• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည်

by ထက်နိုင်ဇော်
22 November 2019
in သတင်း
A A
သမ္မတ ဦးဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို သမ္မတ အိမ်တော်တွင် တွေ့ရစဉ် / သမ္မတ အိမ်တော်

သမ္မတ ဦးဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို သမ္မတ အိမ်တော်တွင် တွေ့ရစဉ် / သမ္မတ အိမ်တော်

27.8k
VIEWS
Share on FacebookShare on Twitter

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံတကာ ရေးရာ အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် ဦးဆောင်မည့် ရှင်းလင်းပွဲတခုကို နိုဝင်ဘာ ၂၃ ရက်တွင် သမ္မတ အိမ်တော်၌ ပြုလုပ်သွားရန် ရှိကြောင်း သတင်း ရရှိသည်။

ယင်းရှင်းလင်းပွဲသို့ တပ်မတော်ခေါင်းဆောင်များ ဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များပါ ဖိတ်ကြားထားကြောင်း နေပြည်တော်မှ သတင်းရင်းမြစ်တချို့က ဧရာဝတီသို့ ပြောသည်။

ယင်းအခမ်းအနားကို ပုဂ္ဂလိက မီဒီယာများကိုလည်း သတင်းရယူခွင့် ပြုမည် မဟုတ်ဘဲ နိုင်ငံပိုင် မီဒီယာများပင်လျှင် လူဦးရေ အကန့်အသတ်ဖြင့် ဝင်ရောက်ခွင့်ပြုကြောင်း သမ္မတရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

သမ္မတကိုယ်တိုင် ရှင်းပြမည့် ကိစ္စမှာ လတ်တလော မြန်မာနိုင်ငံကို နိုင်ငံတကာ တရားရုံး (ICJ) က တရားစွဲဆိုထား သည့် ကိစ္စရပ်များအပါအဝင် ရခိုင်အရေးနှင့်ဆက်နွယ်သော ကိစ္စရပ်များ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“ဒီလိုကိစ္စမျိုးကို မြန်မာနိုင်ငံက နိုင်ငံအနေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီထဲမှာ ရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးလည်း ပါတယ်လေ။ ဦးဆောင်မှုတခုအောက်မှာ အကုန်ညှိနှိုင်းဆောင်ရွက်တယ်ဆိုရင် ကောင်းတယ်လို့ပဲ သုံးသပ်ရမှာပါ”ဟု နေပြည်တော်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။

ယခုလို ICJ က မြန်မာနိုင်ငံကို အရေးယူမှုတွင်လည်း ၎င်းတို့ စွပ်စွဲထားသလို တနိုင်ငံလုံးက ကျူးလွန်ဖောက်ဖျက်သည် ဆိုသည်မှာ မဖြစ်နိုင်သဖြင့် ထိုစွပ်စွဲချက်များကို အချက်အလက်နှင့် တုံ့ပြန်နိုင်မည့် အခွင့်အရေး တရားဝင် ရရှိသွား၍ အခွင့်အလမ်းတခုလည်း ဖြစ်လာကြောင်း ဒေါ်ပြုံးကေသီနိုင်က ဆက်ပြောသည်။

မနက်ဖြန် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် အစည်းအဝေးနှင့် ပတ်သက်၍ သဘောထားမှတ်ချက် မပေးလိုသော်လည်း တပ်မတော်က ယခုကိစ္စတွင် အစိုးရနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အခုလည်း ကျနော်တို့နဲ့ လိုအပ်တဲ့ အချက်အလက်တွေကိုလည်း ပူးပေါင်း ရှာဖွေဆောင်ရွက် နေတာတွေ ရှိတယ်။ အဲဒီလို ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတာ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အကယ်၍ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့သို့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်မည် ဆိုပါက ၎င်း၏ ခရီးစဉ်တွင် တပ်မတော်ဘက်မှ လိုက်ပါ၊ မပါ ဆိုသည်မှာလည်း အစိုးရ၏ ညွှန်ကြားချက်ပေါ်တွင် မူတည်ကြောင်း ၎င်းက ပြောဆိုသည်။

အစိုးရက တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ပြောဆိုထားသဖြင့် တပ်မတော်ကလည်း ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း၊ သို့သော် ဒီမိုကရေစီနိုင်ငံတခုတွင် လူထုက ရွေးချယ်ထားသည့် အစိုးရ၏ လက်အောက်တွင် တပ်မတော်သည် လက်နက်ကိုင်အဖွဲ့အစည်း တရပ်အနေဖြင့် တာဝန် ထမ်းဆောင်ခြင်းက ပိုပြီးသင့်လျော်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က ပြောသည်။

“စင်ပြိုင် အဖွဲ့အစည်းနှစ်ရပ် အနေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးနဲ့တော့ ရခိုင်ပြည်မြောက်ပိုင်းအရေးအခင်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး”ဟု ဒေါက်တာ မျိုးညွှန့် က ပြောဆိုသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

၎င်းက ဆက်၍ “တပ်မတော်အနေနဲ့ကတော့ ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောနေတာပါပဲခင်ဗျ။ ဒါပေမယ့် လုံခြုံရေးနဲ့ ပတ်သက်လာရင် သက်ဆိုင်ရာ အရပ်သား အစိုးရအနေနဲ့ ဘယ်လောက် ဆာင်ရွက်နိုင်လဲ။ တိုက်ရိုက် ကိုင်တွယ်နိုင်လဲ ဆိုတာကတော့ မေးခွန်း ထုတ်စရာတွေ ရှိနေပါတယ်”ဟုလည်း ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အရေး ဆိုင်ရာ အထူးအစည်းအဝေး တခုကို နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမတွင် ပြုလုပ်ရာ ထိုစဉ်က တပ်မတော်ဘက်မှ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသာ တက်ရောက်သဖြင့် ယခုအကြိမ်တွင်လည်း ထို ဒုတပ်ချုပ်သာ တက်ရောက်နိုင်ကြောင်း သုံးသပ် ပြောဆိုမှုများလည်း ရှိနေသည်။

ထိုစဉ်က အစည်းအဝေးသို့ သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ၂ ဦး၊ လွှတ်တော် ဥက္ကဌများ၊ တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဦးကျော်တင့်ဆွေ၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

You may also like these stories:

ရိုဟင်ဂျာအရေး တာဝန်ရှောင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာစိတ်မွေးပြီး နိုင်ငံကို သစ္စာစောင့်သိရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း

ငြိမ်းချမ်းရေးအတွက် ပညာရေးမဟာဗျူဟာနှင့်ကျောင်းဆရာများ လိုနေပြီ

Your Thoughts …
Tags: ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာနှင့် နိုင်ငံတကာ အခြေအနေသမ္မတ ဦးဝင်းမြင့်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

Next Post
နမ့်ဆန်မြို့ ဆိုင်းဘုတ် / နမ့်ဆန်မြို့ ချစ်ကြသူများ ဖေ့စ်ဘုတ်

တပ်မတော် ခေါ်သွားသည့် နမ့်ဆန်ရွာသား ၆၃ ဦး ပြန်လွတ်လာ

၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း နယ်ခြားကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသူ အမျိုးသမီးတဦး / Reuters

မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ချက်များ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved