• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်မှုများ ပိုမိုဆိုးရွားလာ

by ဧရာဝတီ
28 December 2022
in စီးပွားရေး
A A
အင်းတော်ကြီး ဒေသရှိ ရွှေတူးဖော်ရေး လုပ်ငန်းတချို့  / environmental and resources concern group

အင်းတော်ကြီး ဒေသရှိ ရွှေတူးဖော်ရေး လုပ်ငန်းတချို့ / environmental and resources concern group

2.1k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်း စက်ယန္တရားကြီးများနှင့် အကြီးစား ရွှေတူးဖော်မှုများ ကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုများရှိနေသည့်အပြင် ကားလမ်းဘေးနေရာများနှင့် ဒေသခံများ၏ အိမ်နေရာ များကိုပါ ဝယ်ယူ၍ တူးဖော်မှုများ လုပ်ဆောင်လာကြကြောင်း သိရသည်။

အင်းတော်ကြီးဒေသရှိ မိုင်းနောင်၊ မမုံကိုင် ကျေးရွာများတွင် ရွှေတူးဖော်များကို အများဆုံး ပြုလုပ်ကြပြီး ယခု ဒီဇင် ဘာလဆန်းပိုင်းမှစကာ စက်ယန္တရားများနှင့် နေ့စဉ် တူးဖော်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
1
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
14
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
3

အင်းတော်ကြီး ဒေသခံ တဦးက “တူးဖော်မှုက ရွာနားတွေထိ ရောက်သလို တချို့ ခြံစည်းရိုးပဲ ခြားတော့တယ်။ တချို့ ဒေသခံအိမ်နေရာတွေကို ကျပ်သိန်းထောင်ချီပေး ဝယ်ပြီး တူးတာတွေလည်း ရှိလာတယ်။ တူးတာတွေက ဆိုးလာ တယ်။ ကားလမ်းဘေးတွေတောင် ရောက်နေပြီ။ ကားလမ်းကကြည့်ရင် မမြင်ရအောင်ဆိုပြီး သွပ်တွေကာထားတယ်။ အထဲမှာ စက်ယန္တရားတွေနဲ့ လုပ်နေကြတယ်” ဟု ပြောသည်။

အာဏာ မသိမ်းခင်က အင်းတော်ကြီးဒေသတွင် လက်လုပ်လက်စား ရွှေတူးဖော်မှုများသာရှိသလို ကုမ္ပဏီလုပ်ကွက် များက ဝါဝါဝင်းကုမ္ပဏီ၊ တင့်တင့်ရတနာကုမ္ပဏီ အစရှိသည်ဖြင့် ဆိုင်းဘုတ်ထောင်ပြီး လုပ်ကြသော်လည်း ယခုအာ ဏာသိမ်းပြီး နောက်ပိုင်းတွင် ရွှေတွင်း(ကျင်း) ပိုင်ရှင်နှင့် ကုမ္ပဏီနာမည်များကို ဖော်ပြခြင်းမရှိဘဲ ဒေသအာဏာရှိသူ များ အုပ်ချုပ်ရေးမှူးများ၊ လက်နက်ကိုင်များ ပူးပေါင်းကာ တိတ်တဆိတ် လုပ်ဆောင်နေကြောင်း သိရသည်။

အရပ်ဘက် အဖွဲ့အစည်းများက ရွှေတွင်း ပိုင်ရှင်များကို စာရင်းကောက်ရာတွင် ဒေသအုပ်ချုပ်ရေးမှူးများက ရွှေတူး ဖော်သည့် ကျင်းပိုင်ရှင်များ၊ ကုမ္ပဏီပိုင်ရှင်များ၊ နာမည်များကို ဖြေကြားခြင်း မရှိကြောင်း အထက်ပါ ဒေသခံက ရှင်းပြ သည်။

“ရွှေတွင်းတွေနားကို အရပ်ဘက်အဖွဲ့အစည်းတွေ သွားရင်ကိုပင် အသက်အန္တရာယ် ကြောက်နေရတယ်။ ဒီကျင်းက ဘယ်သူပိုင်လဲ၊ ဘယ်သူ တူးနေလဲဆိုတာ ဘယ်သူမှ မပြောရဲကြဘူး။ အခုကတော့ တရားမဝင် ခိုးတူးတာတွေပေါ့။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေ၊ တခြား လက်နက်ကိုင်တဲ့အဖွဲ့တွေ ဒေသတွင်းမှာရှိတဲ့သူတချို့နဲ့ ပေါင်းပြီး လုပ်နေ ကြတာ။ မမုံကိုင်ဒေသမှာ ၁ ရက်ကို ရွှေ ၁ ပိဿာ၊ ၂ ပိဿာလောက် ရကြတယ်ဆိုပြီး တူးတဲ့သူတွေလဲ ပိုများလာ တယ်။ အခုဆိုရင် ကားလမ်းမက လှမ်းကြည့်ရင် ရွှေတူးနေတာ မြင်ရတော့ မမြင်ရအောင်ဆိုပြီး အခု သွပ်ပြားတွေ ကာပြီး လုပ်နေတာ။ အမိန့်ရတာတော့ မဟုတ်ဘူး။ ခိုးကြောင်ခိုးဝှက် လူကြီးတွေနဲ့ ပေါင်းလုပ်တာပေါ့” ဟု ၎င်းက ဆို သည်။

အင်းတော်ကြီး ဒေသရှိ ရွှေတူးဖော်ရေး လုပ်ငန်းတချို့ / environmental and resources concern group

အဆိုပါ ရွှေတူးဖော်ရေးလုပ်ကွက်များတွင် အင်းတော်ကြီးဒေသ ပြင်ပရှိ သူဌေးများနှင့် မိုင်းနောင်၊ မမုံကိုင်ကျေးရွာ များရှိဒေသတချို့ ပူးပေါင်း၍ ဘတ်ဖိုးအစရှိသည့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားများကို ဝယ်ယူပြီး တူးဖော်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကပင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး ဒေသတဝိုက်ရှိ မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင် အစရှိသည့် ဒေသများတွင် တရားမဝင် ရွှေတူးဖော်မှုလုပ်ကွက်များရှိ မြေတူးစက်(Backhoe)များနှင့် စက်ယန္တရားများကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးမှုများ လုပ်ခဲ့သေးသည်။

ယင်းသို့ ဖမ်းဆီးအပြီးမှာပင် လက်ရှိတွင် အင်းတော်ကြီးဒေသအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများမှ စာရင်းကောက် ယူထားသည့် စာရင်းအရ ရွှေတူးဖော်ရေးအတွက် အသုံးပြုသည့် ယာဉ်၊ ယန္တရားအစီးရေမှာ ၃၀၀ ကျော်မှ ၄၀၀ ဝန်း ကျင်အထိရှိနေကြောင်း သိရသည်။

အင်းတော်ကြီး ဒေသခံတဦးက “ဖမ်းမိတာကတော့ ဘက်ဟိုး ၄၀ လောက် ဖမ်းမိတယ်။ ကျန်တာတွေကတော့ ပုန်းနေ ကြတာပေါ့။ အခု ပြန်ငြိမ်သွားတော့ ပြန်လုပ်စားလာကြတာပေါ့။ ရွှေတူးဖော်မှုတွေကြောင့် တော်တော့်ကို သဘာဝ ပတ်ဝန်းကျင်က ပျက်စီးနေပြီ။ သစ်ပင်တွေလည်း မရှိတော့ဘူး။ တောင်ပို့တွေပဲ ရှိတော့တယ်။ ရွှေတူးတော့ ရေလမ်း ကြောင်းတွေ ပြောင်းတယ်။ ရွှံ့ရေတွေလို ရေနောက် ဖြစ်ပြီး စပါးစိုက် မရတာ ဖြစ်လာတယ်။ စပါးက နွံဖုံးရင် မထတော့ ဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ရွှေတူးတဲ့သူတွေက ဘယ်ထိတောင်လဲဆိုရင် ဖြစ်နိုင်ရင် ကားလမ်းကိုတောင် နေရာပြောင်းပြီး တူးဖို့အထိ လုပ်မယ်ဆို ပြောတာရှိတယ်။ ဒီကားလမ်းအောက်ကို တူးချင်တာပေါ့။ ဒီလမ်းကတော့ အင်းတော်ကြီး အဆုံး အင်းပတ်လမ်းပေါ့။ ဖားကန့် ဝှေခါတို့ဘက်ကို သွားတဲ့လမ်းမကြီးပေါ့။ ဒေသခံတွေကတော့ စစ်ကောင်စီလည်း ကြောက်၊ လက်နက်ကိုင်လဲ ကြောက်နေရတာပေါ့။ ဒါကို ကန့်ကွက်ပေမယ့် အရင်လို ဆန္ဒပြဖို့ ဘာညာကလည်း မလုပ် ရဲဘူး” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

ရွှေတူးဖော်မှုများကြောင့် မိုင်းနောင်၊ မမုံကိုင်၊ နမ့်မွန်း အစရှိသည့်ဒေသများမှ လယ်သမားများမှာ စပါးစိုက်ပျိုး၍ မရဘဲ စိုက်ပျိုး၍ရသည့် နေရာများသို့ ပြောင်းရွှေ့လုပ်ကိုင်နေရသလို ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမှာ လည်း တနေ့ထက်တနေ့ ပိုဆိုးလာကာ ငါးသယံဇာတများပင် ရှားပါးလာသည့် အခြေအနေ ဖြစ်လာကြောင်း ၎င်းက ပြောသည်။

ထို့ပြင်‌ ရွှေတူးဖော်မှုများကြောင့် ဒေသခံများ အသုံးပြုနေသည့် ခေါင်းတုန်ခ၊ နမ့်တန်ခနှင့် အင်မြန်ခ စသည့် ချောင်း ရေများသည် ရေလမ်းကြောင်းများ ပျက်စီးသွားကာ ရေခမ်းခြောက်နေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေတူးဖော်မှုများကို ဒေသခံများက ကန့်ကွက်မှုများရှိသော်လည်း ကျင်းပိုင်ရှင်များက ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာ ဏာပိုင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းမှုများကြောင့် ရွှေကျင်းများအနားသို့ပင် ဖြတ်သန်းသွားလာခွင့် မရှိကြောင်း ဒေသခံများက ပြောသည်။

အင်းတော်ကြီးဒေသ၌ ရှိသည့် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသအဖြစ် သတ်မှတ်ခံ ထားရသော အင်းတော်ကြီးကန်အတွင်းသို့လည်း ရွှေတူးဖော်မှုများမှ ထွက်သည့် အညစ်အကြေးများ တင်ကျန်နေ သောကြောင့် တိမ်ကောစပြုလာသည့် အခြေအနေလည်း ရှိနေပြီး သဘာဝတောတောင်များ ပျက်စီးခြင်း၊ လယ်ယာ မြေများ ပျက်စီးခြင်း၊ ငါးမျိုးစိတ်များ ရှားပါးလာခြင်းနှင့် အခြား ဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်နေရကြောင်း ဒေသခံ များထံက သိရသည်။

အင်းတော်ကြီးကန်သည် အာဆီယံအမွေအနှစ် စာရင်းဝင်ဒေသတခု ဖြစ်သည့်အပြင် အင်းတော်ကြီး ဘေးမဲ့တောကို လည်း ကုလသမဂ္ဂပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ဇီဝအဝန်းနယ်မြေအဖြစ် ပြီးခဲ့သည့်၂၀၁၇ ခုနှစ် တွင် သတ်မှတ်ထားသည်။

You may also like these stories :

ဖားကန့်တွင် မြေပြိုမှုကြောင့် ရွာတချို့ ယခုလနောက်ဆုံးထား ပြောင်းပေးရမည်

နေပူတောင် မာဘယ်လ်ကျောက်ထုတ်လုပ်ငန်း ပြန်လည်ပတ်ရန် စီစဉ်နေ

Your Thoughts …
Tags: ရွှေတူးဖော်မှုသဘာဝပတ်ဝန်းကျင်အင်းတော်ကြီးဒေသ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.7k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

by ဇုန်းရိန်
27 August 2025
6.4k

ယနေ့ ပြည်သူလူထုအားလုံး ဆိုင်ရင် ကြုံတွေ့ ခံစားနေကြရသည် ဒုက္ခအမျိုးမျိုးတို့သည်လည်း ထို “ရွှေတောင်ကြားလမ်း ရောဂါ” ၏ နောက်ဆက်တွဲ ပြဿနာကြောင့်ဟု ဆိုနိုင်ပါသည်။

MNDAA ပစ်သတ်သည့် ၆ ဦး၌ KIA တဦးပါ

MNDAA ပစ်သတ်သည့် ၆ ဦး၌ KIA တဦးပါ

by ဧရာဝတီ
6 March 2025
6.1k

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးဒေသတွင် ရွှေတူးဖော်မှုအား ကန့်ကွက်မှုကြောင့် ဒေသခံများနှင့် အချင်းများရာမှ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ၆ ဦးထဲ တပ်ဖွဲ့ဝင်တဦး ပါဝင်ကြောင်း

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

by Nectar Gan နှင့် John Liu
21 April 2025
5.3k

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

by Kannikar Petchkaew
12 May 2025
4.2k

လွိုင်ခမ်းသည် တရုတ်ကုမ္ပဏီ လေးခုအပါအဝင် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်။

Next Post
အမေရိကန်နိုင်ငံသားဆိုတာနဲ့ နှိပ်စက်တာလျှော့သွားတယ် (ရုပ်/သံ)

အမေရိကန်နိုင်ငံသားဆိုတာနဲ့ နှိပ်စက်တာလျှော့သွားတယ် (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သတ်ဖြတ်မှုများ ရပ်ဆိုင်းသွားစေရန် ဝါရှင်တန်တွင် မြန်မာအသိုင်းအဝိုင်းက ဆန္ဒပြနေစဉ်

စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved