန် Ford Thailand က ငြင်းဆန်ခဲ့ပြီး Rayong မှ စက်ရုံ ၂ ခုတွင် အလုပ်သမား ၅၀၀၀ မှ ၆၀၀၀ အတွင်း လုပ်ကိုင်နေကြဆဲ ဖြစ်ကြောင်းကိုသာ ပြောသည်။ ထိုင်းနိုင်ငံတွင်း လုပ်ငန်းများက Ford ၏ နိုင်ငံတကာဈေးကွက် အချက်အချာနေရာတခု အဖြစ် ရှိနေဆဲဖြစ်သည်။

ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (FTI) က ၂၀၁၉ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှု သုံးသပ်ချက်ကို အစီးရေ ၂.၁၅ သန်းမှ ၂ သန်းသို့ ပြန်လည်ပြင်ဆင်ခဲ့သည်။ ပြည်တွင်းအရောင်းနှင့် နိုင်ငံခြားတင်ပို့မှု အတွက် ဈေးကျရိပ် ပြနေခြင်းကို အပြစ်တင်ခဲ့သည်။

ပြည်တွင်း ကားဈေးကွက်တွင် ဇွန်လမှ အောက်တိုဘာလ အထိ ၅ လဆက်တိုက် အရောင်းနည်းပါးမှုကို ကြုံခဲ့ရသည်/Reuters

တိုင်းပြည်၏ ထုတ်လုပ်မှုကို ဆွဲချနေသည့် အနုတ်သဘောဆောင်သော အကြောင်းရင်းအမြောက်အများကို ပြည်တွင်း အရောင်းနှင့် နိုင်ငံခြားတင်ပို့ခြင်းတွင် ခံစားခဲ့ရပြီးနောက်ပိုင်း FTI ၏ မော်တော်ကားလုပ်ငန်းကလပ် (automotive industry club )က ၂၀၁၉ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ၎င်းတို့၏ ခန့်မှန်းမှုကို လျှော့ချခဲ့သည်။

ဇွန်လမှ အောက်တိုဘာလ အထိ ၅ လဆက်တိုက် အရောင်းနည်းပါးမှုကို တွေ့ခဲ့ရသောကြောင့် ပြည်တွင်း ကားဈေးကွက် ၏ ယခုနှစ်အတွက် အရောင်းခန့်မှန်းမှုကို အစီးရေ ၁.၀၅ သန်းမှ ၁ သန်းသို့ လျှော့ချလိုက်ကြောင်း အဆိုပါ ကလပ်က ပြောသည်။

နိုင်ငံခြားသို့ ကားတင်ပို့မှုတွင် တနှစ်လုံးအတွက် ခန့်မှန်းချက်ကို အစီးရေ ၁.၁ သန်းမှ ၁ သန်းသို့ လျှော့ချလိုက်ပြီး ပို့ကုန်ကဏ္ဍသည် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိခိုက်နေဆဲဖြစ်သည်ဟု သူတို့က ပြောသည်။

ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ၏ ပြည်တွင်းလုပ်ငန်းခွဲဖြစ်သော Mazda Sales Thailand ၏ ဥက္ကဌ Chanchai Trakarnudomsuk က ကားထုတ်လုပ်ရေးက မျှော်မှန်းထားသလို ဖြစ်မလာသည့် အချိန်တွင် Mazda အနေဖြင့် ထုတ်လုပ် ရေးအစီအစဉ်ကို ဖြတ်တောက်ခြင်းနှင့် Rayong စက်ရုံမှ ပြည်တွင်းလုပ်သားများအတွက် အချိန်ပိုလုပ်ခကို လျှော့ချခြင်းများ ပြုလုပ်ခဲ့ရသည်ဟု ပြောသည်။

“အလုံးစုံ စီးပွားရေး သဘောထားတွေက GDP တိုးတက်မှုကို ကျဆင်းစေခဲ့ပေမယ့် အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲက တိုင်းပြည်ရဲ့ ပို့ကုန်တွေကို ကျဆင်းစေရတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်”ဟု Chanchai Trakarnudomsuk က ပြောသည်။  “တကယ်လို့ Mazda က မူလထုတ်လုပ်ရေး အစီအစဉ်အတိုင်း ဆက်သွားမယ်ဆိုရင်  သိမ်းထားရတာတွေ ပိုများလာစေပါလိမ့်မယ်။ အစီအစဉ်သစ်က ကျနော်တို့ရဲ့ ထုတ်လုပ်မှုနဲ့ ပြည်တွင်းပြည်ပ ၂ ခုလုံးက ဝယ်လိုအားကို ဟန်ချက်ညီမျှအောင် လုပ်ဖို့ ရည်ရွယ်ပါတယ်။”

ပြည်တွင်းဈေးကွက်မှ အခက်အခဲမှာ ဘဏ်ချေးငွေဖြင့် ဝယ်ယူခြင်းကို ဘဏ်များက ငြင်းပယ်ခြင်း ဖြစ်ပြီး ကားလုပ်ငန်း ကဏ္ဍကို ၅ လ ဆက်တိုက် ဖိအားဖြစ်စေခဲ့သည်ဟု သူကပြောသည်။

အလုပ်လက်မဲ့ မြင့်တက်လာခြင်း

အပေါ်ယံကြည့်မည်ဆိုလျှင် ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းက စီးပွားရေး ကျဆင်းမှုကြောင့် ထိတ်လန့်တုန်လှုပ်ရခြင်းကို စိတ်သက်သာမှုပေးနိုင်သည့် အသွင်မျိုးဖြစ်သည်။ စက်တင်ဘာလအတွင်းက ၁ ရာခိုင်နှုန်း ရှိသည်။ သို့သော်လည်း အနီးကပ် သေချာစွာကြည့်မည်ဆိုလျှင် အဆိုပါနှုန်းက တလွဲတချော် တင်ပြထားခြင်းသာ ဖြစ်ကြောင်းတွေ့ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ အာမခံလမ်းကြောင်းများစွာ မရှိပါ။ အလုပ်မရှိဘဲ ကာလရှည်စွာ နေနိုင်သော မည်သည့်တွန်းအားမျိုးမှ မရှိပါ။ သူတို့၏ အလုပ်အကိုင်ဆုံးရှုံးခဲ့ရသူများမှာ တရားဝင်နည်းလမ်းတကျ မဟုတ်သည့် ကဏ္ဍများသို့ ဝင်ရောက်ကြရသည်။ သို့မဟုတ် အချိန်ပိုင်း အလုပ်လုပ်ကြရသည်။ ထိုသူများကို အလုပ်ရှိသူများအဖြစ် ထည့်သွင်းရေတွက်ထားသည်။

ထိုင်းန်ိုင်ငံ စီးပွားရေး၏ တရားဝင်နည်းလမ်းတကျ မဟုတ်သည့် ကဏ္ဍတွင် ပုံမှန်အလုပ်အစီအစဉ်များ၏ အကာအကွယ်ကို မရရှိသည့်သူတိုင်း ပါဝင်နေသည်။ ၂၀၁၃ ခုနှစ်တွင် ၎င်းတို့က စုစုပေါင်း လုပ်သားအင်အားစု၏ ၆၄ ရာခိုင်နှုန်းကျော် ရှိခဲ့ သည်။

အဆိုပါအုပ်စုထဲတွင် လမ်းဘေးဈေးသည်များနှင့် ဆိုင်ကယ်တက္ကဆီသမားများ၊ ကိုယ်ပိုင်အလုပ်လုပ်သူများနှင့် ပြည့်တန်ဆာ လုပ်ငန်းကဲ့သို့သော စီးပွားရေး၏ မီးခိုးရောင်ဧရိယာများတွင် လုပ်ကိုင်နေသူများ ပါဝင်သည်။ သူတို့ကို အလုပ်ရှိသူများ အဖြစ် အမြောက်အများ ထည့်သွင်းရေတွက်ထားသည်။

ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့ကိစ္စနှင့် သက်ဆိုင်သော နောက်ထပ် ကိန်းဂဏန်းတခုက စီးပွားရေး မည်ကဲ့သို့ ဆက်လက် နှေးကွေးခဲ့သည်ကို ပိုမိုမြင်သာအောင် ပြကောင်းပြနိုင်ပါလိမ့်မည်။

အလုပ်လက်မဲ့ဆိုသည်မှာ အလုပ်မရှိစဉ်အတွင်း လူမှုဖူလုံရေး ခံစားခွင့်များ ရှာဖွေနေသူများဟု ဖွင့်ဆိုထားပြီး သြဂုတ်လကုန်ပိုင်းအထိ စုစုပေါင်း ၁၈၄၂၉၁ ဦး ရှိသည်။ ပြီးခဲ့သည့်နှစ် အလားတူကာလအတွင်းက မှတ်ပုံတင်ထားသည့် ၁၆၈၆၇၆ ဦး ရှိခဲ့ရာ ယခင်နှစ်ကထက် ၉.၃ ရာခိုင်နှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

ဇူလိုင်လ အတွင်းတွင် လူမှုဖူလုံရေး ခံစားခွင့်များရှာဖွေနေသည့် အလုပ်လက်မဲ့ အရေအတွက်က ၁၉၁၆၅၇ ရှိခဲ့ရာ လွန်ခဲ့သည့် ၃ နှစ်က အလားတူလအတွင်းတွင် စံချိန်တင် ၁၅၃၆၆၁ ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်သွားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း အလုပ်ရှင်များ မဟာမိတ်အဖွဲ့၏ ဒုတိယ ဥက္ကဌ Tanit Sorat က ထိုင်းနိုင်ငံ၏ အလုပ်သမားငှားရမ်းခန့်ထားရေးက (ကမာ္ဘ့ဝယ်လိုအား အားနည်းခြင်းနှင့် စီးပွားရေးနှေးကွေးမှုတို့ကြောင့် ဖြစ်ရသော) ပို့ကုန်ကျဆင်းခြင်းသာမက လျှင်မြန်သော နည်းပညာအပြောင်းအလဲများနှင့် ထိုင်းနှင့် နိုင်ငံခြား ကုန်ထုတ်လုပ်သူများက ထုတ်လုပ်ရေး အခြေစိုက်နေရာများ ပြောင်းရွှေ့ချထားခြင်းတို့ကြောင့် ခြိမ်းခြောက်မှု တိုးလာနေသည်ဟု ပြောသည်။

“ထိုင်း စီးပွားရေးက ပို့ကုန်ပေါ်မှာ ကြီးလေးစွာ မှီခိုနေပါတယ်” ဟု သူကပြောသည်။  “ကမာ္ဘ့စီးပွားရေးက နှေးကွေးတဲ့ စက်ဝန်းတခုအတိုင်း သွားနေတဲ့အခါမှာ ကမာ္ဘ့ဝယ်လိုအားက ကျသွားတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍအားလုံးကို ကွင်းဆက် သက်ရောက်မှုက သေချာပေါက် ထိခိုက်စေပါလိမ့်မယ်”

အသိဉာဏ်တု နည်းပညာနှင့် စက်ရုပ်များက အနာဂတ်တွင် ကျယ်ပြန့်လာတော့မည်/Reuters

“ပိုပြီးတောင်ဆိုးတာက ဒီဂျစ်တယ်စီးပွားရေးနဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ စက်ရုပ်လိုမျိုး အဆင့်မြင့်နည်းပညာ သုံးစွဲမှုတွေ ဆီကို တိုင်းပြည်က ဘယ်လိုကူးပြောင်းသလဲ ဆိုတာက ပြည်တွင်း အလုပ်အကိုင်တွေအပေါ်ကို မလွဲမသွေ သက်ရောက် ပါလိမ့်မယ်။ အထူးသဖြင့် ဘဏ္ဍာရေး၊ လက်လီနဲ့ လက်ကားအရောင်း ကဏ္ဍတွေနဲ့ မော်တော်ယာဉ်လုပ်ငန်း ကဏ္ဍတွေ ဖြစ်ပါတယ်”

နည်းပညာလမ်းကြောင်းက စက်ရုပ်နည်းပညာနှင့် မော်တော်ကားလုပ်ငန်းက လျှပ်စစ်စွမ်းအင်သုံး ယာဉ်များ ထုတ်လုပ်ခြင်းဆီသို့ ဦးတည်နေခြင်းနှင့်အတူ နောက်လာမည့် ၃ နှစ်အတွင်းတွင် ပြည်တွင်း မော်တော်ကားလုပ်ငန်းကဏ္ဍတွင် ဝန်ထမ်းလျှော့ချမှု အမြောက်အမြားကို မျှော်လင့်ရသည်ဟု Tanit Sorat က ပြောသည်။

နောက်လာမည့် ၃ နှစ်အတွင်းတွင် လျှော့ချခံရမည့် အလုပ်သမားအရေအတွက်က ၃၀၀၀၀၀ အထိ ရောက်ရှိသွားမည်ဟု သူက ခန့်မှန်းခဲ့သည်။

ထိုင်းနိုင်ငံသည် radiator များ၊ exhaust ပိုက်များနှင့် အခြားသော အရေးပါသည့် မော်တော်ကား အစိတ်အပိုင်းများအတွက် ဒေသတွင်း ထုတ်လုပ်ရေးများ အခြေစိုက်သောနေရာဖြစ်သည်။

အကျဘက်ဦးတည်သော အမြင်

အလိုအလျောက်စနစ်များနှင့် ဉာဏ်ရည်တု နည်းပညာ(AI) ကြောင့်ဖြစ်ရသည့် နည်းပညာဆိုင်ရာ ဆန်းသစ်တိုးတက်မှုက တိုင်းပြည်၏ အလုပ်သမားဈေးကွက်ကို ဖိအားပေးနေသည်။ အထူးသဖြင့် ထုတ်လုပ်ရေး ကဏ္ဍတွင် ဖြစ်သည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
214
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

ဘဏ်လုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများကလည်း ထပ်တလဲလဲလုပ်ရသည့် အလုပ်များ သို့မဟုတ် အဆင့်မြင့် ကျွမ်းကျင်မှု လိုအပ်သည့် အလုပ်များတွင် အစားထိုးရန် AI နှင့် စက်ရုပ်နည်းပညာများကို အသုံးပြုခဲ့ကြကြောင်း လွတ်လပ်သော ပညာရှင် တဦးဖြစ်သည့် Somjai Phagaphasvivat က ပြောသည်။

“ထိုင်းနိုင်ငံရဲ့ စီးပွားရေးတည်ဆောက်ပုံက ဖြစ်ပေါ်နေဆဲ နည်းပညာ ဆန်းသစ်တီထွင်မှုတွေနဲ့ လိုက်လျောညီထွေ မဖြစ်တာကြောင့် အလုပ်လက်မဲ့နှုန်းက နောက်ထပ်မြင့်တက်ဖို့ အလားအလာရှိပါတယ်” ဟု Somjai Phagaphasvivat ကပြောသည်။ “အလားတူပဲ တိုင်းပြည်ရဲ့ ပညာရေးစနစ်က ခေတ်ပြိုင်နည်းပညာကို ကျင့်သုံးဖို့အတွက်ရော ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အထောက်အကူမဖြစ်ပါဘူး”

Thai Summit Group ၏ ဒုတိယဥက္ကဌ Chanapun Juangroongruangkit က ကျရိပ်ပြနေသော စီးပွားရေးနှင့် ပို့ကုန်က ၂၀၂၀ ခုနှစ်တွင် ကားထုတ်လုပ်မှုအပေါ်တွင် ထပ်၍ ဖိအားပေးနိုင်သည်ဟု ပြောသည်။

” FTI ရဲ့ လက်ရှိ ခန့်မှန်းချက်က အရင်တခုထက် ၇.၇ ရာခိုင်နှုန်းကျသွားတယ်။ ဒါကြောင့် လက်ရှိ အခြေအနေက တခြား စက်မှုလုပ်ငန်း ကဏ္ဍတွေလိုပဲ နှေးကွေးနေပါတယ်”ဟု  Chanapun Juangroongruangkit ကပြောသည်။

Thai Summit Group ၏ Laem Chabang မှ စက်ရုံက လုပ်ငန်းလည်ပတ်နေဆဲ ဖြစ်သည်ဟု သူကပြောသည်။ စက်ရုံမှ အပိုင်းအချို့ကို အောက်တိုဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အဆိုပါ အုပ်စုက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ကားထုတ်လုပ်သူများထံမှ အဝယ်မှာကြားမှုများ ကျဆင်းသွား၍ ဖြစ်သည်ဟု ဆိုသည်။

ဆိုင်းငံ့မှုတွင် အလုပ်သမား ၁၀၀ ကို ၂ လကြာ အလုပ်ရပ်နားခြင်းလည်းပါဝင်သည်။ သူတို့ အနေဖြင့် ရပ်နားထားစဉ် ကာ လတွင် ပုံမှန် လစာနှုန်းထား၏ ၇၅ ရာခိုင်နှုန်းကို  အလုပ်သမား ကာကွယ်ရေး ဥပဒေနှင့် အညီ ရရှိကြမည် ဖြစ်သည်။

Thai Summit အနေဖြင့် လုပ်ငန်းအစိတ်အပိုင်း အချို့ကို ဆိုင်းငံ့ထားရန် လိုအပ်ကြောင်း အဘယ်ကြောင့်ဆိုသော မော်တော်ကား အစိတ်အပိုင်း ထောက်ပံ့သူများက ဝယ်သူများထံသို့ ကုန်ပစ္စည်းပို့ပေးရာတွင် မှာကြားသည့်အချိန်မှသာ ပို့ပေးသည့်လုပ်ငန်းစဉ်တခုကို အသုံးပြုကြသောကြောင့် ကားထုတ်လုပ်သူများက သူတို့၏ အမှာများကို ရပ်ဆိုင်းလိုက်သည့် အချိန်တွင် Thai Summit ကလည်း လိုက်လျောညီထွေ ပြုလုပ်မည်ဖြစ်သည်ဟု Chanapun Juangroongruangkit ကပြောသည်။

၂၀၁၉ ခုနှစ်၏ ပထမ ၁၁ အတွင်းတွင် ပိတ်ပစ်ခဲ့ရသည့် စက်ရုံက ၁၄၀၀ နီးပါးရှိခဲ့သော်လည်း စက်ရုံသစ်များဖွင့်လှစ်ရန် ခွင့်ပြုချက်တောင်းခံလာသည့် လျှောက်ထားမှုက နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ၂၈၈၉ ခုရှိသည်ဟု စက်မှုဝန်ကြီး ဌာန၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Krichanont Iyapunya ကပြောသည်။

စီးပွားရေးလုပ်ငန်းသစ်များက လူ ၈၄၀၃၃ အတွက် အလုပ်အကိုင်နေရာသစ်များ ဖန်တီးပေးခဲ့သည်ဟုလည်း သူကပြောသည်။ အလုပ်မှ လူလျှော့ခံလိုက်ရသည့် အလုပ်သမား ၃၅၅၃၃ နှင့် ယှဉ်ကြည့်ပါက စက်ရုံသစ်များ ဖွင့်လှစ်သည့် အချိန် တွင် လူ ၈၄၇၀၄ ဦး အလုပ်ရရှိခဲ့သည်ဟု သူက ဆိုသည်။

“စက်ရုံတွေရဲ့ လုပ်ငန်း လည်ပတ်မှု အခြေအနေက ခြုံကြည့်မယ်ဆိုရင် စီးပွားပျက်ကာလတခုအတွင်းမှ ရှိမနေပါဘူး” ဟု Krichanont Iyapunya ကပြောသည်။

ပို့ကုန် ကျဆင်းကောင်း ကျဆင်းနေနိုင်ပြီး စီးပွားရေးက ကျယ်ကျယ်ပြန့်ပြန့် နှေးကွေးနေသည့် အန္တရယ်တွင် ရှိသော်လည်း လုပ်ခလစာများအပေါ်တွင် (အနည်းဆုံး အနေဖြင့် မကြာတော့သော ကာလတခုအထိ) သက်ရောက်ဖွယ်မရှိကြောင်း ဝန်ထမ်းခေါ်ယူရေး အတိုင်ပင်ခံလုပ်ငန်းတခု ဖြစ်သည့် Robert Walters မှ ကျွမ်းကျင်သူ တဦးကပြောသည်။

“တကယ်လို့ ကုမ္ပဏီက ကောင်းကောင်းအလုပ်ဖြစ်နေသည်ဖြစ်စေ အလုပ်မဖြစ်သည်ဖြစ်စေ ကုမ္ပဏီတခုတည်းမှာပဲ ဆက်နေ နေတဲ့သူတွေအတွက် စီးပွားရေး အကြောင်းရင်းတွေက သက်ရောက်မှုတခု ရှိကောင်းရှိပါမယ်။ ဒါပေမယ့် များသောအားဖြင့်တော့ သူတို့ နေရာပြောင်းမယ်ဆိုရင် လစာတိုးတာကို အလုပ်သမားတွေ ကြုံတွေ့ရတတ်ပါတယ်” ဟု Robert Walters ၏ ထိုင်းနိုင်ငံ ဆိုင်ရာ မန်နေဂျာ Punyanuch Sirisawadwattana ကပြောသည်။

“တကယ်လို့ ကုမ္ပဏီတွေက သတ်သတ်မှတ်မှတ်ရှိတဲ့ ကျွမ်းကျင်မှုတွေကို လိုချင်တယ်ဆိုရင်တော့ သူတို့ဘက်က ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းမှုတွေကို ပေးဖို့ လိုအပ်တုန်းပါပဲ” ဟု သူက ဆိုသည်။

(Bangkok Post သတင်းစာပါ Piyachart Maikaew၊ Pathom Sangwongwanich နှင့် Phusadee Arunmas တို့၏ The slowdown hits home ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း

ပြည်ပငွေလွှဲလုပ်ငန်းများကို ဗဟိုဘဏ်က တရားဝင် ခွင့်ပြုမည်

မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည်

Your Thoughts …
Tags: ကမ္ဘာ့စီးပွားရေးကုန်ထုတ်လုပ်မှုထိုင်းနှေးကွေးမှုအလုပ်သမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
13k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
နိုဝင်ဘာ ၂၃ရက် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် မြန်မာအား ဂမ်ဘီယာမှာ တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ တုံ့ပြန်ရန် နိုင်ငံတော်မှ တာဝန်ရှိသူများ တွေ့ဆုံခြင်း / Myanmar State Counsellor Office

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ အထူးအဖွဲ့တွင် တပ်မတော် အရာရှိ ၂ ဦး ပါဝင်ဟု ဆို

မိတ်အင်ချိုင်းနား

မိတ်အင်ချိုင်းနား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved