• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

Guns N’ Rose မလိုချင်တဲ့ ပြည်တွင်းစစ်

by ညီညီစံ
31 December 2015
in Lifestyle
A A
Guns N’ Roses, Civil Wars, Rock ဂီတ,

Guns N’ Roses အဖွဲ့သားများ

3.2k
VIEWS
Share on FacebookShare on Twitter

၁၉၈၄ မှာ Hollywood Rose အဖွဲ့က ရစ်သမ် ဂစ်တာတီးတဲ့ Izzy Stradlin နဲ့ L.A Guns အဖွဲ့က လိဒ်ဂစ်တာသမား Tracii တို့ဟာ လော့အိန်ဂျယ်လိစ် မြို့ရဲ့ တိုက်ခန်းတခုမှာ အတူနေခဲ့ကြတယ်။ တနေ့မှာ Tracii က L.A Guns အဖွဲ့မှာ အဆိုတော် တယောက် လိုအပ်နေတယ်လို့ ပြောလာတဲ့အတွက် Izzy က သူ့သူငယ်ချင်း ဖြစ်တဲ့ အဆိုရှင် Axl Rose နဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။ ၁၉၈၅ မှာတော့ အဲဒီနှစ်ဖွဲ့ ပေါင်းမိသွားပြီး Guns N’ Roses အဖွဲ့ စတင်ဖြစ်ပေါ်ခဲ့ တယ်။ Hollywood Rose အဖွဲ့က Rose နဲ့ L.A Guns အဖွဲ့မှ Guns တို့ကိုယူပြီး Guns N’ Roses လို့ အမည်ပေးခဲ့ခြင်း ဖြစ်တယ်။

စတင်ဖွဲ့စည်းချိန်မှာ လိဒ်ဂီတာကို Tracii Guns ၊ ရစ်သမ်ကို Izzy Stradlin ဘေ့စ်ဂစ်တာ Ole Beich၊ ဒရမ် Rob Gardner နဲ့ အဆို Axl Rose တို့ ပါဝင်ခဲ့ကြတယ်။ အဖွဲ့ဖွဲ့ပြီး သိပ်မကြာခင်မှာဘဲ လိဒ်သမား Tracii Guns ဟာ ပျက်ကွက်မှုတွေ များလာတာကြောင့် သူ့နေရာမှာ အကျော်အမော် ဂစ်တာသမားဖြစ်လာမယ့် Slash ကို အစားထိုးခဲ့ ပါတယ်။ မူလ ဘေ့စ်ဂစ်တာသမား Ole နေရာမှာ Duff McKagan နဲ့ ဒရမ်မာ Rob နေရာမှာ Steven Adler တို့ကို လည်း အစားထိုး လဲလှယ်ခဲ့တယ်။ အဲဒီအဖွဲ့သားတွေဟာ (Guns N’ Roses) ရဲ့ ကျော်ကြားတဲ့ Album များကို ၁၉၉၀ ပတ်ဝန်းကျင် နှစ်များဆီအထိ အတူလက်တွဲ ဖန်တီးခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာ နောက်ဆုံးထုတ်ဝေခဲ့တဲ့ Chinese Democracy Album မှာတော့ အဆိုရှင် Axl Rose ကလွဲလို့ ကျန်တဲ့ ဂစ်တာသမားတွေ အကုန်လုံး အပြောင်းအလဲ ဖြစ်သွားပါတယ်။
အဖွဲ့ရဲ့ ပထမဆုံး Album ကို ၁၉၈၇ မှာ Appetite For Destruction ကို ထုတ်ဝေခဲ့ပြီး ၁၉၈၈ မှာ GN’R Lies ကို ထုတ်ဝေပါတယ်။ အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံးဖြစ်တဲ့ Use Your Illusion နှစ်ချပ်တွဲ Album ကို ၁၉၉၁ မှာ ထုတ်ဝေပါတယ်။ Use Your Illusion Album သွင်းချိန်မှာ ဒရမ်သမား Steven Adler ဟာ မူးယစ်ဆေးဝါး ပြဿနာ ကြောင့် အဖွဲ့က ထုတ်ပယ်ခဲ့ရပြီး Matt Sorun ကို အစားထိုးခဲ့တယ်။ Album ရဲ့ လိုအပ်ချက်အရ ကီးဘုတ်သမား Dizzy Reed ကိုလည်း ခေါ်ယူခဲ့တယ်။

အဆိုတော် Axl Rose က သူတို့ရဲ့ဂီတကို Queen, AC/DC နဲ့ The Rolling Stones အဖွဲ့တွေရဲ့ အငွေ့အသက်တွေ လွှမ်းမိုးမှု ရှိခဲ့ကြောင်း ပြောပြပါတယ်။ ဂီတပညာရှင်တွေ ကတော့ Guns N’ Roses အဖွဲ့ ပေါ်လာတာဟာ Rock ဂီတ ဘယ်တော့မှ မသေဆုံးဘဲ ရှေ့ဆက်သွားနေတယ် ဆိုတာ သက်သေပြလိုက်တာပဲလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

သူတို့ သီချင်းတွေဟာ ပေါက်ကွဲတဲ့ သံစဉ်တွေ၊ ပွင့်လင်းမြင်သာတဲ့ စာသားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဂစ်တာသမား Slash ရဲ့ ခံစား သက်ဝင်မှု အားကောင်းပြီး ထူးခြားတဲ့ ပုံစံနဲ့ တီးခတ်ဟန် အပြင် Axl Rose ရဲ့ သိမ်မွေ့ပြင်းထန်တဲ့ ဆိုဟန်တွေ ကြောင့်လည်း လူကြိုက်များ ထင်ရှားလာခဲ့ခြင်း ဖြစ်ပါတယ်။

Use Your Illusion Album ကြောင့် အကောင်းဆုံး Rock ဂီတအဖွဲ့ဆုကို ၁၉၉၃ မှာ ရရှိခဲ့ပြီး Album မှာ ပါဝင်တဲ့ ကမ္ဘာကျော် November Rain သီချင်းဟာ အကောင်းဆုံး ဂီတ ဗီဒီယိုဆုကို ၁၉၉၂ မှာ ရရှိခဲ့ပါတယ်။ သူတို့ရဲ့ သီချင်းများစွာ ထဲကမှ ကျနော် ကြိုက်နှစ်သက်တဲ့ Use Your Illusion II မှာပါဝင်တဲ့ Civil War သီချင်းကို တင်ပြ လိုက်ပါတယ်။ မူရင်းစာသားက အတော်ရှည်လျားတာကြောင့် ဆီလျော်အောင် ဘာသာပြန်ဆိုထားမှုကိုပဲ ဖော်ပြလိုက်ပါရစေ။

ပြည်တွင်းစစ်
(ကြည့်လိုက် ခင်ဗျားတို့ရဲ့ လူငယ်တွေ တိုက်ပွဲဝင်နေတယ်
ကြည့်လိုက် ခင်ဗျားတို့ရဲ့ အမျိုးသမီးတွေ ငိုကြွေးနေတယ်
ကြည့်လိုက် ခင်ဗျားတို့ရဲ့ လူငယ်တွေ သေဆုံးနေတယ်
အရင်တုန်းက အတိုင်းပေါ့ …)

(ကြည့်လိုက် ကျနော်တို့ မွေးမြူနေတဲ့ အမုန်းတရားတွေ
ကြည့်လိုက် ကျနော်တို့ သွတ်သွင်းနေတဲ့ အကြောက်တရားတွေ
ကြည့်လိုက် ကျနော်တို့ ဖြတ်သန်းနေရတဲ့ ဘဝတွေ
အရင်တုန်းက အတိုင်းပဲပေါ့ …)

(ဘုရားသခင်အတွက်  ချစ်ခြင်းမေတ္တာနဲ့ ငါတို့ရဲ့ လူ့အခွင့်အရေး အတွက်
ပြီးတော့ အားလုံးဟာ သွေးစွန်းလက်တွေနဲ့ ဘေးတွန်းခံလိုက်ရတယ်
အချိန်က မငြင်းနိုင်ပါဘူး
ပြီးတော့ မျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ ဆေးကြောခံလိုက်ရတယ်
ပြီးတော့ သမိုင်းဟာ ငါတို့ပြည်တွင်းစစ်တွေရဲ့ အလိမ်အညာတွေကို ဖုံးကွယ်ထားခဲ့ …)

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

(သင် လက်ပတ်အနက်ကို ဝတ်ဆင်ထားပါသလား
“ငြိမ်းချမ်းရေးသည် ထာဝရ” ဟု ဆိုသူကို သူတို့ ပစ်သတ်လိုက်ချိန်
ကျနော့်ရဲ့ ကနဦး မှတ်ဉာဏ်ထဲမှာ သူ့ကို “ကနေဒီ” ကို ပစ်သတ်လိုက်တဲ့ အချိန်
ကျနော် နားလည်လိုက်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့
ဒါကြောင့်လည်း ဗီယက်နမ်စစ်ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့
Wall of D.C က ကျနော်တို့ကို သတိပေးနေတယ်
လွတ်မြောက်မှုဟာ သင့်လက်ထဲမှာမရှိခင် ယုံကြည်မရ
အားလုံးဟာ သူတို့ရဲ့ လွတ်မြောက်တဲ့နယ်မြေ အတွက် တိုက်ခိုက်နေရချိန်
(သင့်ရဲ့ ပြည်တွင်းစစ်ကို ငါမလိုချင်ဘူး
အဲဒါဟာ ချမ်းသာတဲ့သူတွေကို ကျွေးမွေးပြီး ဆင်းရဲတဲ့ သူတွေကို မြှုပ်နှံနေတယ်
သင်ရဲ့ အာဏာ ဆာလောင်မှု အတွက် စစ်သားတွေကို
ကုန်စုံဆိုင်မှာ ရောင်းသလို ရောင်းနေတယ်
လူပါးဝလွန်းတယ် သင့်ရဲ့ ပြည်တွင်းစစ်ကို မလိုချင်ဘူး)

(ကြည့်လိုက် သင်ဖြည့်နေတဲ့ ဖိနပ်တွေ
ကြည့်လိုက် ငါတို့ရဲ့ ထွက်နေတဲ့သွေးတွေ
ကြည့်လိုက် ငါတို့သတ်နေတဲ့ ကမ္ဘာ
အရင်တုန်းက အတိုင်းပဲ
ကြည့်လိုက် ငါတို့လူးလိမ်ခဲ့တဲ့ သံသယတွေ
ကြည့်လိုက် ငါတို့နောက်လိုက်လုပ်ခဲ့တဲ့ ခေါင်းဆောင်တွေ
ကြည့်လိုက် ငါတို့မျိုခဲ့ရတဲ့ အလိမ်အညာတွေ
ငါတို့ထပ်မကြားချင်ဘူး
(ငါ့ရဲ့ လက်တွေကို ချည်နှောင်ထားခဲ့
ငါမြင်ခဲ့ရသမျှတွေဟာ ငါ့စိတ်ကို ပြောင်းလဲစေခဲ့
ဒါပေမယ့်လည်း စစ်ပွဲတွေဟာ ဆက်နေဆဲ နှစ်တွေနဲ့အတူ
ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနဲ့ လူ့အခွင့်အရေးဆိုတာ နတ္တိနဲ့
ဘာကြောင့်လဲဆို အဲဒီအိပ်မက်အားလုံးဟာ စိတ်ပြုစားခဲ့ရသူရဲ့
သွေးစွန်းလက်တွေနဲ့ ဘေးတွန်းခံလိုက်ရလို့ပဲ
သူဟာ လူသတ်ကားတိုင်ကို သယ်ဆောင်လာတဲ့သူပဲ
ပြီးတော့ သမိုင်းဟာ ပြည်တွင်းစစ်တွေရဲ့ အမာရွတ်ကြီးတွေကို သယ်ဆောင်ခဲ့ရ)

စစ်ပွဲနောက်ထပ်တခု မလိုချင်တော့ဘူး
စစ်ပွဲဆိုတာ လူ့ယဉ်ကျေးမှုနဲ့ ဘာဆိုင်လို့လဲ—။

သီချင်းကို ရေးဖွဲ့တဲ့သူတွေကတော့ အဆိုတော် Axl Rose, လိဒ်ဂစ်တာသမား Slash နဲ့ဘေ့စ်သမား Duff McKagan တို့ပဲ ဖြစ်ပါတယ်။ သီချင်းရဲ့ အဓိကသံစဉ်ကို Slash က ရှာထားခဲ့တာဖြစ်ပြီး Instrumental အနေနဲ့ ပထမဆုံး နယ်လှည့် ဖျော်ဖြေပွဲကတည်းက တီးခတ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းကျမှ Axl Rose က သံစဉ်ကို ကြိုက်နှစ်သက် တဲ့ အတွက် စာသားကို စတင်ရေးသားခဲ့ပြီး Duff ကပါ ပါဝင် ရေးသားထားခြင်း ဖြစ်ပါတယ်။ Duff က သူ ကလေးဘဝ တုန်းက သူ့မိခင်နဲ့ အတူ ငြိမ်းချမ်းရေး အတွက် စီတန်းလှည့်လည် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးပြီး အဲဒီတုန်းက မျက်မြင် အတွေ့အကြုံတွေကို သီချင်းထဲမှာ ထည့်သွင်း ရေးသားထားခဲ့ကြောင်း ပြောပြပါတယ်။

သီချင်း အဖွင့်မှာပါတဲ့  စကားပြောသံ တွေဟာ (၁၉၆၇) ခုနှစ်က Cool Hand Luke ဆိုတဲ့ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း စကားသံတွေကို ထည့်သုံးတာ ဖြစ်ကြောင်း Axl Rose က ပြောပါတယ်။

သီချင်းဟာ စစ်ဆန့်ကျင်ရေး သီချင်းဖြစ်ပြီး သီချင်းရဲ့ အနှစ်သာရကတော့ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ စစ်အားလုံးဟာ ပြည်တွင်းစစ်ပဲ ဖြစ်တယ်၊ ဘာကြောင့်လဲ ဆိုတော့ လူသားအားလုံးဟာ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ သူတွေဖြစ်တဲ့ အတွက် ဘယ်စစ်ပွဲ မဆို ကမ္ဘာမြေရဲ့ ပြည်တွင်းစစ်ပါပဲလို့ Guns N’ Rose က ဆိုလိုခြင်း ဖြစ်ပါတယ်။ တရားမျှတမှု မရှိတဲ့ ဥပဒေတွေ ရှိနေတာ၊ တန်းတူညီမျှမှုတွေ မရှိတာ၊ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာ၊ အမုန်းတရား အကြောက်တရားတွေ ရှိနေတာ၊ အာဏာကို အလွဲသုံးစားလုပ်တာ အားလုံးဟာလည်း ပြည်တွင်းစစ်ကို ဖြစ်စေတဲ့ စေ့ဆော်မှုတွေပဲ ဖြစ်တယ်လို့ Guns N’ Roses က ဒီသီချင်းနဲ့ မီးမောင်းထိုးပြ ထားပါတယ်။

သမိုင်းမှာ အမှားကျူးလွန်ခဲ့တဲ့ သူတွေဟာ သမိုင်းမှာ ဖျောက်ဖျက် မရတဲ့ အမာရွတ်တွေ အဖြစ် ကျန်နေခဲ့မှာပဲလို့ သီချင်းက ပြောပြထားပါတယ်။ ငြိမ်းချမ်းခြင်းနဲ့ လွတ်လပ်ခြင်းရဲ့ အာသီသကိုလည်း သီချင်းထဲမှာ အတိုင်းသား တွေ့ရ ပါလိမ့်မယ်။    ။

(ဂစ်တာသမား Slash ကို အရမ်းကြိုက်တဲ့ THE UGLY BAND မှ ညီငယ်ဇော်မင်းသိန်းအတွက် အမှတ်တရ။)

Your Thoughts …
Tags: Music
ညီညီစံ

ညီညီစံ

Contributor

Similar Picks:

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.2k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

by မြတ်သူအောင်
15 August 2013
14.3k

ဒီသီချင်းကို ရေးတဲ့ ခံစားချက်ကတော့ ပြည်သူလူထုရဲ့ ခံစားချက်ပါပဲ။ အဓိက ဖြစ်တဲ့ စိတ်ကတော့ ဘာမှမရှိဘဲ လက်နက်မဲ့ ကိုယ့် အခွင့်အရေး ကိုယ် တောင်းဆိုနေတဲ့ ပြည်သူ လူထုကြီး လက်ထဲကို တခုခု ထည့်ပေးချင်တာပါ

ထူးအိမ်သင်

ကိုငှက် (သို့) ထူးအိမ်သင် သို့ အမှတ်တရ အလွမ်းများ

by ညီညီစံ
13 June 2014
7.2k

လူ့လောကကြီးဟာ ရောက်လာတဲ့သူတွေ၊ ရှိနေတဲ့သူတွေ၊ ထွက်ခွာသွားတဲ့ သူတွေနဲ့ အမြဲသက်ဝင် လှုပ်ရှား နေဆဲပါ။ လူအမျိုးမျိုး သွားလာလှုပ်ရှား ထွက်ခွာနေတဲ့ လောကကြီးမှာ လူတချို့ဟာ လွမ်းလောက်စရာ အပြုအမူတွေ၊ သတိရစရာ၊ မမေ့နိုင်စရာ

ဆိုတေး သတိပြန်လည်ပြီ

ဆိုတေး သတိပြန်လည်ပြီ

by နဒီထိုက်
16 August 2013
13.1k

ခေါင်းခါတယ်၊ ခေါင်းညိတ်တာ လောက်ပဲ ရှိတယ်။ သေချာ မသိ သေးဘူး။ ဒီကိစ္စကိုလည်း ကောင်းကောင်း ကြီး သတိမရသေးတော့ ပြောလို့မရသေးဘူးပေါ့။ သတိရခဲ့ရင်တောင် ချောချော သေတာ ဘယ်ပြောလို့ဖြစ်မလဲ

ခိုင်ထူး, စိုးလွင်လွင်, ချစ်ပြုံးစီခြယ်, Bass ခင်မောင်သန်း, Iron Cross Band, Symphony Band,

ချစ်ပြုံးစီခြယ်ခဲ့တဲ့ စိုးလွင်လွင်

by ညီညီစံ
3 January 2015
14.8k

တကယ်တော့ စိုးလွင်လွင်ဟာ သူချစ်တဲ့ တေးသီချင်းတွေနဲ့ လောကကြီးကို အပြုံးပန်း စီခြယ်ခဲ့သူ မဟုတ်ပါလားခင်ဗျာ။

တေးရေး ကေအေတီ ဈာပနအခမ်းအနား ကျင်းပ ပြီးစီး

တေးရေး ကေအေတီ ဈာပနအခမ်းအနား ကျင်းပ ပြီးစီး

by ဧရာဝတီ
3 June 2013
14.7k

အသက် ၄၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တေးရေး ကေအေတီဟာ နှလုံးမှာ ပြွန်တချောင်း အစားထိုး ကုသခဲ့ရဖူးသူ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက နှလုံးရောဂါ ဝေဒနာ ခံစားနေရသူ...

Next Post
Huawei, Mobile, Event

Huawei Customer Service Center အသစ် ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ဖွင့်လှစ်

IT , Phone

Selfie ကင်မရာအရည်အသွေး ကောင်းမွန်တဲ့ ဈေးနှုန်းချို နှစ်ကတ်ထိုး OPPO Neo7 စမတ်ဖုန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved