• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဂျပန် ဆောက်လုပ်ရေးစီမံကိန်းများ ရပ်ဆိုင်းနေ

by ဧရာဝတီ
25 July 2022
in စီးပွားရေး
A A
Yoma Central လုပ်ငန်းခွင်တွင် အားကျိုးမာန်တက်လုပ်ကိုင်နေသော်လည်း ယခုအခါ ထိုနေရာတွင် မည်သည့် အလုပ်သမားမျှ မရှိတော့ပေ / Nikkei

Yoma Central လုပ်ငန်းခွင်တွင် အားကျိုးမာန်တက်လုပ်ကိုင်နေသော်လည်း ယခုအခါ ထိုနေရာတွင် မည်သည့် အလုပ်သမားမျှ မရှိတော့ပေ / Nikkei

18k
VIEWS
Share on FacebookShare on Twitter

မြန်မာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၇ လ ကြာသောအခါ တချိန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကြောင့် တိုးတက်မှုအလားအလာ များစွာရှိသည်ဟု မြင်ခဲ့ကြသည့် မြန်မာ့အိမ်ခြံမြေ စီမံကိန်းများ မပြီးစီးဘဲ ရပ်ဆိုင်းနေသည်။ မြန်မာ၏ စီးပွားရေးအနာဂတ်ကို ဖုံးလွှမ်းနေသည့် တိမ်တိုက်မဲများ မရှင်းလင်းသေးသမျှ ကာလပတ်လုံး ထိုစီမံကိန်းများ ပြန်လည်စတင်နိုင်ဖွယ်မရှိပေ။

ထိုသို့ပိတ်မိနေသူများတွင် ဂျပန်ရင်းနှီးမြှုပ်နှံသူများလည်း ပါဝင်သည်။ ဂျပန်ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးဖြင့် တည်ဆောက်နေသည့် စုစုပေါင်း ဒေါ်လာ ၁.၃ ဘီလီယံတန်သည့် အကြီးစား စီမံကိန်း အနည်းဆုံး ၃ ခုသည် စီးပွားရေးဆိုင်ရာအဆောက်အအုံများအတွက် အဓိက ဝင်ငွေရင်းမြစ်ဖြစ်သည့် ပြည်ပခရီးသည်များနှင့် လူလတ်တန်းစား စားသုံးသူများ၏ အသုံးစရိတ်များ ခန်းခြောက်သွားသောကြောင့် ဆိုင်းငံ့ထားလိုက်ရသည်။

ထိုစီမံကိန်းများအနက်တခုမှာ Y Complex စီမံကိန်းဖြစ်ပြီး ထိုစီမံကိန်းကို ရန်ကုန်မြို့လယ်ရှိ စစ်သမိုင်းပြတိုက်ဟောင်း နေရာတွင် တည်ဆောက်နေသည်။ ယခုအခါ ထိုအဆောက်အအုံသစ် မြောက်ဘက်ခြမ်းကို မီးခိုးရောင် အဖုံးအကာဖြင့် ဖုံးအုပ်ထားသည်။ ထိုအဆောက်အအုံတွင် အဆင့်မြင့် ရုံးခန်းများ၊ ဆိုင်ခန်းများနှင့် အဆင့်မြင့်ဟိုတယ်တခုတို့အတွက် ရည်ရွယ်ခဲ့ပြီး Daiwa House Industry ၏ လုပ်ငန်းခွဲ ဖူဂျီတာ၊ အိမ်ခြံမြေ တည်ဆောက်ရေးလုပ်ငန်း တိုကျို တာတီမိုနို၊ ပုဂ္ဂလိကရန်ပုံငွေလုပ်ငန်း Japan Overseas Infrastructure Investment Corp. for Transport & Urban Development (JOIN) နှင့် မြန်မာလုပ်ငန်းစု ဧရာဟင်္သာ တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သည်။

၇၀ ရာခိုင်နှုန်းပြီးစီးနေသော ထိုအဆောက်အအုံသည် နှိုင်းယှဉ်ချက်အားဖြင့် နိုင်ငံခြားသားအများအပြား နေထိုင်ရာ ရန်ကုန်မြို့လယ်မှ လူနေရပ်ကွက်တွင် တည်ရှိသည်။ ထိုဒေါ်လာသန်း ၃၃၀ တန်သော အဆောက်အအုံကို လွန်ခဲ့သောနှစ်ကပင် ဖွင့်လှစ်ရန် မူလက စီစဉ်ထားသည်။

ဂျပန်ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးဖြင့် တည်ဆောက်နေသည့် စုစုပေါင်း ဒေါ်လာ ၁.၃ ဘီလီယံတန်သည့် အကြီးစား စီမံကိန်း အနည်းဆုံး ၃ ခုသည် စီးပွားရေးဆိုင်ရာအဆောက်အအုံများအတွက် အဓိက ဝင်ငွေရင်းမြစ်ဖြစ်သည့် ပြည်ပခရီးသည်များနှင့် လူလတ်တန်းစား စားသုံးသူများ၏ အသုံးစရိတ်များ ခန်းခြောက်သွားသောကြောင့် ဆိုင်းငံ့ထားလိုက်ရသည်။

ယခုအခါ တိုကျို တာတီမိုနိုသည် ထိုစီမံကိန်းအတွက် ၂၀၂၁ ခုနှစ်တွင် ယန်း ၆.၈ ဘီလီယံ (ဒေါ်လာ ၄၉.၂ သန်း) အရှုံးပေါ်ခဲ့ပြီး ထိုစီမံကိန်းကို အပြည့်အဝ ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ အလားတူစွာပင် Daiwa House က ၂၀၂၂ ခုနှစ် မတ်လတွင် ကုန်ဆုံးသောနှစ်အတွက် ထိုလုပ်ငန်းနှင့်ပတ်သက်ပြီး ယန်း ၉ ဘီလီယံ ရှုံးကြောင်းကြေညာသည်။ သို့သော် JOIN ကမူ လျှို့ဝှက်ချက်ဆိုင်ရာ သဘောတူညီချက်များအရ ထိုမအောင်မြင်သော စီမံကိန်းအတွက် ဆုံးရှုံးမှုများကို ထုတ်ပြန် ကြေညာခြင်းမရှိပေ။

Y Complex တည်ဆောက်ရေးစီမံကိန်းသည် မြန်မာစစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်နေသောကြောင့် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်စေသည်ဟု အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Justice for Myanmar က ဆိုသည်။ ထိုမြေငှားရန်းခကို စစ်တပ်က စီမံနေသည့် ငွေစာရင်းတခုသို့ ပေးသွင်း နေရသောကြောင့် ထိုစီမံကိန်းသည် ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် မြန်မာ စစ်တပ်ကို ငွေကြေးထောက်ပံ့နေသောကြောင့် ဝေဖန်ခံနေရသည်။

ဒေါ်လာသန်း ၃၃၀ တန်သော Y complex အဆောက်အအုံကို လွန်ခဲ့သောနှစ်ကပင် ဖွင့်လှစ်ရန် မူလက စီစဉ်ထားသည်/Nikkei

“ထိုမြေကို ကာကွယ်ရေးဝန်ကြီးဌာနထံမှ ငှားရမ်းခွင့်ရထားပြီးဖြစ်သော မြန်မာစီးပွားဘက်ထံမှ ပူးတွဲငှားရမ်းခြင်းဖြစ်သည်” ဟု အထက်ပါ ဂျပန်ကုမ္ပဏီများက Nikkei သို့ အီးမေးလ်ဖြင့် အကြောင်းပြန်သည်။ “ထိုပူးတွဲငှားရမ်းခငွေများကို ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ပေးချေခြင်း မရှိပေ” ဟုလည်း ထိုကုမ္ပဏီများ ပြောသည်။

စစ်တပ်နှင့်တိုက်ရိုက်ဆက်စပ်မနေသော အိမ်ခြေမြေစီမံကိန်းများလည်း ဒုက္ခရောက်နေကြသည်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၎င်းတို့၏ အနာဂတ်ကို စိုးရိမ်ပူပန်နေသော လူလတ်တန်းစားများက အသုံးစရိတ်များကို ချွေတာလိုက်သလို ထိုအဆောက်အအုံများတွင် ငှားရန်းမည်ဟု မျှော်လင့်ထားသော နိုင်ငံခြား ကုမ္ပဏီများကလည်း ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းလိုက်ကြသည်။ တည်ဆောက်သူများအနေဖြင့်လည်း ၎င်းတို့၏ စီမံကိန်းများကို ဆက်လက်ဆောင်ရွက်လိုလျှင်ပင် မြန်မာတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသောကြောင့် လိုအပ်သော ပစ္စည်းများကို တင်သွင်းရန် ခက်ခဲသည်။

JOIN ၏ တစိတ်တပိုင်း ရင်းနှီးမြှုပ်နှံမှုဖြင့် ဂျပန် ဆောက်လုပ်ရေးလုပ်ငန်းကြီး ကာဂျီမာသည်လည်း ရုံးခန်းများ၊ ဟိုတယ်များနှင့် ဆိုင်များပါဝင်သော အဆောက်အအုံတခုကို ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်တွင် တည်ဆောက်ရာတွင် ပါဝင်နေသည်။ ဆိုင်းငံ့ထားသော ထိုစီမံကိန်း ပြန်လည်စတင်ရန် လွန်စွာနှောင့်နှေးနေမည်ဟု မျှော်လင့်ရပြီး ယခုအခါတွင် ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် စိုထိုင်းသည့် ရာသီဥတုမှ ကာကွယ်ရန် လုပ်ဆောင်နေရသည်။ ထိုကာကွယ်ရေးလုပ်ငန်းသည် ဇူလိုင်လကုန်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

တည်ဆောက်သူများအနေဖြင့်လည်း ၎င်းတို့၏ စီမံကိန်းများကို ဆက်လက်ဆောင်ရွက်လိုလျှင်ပင် မြန်မာတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသောကြောင့် လိုအပ်သော ပစ္စည်းများကို တင်သွင်းရန် ခက်ခဲသည်။

ထိုလုပ်ငန်းတွင် ပတ်သက်နေသည့် အမှုဆောင်တဦးက “ကျနော်တို့က စွန့်စားပြီး ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်လို့ အလွယ်တကူ နောက်ပြန်ဆုတ်လို့ မရတော့ဘူး” ဟုပြောသည်။ သို့သော် ထိုစီမံကိန်းကို မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ကာဂျီမာသည် မတ်လတွင် ကုန်ဆုံးသည့် တနှစ်တာကာလအတွင်း ထိုစီမံကိန်းနှင့်ပတ်သက်ပြီး နှောင့်နှေးမှု အရှုံး ယန်း ၁၆ ဘီလီယံ ဆုံးရှုံးခဲ့သည်။

ကုန်သွယ်ရေးလုပ်ငန်းကြီးဖြစ်သော မစ်ဆူဘီရှီနှင့် ၎င်း၏လုပ်ငန်းစု ကုမ္ပဏီဖြစ်သော မစ်ဆူဘီရှိ အိမ်ခြံမြေ လုပ်ငန်းသည် ပြည်တွင်း ထိပ်တန်းလုပ်ငန်းစုကြီးဖြစ်သည့် ရိုးမအုပ်စုနှင့် ပူးပေါင်းပြီး ရန်ကုန် ဘူတာကြီးအနီးတွင် Yoma Central ဟုခေါ်သည့် ရုံးခန်းများ၊ ဆိုင်းခန်းများနှင့် ဟိုတယ်များပါဝင်သော ကြီးမားသည့် အဆောက်အအုံ ၄ ခုကို တည်ဆောက်သည်။ အစိုးရ အပြောင်းအလဲမဖြစ်မီက ထိုလုပ်ငန်းခွင်တွင် အားကျိုးမာန်တက်လုပ်ကိုင်နေသော်လည်း ယခုအခါ ထိုနေရာတွင် မည်သည့် အလုပ်သမားမျှ မရှိတော့ပေ။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
491
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
172
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
49

စစ်အုပ်ချုပ်သူများကို မုန်းတီးမှုသည် ပြည်သူလူထုအကြား လွန်စွာနက်ရှိုင်းနေသည်။ စီမံကိန်းပိုင်ရှင်များသည် စစ်တပ်နှင့်ပတ်သက်သည်ဟု သတ်မှတ်ခံရမည့် အန္တရာယ်နှင့် ခုခံရေး အင်အားစုများက တိုက်ခိုက်ခံရနိုင်သည်ကိုလည်း ဂရုတစိုက် တွက်ချက်နေကြရသည်။

ထိုစီမံကိန်းအနီးတွင် ပင်နင်ဆူလာလုပ်ငန်းစုကို လုပ်ကိုင်သည့် Hongkong and Shanghai Hotels သည် ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် မြန်မာ့မီးရထားရုံးချုပ်ဟောင်းကို အခန်း ၈၈ ခန်းပါသည့် အဆင့်မြင့် ဟိုတယ်ဖြစ်သော ပင်နင်ဆူလာရန်ကုန် ဟိုတယ်အဖြစ် ဒေါ်လာသန်း ၁၃၀ အကုန်ခံကာ ပြန်လည်တည်ဆောက်နေသည်။ Hongkong and Shanghai Hotels က ထိုရပ်ဆိုင်းသွားသော စီမံကိန်းတွင် နှောင့်နှေးမှုအတွက် ဒေါ်လာ ၈၇ သန်း အရှုံးပေါ်ကြောင်း စာရင်းသွင်းရမည်ဟု မတ်လတွင် ကြေညာသည်။

စစ်အုပ်ချုပ်သူများကို မုန်းတီးမှုသည် ပြည်သူလူထုအကြား လွန်စွာနက်ရှိုင်းနေသည်။ စီမံကိန်းပိုင်ရှင်များသည် စစ်တပ်နှင့်ပတ်သက်သည်ဟု သတ်မှတ်ခံရမည့် အန္တရာယ်နှင့် ခုခံရေး အင်အားစုများက တိုက်ခိုက်ခံရနိုင်သည်ကိုလည်း ဂရုတစိုက် တွက်ချက်နေကြရသည်။

ထိုစီမံကိန်းများအားလုံး ဆိုင်းငံ့ထားရသောကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုများလည်း အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။ မြန်မာဆောက်လုပ်ရေးလုပ်ငန်းသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ မတိုင်မီက အလုပ်သမား ၁.၁ သန်းကို အလုပ်ပေးနိုင်ခဲ့ကြောင်း နိုင်ငံတကာအလုပ်သမားအဖွဲ့၏ အဆိုအရ သိရသည်။ ထိုအချိန်မှ စတင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းသည် အလုပ်အကိုင် ၃၅၀၀၀၀ ခန့် သို့မဟုတ် အလုပ်အကိုင် ၃၀ ရာခိုင်နှုန်း ဆုံးရှုံးသွားသည်။

ထူးချွန်သော အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများသည် ပြည်ပတွင် အလုပ်လုပ်ရန် နိုင်ငံမှ ထွက်ခွာနေကြသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦး ပြောသည်။ “စီမံကိန်းတွေပြန်စဖို့ ကျနော်တို့ ဆုံးဖြတ်တဲ့အခါကျရင် လိုအပ်တဲ့အလုပ်သမားရှာဖို့ အခက်အခဲတွေ့ရတော့မယ်” ဟု သူပြောသည်။

( Nikkei မှ Myanmar building projects worth $1.3bn frozen since army took power ကို ဘာသာပြန်သည်။)

မြန်မာ့စီးပွားရေး ထိုးရပ်တော့မည်

ပြည်ပချေးငွေ ပေးဆပ်မှုများ ဆိုင်းငံ့ထားရန် ဗဟိုဘဏ် ညွှန်ကြား

အူရီဒူးမြန်မာ ရောင်းရန် ရှိသည်

စစ်ကောင်စီ၏ ပြည်ပမှ ဆေးတင်သွင်းခွင့် ကြေညာချက်ကြောင့် ဒေါ်လာဈေး ပိုမိုမြင့်လာနိုင်

မြန်မာရှိ တရုတ်၏ အဓိက အခြေခံအဆောက်အအုံ စီမံကိန်း ၃ ခု

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သတ်လိုက်ပြီဆိုရင် ဘော်ဒီ ပြန်လိုချင်တယ်

သတ်လိုက်ပြီဆိုရင် ဘော်ဒီ ပြန်လိုချင်တယ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved