• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၅ စု မဲစာရင်း မကပ်နိုင်

by မင်းအောင်ခိုင်
7 August 2020
in သတင်း
A A
ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ရှောင် စခန်းတခုကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ရှောင် စခန်းတခုကို တွေ့ရစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

9.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၅ အုပ်စုတွင် စစ်ရေးပဋိပက္ခများကြောင့် မဲစာရင်း မကပ်နိုင်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)ထံက သိရသည်။

မဲစာရင်း မကပ်နိုင်သည့် ကျေးရွာအုပ်စုများမှာ စစ်ရေးပဋိပက္ခ ပြင်းထန်သော ဘူးသီးတောင်၊ ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်တို့ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ် က ဆိုသည်။

၎င်းက “မဲစာရင်း မကပ်နိုင်တာက ကျေးရွာ အုပ်စုပေါင်း ၁၅ အုပ်စု ရှိတယ်။ အဓိကတော့ အဲဒီမှာ တာဝန်ခံ အုပ်ချုပ်ရေး အဖွဲ့တွေ မရှိဘူး။ ရွာတွေ ပျက်စီးသွားတာတွေ ရှိတယ်။ တချို့ကလည်း အိမ်တချို့တဝက် ရှိပြီး လူတွေ မရှိကြဘူး။ လုံခြုံ ရေး အခြေအနေကလည်း မကောင်းဘူး။ ဒီလို ဖြစ်စဉ်မျိုးတွေကြောင့် အဲဒီ အုပ်စုတွေမှာ မဲစာရင်း မကပ်နိုင်ဘူး” ဟု ဧရာ ဝတီသို့ ပြောသည်။

အဆိုပါ ကျေးရွာအုပ်စု ၁၅ စုမှာ ကျောက်တော်မြို့နယ် အတွင်းရှိ ကုလားတန်မြစ်ကြောင်း တလျှောက်ရှိ တင်းမကျေးရွာ အုပ်စု၊ မွန်ထောင့်ကျေးရွာအုပ်စု၊ မီးဝကျေးရွာအုပ်စု၊ မျောက်တောင် ကျေးရွာအုပ်စု၊ လောင်းရှည်ကျေးရွာ အုပ်စုနှင့် မြောက်ဦးမြို့နယ် အတွင်းရှိ ဘုရားကြီးကျေးရွာအုပ်စု၊ ဘူးရွက်မညှိုးကျေးရွာအုပ်စု၊ ဝေသာလီကျေးရွာအုပ်စု၊ ဘောင်းဒွတ် ကျေးရွာအုပ်စု တို့ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ထို့အတူ ဘူးသီးတောင်မြို့နယ်အတွင်းရှိ သရက်ပြင်ကျေးရွာအုပ်စု၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ စပါးထားကျေးရွာအုပ်စု အပါအဝင် မင်းပြားမြို့နယ်အတွင်းရှိ အဝ ကျေးရွာအုပ်စု၊ ဖုံသာဝကျေးရွာအုပ်စု အမ်းမြို့နယ် အတွင်းရှိ ဒါးလက်ကျေးရွာ အုပ်စုတို့ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လက်ရှိ စစ်ရှောင် စခန်း ၁၅၀ ကျော်အထိရှိပြီး စစ်ဘေးသင့် ပြည်သူ၂ သိန်းနီးပါး ရှိကြောင်းလည်း ရခိုင်အရပ်ဘက် အဖွဲ့အစည်း များ၏ စာရင်းများ၌ ဖော်ပြထားသည်။

ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဖော်စိန်ကတော့ လက်ရှိ ဖြစ်ပွားနေသာ နိုင်ငံရေး အခြေအနေကြောင့် ဒေသခံ ပြည်သူများမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိဘဲ မိမိ၏ အသက်ရှင် ရပ်တည်ရေးကိုသာ လုံးပမ်းနေရကြောင်း ပြောသည်။

၎င်းက“အောက်ခြေအဆင့်မှာ ရှိတဲ့ လူထုသည် ၂၀၁၀ က စပြီးတော့ ရွေးကောက်ပွဲကို စနစ်နဲ့ တကယ့် ဒီမိုကရေစီကို သွားမယ် ဆိုပြီးတော့ အားကိုးယုံကြည်ထားတယ်။ အမတ်လိုချင်တဲ့ မဲကို ပြည်သူတွေက ဖြည့်ဆည်းပေးထားတယ်။ သို့သော် လွှတ်တော်ထဲကို ရောက်တဲ့အခါ ပြည်သူလူထုရဲ့ အခန်းကဏ္ဍကို လုံးဝ ဥပက္ခာပြုထားလို့ကို ဒီနေ့အထိ ကျနော် တို့ တွေ့ရတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ဦးရွှေဖော်စိန်က “ပြည်သူတွေ အတိဒုက္ခရောက်တဲ့ အချိန်မှာ လွှတ်တော်ရဲ့ အသံသည် လုံးဝ ရေငုံနှုတ်ပိတ် တိတ်ဆိတ် နေတယ်။ အဲဒီ အနေအထားမှာ အခုအချိန် အမတ်တွေက ဘယ်နေရာမှာ ရွေးကောက်ပွဲဝင်မယ်။ ပြည်သူလူထုတွေ မဲ ပေးရမယ် ဆိုတာတွေက ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက လုံးဝမရှိသလို ဖြစ်သွားပြီ” ဟု ဆက်လက် ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှ ယခုလ သြဂုတ်လ ၇ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ပထမအကြိမ် အဖြစ် မဲစာရင်းများ ကပ်ထားသည်။

သို့သော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များရှိ ကျေးရွာ အုပ်စုများတွင် ဒေသခံ ပြည်သူများအနေဖြင့် ရွေး ကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းပြီး မဲစာရင်း လာကြည့်သူ နည်းပါးကြောင်းလည်း သိရသည်။

မြောက်ဦးမြို့နယ် အတွင်းက ပီပင်ရင်း စစ်ရှောင်စခန်းမှ မသိန်းမရီက အဆိုပါ စခန်းတွင် လက်ရှိအချိန်ထိ မဲစာရင်း ကပ် ထားခြင်း မရှိသော်လည်း မဲပေးခွင့် ရရှိမည်ဆိုပါက မဲပေးရန် ဆန္ဒရှိကြောင်း ပြောသည်။

မသိန်းမရီက “ကျမတို့ စခန်းမှာတော့ မဲစာရင်းတွေ ကပ်တာ မတွေ့မိဘူး။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တော့ ဘယ်လို ပြောမလဲ၊ မဲတော့ ပေးချင်တယ်။ ကျမတို့ ရွာဆို မီးရှို့ခံခဲ့ရတယ်။ ဆုံးရှုံးမှုတွေလည်း တော်တော် များတယ်။ ဒီထက် ကောင်းလာမလား၊ ဆိုးမလား ဆိုတာတော့ မပြောတတ်တော့ဘူး။ ရွေးကောက်ပွဲတော့ ဖြစ်စေချင်တယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ် ကတော့ ကျေးရွာအမည်နှင့်တကွ လူဦး ရေ စာရင်းအတိကျရှိသော စစ်ရှောင်စခန်းများ ဆိုပါက မဲစာရင်း ကပ်နိုင်သော်လည်း စာရင်းအတိကျ မရှိသော စစ်ရှောင် စခန်းများတွင်မူ မဲစာရင်း ကပ်နိုင်ခြင်း မရှိကြောင်း ပြောသည်။

ဦးသူရိန်ထွဋ်က “ဘယ်ရွာက ဘယ်နှယောက် စာရင်းဇယားနဲ့ အတိကျ ရှိတယ်။ အဲဒီနေရာတွေဆိုရင်တော့ ကျနော်တို့ မဲစာရင်း ကပ်ထားပေးတယ်။ စခန်း တာဝန်ခံတို့ အုပ်ချုပ်မှု အဖွဲ့အစည်းတွေလည်း မရှိတော့ သူတို့ နေရာကျတော့ မဲစာ ရင်း မကပ်နိုင်ဘူးပေါ့။ မဲစာရင်း ကပ်နိုင်တဲ့ တိုက်ပွဲရှောင် စခန်းတွေမှာတော့ ကပ်ပေးတယ်။ တကယ်လို့ ရွာတွေ ပျက် သွားပြီး အဲဒီရွာမှာလည်း မဲစာရင်းကပ်လို့ မရဘူးဆိုရင်တော့ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး ကြေညာသင်ပုန်းမှာ သေချာလေး ကပ် ပေးထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေး ပါတီ ၁၃ ပါတီနှင့် တသီးပုဂ္ဂိုလ်အဖြစ် အမျိုးသား လွှတ်တော်၊ ပြည် သူ့ လွှတ်တော်၊ ပြည်နယ် လွှတ်တော်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း၂၃၂ ဦး ဝင်ရောက် ယှဉ်ပြိုင် ရန် လျှောက်လွှာတင်ထားကြသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်းရှိ မဲရုံပေါင်း ၂၅၉၀ ကျော် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆန္ဒမဲပေး ခွင့်ရှိသူ ၁၆၄၀၀၀၀ ကျော် ရှိကြောင်းလည်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ထံက သိရသည်။

ဆက်စပ်ဖတ်ရှုရန်

မဲစာရင်း ကြည့်ရှုရက် ၇ ရက်ထပ်တိုး

ရခိုင်မြောက်ပိုင်းရှိ စစ်ဘေးသင့်ပြည်သူများ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေ

မဲစာရင်းအမှား နည်းရန် ကြိုးပမ်းမည်ဟု ရွေးကောက်ပွဲကော်မရှင်ပြော

လုံခြုံရေးအခြေအနေကြောင့် ပလက်ဝရှိ ရွာ ၇၀ ကျော် မဲစာရင်းမကပ်နိုင်

Your Thoughts …
Tags: စစ်ရေးပဋိပက္ခစစ်ရှောင်စခန်းမဲစာရင်းရခိုင်ပြည်နယ်ရွေးကောက်ပွဲ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
သရုပ်ဆောင် ဦးဝင်းမြိုင် / သက်ပိုင်စိုး / ဧရာဝတီ

“အနုပညာသမားတွေက ပရိသတ်မုန်းမှာ စိုးတယ်”လို့ ဦးဝင်းမြိုင် ပြော

ဗီဒီယို ဝေမျှတဲ့ App "TikTok"

၄၅ ရက်အတွင်း TikTok နဲ့ WeChat ကို ပိတ်မယ်လို့ သမ္မတ ထရမ့် အမိန့်ထုတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved