• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ညမီးရောင်စုံတွေကြား ပြန်စည်ကားလာတဲ့ ဝူဟန်မြို့

by Aurora
21 September 2020
in Coronavirus Update
A A
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပါတီပွဲတွေ၊ နိုက်ကလပ်တွေနဲ့ အရင်လို ပြန်စည်ကားနေပါပြီ။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပါတီပွဲတွေ၊ နိုက်ကလပ်တွေနဲ့ အရင်လို ပြန်စည်ကားနေပါပြီ။

42.1k
VIEWS
Share on FacebookShare on Twitter

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာတော့ အားလုံးနီးပါး အရင်လို ပုံမှန်ပြန် လည်ပတ်နေပါပြီ။ ဝူဟန်မြို့၊ ပင်လယ်စာဈေးကနေ စတင်ကူးစက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့တဝှမ်းမှာ ယနေ့အချိန်ထိ ကူးစက်မှုတွေ မြင့်တက်နေဆဲပါ။

ကူးစက်မှု ဗဟိုချက်စခဲ့ရာ ဝူဟန်မြို့မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ မရှိတာ မေလလောက်တည်းကပါ။ ဒါကြောင့်လည်း အလုပ်တွေ၊ ကျောင်းတွေ ပြန်ဖွင့်ခဲ့သလို၊ ပါတီပွဲတွေနဲ့ Nightclub တွေကြောင့်လည်း အရင်လို ပြန်လည် စည်ကားနေပါပြီ။

မီဒီယာတွေမှာ ဖော်ပြချက်တွေအရ တရုတ်အစိုးရဟာ ဝူဟန်မြို့မှာ နေထိုင်တဲ့ ဒေသခံ ၁၁ သန်းကျော်ကို ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ တရုတ် တနိုင်ငံလုံးနီးပါး COVID-19 ရောဂါ ကူးစက်မှုအသစ် မရှိတာကြောင့် နိုင်ငံတွင်း လေကြောင်းသွားလာခွင့်တွေကို ကပ်ရောဂါကြီးနောက်ပိုင်း ကန့်သတ်ချက်တွေ ဖြေလျှော့ပြီး ခွင့်ပြုပေးနေပါတယ်။

သြဂုတ် ၁၅ ရက်၊ ဝူဟန်မြို့က Water Park မှာ Electronic Music Festival ပွဲတော်ကြီးရဲ့ ပုံရိပ်တွေ ဆိုရှယ် မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာတဝှမ်း ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ပါတီပွဲ တက်ရောက်ဆင်နွှဲသူ ၃,၀၀၀ ကျော်ဟာ နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသလို၊ တယောက်နဲ့ တယောက် ပုခုံးချင်း ထိတိုက်နေတဲ့ထိ ရေထဲမှာ စည်းချက်သံစဉ်နဲ့အတူ ကခုန်နေကြတာပါ။

ပြန်လည် စည်ကားလာပြီဖြစ်တဲ့ ဝူဟန်မြို့ရှိ နိုက်ကလပ်တွေကို ဖွင့်လှစ်ပေးလိုက်ပြန်ပါပြီ။ ဥရောပတိုက်နဲ့ အာရှတိုက်က နိုင်ငံတော်တော်များများ အခုချိန်ထိ ဆိုင်တွေကို ပိတ်ထားရသလို၊ နိုက်ကလပ်တွေကိုလည်း ကူးစက်မှုအသစ်တွေကြောင့် ကန့်သတ်ထားရဆဲ အခြေအနေပါ။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့ရာ ဝူဟန်မြို့ရဲ့ ညမီးရောင်စုံတွေနဲ့ စည်ကားနေတဲ့ ကလပ်တွေမှာ ပါတီပွဲ ကျင်းပနေကြပါပြီ။ မီဒီယာတွေမှာ ဖော်ပြနေတဲ့ပုံတွေအရ နိုက်ကလပ်တွေမှာ ပျော်မြူးနေကြသူတွေဟာ Social distancing အရ ခပ်ခွာခွာ မနေကြသလို၊ အကာအကွယ် Mask တပ်ထားမျိုးလည်း မတွေ့ရပါဘူး။

တရုတ်အစိုးရကတော့ နိုင်ငံအတွင်းမှာ COVID-19 ကူးစက်မှုအသစ် မရှိတာ ရက်ပေါင်း ၃၃ ရက် ကြာသွားပြီလို့ ဆိုပါတယ်။ ဝူဟန်မြို့မှာတော့ မေလလောက်တည်းကစပြီး ကူးစက်မှု အသစ်တွေ ထပ်မံ မတွေ့ရတော့တာပါ။

နိုင်ငံတကာက ဝေဖန်မှုတွေများနေတဲ့ ပါတီပွဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်မီဒီယာတွေကတော့ ဒါဟာ ကူးစက်မှု နောက်ပိုင်း ပုံမှန်ဘဝကို ပြန်ရောက်နေပြီဆိုတာ ပြသလိုက်သလို၊ စီးပွားရေး ပြန်လည်ဦးမော့လာတော့မယ်လို့ ရေးသားကြပါတယ်။

ဝူဟန်မြို့ဟာ မေလတည်းကစလို့ ကူးစက်မှုအသစ်တွေ မရှိတော့ဘဲ အများဆုံး စံချိန်တင် စစ်ဆေးမှုအဖြစ် နေထိုင်သူ ၁၁ သန်းကိုလည်း ရောဂါစစ်ဆေးပေးခဲ့တာကြောင့် လက်ရှိအချိန်မှာ ခရီးသွားဧည့်သည်တွေ အတွက် လုံခြုံစိတ်ချစွာ သွားလာနိုင်တဲ့နေရာတခုပါလို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

Ref: India Times 

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
127
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
309

You may also like these stories:

အာဂျင်တီးနားမှာ ကိုဗစ် တကျော့ပြန် ကူးစက်မှုကြောင့် သေဆုံးသူ မြင့်တက်

ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံး ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံ

ကိုဗစ်ကြောင့် အောက်တိုဘာနဲ့ နိုဝင်ဘာအတွင်း ဥရောပမှာ လူသေဆုံးမှု ပိုများနိုင်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်တရုတ်နိုင်ငံဝူဟန်မြို့
Aurora

Aurora

Contributor

Similar Picks:

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

by စွယ်တော်
22 December 2025
5.3k

ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲလုပ်သည်။ ထိုင်းနှင့် တရုတ် အရာရှိကြီးများကိုလည်း ဖိတ်ကြားပြီး ဖြိုချဖျက်ဆီးထားသော KK Park သို့ ခေါ်ပြခဲ့သည်။

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

by အောင်ဇော်
7 January 2026
3.1k

ခြုံငုံပြောရလျှင် မြန်မာပြည်သူများသည် မှောင်မိုက်သော ငါးနှစ်တာကို ဖြတ်သန်းပြီးနောက် ယခုထက် ပိုမိုကောင်းမွန်သော အခြေအနေနှင့် ထိုက်တန်ပါသည်။

၂၀၂၂ ခုနှစ်က မိုင်းလားတွင် MNDAA တပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ်  /  ကိုးကန့် မီဒီယာ

မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်

by Bertil Lintner
21 January 2023
10.7k

ထိုသို့ ရှုပ်ထွေးသောအခြေအနေတွင် မြန်မာစစ်တပ်နှင့် ပဋိပက္ခ၌ MNDAA ပါဝင်လာသည်မှာ ယခုအချိန်သည် ပထမဆုံးအချိန်မဟုတ်သည်ကို မှတ်မိသင့်သည်။

၂၀၁၉ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် Invest Myanmar Summit ၏ ရန်ကုန်တိုင်းပြခန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာကြည့်စဉ် / NYDC

ရန်ကုန်မြို့သစ်စီမံကိန်း စစ်ကောင်စီ ပြန်စချင်လည်း တရုတ်မျက်နှာ ကြည့်နေရ

by ဧရာဝတီ
31 March 2022
18.2k

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ၏ ဒါရိုက်တာအဖွဲ့ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၁ ရက်တွင် လူသစ်များဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည်။

ဘုန်းတော်ကြီး ဒလိုင်းလားမား နေထိုင်ခဲ့ဖူးရာ Potala Palace

တရုတ်နိုင်ငံမှာရှိတဲ့ ထူးထူးခြားခြား နေရာများ

by ညီညီသူ
6 March 2019
6.7k

တရုတ်နိုင်ငံဟာ စူးစမ်းလေ့လာစရာတွေ ပေါများပြီး အံ့သြဖွယ်ကောင်းတဲ့ တိုင်းပြည် တပြည်ပါ။ တရုတ်နိုင်ငံမှာဆိုရင်တော့ အင်မတန်ရှေးကျတဲ့ အဆောက်အဦတွေအပြင် လှပတဲ့ ရှုခင်းတွေ ပြည့်နှက်နေပါတယ်။

တရုတ်နိုင်ငံ

တရုတ်နိုင်ငံကို အလည်သွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

by ညီညီသူ
22 March 2019
9.1k

ATM စက်တွေကိုတော့ အဓိကကျတဲ့ မြို့ ကြီးတွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး ခရီးသွားတွေ အသွားအလာများတဲ့ ဒေသတွေမှာတော့ နိုင်ငံတကာ အသုံးပြုနိုင်တဲ့ ATM စက်တွေကို တွေ့ရခက်ခဲနိုင်ပါတယ်။

Next Post
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်စဉ် / စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး / facebook

Quarantine စင်တာအတွင်း မူးယစ်ရမ်းကားသူများ ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

၂၀၂၀ ခုနှစ် မေလအတွင်းက ရွှေပြည်သာစက်မှုဇုန်အတွင်း ခွဲစိတ်ခန်းသုံး ဝတ်ရုံများ ချုပ်နေသော အလုပ်သမားများ / အောင်ကျော်ထက်

ကိုဗစ်ကပ်ရောဂါကာလ အလုပ်သမားအခွင့်အရေး ပိုကာကွယ်ရန် လိုအပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved