• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကညန က ယာဉ်မှတ်ပုံတင်ခ ထက်ဝက်လျှော့ချ

by အောင်သီဟ
7 August 2020
in စီးပွားရေး
A A
ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကားပြပွဲ တခု / ဧရာဝတီ

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကားပြပွဲ တခု / ဧရာဝတီ

10.7k
VIEWS
Share on FacebookShare on Twitter

ပြည်ပမှ တင်သွင်းသည့် လူစီး မော်တော်ယာဉ်များ၏ မူလတန်ဖိုးအပေါ် ကောက်ခံနေသည့် ပြည်ပတင်သွင်း ယာဉ်မှတ်ပုံ တင်ခ နှုန်းထားများကို သြဂုတ်လ ၇ ရက်နေ့မှ စတင်ကာ ထက်ဝက် လျှော့ချကောက်ခံ သွားမည်ဟု ပို့ဆောင် ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် လိုက်သည်။

အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် မော်တော်ယာဉ်များကို ၃၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၁၃၅၁ စီစီမှ ၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၁ စီစီမှ ၅၀၀၀ စီစီအထိ ၈၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းနှင့် အင်ဂျင်ပါဝါ ၅၀၀၁ စီစီနှင့် အထက်ကို ၁၂၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း အထိ မှတ်ပုံတင်ခနှုန်းထားများကို လျှော့ချ လိုက်ခြင်း ဖြစ်သည်။

ယခုလို လျှော့ချ ကောက်ခံလိုက်ခြင်းသည် ကမ္ဘာ့ကပ်ရောဂါ COVID -19 ကြောင့် ဖြစ်ပေါ်ခဲ့သော စီးပွားရေး ကျဆင်းမှုကို ကုစားခြင်း ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Automotive Association Myanmar ၏ အထွေထွေအတွင်းရေးမှူး ဦးစိန်လွင်က “ အခုလို အခွန်တွေ လျှော့တာကတော့ ကားဈေးကွက်ကတော့ ပြန်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြစ်လာမှာပေါ့။ အခုက ကိုဗစ်ကာလ ဖြစ်နေတော့ ဘယ်လောက် ထိ ရိုက်ခတ်မလဲ ဆိုတာတော့ ပြောရတော့ ခက်တယ် ” ဟု ဧရာဝတီ သို့ ပြောသည်။

ယင်းသို့ အခွန်နှုန်းထားများ လျှော့ချခြင်းများကြောင့် ပြည်တွင်း၌ SKD (Semi Knocked Down) စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်သော ကားများအပေါ်တွင် အကျိုးသက်ရောက်မှု သိပ်မရှိနိုင်ဘဲ ပြည်ပမှ တင်သွင်းလာသော မော်တော် ယာဉ်များ၏ ဈေးနှုန်းသည် ၁၅ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းသွားနိုင်ကြောင်း ကားအရောင်းအဝယ် လုပ်ဆောင် နေသူများက ပြောသည်။

မင်းမြန်မာချစ်ခန့်ကုမ္ပဏီ၏ ဒါရိုက်တာ ဦးမင်းဇော်ဖေက “ လုပ်ငန်းရှင်တွေဘက်မှာတော့ အရင်က အခွန်နှုန်းထားနဲ့ သွင်းထားရတဲ့ ကားတွေကတော့ ဒီ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းက အငွေ့ပျံသွားသလို ဖြစ်တာပေါ့။ ဒါပေမယ့် ရေရှည် အတွက်တော့ အများကြီးကောင်းတာ ဖြစ်တဲ့အတွက် ကြိုဆိုတယ်။” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ အခွန်နှုန်းထားများ လျှော့လိုက်ခြင်းကြောင့် လတ်တလောတွင် အရောင်းအဝယ်အေးစက်နေသော ကားအရောင်း အဝယ်ဈေးကွက် ပြန်လည် လှုပ်ခတ် လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အစိုးရက ပြည်ပမှ တင်သွင်းသော လူစီးမော်တော်ယာဉ်များအတွက် အကောက်ခွန် နှုန်းထား များကို အင်ဂျင်ပါဝါ ၂၀၀၀ စီစီ နှင့် အောက်ကို အကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂၀၀၁ စီစီ နှင့် အထက်ကို ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း သို့ လျှော့ချသတ်မှတ်ခဲ့သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်။

ဆက်စပ်ဖတ်ရှုရန်

အခွန်လျှော့ပေမယ့် တပတ်ရစ်ကားဈေးကွက် အေးစက်နေဆဲ

Your Thoughts …
Tags: ကညနကားဈေးကွက်ယာဉ်မှတ်ပုံတင်အခွန်
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး

by ဧရာဝတီ
4 March 2024
7.7k

ယနေ့ ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA)၏ သတင်းစာရှင်းလင်းပွဲတွင်လည်း ရှမ်းမြောက်ဒေသတွင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး၊ ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ၊ နယ်စပ်ဒေသ ထွက်ပေါက်များ တည်ငြိမ်ရေး ကိစ္စရပ်များအပေါ် စစ်ကောင်စီနှင့်...

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

ဖြစ်ချင်တိုင်းဖြစ်နေသော စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး

ဖြစ်ချင်တိုင်းဖြစ်နေသော စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး

by ဇုန်းရိန်
16 January 2025
6.4k

သက်ဆိုင်ရာ ဝန်ထမ်းများ၊ အရာရှိများအနေဖြင့် လက်ရှိ ကျင့်သုံးနေသည့် အုပ်ချုပ်ရေးယန္တရားကြီး (ကြိုးနီစနစ်) ကို တွယ်ဖက်နေကြခြင်းသည် အကျင့်ပျက်ခြစားရန် လွယ်ကူသောကြောင့် ဖြစ်သည်ဟု ယူဆမိသည်။

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

by ဧရာဝတီ
1 October 2023
4.5k

ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးများကို ခေတ်ကာလနှင့်လျော်ညီမှုမရှိဟုဆိုကာ လာမည့်နှစ်တွင် လက်ရှိ ကောက်ခံနေသည့် နှုန်းများထက် ၆ ဆကျော် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE)က လုပ်ငန်းရှင်များကို စက်တင်ဘာ ၁၅ ရက်စွဲဖြင့် အကြောင်းကြားထားသည်။

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

by ဧရာဝတီ
13 June 2025
2.7k

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင် ဂိတ်)အား အခွန်ကောက်ယူမှုနှုန်း များလွန်သဖြင့် ဇွန် ၁၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ ကားသမားများနှင့် ဒေသခံများက ဆန္ဒပြနေကြောင်း သိရသည်။

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

by ဧရာဝတီ
19 July 2025
1.9k

ထိုင်းနိုင်ငံအပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုက ၃၆ ရာခိုင်နှုန်းကနေ နောက်ဆုံးမှာ ၁၈ နဲ့ ၂၀ ရာခိုင်နှုန်းလောက် ကြား ဖြစ်သွားနိုင်တယ်လို့ မျှော်လင့်ကြောင်းလည်း…

Next Post
လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်ဆိပ်ကမ်းတွင် အင်္ဂါနေ့က ပေါက်ကွဲမှုဖြစ်သောကြောင့် လူ ၁၀၀ ကျော်သေပြီး တမြို့လုံးကို အကြီးအကျယ် ပျက်စီးစေသည်။

ဘေရွတ်ပေါက်ကွဲမှုကို နျူကလီးယားဗုံးနဲ့ နှိုင်းယှဉ်နေ

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာတွင်တွေ့ရသည့် တပ်မတော်သားများ  /  မျိုးမင်းစိုး / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်အတွင်း ဆွေးနွေးမှုများပြုလုပ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved