• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

USDP နှင့် တနေရာမျှ မနိုင်သည့် ၁၈ ပါတီက ရွေး/ကော်ကို အရေးယူရန် သမ္မတထံ စာပို့

by ဇူးဇူး
25 November 2020
in Election 2020
A A
ရန်ကုန်တွင် USDP သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်တွင် USDP သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် / မျိုးမင်းစိုး / ဧရာဝတီ

41.2k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)ပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၁၉ ခုက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အား အရေးယူပေးရန် ဟုဆိုကာ လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ ပေးပို့ ကြောင်း သိရသည်။

အဆိုပါ အိတ်ဖွင့်ပေးစာ ပေးပို့သည့် ၁၉ ပါတီအနက် USDP ပါတီမှလွဲ၍ ကျန်နိုင်ငံရေးပါတီများသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် တနေရာမျှ အနိုင်မရရှိခဲ့သည့် ပါတီများ ဖြစ်သည်။

တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင်သည့် အမိန့်ကြေညာချက်များ ထုတ်ကာ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီ လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ရန် တာဝန်ဝတ္တရား ပျက်ကွက်ခဲ့သည့်အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေ က ပေးအပ်ထားသည့် တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်သော UEC အား သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် အရ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး အရေးယူပေးရန်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် USDP အပါအဝင် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ အမျိုးသား တိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ရခိုင်ပြည်နယ် အမျိုး သား အင်အားစုပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ခေတ်သစ်ပြည်ထောင်စု ပါတီတို့ ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ အလုပ်သမားပါတီ၊ ပြည်သူ့ အင်အားပါတီ၊ အခြေခံ လူတန်းစားဘဝမြင့်မားရေး ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ပြည်သူ့အကျိုးပြု ကျောင်းသားများ ပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ၈၈ မျိုးဆက်ဒီမိုက ရေစီပါတီ တို့လည်း ပါဝင်ပြီး စုစုပေါင်း ၁၉ ပါတီ ဖြစ်သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ယာယီ ဥက္ကဋ္ဌ ဦးမျိုးညွန့်က “ကျနော်တို့ တွေ့ရှိချက်တွေက သူ (UEC)ပေးထားတဲ့ ကတိနဲ့ ညီညွတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ယုံကြည်တဲ့အတွက်၊ အခိုင်အမာ သက်သေအထောက်အထားတွေနဲ့ တွေ့ မြင်ရတဲ့အတွက် သမ္မတကြီးဆီကို တိုင်ကြားစာ ပေးပို့ခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံတွင် သမ္မတ ဟူသည့် နိုင်ငံဥသျှောင် တည်ရှိနေပြီး ၎င်းသည် UEC အပါအ ဝင် ကော်မရှင်များ၊ ကော်မတီများကို ခန့်အပ်ထားရှိကြောင်း၊ သမ္မတအနေဖြင့် ၎င်းကို အပ်နှင်းထားသည့် တာဝန်ဝတ္တရား များအတိုင်း တိတိကျကျ ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောဆိုသည်။

၎င်းတို့ တပါတီတည်း အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို UEC ထံ သီးသန့် တိုင်ကြားထားခြင်း မရှိဘဲ တာဝန်ယူ ဦးဆောင်ပြုလုပ်မည့် USDP နှင့် နိုင်ငံရေးပါတီ ၁၆ ပါတီက စုဆောင်းထားသော လူသက်သေ၊ စာရွက်စာတမ်း အထောက်အထား သက်သေများနှင့်တကွ ပူးတွဲပေးပို့ထားခြင်းသာ ရှိကြောင်း ဦးမျိုးညွန့်က ပြောသည်။

ရွေးကောက်ပွဲ တခု၏ တရားမျှတမှု ရှိ မရှိ၊ Free and Fair ဖြစ် မဖြစ် ဆုံးဖြတ်ရာ၌ တရက်တည်း ကြည့်၍မရဘဲ နောက် ဆုံး ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို မည်ကဲ့သို့ သုံးသပ် ဆုံးဖြတ်သွားမည်လဲ ဆိုသည်အထိအောင် ကြည့်ရ မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာများကိုလည်း ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း USDP ဥက္ကဋ္ဌ ဦးသန်းဌေး ကလည်း ထုတ်ဖော် ပြောဆိုထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

၁၉ ပါတီ၏ အိတ်ဖွင့်ပေးစာ၌ ၂၀၂၀ ရွေးကောက်ပွဲတွင် မလိုလားအပ်သော တရားမဲ့ပြုကျင့်မှုများစွာ ဖြစ်ပေါ်စေခဲ့သဖြင့် လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ သမာသမတ် ကျသော ရွေးကောက်ပွဲတခု အဖြစ် သတ်မှတ်၍ မရ နိုင်ကြောင်း၊ ကော်မရှင်၏ မျှတမှု မရှိသည့် ဆောင်ရွက်မှု၊ ဆုံးဖြတ်မှု၊ ကြီးကြပ်မှုများကြောင့် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများ အပါအဝင် နိုင်ငံသားတိုင်း တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု အခွင့်အရေးများ ဆုံးရှုံးနစ်နာနေရကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကမူ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မှု ရှိရမည်၊ တရားမျှတမှုရှိရမည်၊ ပွင့်လင်းမြင်သာမှု ရှိရမည်၊ အများ ယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်း ဖြစ်ရမည် ဟူသည့် စံ (၅) ချက်နှင့်ညီအောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံမီဒီယာနှင့် အင်တာဗျူးတွင် ထည့်သွင်း ပြောဆိုထားသည်။

“တချို့နိုင်ငံရေး ပါတီတွေက ကျနော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည် မရှိဘူးလို့ ပြောဆိုတာ တွေ ရှိပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ လွတ်လပ်စွာ ဝေဖန်ပြောကြားခွင့်ရှိတဲ့အတွက် ဒီဟာကိုတော့ လက်ခံပါတယ်။ မှန်ခြင်း၊ မမှန်ခြင်းကတော့ ပြည်သူက အဆုံးအဖြတ် ပေးသွားမှာပါ” ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ၁၁၁၇ ဦး၏ ရလဒ်များကို ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ရာ ယင်းရလဒ်များသည် ပြည်သူ့ဆန္ဒနှင့် တထပ်တည်းကျ၊ မကျဆိုသည်ကို မဲဆန္ဒရှင် ပြည်သူများကပဲ အဆုံးအဖြတ်ပေးရန်လည်း ဦးလှသိန်းက မေတ္တာရပ်ခံခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့်ကြားက၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်သည့်အပေါ် အနောက်နိုင်ငံနှင့် အာရှနိုင်ငံအချို့က ကြေညာချက်များ ထုတ်ပြန်ကာ အသိအမှတ်ပြု ချီးကျူးဂုဏ် ပြုမှုများ ပြုလုပ်ခဲ့သည်။

တိုင်းနှင့် ပြည်နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို ခြုံကြည့်ပါက လွတ်လပ်မျှတသည်ဟု ပြောနိုင်ကြောင်း ပြည်တွင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့ကလည်း မှတ်ချက် ပြုသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၈၀ ကျော် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး တသီးပုဂ္ဂလ ၄ ဦး အပါအဝင် နိုင်ငံရေးပါတီက ၁၉ ပါတီမှ ကိုယ်စားလှယ်များသာ အနိုင်ရရှိခဲ့သည်။

ပြည်သူ့ လွှတ်တော်တွင် ၃၁၅ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၆၁ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ၆၁၂ ဦး၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်၂၉ ဦး၊ စုစုပေါင်း ၁၁၁၇ ဦး၏ ရလဒ်များ ကြေညာခဲ့ရာတွင် လက်ရှိ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၉၂၀ ဦးဖြင့် အများဆုံး အနိုင်ရရှိခဲ့ပြီး USDP က ၇၁ ဦး အနိုင်ရ ရှိခဲ့သည်။

You may also like these stories:

FPNCC က ရွေးကောက်ပွဲအနိုင်ရသည့် NLD ကို ဂုဏ်ပြု သဝဏ်လွှာပို့

ဒိုင်လူကြီးအနေနဲ့ ရွေးကောက်ပွဲကော်မရှင် ဆက်ပြီး လုပ်ဆောင်သင့်တာတွေ

NLD ဘာကြောင့် သောင်ပြို ကမ်းပြို နိုင်ခဲ့သလဲ

Your Thoughts …
Tags: UECUSDPနိုင်ငံရေး ပါတီရွေးကောက်ပွဲ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

Next Post
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်လာရန် ရေပန်းစားနေသူများ

ဧရာဝတီဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေကြသူများ

နေပြည်တော်တွင် တွေ့ ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း / ထက်နိုင်ဇော် / ဧရာဝတီ

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဒုတိယ သမ္မတ ဖြစ်လာဖွယ် ရှိ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved