• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

လူငယ်တွေ ခရီးသွားရင် ဘယ်လိုပစ္စည်းတွေကို မပါမဖြစ် ယူဆောင်သွားကြလဲ

by ယုမွန်ကျော်
28 December 2016
in Lifestyle
A A
/ dishasblogdiaries.blogspot.com

/ dishasblogdiaries.blogspot.com

20.8k
VIEWS
Share on FacebookShare on Twitter

ဒီအချိန်ကတော့ တနှစ်တာလုံး ပင်ပန်းနွမ်းနယ်သမျှကို စိတ်အပန်းဖြေ ခရီးထွက်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ နှစ်သစ်ကူး ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေနဲ့ ပြည့်နေတဲ့ ဒီဇင်ဘာလအတွင်းမှာ ခရီးထွက်ကြသူတွေ တနှစ်ထက် တနှစ် ပိုပိုပြီးလည်း များလာသလို လူငယ်တွေကြားမှာ ခရီးသွားခြင်းဟာ Trend တခုအဖြစ် ခေတ်စားနေပါပြီ။ Social Network ပေါ်မှာလည်း ခရီးသွားအလှပုံတွေ သ့ူထက်ငါ အပြိုင်အဆိုင် တင်နေကြတာကလည်း အားကျစရာတခုလို ဖြစ်နေပါတယ်။ ဒီဇင်ဘာလို အေးချမ်းတဲ့အချိန်မှာ ခရီးထွက်ကြတဲ့လူငယ်တွေအဖို့ ခရီးသွားတဲ့အခါမှာ ဘာတွေ ယူဆောင်သွားဖို့ လိုအပ် မလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဒီဘက်ခေတ်မှာတော့ ခရီးသွားကြတဲ့အခါ ဟိုးအရင်ကလို ပစ္စည်းအများကြီး သယ်ဆောင်သွားစရာတော့ မလိုတော့ ပါဘူး။ နေရာတိုင်းမှာ မိမိလိုချင်တဲ့ပစ္စည်းကို အလွယ်တကူ ဝယ်ယူရရှိနေနိုင် တာကြောင့်လည်း ပါပါတယ်။ အခု နောက်ပိုင်း ခရီးထွက်ကြတဲ့ လူငယ်တွေကြားမှာတော့ ခရီးထွက်တဲ့အခါ မရှိမဖြစ် မပါမဖြစ် ယူဆောင်သွားကြတဲ့ ပစ္စည်းတွေကတော့ မျက်မှန်၊ မာဖလာ၊ ဦးထုပ်၊ Ear Phone၊ ကင်မရာ၊ Power Bank ၊ Selfie Stick နဲ့ ဖုန်း စတာတွေပဲ ဖြစ်တယ်လိို့ သိရပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
569
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
487

ခရီးထွက်ရင် ဘာတွေသယ်ဆောင်သွားဖြစ်တယ်ဆိုတာနဲ့ ပတ်သက်လို့ လူငယ်ပရိသတ်ကြားမှာ အောင်မြင်နေတဲ့ အဆိုတော် ဇွဲပြည့်က “ခရီးသွားရင် မပါမဖြစ်ယူသွားဖြစ်တာက ကျနော့်ရဲ့ ဖုန်းရယ် Ear Phone ရယ်ပါ။ အင်္ကျီ အဝတ်အစားကိုလည်း ခရီးသွားရင် ရိုးရိုးပေါ့ပေါ့ပါးပါးလေးတွေပဲ ဝတ်သွားဖြစ်တယ်။ ရှူးဖိနပ်တရံ၊ တီရှပ်၊ ဘောင်းဘီတိုရယ် ဒါဆို ရပြီ၊ အေးတဲ့နေရာသွားရင်တော့ အနွေးထည်လေးတွေ ယူသွားဖြစ်တယ်” လို့ ဧရာဝတီကို ဆိုပါတယ်။

ဆက်လက်ပြီး ခရီးသွားတဲ့အခါ သူကြိုက်နှစ်သက်တဲ့ နေရာဒေသကတော့ ကမ်းခြေဒေသဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒီလိုအချိန်မှာ လူငယ်တွေအကြား အများဆုံးသွားတဲ့နေရာဒေသတွေကတော့ ကမ်းခြေနဲ့ တောင်ပေါ်ဒေသ တွေဖြစ်ပါတယ်။ ခရီးမကြာခဏသွားဖြစ်ပြီး ခရီးသွားလုပ်ငန်းကိုပါ စိတ်ဝင်တစားလုပ်ကိုင်ချင်တယ် ဆိုတဲ့ မဖြူဖွေးကတော့ “ခရီးကို အဓိကပ င်လယ်ကမ်းခြေဘက်ကို သွားကြတာများတယ်။ အခုလောလောဆယ်တော့ ကျိုက်ထီးရိုးဘုရားဖူးက ပြန်လာတာပါ။ ခရီးသွားရင် အဓိက မျက်မှန်၊ မာဖလာ၊ ဖုန်း၊ နားကြပ်၊ ဦးထုပ်တွေကို မပါမဖြစ်ယူသွားဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ကမ်းခြေသွားမယ်ဆိုရင်တော့ ကမ်းခြေစတိုင်လ် ဖက်ရှင်တွေ ဝတ်စားဆင်ယင်ဖို့အတွက် မိန်းကလေးဆိုရင် ဦးထုပ် ပြန့်ပြန့်ကားကား ပုံစံမျိုး ယူဆောင်သွားမယ် ဆိုရင် ဖက်ရှင်လည်း ကျတဲ့ အပြင် နေလောင်ဒဏ်ကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် ကမ်းခြေမှာ အသားအရေ မပျက်စီးရလေအောင် နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးမယ့် SPF ၁၅ ဆ အနည်းဆုံးပါဝင်တဲ့ Sun Block တွေ ယူဆောင်သွားဖို့လည်း တိုက်တွန်းချင်ပါတယ်။

တောင်ပေါ်ဒေသ အေးမြတဲ့နေရာကိုသွားရောက်လည်ပတ်မယ်ဆိုရင်တော့ အသားအရေအတွက်က အသားလှဆီ ဒါမှမဟုတ် Moisturizing Lotion ဒါမှမဟုတ် Cream တခုခု ယူဆောင်သွားရမှာပါ။ အေးချမ်းတဲ့နေရာဒေသမှာ ဖက်ရှင်အတွက် အဝတ်အစားထူထူလှလှတွေဝတ်ပြီး ရှိုးထုတ်ပဲများ အလှဓာတ်ပုံတွေရိုက်လို့ ကောင်းတဲ့အချိန်လည်း ဖြစ်ပါတယ်။ ခြေအိတ်၊ လက်အိတ်တွေ ထည့်သွားမယ်ဆိုရင်လည်း အအေးဒဏ်ကို ခံနိုင်ပြီး ဖက်ရှင်လည်း ဖြစ်စေပါတယ်။

မိသားစုနဲ့ ခရီးထွက်တဲ့ လူငယ်တွေလည်းရှိကြသလို သူငယ်ချင်း မိတ်ဆွေတွေနဲ့ ခရီးထွက်ကြတဲ့သူတွေလည်း ရှိကြပါတယ်။ လူငယ်အဆိုရှင် ပိုပိုဟေသာက အဲ့ဒါနဲ့ ပတ်သက်လို့ “ညီမကတော့ ခရီးတွေကို မိသားစုနဲ့ရော ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ရော ထွက်ဖူးပါတယ်။ သူငယ်ချင်းတွေနဲ့ကျတော့ လူငယ်ဆန်တဲ့ လွတ်လပ်တဲ့ အတွေ့အကြုံကို ခံစားရပါတယ်။ မိသားစုနဲ့ကျတော့လည်း တူတူပါပဲ။ မိဘနဲ့ကျတော့ ပိုပြီး လုံခြုံရပြီး ပျော်ဖို့ကောင်းတယ်။ နှစ်ခုစလုံး တော့ ကြိုက်ပါတယ်” လို့ ဆိုပါတယ်။

ခရီးသွားဖြစ်တဲ့အခါမှာ ဘယ်လိုပစ္စည်းလေးတွေ သယ်ဆောင်သွားလေ့ရှိတယ်ဆိုတာကို ပိုပိုဟေသာက ဆက်ပြီး “အေးတဲ့ဒေသကို သွားမယ်ဆိုရင် မာဖလာ၊ အနွေးထည်ကို မပါမဖြစ်ယူတယ်။ သွားဖူးတဲ့ ခရီးတွေထဲမှာ ဒီနှစ်အတွင်း ကပဲသွားခဲ့တဲ့ တောင်ကြီးခရီးစဉ်ပါ မိသားစုရော သူငယ်ချင်းတွေရော ပါခဲ့တဲ့အတွက် အရမ်းကို ပျော်စရာကောင်းပြီး အမှတ်တရတွေ ဖြစ်စေခဲ့ပါတယ်” လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကို ပြောင်းလဲ ရောက်ရှိဖို့အချိန် နီးကပ်လာတဲ့အခါ နှစ်သစ်မှာ စိတ်သစ်နဲ့ အရာရာကို အသစ်ကနေ ပြန်စနိုင်ဖို့ ခရီးတွေသွားရောက်ကြတာရှိသလို၊ တချို့ကလည်း စိတ်ဖိစီးမှုတွေလျော့ချနိုင်ဖို့အတွက် တနှစ်ကို တခေါက် ပုံမှန်ခရီးထွက်ကြသူတွေ၊ အပျော်ခရီးထွက်ကြသူတွေ ရှိကြပါတယ်။

ဘယ်လိုအကြောင်းကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ခရီးထွက်ပေးခြင်းဟာ လူတယောက်ရဲ့စိတ်ထွက်ပေါက် တခုအဖြစ် သာမက ကောင်းမွန်တဲ့ အမြင်၊ အလုပ်အကိုင်တွေကို ဖြစ်ပေါ်စေတာတော့ အမှန်ပါပဲ။ ဒါကြောင့် ဧရာဝတီ လူငယ် စာဖတ်ပရိသတ်တွေ အနေနဲ့ ခရီးထွက်မယ် ဆိုရင် ဘယ်လိုပစ္စည်းမျိုးတွေ ယူဆောင်သွားလေ့ရှိသလဲ ယူဆောင် သွားသင့် သလဲ ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။    ။

Your Thoughts …
Tags: Travel
ယုမွန်ကျော်

ယုမွန်ကျော်

​Copy Editor

Similar Picks:

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်များ

by ချစ်ဖေ (တောင်တွင်းမြေ)
3 September 2017
16.7k

ကမ္ဘာ့နေရာအနှံ့မှာ ရှိနေတဲ့ အမြင့်ဆုံး တောင်ကြော၊ တောင်ကြားတွေဆီကနေ စီးဆင်းကျရောက်နေတဲ့ ရေတံ ခွန်တွေအကြောင်းပဲ ဖြစ်ပါတယ်။

/ သီဟတိုး /  ဧရာဝတီ

မလေးရှား Kota Kinabalu ကျွန်းမြို့သို့ အလည်တခေါက်

by သီဟတိုး
31 October 2016
8.4k

ကမ်းခြေမှာတော့ ထုံးစံအတိုင်း နေပူဆာခံသူကခံ၊ ရေကူးသူကကူး၊ ရေငုပ်ပြီး ငါးတွေကြည့်တဲ့သူက ကြည့်နဲ့ တကယ့်ကို Paradise ပါပဲ။ Manukun ကျွန်းလေးက ကျနော်တို့ မြန်မာနိုင်ငံမှာဆို မြိတ်ကျွန်းစုလို ဒေသလေးပါ

သရေခေတ္တရာပျူမြို့ဟောင်းအတွင်း ဆင်စီး၍ လှည့်လည်ကြည်ရှု့နိုင်တော့မည်

သရေခေတ္တရာပျူမြို့ဟောင်းအတွင်း ဆင်စီး၍ လှည့်လည်ကြည်ရှု့နိုင်တော့မည်

by ဧရာဝတီ
30 December 2016
30.3k

ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)မှ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိ အမှတ် ပြုထားသည့် ပြည်မြို့ သရေခေတ္တရာ ပျူမြို့ဟောင်းသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း ပြည်ပ ခရီး သည်များ အနေဖြင့် ရှေးဟောင်းဇုန်အတွင်းရှိနေရာများကို ဆင်စီး၍...

ပဲခူးရိုးမရှိ ပေါ်လန်ကြီး ဆင်စခန်း / ကောင်းမြတ်မင်း / ဧရာဝတီ

ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမယ့် ပဲခူးရိုးပေါ်က ပေါ်လန်ကြီးဆင်စခန်း

by ကောင်းမြတ်မင်း
29 December 2016
69.9k

အရင်ကတော့ ပဲခူးရိုးမတကျောဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ကြီးစိုးခဲ့ရာ ဒေသဖြစ်ပြီး၊ နောက်ပိုင်း ပါတီဗဟို ပြိုကွဲပြီးနောက် ၁၉၇၅ခုနှစ်နောက်ပိုင်းမှာ သစ်ထုတ်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ် လုပ်ဆောင်ခဲ့ရာမှာ ပေါ်လန်ကြီး၊ ပေါ်လန်လေး စတဲ့စခန်းတွေဟာ သစ်ထုတ်လုပ်ရေးအဖွဲ့တွေ အခြေချရာဖြစ်ပါတယ်

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

အပန်းဖြေခရီးအတွက် ရွေးချယ်ရမယ့် ဈေးအကြီးဆုံး အပျော်စီးသင်္ဘောများ

by ချစ်ဖေ (တောင်တွင်းမြေ)
12 August 2017
12.1k

နွေရာသီ အပန်းဖြေခရီးထွက်မယ်ဆိုရင် အကောင်းဆုံး သွားလာသင့်တဲ့ပင်လယ်ပြင်ခရီးအတွက် ဈေး အ ကြီးဆုံးနဲ့ အကောင်းဆုံး အပျော်စီးသင်္ဘောများအကြောင်းပဲ ဖြစ်ပါတယ်။

ရှေးဟောင်းမြို့တော် ပုဂံ (မြန်မာ)၊ Kashgar မြို့ဟောင်း (တရုတ်)၊ ကမ္ဘာ့အံ့ဖွယ်စာရင်းမှာ နံပါတ် (၈) ချိတ်တဲ့ Angkor Wat ဘုရားကျောင်း (ကမ္ဘောဒီးယား)

အာရှရဲ့အဆန်းကြယ်ဆုံးစာရင်းမှာ ပါရှိလာတဲ့ ပုဂံ

by ချစ်ဖေ (တောင်တွင်းမြေ)
4 June 2017
16.8k

သွားရောက်လည်ပတ်ဖို့ အကောင်းဆုံး အာရှတိုက်ရဲ့အဆန်းကြယ်ဆုံးစာရင်းမှာ မြန်မာနိုင်ငံရဲ့ပထမဆုံးမြို့ တော် ပုဂံ ပါဝင်လာသလို အခြား သွားရောက်လေ့လာလည်ပတ်ဖို့ အကောင်းဆုံးနေရာ ၁၀ ခုကို ရှာဖွေတင်ပြလိုက်ပါတယ်။

Next Post
အင်းဝမြို့ဟောင်း / ဇော်ဇော် / ဧရာဝတီ

တန်ဖိုးရှိသော အဟောင်းများ

ရေရှားပါးသည့် ဒေသများအတွက် MPT ၏ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” စတင်

ရေရှားပါးသည့် ဒေသများအတွက် MPT ၏ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” စတင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate