• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကိုဗစ်ကြောင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း ပြန်လည်သုံးသပ်မည်

by မျိုးပပစန်း
6 October 2020
in စီးပွားရေး
A A
ဧရာဝတီတိုင်းရှိ မွေးမြူရေး လုပ်ငန်းစု တခုကို တွေ့ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

ဧရာဝတီတိုင်းရှိ မွေးမြူရေး လုပ်ငန်းစု တခုကို တွေ့ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

4.4k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းရေး ဆွဲထားမှုကို ပြန်လည် သုံးသပ်သွားရန် ရှိကြောင်းသိရသည်။

ယခင်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွက် ဒေါ်လာ ၅ ဒသမ ၈ ဘီလျှံ မျှော်မှန်းထားသော်လည်း COVID-19 ကာလ နောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရရှိမည့် ပမာဏကို ပြန်လည် သုံးသပ်ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန(DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က “မူလ ရည်ရွယ်ချက်ကတော့ ဒီဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလျှံ ဖြစ်တယ်။ ဒါကို ကြိုပြီး သုံးသပ်ဖို့ ပြင်ဆင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမာ္ဘလုံးဆိုင်ရာ ကိုဗစ်ရောဂါ ဖြစ်ပွားနေတဲ့ နောက်ပိုင်းမှာ ဆိုရင် ကျနော်တို့ ဘယ်လောက် ရရှိမလဲ ပြန်လည်သုံးသပ်ဖို့ပါ”ဟု ပြောသည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို သုံးသပ်ရာတွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ သားငါး မွေးမြူရေးကဏ္ဍ၊ ကျန်းမာရေးနှင့် ပတ်သက်သောကဏ္ဍ၊ စက်မှုဇုန် စီမံကိန်းများနှင့် ပတ်သက်သော ကဏ္ဍ အစရှိသည့် တို့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဓိကထား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်သွားမည်ဟု သိရသည်။

“ဒါကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (Myanmar Investment Promotion Plan-MIPP) ကို ပြန် လည် သုံးသပ်မယ့် အချက်တွေထဲမှာ ဒါတွေ အကုန်လုံးပါတယ်။ အရေးကြီးဆုံး အချက်ကတော့ စက်မှုကဏ္ဍ ဖြစ်ပါတယ်။ ဒါကိုလည်း MIPP ကနေ ကျနော်တို့နဲ့ ပြန်လည် သုံးသပ်ပြီးတော့မှ ညှိနှိုင်းမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

MIPP တွင် ကဏ္ဍလေးခု ရှိသည့် အနက်က စက်မှုကဏ္ဍကို JICA ၏ အကူအညီနှင့် ပြန်လည် သုံးသပ်သွားမည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ယခုလို ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလတွင် Digitalization က ပို၍ အရေးပါသော ကြောင့် ယင်းနှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းများကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဦးသန့်စင်လွင်က “ကျနော်တို့ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ပိုက်လိုင်းထဲမှာ လာရောက်ဆက်သွယ်ထားတဲ့ လုပ် ငန်းတွေ ရှိပါတယ်။ အမှန်အတိုင်း ပြောရင် ဒီနှစ်ထဲမှာလည်း Target ကို ပြည့်မီဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါ ဖြစ် ပွားနေတာကြောင့် သွားရလာရမှာ ကန့်သတ်ချက်ရှိခြင်း သက်ဆိုင်ရာ နယ်မြေဆင်းပြီးတော့ လုပ်ဆောင်တဲ့ နေရာမှာ ကန့်သတ်ချက် ရှိတယ်။ အဲဒီတော့ တချို့လုပ်ငန်းတွေက ဝင်ရောက်ဖို့လို့ အစီအစဉ်ရှိပြီး မဝင်ရောက်ဖြစ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ တို့က ရင်းနှီးမြှုပ်နှံမှု Proposal တင် ခြင်းများ ရှိနေသည်ဟု သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
5.6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
250
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က “ကို ဗစ်ကြောင့် တနိုင်ငံနဲ့ တနိုင်ငံ ကူးလူး ဆက်ဆံတဲ့သွားလာမယ့် ကိစ္စတွေက တော်တော် ခက်ခဲသွားမယ်။ တချို့လည်း နိုင်ငံခြား လေကြောင်းလိုင်းတွေ ပြိုလဲသွားတယ်။ ဒုတိယလိူင်း၊ တတိယလိူင်းတွေက ကိုယ်တွေထက်ပိုပြီး ပြင်းပြင်းထန် ထန် ဖြစ်နေတော့ သူတို့ရဲ့ လေကြောင်းလိုင်းတွေ ပြန်ဖွင့်ဖို့ဆိုတာ ခက်မယ်”ဟု လက်ရှိ စီးပွားရေးအရ ကူးသန်း သွားလာ မှု အခြေအနေကို ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “အဲဒီတော့ ကုန်သွယ်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေက သူတို့အနေနဲ့ တရပ်တကျေးမှာ သူတို့ ပစ္စည်းတွေ သယ်လာပြီး လုပ်ဖို့ဆိုတာ တော်တော်ခက်သွားမယ်။ သူတို့ ကိုယ်တိုင်ကလည်း တော်တော် ထိခိုက်ကုန်ပြီ။ အဲဒီတော့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ သယံဇာတကို သုံးပြီးတော့ ထုတ်လုပ်တဲ့ဟာတွေကိုပဲ သူတို့က ရင်းနှီးမြှုပ်နှံတော့မှာပဲ။ ပိုက်ဆံပဲ ယူလာပြီးတော့ပေါ့”ဟု ပြောသည်။

ထို့အတွက် ကိုဗစ်ကာလနှင့် ယင်းအလွန်ကာလများတွင် မြန်မာနိုင်ငံအနေနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် သား၊ငါး မွေးမြူရေး လုပ်ငန်များ၊ သံယံဇာတနှင့် ပတ်သက်၍ လုပ်ကိုင်နိုင်သော သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ ရေအားလျှပ်စစ် ထုတ်လုပ်သော လုပ်ငန်းများ၊ ဆိုလာပါဝါ ထုတ်လုပ်သော လုပ်ငန်းများ အစရှိသည့် လုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သင့်ကြောင်း ဒေါက်တာမျိုးသက် ပြောသည်။

သို့သော် ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်မှုများမှာ တနိုင်ငံနှင့် တနိုင်ငံကြား ရှိနေသဖြင့် လုပ်ငန်း သုံးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ခက်ခဲခြင်းတို့ကြောင့် ကုန်ထုတ်လုပ်ငန်း (Manufacturing ) ၊ စက်မှုလုပ်ငန်း များတွင်မူ အခက်အခဲများရှိနေပြီး ယခင်ထက် ထိုလုပ်ငန်းများတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လျှော့နည်း သွားနိုင် ကြောင်း သုံးသပ်ပြောဆိုသည်။

“စက်မှုဇုန် လုပ်ငန်းတွေကတော့ တော်တော်စဉ်းစားမယ်။ ကျနော်တို့ဆီမှာလည်း တံခါးက ဖွင့်တယ် ဆိုပေမယ့် ဟတတ ဖြစ်နေတာ။ ဒီလိုမျိုး ပေါ်လစီနဲ့ သွားနေရင် လာမှာ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံကို လာရင် စာရွက်စာတမ်းတွေ လုပ်ရခက် တယ်။ ဒါတွေကလည်း လာမယ့် ရွေးကောက်ခံ အစိုးရအနေနဲ့ ဒါကို တော်တော်လေး သတိထား ပြီးတော့ ပြုပြင် ပြောင်းလဲဖို့ လိုမယ်။ အဲဒီလိုမဟုတ်ရင် ကျနော်တို့ နိုင်ငံကိုဖြတ်ကျော်ပြီးတော့ ဧည့်သည်တွေက ဗီယက်နမ်တို့ ကမော္ဘဒီး ယား တို့ကို သွားလိမ့်မယ်”ဟု စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်သူ ဒေါက်တာမျိုးသက်က ပြောကြားသည်။

နိုင်ငံတော် အစိုးရအနေနှင့် လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် လျှပ်စစ်မီး လုံလောက်အောင် လုပ်ပေးခြင်း၊ One Stop Service များ လုပ်ဆောင်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံနိုင်သော မြေရအောင် လုပ်ပေးခြင်း တို့က အရေးကြီးကြောင်း သိရသည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသောကြောင့် အသွားအလာ ကန့်သတ်ထားမှုများ ရှိနေသဖြင့် သက်ဆိုင်ရာ နယ်မြေများ သို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် အကန့်အသတ်များ ရှိခြင်း၊ အချို့လုပ်ငန်းများ ဝင်ရောက်ရန် ရှိသော်လည်း ခွင့်ပြုမပေး နိုင်ခြင်း စသည့် အခက်အခဲများကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက် မပြည့်မီ ပဲ လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျှံရရှိရန် လျာထား ခဲ့သော်လည်း ဒေါ်လာ ၅ ဒသမ ၆၈ ဘီလျှံသာ ဝင်ရောက်ခဲ့သောကြောင့် ဒေါ်လာ သန်း ၁၂၀ ခန့် လျှော့ကျခဲ့ကြောင်း DICA စာရင်းများ အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျှံဝင်ရောက် ခဲ့ပြီး လာမည့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေ အလယ်အလတ်အဆင့်ရှိသော နိုင်ငံတခု ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား လက်ရှိတွင် အကောင်အထည် ဖော် လျက် ရှိသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

You may also like these stories:

မြန်မာနိုင်ငံ စီမံကိန်းဘဏ်မှာ ဘာတွေ အသစ်ဖြည့်လဲ

ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှု အစီအစဉ်အတွက် စဉ်းစားချက်များ

Your Thoughts …
Tags: DICAJICA
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

သံလျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့် နောက်ဆက်တွဲ မေးခွန်းများ

by David Scott Mathieson
17 June 2024
8.3k

စစ်ကောင်စီထိန်းချုပ် မီဒီယာများက စစ်ကောင်စီတပ်များသည် တံတားဖွင့်ပွဲကို တိုက်ခိုက်မည့် အစီအစဉ်တခုအား ဟန့်တားခဲ့ကြောင်း ကြေညာသည်။

ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ

ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ

by ဧရာဝတီ
24 February 2024
6.8k

မြန်မာပြည်ကလူငယ်တွေ အခုအချိန်မှာ နောင်တမရဘူးဆိုပေမယ့် တချိန်ချိန်မှာ နောင်တတခုအနေနဲ့ လုံးဝ ကျန်ခဲ့ပြီး သေသွားရမယ်ဆိုတာ သူတို့မတွေးမိတာ။ အဲဒါကို တွေးမိကြစေချင်လို့ ကျနော် အခုလို မီဒီယာတွေကနေ ထုတ်ပြောရတာ

သင်းသတ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲ

သင်းသတ်ခံထားရတဲ့ ရန်ကုန်မြို့ပျက်ကြီးထဲ

by နွေနေ
28 July 2025
6.2k

ရန်ကုန်ဟာ အရင်ရန်ကုန် မဟုတ်တော့ဘူး။ ရန်ကုန်ဟာ လေးနှစ်ကျော်ကာလအတွင်းမှာ နားမလည်နိုင်အောင် ပြောင်းလဲသွားတယ်။

စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ အသုံးပြုလာရ

စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ အသုံးပြုလာရ

by ဇုန်းရိန်
3 November 2025
1.6k

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ပါဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများသည် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းအသုံးပြုလာကြောင်း သတင်းတွင် ဖတ်ရသည်။

လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့တွင် လမ်းဘေး၌ မိုဘိုင်းဖုန်း သုံးနေသူတဦးကို ၂၀၂၂ ခုနှစ်၊ မတ်လက တွေ့ရစဉ် / AFP

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

by လျှပ်စီး
9 April 2023
10.9k

ပြည်တွင်းကထွက်နိုင်တဲ့ ရေအားလျှပ်စစ်တွေဆိုတာလည်း လုပ်လက်စတောင် ပြီစီးအောင်လုပ်ဖို့ ငွေတတ်နိုင်ပါ့မလား သံသယရှိမိတယ်။

Next Post
အမျိုးသမီးတွေ ရပိုင်ခွင့်အတွက် ဓလေ့ထုံးတမ်း ဥပဒေကို ပြင်ဆင်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း  (ရုပ်/သံ)

အမျိုးသမီးတွေ ရပိုင်ခွင့်အတွက် ဓလေ့ထုံးတမ်း ဥပဒေကို ပြင်ဆင်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း (ရုပ်/သံ)

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ညနေ ထုတ်ပြန်သည့် ရာသီဥတု ခန့်မှန်းချက်ပြပုံ / မိုး/ဇလ / facebook

ဧရာဝတီမြစ်ရေမြင့်တက်လာ၊ ရေဘေးအန္တရာယ်သတိရှိဖို့ မိုး/ဇလထုတ်ပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved