• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်အတွင်း ဆွေးနွေးမှုများပြုလုပ်

by ဇင်လင်းထက်
7 August 2020
in သတင်း
A A
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာတွင်တွေ့ရသည့် တပ်မတော်သားများ  /  မျိုးမင်းစိုး / ဧရာဝတီ

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာတွင်တွေ့ရသည့် တပ်မတော်သားများ / မျိုးမင်းစိုး / ဧရာဝတီ

15.4k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများ အပါအဝင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ မည်ကဲ့သို့ မဲပေးရမည်ဆိုသည့်အပေါ် တပ်မတော်အတွင်း ပြောဆိုဆွေးနွေးမှုများ ရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း က “မဲစာရင်းထဲမှာ ကိုယ့်နာမည်မကျန်ဖို့၊ မဲပေးသင့်တဲ့သူမကျန်ဖို့ ၊ မိသားစုတွေ သွားကြည့်ဖို့ တိုက်တွန်းတာတို့ အဲဒါတွေ လုပ်တယ်။ နောက်တခုက ပေးလိုက်တဲ့ မဲတွေ ပယ်မဲ မဖြစ်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်တွေ ရှိတယ်။ အဲဒီညွှန်ကြားချက်တွေကို ပြန်ပြီးတော့ အသိပညာပေးတာတွေ ဒါတွေ လုပ်လေ့လုပ်ထ ရှိပါတယ်” ဟု ဆိုသည်။

တပ်မတော်သည် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်မတော်၏ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီး၌ နည်းလမ်း ၂ မျိုးဖြင့် ဆောင်ရွက်နေသည်။

ပထမနည်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များကို စာဖြင့် ထပ်ဆင့်ဖြန့်ဝေခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းမှာ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ဆွေးနွေးပွဲ များတွင် ပြောဆိုကြခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ဆွေးနွေးပွဲများကို ယခင်ကတည်းကပင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့အလိုက် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဓိက အားဖြင့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများနှင့် လတ်တလော ဖြစ်ပျက်နေသော ကိစ္စများ (Current Issues) ကို ဆွေးနွေးကြသည်ဟု သိရသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း က “Current နဲ့ ပတ်သက်တာဆိုရင် အရာရှိတွေတင် မကဘူး။ အခြားအဆင့်တွေ အရာရှိကတော်တွေ ၊အခြားအဆင့်ကတော်တွေ  ဒါတွေကတော့ ခေါင်းစဉ် အလိုက် ဆွေးနွေးနိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီဆွေးနွေးမှုတွေမှာ ခုနကပြောတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ ပါကောင်းပါနိုင်တယ်” ဟု ဆိုသည်။

ထို့အပြင် တပ်မတော်အတွင်းရှိ ဆွေးနွေးပွဲများတွင် တပ်မတော်သားများအား မည်သည့်ပါတီ လူပုဂ္ဂိုလ်ကိုသာ မဲပေးပါဟု တိုက်တွန်းမှုများမရှိကြောင်း၊ တပ်မတော်သားနှင့် ၎င်းတို့၏ မိသားစုဝင်များအား လွတ်လပ်စွာ မဲပေးခွင့်ပြုထားကြောင်း ဆိုသည်။

သို့သော်လည်း ဆွေးနွေးပွဲများတွင် မည်ကဲ့သို့သော ပုဂ္ဂိုလ်များ ရွေးကောက်ပွဲတွင် ဖြစ်သင့်သည် နှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုမှုများ ရှိကောင်းရှိနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

“ဘယ်လိုလူမျိုးဖြစ်သင့်တယ် ဆိုတာက ဘယ်ပါတီ ၊ ဘယ်ပုဂ္ဂိုလ်ကိုမှ ရည်ညွှန်းပြီးမှ ပြောတာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်နိုင်တဲ့သူမျိုး ဖြစ်သင့်တယ်တို့။ ဒါက တပ်မတော်ရဲ့ အမျိူးသား နိုင်ငံရေး ခံယူချက်အရ ပြောတာ သာ ဖြစ်တယ်။ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်နိုင်တဲ့သူတွေ ဖြစ်သင့်တယ်။ အမျိုးဘာသာ ၊ သာသနာကို ကာကွယ် စောင့်ရှောက်မယ့် လူတွေ ဖြစ်သင့်တယ်။ ပညာတတ်တွေ ဖြစ်သင့်တယ်ဆိုပြီး ပြောကြားချက်တွေတော့ ရှိကောင်း ရှိနိုင်တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မည်သည့်ပါတီကိုသာ မဲပေးပါဟု ညွှန်ကြားမှုမရှိကြောင်း  ငြင်းချက်ထုတ်သော်လည်း တပ်မတော်တွင် တချိန်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အချို့ကမူ ရွေးကောက်ပွဲနီးလာပါက တပ်မတော်အတွင်းတွင် တပ်မတော်နှင့် နိုင်ငံရေးခံယူချက် နီးစပ်သည့် ပါတီကိုသာ မဲပေးရန် ပြောဆိုမှုများ ရှိခဲ့ကြောင်း ဆိုကြသည်။

NLD ပါတီက ၂၀၁၄ ခုနှစ်တွင် ဦးဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုတွင် ပါဝင် လက်မှတ်ထိုးခဲ့သဖြင့် ရာထူးမှ အထုတ်ခံရပြီး ထောင်ကျခဲ့သည့် ဗိုလ်မှူးဟောင်း ဦးကျော်စွာဝင်းကလည်း ၎င်း၏ အတွေ့အကြုံကို အခြေခံ၍ ဧရာဝတီသို့ ပြောကြားထားသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကာလက သူ တာဝန်ကျသည့် တပ်တွင်းမဲရုံတွင် တပ်မတော် ကျောထောက် နောက်ခံ ပြုထားသည့် ပြည်ခိုင်ဖြိုးပါတီ (USDP) ကလွဲ၍ အခြားပါတီကို ပေးထားသော မဲများအား အထက်အရာရှိ အမိန့်အတိုင်း ပယ်မဲ လုပ်ခဲ့ဖူးသည်ဟု သူက ဝန်ခံခဲ့သည်။ မဲပေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များအရ ရွေးချယ်မှုတခုထက် ပို၍ ရွေးချယ်ထားသော မဲကို ပယ်မဲအဖြစ် သတ်မှတ်ရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ မော်စကိုနည်းပညာတက္ကသိုလ်တွင် ပါရဂူတန်းတက်ရောက်နေသော ဗိုလ်မှူး တဦး၏ ဇနီးဖြစ်သူကမူ တပ်မတော်အတွင်း မည်သည့်ပါတီကို မဲပေးရန် တိုက်တွန်းချက်များသည် ၂၀၁၅ ရွေးကောက်ပွဲ ကာလ ကတည်းက မရှိတော့ကြောင်း ချေပပြောဆိုသည်။

၎င်းက “အရင် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း ကျမတို့က ကိုယ်ကြိုက်တဲ့သူကို ကိုယ့်ရပ်ကွက်ထဲက မဲရုံမှာ ကိုယ်ပေးခွင့် ရပါတယ်။ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးခွင့်ရခဲ့ပါတယ်။ တပ်မိသားစုဝင်ဖြစ်လို့ ဒီဟာပဲ ပေးရမယ်ဆိုတာတော့ သီးသန့် ညွှန်ကြားမှု ကျမတို့ မရခဲ့ပါဘူး။ တကယ်လို့ သီးခြား ညွှန်ကြားမယ်ဆို ကျမတို့ သိရမှာပါ။ အခုက ဘာမှကို ဘယ်ပါတီမှ မဲပေး၊ ဘယ်သူ့ကိုမဲပေးဆိုတာ မပြောဘူး” ဟု ပြောပြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်ကမူ ရွေးကောက်ပွဲ တွင် မည်ကဲ့သို့သော လူများ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သင့်သည် ဆိုသည့် ဆွေးနွေးမှုသည် ပြည်သူတဦးချင်း ပြောပိုင်ခွင့်ရှိသည့် ကိစ္စဖြစ်၍ အထွေအထူး မှတ်ချက်ပေး စရာမရှိကြောင်း ဆိုသည်။

သို့သော်လည်း ကိုဗစ်ကာလ လူ ၁၅ ဦးထက် ပိုမစုရဆိုသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ကန့်သတ်ချက်ကြောင့် နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲစောင့်ကြည့်သူများပင် ရွေးကောက်ပွဲ အသိပညာပေးမှု (Voter Education) ကို ကျယ်ကျယ် ပြန့်ပြန့် မဆောင်ရွက်နိုင်သည့် အခြေအနေတွင် တပ်မတော်၌ တပ်တွင်းဆွေးနွေးမှုများဖြင့် (Voter Education)  ဆောင်ရွက်နေသည်မှာ မျှတမှုမရှိသည့် သဘောဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

“ကိုဗစ်ကာလမှာ လိုက်နာဆောင်ရွက်ရမှာတွေနဲ့ ပတ်သက်လို့ သီးသန့်ပေါ့။ UEC ဘက်က သတ်သတ်မှတ်မှတ် ညွှန်ကြား စေချင်တယ်။ ညွှန်ကြားမှုမရှိရင် ဟိုအဖွဲ့က ဟိုလိုလုပ်မယ်။ ဒီအဖွဲ့က ဒီလိုလုပ်မယ်။ ပြီးရင် အရေးယူချင်တဲ့ အဖွဲ့ကျတော့ အရေးယူပြီး အရေးမယူချင်တဲ့ သူကို အရေးမယူဘူးဆိုရင် မညီမျှမှုတွေ ဖြစ်လာလိမ့်မယ်” ဟု ဦးစိုင်းကျော် ညွန့်က ထောက်ပြ ပြောဆိုသည်။

မြန်မာ့တပ်မတော်တွင် တပ်မတော်သား ၅ သိန်းခန့်ရှိကြောင်း စစ်ရေးလေ့လာသူများက ခန့်မှန်းထားပြီး တပ်မိသားစု ဝင်များ အပါအဝင် တပ်မတော်နှင့် ဆက်နွယ်နေသည့် မဲဆန္ဒရှင် ၁ သန်းကျော် ရှိသည်ဟု ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများက ခန့်မှန်းထားသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်စခန်းများပြင်ပ၌ တပ်မတော် သားနှင့် တပ်မိသားစုဝင်များ ဆန္ဒမဲပေးနိုင်မည့် မဲရုံ ၆၃၃ ရုံထားရှိမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ဆက်စပ်လင့်

တပ်တွင်းမဲရုံတွေ တပ်ပြင်ထုတ်လို့ ရွေးကောက်ပွဲမြင်ကွင်း ပြောင်းသွားမလား

တပ်မတော် အက်ဥပဒေပြင်၍ စစ်သားများကို စည်းကမ်း ပိုတင်းကြပ်

ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၅ စု မဲစာရင်း မကပ်နိုင်

Your Thoughts …
Tags: တပ်မတော်ရွေးကောက်ပွဲ
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကိုးကျွန်းသို့ သွားရောက်၍  ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံစဉ် / Myanmar State Counsellor Office

ယုံကြည်ချက် အကျဉ်းသားများကြောင့် ကိုကိုးကျွန်းသမိုင်း ဂုဏ်ယူနိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရခိုင်အမတ် ၂ ဦး ဖြစ်သည့် ဦးတင်နုအောင် နှင့်  ဦးမြင့်ဝေ / ဧရာဝတီ

NLD ပါတီမှ ရခိုင်အမတ်နှစ်ဦး တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved