• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဂေးအလှမယ် မျိုးကိုကိုစန်းကို အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ၆၆ (ဃ) နဲ့ တရားစွဲ

by သီဟတိုး
18 January 2017
in Lifestyle
A A
ဂေးလ်အလှမယ် မျိုးကိုကိုစန်း / မျိုးကိုကိုစန်း / Facebook

ဂေးလ်အလှမယ် မျိုးကိုကိုစန်း / မျိုးကိုကိုစန်း / Facebook

46.7k
VIEWS
Share on FacebookShare on Twitter

Miss International Queen Myanmar 2014 ဂေးလ်အလှမယ် မျိုးကိုကိုစန်းကို ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည် (ခေါ်) ကစ်ကစ်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပြီး ဒီကနေ့ သူ့ကို ထိန်းသိမ်းထားတဲ့ ရန်ကင်းမြို့နယ် ရဲစခန်းကနေ ရန်ကင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ယမန်ယူတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က MAI လေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ပြန်လာတဲ့ ဂေးအလှမယ် မျိုးကိုကိုစန်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရပ်ဝတ်နဲ့ လူ ၄ ဦးက စစ်ဆေးစရာရှိတယ်ဆိုပြီး ရန်ကင်းရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မျိုးကိုကိုစန်းကို ရဲစခန်းက ခေါ်တယ်ဆိုတာတော့ မသိဘူး။ ဒီနေ့ တရားခွင်မှာ ရောက်နေတယ်ဆိုလို့ မိတ်ဆွေ တယောက်အနေနဲ့ ကူညီပေးဖို့ လာခဲ့တယ်။ တခြားသိရတာတော့ သူနဲ့ အတူတူ ဘန်ကောက်ကနေ ပြန်လာတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့အတူ လေဆိပ်မှာ Immigration ဖြတ်ပြီးသွားပြီ။ အထုတ်ရွေးနေတုန်း အရပ်ဝတ်နဲ့ လူ ၄ ယောက် ရောက်လာပြီး သူ့ကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်လို့ မျိုးကိုကိုစန်းက ပြောတယ်။ ပြီးတော့ သူ့ဖုန်းကို စက်ပိတ်လိုက်တယ်လို့လည်း ပြောတယ်။ သူ့ကို ဝတ်မှုန်ရွှေရည်က ၆၆(ဃ) နဲ့ တရားစွဲထားတယ်လို့ သိရတယ်” လို့ မျိုးကိုကိုစန်းရဲ့အရေးကိစ္စကို လိုက်လံဆောင်ရွက်ပေးနေတဲ့ မိတ်ဆွေဖြစ်သူ ရှင်းသန့်က ဧရာဝတီကို ပြောပါတယ်။

ရန်ကင်းရဲစခန်းမှာ အမှုဖွင့်တာကတော့ Facebook မှာ Cele Cele Small Page ရဲ့ Admin ဟာ မျိုးကိုကိုစန်းဖြစ်ပြီး သူ့ကို အဲ့ဒီ လူမှုကွန်ရက် စာမျက်နှာမှာ မဟုတ်မမှန် ရေးသားသူအဖြစ် တရားစွဲဆိုခံထားရတယ်လို့ မျိုးကိုကိုစန်းရဲ့ မိတ်ဆွေဖြစ်သူ ရှင်းသန့်ရဲ့ပြောပြချက်အရ သိရပါတယ်။

တရားရုံး ယမန်ယူချိန်မှာ မျိုးကိုကိုစန်းရဲ့လျှောက်တင်ချက်ကတော့ သူဟာ အဆိုပါ Cele Cele Small Facebook Page ရဲ့Admin မဟုတ်ကြောင်း၊ သူ့ကို လေဆိပ်မှာ စစ်မေးစရာရှိလို့ဆိုပြီး လူ ၄ ဦးမှ ခေါ်ဆောင်သွားကြောင်းနဲ့ ယခုလို သက်သေခိုင်ခိုင်လုံလုံမရှိဘဲ သူ့ကို ဖမ်းဆီးခွင့်ရှိပါသလားလို့ လျှောက်တင်ခဲ့ကြောင်း ရှင်းသန့်က ပြန်လည် ပြောပြ ပါတယ်။

ယခု အမှုမှာ မျိုးကိုကိုစန်းကို ဆက်သွယ်ရေး ဥပဒေပုဒ် ၆၆ (ဃ) နဲ့ တိုင်ကြားထားတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ရန်ကင်း ရဲစခန်းမှာ မျိုးကိုကိုစန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ လကုန် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ယမန် ၂ ပတ် ချုပ်နှောင်ရန် ရန်ကင်းတရားရုံးက ဆုံးဖြတ်ထားပြီး အဲဒီကာလအတွင်း မျိုးကိုကိုစန်းကို လိုအပ်တာတွေ စစ်ဆေးမေးမြန်း သွားမယ်လို့လည်း သိရပါတယ်။

“Cele Cele Small လို့ စွပ်စွဲပေမယ့် အဲဒီ Page ဟာ အခုချိန်ထိ ပို့စ်တွေတင်ပြီး အသက်ဝင်နေဆဲပဲ။ ပို့စ်တွေ စက္ကန့်မပြတ်၊ မိနစ်နဲ့ အမျှ တက်တယ်။ မျိုးကိုကိုစန်းသည် LGBT တယောက်ဖြစ်တယ်။ ဆိုတော့ မျိုးကိုကိုစန်းကို Admin လို့ စွပ်စွဲထားတော့ Admin ပေါင်း မြောက်မြားစွာတော့ ရှိနိုင်တာပါပဲ။ မိတ်ဆွေတယောက်အနေနဲ့ သူ အခုလို စွပ်စွဲခံရတာကို ဘယ်လို ခံစားချက်ရှိလဲဆိုတော့ သူ တရားခံ ဟုတ်တယ်ဆို ဒါ အပြစ်ကို ခံရမှာပေါ့။ သူ တရားခံ မဟုတ်ဘူးဆိုရင် ဒါ ကျမတို့ တရားဥပဒေစိုးမိုးမှုအရ အမှန်တရားပေါ်ပေါက်အောင် ကြိုးပမ်းသွားမှာပါ။ တရားဥပဒေ အထက်မှာတော့ ဘယ်သူမှ မရှိပါဘူး” လို့ ရှင်းသန့်က ဧရာဝတီကို ပြောပါတယ်။

တရားခွင် အဆုံးသတ်မှာတော့ မျိုးကိုကိုစန်းကို တရားသူကြီးအမျိုးသမီးမှ ယောကျာ်းလား ၊ မိန်းမလားမေးရာ
မျိုးကိုကိုစန်းက ယောကျာ်းဖြစ်ကြောင်း ဖြေကြားခဲ့ပြီး လက်ရှိမှာတော့ မျိုးကိုကိုစန်းကို ရန်ကင်း ရဲစခန်း အမျိုးသမီး အချုပ်ခန်းမှာ ယာယီ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မျိုးကိုကိုစန်းဟာ ၂၀၁၄ ခုနှစ်မှာ Miss International Queen Myanmar 2014 အလှမယ် သရဖူဆုကို ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ဂေးလ် အလှမယ်တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် – ဂေးအလှမယ် မျိုးကိုကိုစန်းရဲ့ ငယ်ဘဝ

Your Thoughts …
Tags: Rule of Law
သီဟတိုး

သီဟတိုး

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
ပုသိမ်အကျဉ်းထောင် / ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်ထောင် ဆူစေခဲ့သည့် အကျဉ်းသား ၄ ဦးကို ထောင်ဒဏ်များချမှတ်

ဇန်နဝါရီလ ၁၅ ရက်က အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် လူ ၅ ဦးကိုဖမ်းမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာတွင် ဖော်ပြထားစဉ် / တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး / Facebook

မောင်တောအကြမ်းဖက်မှုနှင့် ဆက်စပ်သူ ၁၁ ဦးကို ထပ်မံဖမ်းဆီးရမိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved