• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်သို့ နယ်စပ်မှ ရေထွက်ကုန်နှင့် ဆန် တင်ပို့မှု ရပ်ဆိုင်းနေ

by ဧရာဝတီ
24 May 2021
in စီးပွားရေး
A A
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ်မြို့ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ်မြို့ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

15.5k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံဘက်မှ ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်း တင်းကျပ်ခြင်းကြောင့် နယ်စပ်မှ တရုတ်သို့ ရေထွက် ကုန်နှင့် ဆန်တင်ပို့မှုများသည် ရပ်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။

လတ်တလောတွင် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးအဓိက ကုန်သွယ်ရေးစခန်းဖြစ်သော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၁၀ မိုင်ခန့် ကွာဝေးသော ကျင်စန်းကျော့ဂိတ်သို့ သွားရခြင်းနှင့် တရုတ်နိုင်ငံ သို့ ဝင်ရောက်မည့် မြန်မာကုန်ကားများကို ကိုဗစ်ရောဂါ စစ်ဆေးခကိုလည်း တိုးမြှင့်ထားခြင်းကြောင့် ကိုဗစ်ကာလတွင် ကုန်သွယ်နေသော ကားအစီးရေထက် ထက်ဝက်ခန့်သာ သွားနိုင်တော့ကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

၎င်းက “ဂိတ်ပေါက် တပေါက်တည်းရှိတော့ ကုန်စည် စီးဆင်းမှုဟာ လုံးဝကို ရပ်သလို ဖြစ်သွားတာပေါ့။ ၁၀၅ မိုင်က တရုတ်ပြည် ကျယ်ဂေါင်ကို ဝင်ရင် ၁၀ ရက်ကြာတဲ့ ခရီးက အခုက ရက် ၂၀ လောက် ကြာ သွားတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ၌ ရွှေလီနှင့် ကျယ်ဂေါင်မြို့များတွင် မြန်မာနိုင်သား ၃ ဦးကို ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံဘက် လူ၊ ဆိုင်ကယ်နှင့် ကုန်ကား ဝင်ရောက်မှုကို စတင် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

ယခင်က မူဆယ်မှ ပုံမှန် ဆန်တင်ပို့နေသော မန့်ဝိန်းဂိတ်မှ တနေ့လျှင် ဆန်နှင့်ဆန်ကွဲ ကုန်ကား အစီး ၆၀ ကျော် တင်ပို့လျက်ရှိသော်လည်း ယခုတွင် ကုန်ကားအစီးရေ ၁၀ စီး ဝန်းကျင်သာ တင်ပို့နိုင်တော့ ကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
235
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ယင်းပြင် တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် မြန်မာကုန်ကားတစီးကို ကိုဗစ်ရောဂါ စစ်ဆေးမှုအတွက် တရုတ်ယွမ်ငွေ ၂၁၀၀ ( မြန်မာကျပ် ၄ သိန်းခွဲကျော်) သို့ ဧပြီလ၂၁ ရက်မှ စတင်ပြီး တိုးမြှင့်ကောက်ခံ ခြင်းကြောင့်လည်း မြန်မာ ကုန်သည်များသည် ကုန်ကားတစီးကို ယခင်ကထက် ကျပ် ၄ သိန်းကျော်မှ ၅ သိန်းအထိ အပို ကုန်ကျလာခြင်းကြောင့် ကုန်ပစ္စည်း တင်ပို့မှုကို လျှော့ချမှုများလည်း ရှိနေကြသည်။

ကိုဗစ် အကန့်အသတ်များကြောင့် တရုတ်နိုင်ငံဘက်က သစ်သီးများ အဓိက တင်ပို့နေသော တခုတည်း ကိုသာ ဖွင့်ပေးထားခြင်းကြောင့် ဆန်တင်ပို့မှုများ မထွက်သလောက် နီးပါးအထိ ဖြစ်နေကြောင်း ရန်ကုန် အခြေစိုက် ဆန်ကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျနော်ဆိုရင် မူဆယ်ကနေ တရုတ်ကို ပို့တာ ရပ်ထားလိုက်ပြီ။ နယ်စပ်ကနေ တရုတ်ဈေးကွက် ကို ဆန်တွေ မသွားနိုင်တာ တော်တော်ကြာနေပြီ အခုထိ ပုံမှန် မသွားနိုင်သေးဘူး” ဟု ဆိုသည်။

မြန်မာ့ဆန်နှင့် ဆန်ကွဲ၏ အဓိက ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ ယခုနှစ်တွင် နယ်စပ်မှ တင်ပို့မှု ထက်ဝက်ခန့် လျော့ကျနေခြင်းကြောင့် ယခုနှစ် ပြည်ပ ဆန်တင်ပို့နိုင်မှုသည် သုံးပုံတပုံခန့် လျော့ကျသွား နိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ဆန်နှင့် ဆန်ကွဲ နည်းတူ တရုတ်ဈေးကွက်သို့ အဓိကအားထားနေရသည့် ရေထွက်ကုန်များ တင်ပို့ခွင့်ကို ယူနန်အစိုးရက ကိုဗစ်စည်းမျဉ်းစည်းကမ်း တင်းကျပ်ထားမှုကြောင့် တင်ပို့မှု ရပ်ဆိုင်းနေသည်မှာ အချိန် ကြာမြင့်နေပြီဖြစ်ကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်တဦး ပြောသည်။

တရုတ်နိုင်ငံဘက်က မြန်မာ့ရေထွက်ကုန်များ တင်ပို့လိုပါက ရေထွက်ကုန်များတွင် ကိုဗစ်ကင်း ရှင်း ကြောင်း ထောက်ခံချက်နှင့် အအေးခန်းစက်ရုံများမှ ဝန်ထမ်းများကို ၅ ရက် တခါ ကိုဗစ်ရောဂါပိုး ဆေး စစ်ရမည်ဆိုသည့် အချက်များအပါအဝင် လုပ်ငန်းရှင်များအနေဖြင့် လိုက်ပါလုပ်ဆောင်ရန် ခက်ခဲသော စည်းကမ်းချက်များ သတ်မှတ်ထားကြောင်း သိရသည်။

၎င်းက “တရုတ်ဘက်က သက်သက်ကို ညစ်ပြီး လုပ်ထားတာလို့ ကျနော်ထင်တယ်။ ရေထွက်ကုန်မှာ ကိုဗစ် ကင်းရှင်းကြောင်းဆိုတာက ဥရောပ ဈေးကွက်က နိုင်ငံတွေတောင် မတောင်းဘူး။ ပင်လယ်ရေ ကြောင်းကကျပြန်တော့ ကွန်တိန်နာ အခက်အခဲ၊ အအေးခန်း အခက်အခဲတွေ အကြောင်းပြနေတာ” ဟု ပြောဆိုသည်။

ယင်းအပြင် ယခုနှစ် ငါးမဖမ်းရသည့် ရာသီကို မေ၊ ဇွန်၊ ဇူလိုင် သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင့်လည်း ယခု အချိန်တွင် ငါးတင်ပို့မှုသည် လျော့နည်းနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသို့ နယ်စပ်မှ ရေထွက်ကုန်များ ပြန်လည်တင်ပို့ခွင့်ရရှိရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ယူနန်အစိုးရတို့ကြား ညှိနှိုင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရေထွက်ကုန်ဝယ်လိုအားမြင့်တက်ခြင်းနှင့် နိုင်ငံများမှ နယ်စပ်ဝင်ပေါက်များကို တင်းကျပ်လိုက်၍ တရား ဝင် တင်ပို့မှု မြင့်တက်လာကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်တင်ပို့မှုသည် အမေရိကန် ဒေါ် လာ သန်း ၈၀၀ အထိ မြင့်တက်ခဲ့သည်။

You may also like these stories:

ရန်ကုန်မီးရထားရုံးဟောင်း ဟိုတယ်ဆောက်လုပ်ရေး တနှစ်နားမည်

သီးနှံဈေးကွက်ပျက်၍ စိုက်စရိတ် ချေးငွေပြန်ဆပ်ရန် တောင်သူများ အခက်အခဲဖြစ်

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်

Your Thoughts …
Tags: ကိုဗစ်ဆန်တရုတ်နယ်စပ်ကုန်သွယ်ရေးရေထွက်ကုန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ မဲထည့်အပြီး တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး၏ သမ္မတအိပ်မက်က အဖြစ်ဆိုးများသာ သယ်ဆောင်လာသည်

ငွေဖောင်းပွမှုကပေးတဲ့ ဒဏ်ရာတွေ  / ဧရာဝတီ

ငွေကို ငွေချင်း ကိုက်စားနေကြသူများ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved