• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

မလေးရှားမှာ အစုလိုက် ကူးစက်မှုတွေကြောင့် ကိုဗစ် ကူးစက်နှုန်း စံချိန်တင်မြင့်တက်

by Aurora
24 November 2020
in Coronavirus Update
A A
မလေးရှားနိုင်ငံမှာ ကိုဗစ် ကူးစက်မှုတွေ နေ့စဉ် စံချိန်တင် မြင့်တက်နေပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ် ကူးစက်မှုတွေ နေ့စဉ် စံချိန်တင် မြင့်တက်နေပါတယ်။

16.8k
VIEWS
Share on FacebookShare on Twitter

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ် ကူးစက်မှုတွေ စံချိန်တင် မြင့်တက်လာပါတယ်။ လုပ်ငန်းခွင် အစုလိုက် ကူးစက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ကူးစက်ခံ အရေအတွက် များလာတာပါ။

နိုဝင်ဘာ ၂၃ ရက်နေ့က ၂၄ နာရီအတွင်း စံချိန်တင် ကူးစက်မှုအဖြစ် ၁,၈၈၄ ဦး ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံတွင်း COVID-19 ကူးစက်မှုတွေ စတင်ခဲ့တဲ့နောက်ပိုင်း နေ့စဉ် ကူးစက်မှုနှုန်း အများဆုံးဖြစ်တယ်လို့ ကျန်းမာရေးဌာန အကြီးအကဲ Noor Hishman Abdullah က ဆိုပါတယ်။

အခုဆိုရင် မလေးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် စုစုပေါင်း ၅၆,၆၅၉ ဦး ရှိလာပါပြီ။ သေဆုံးသူ အရေအတွက် ၃၃၇ ဦး ရှိပါပြီ။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ Klang Valley မှာရှိတဲ့ လုပ်ငန်းခွင် အစုလိုက် ကူးစက်မှုတွေကြောင့် ကူးစက်မှုနှုန်း မြင့်တက်လာတာလို့ ဆိုပါတယ်။

မလေးရှားကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်းက Selangor ပြည်နယ်မှာ ကူးစက်မှုအသစ် ၁,၂၀၃ ခု ရှိလာပြီး ကူးစက်မှုတွေထဲက ၁,၀၆၀ ဟာ the Teratai လုပ်ငန်းခွင်နဲ့ ဆက်စပ်နေတာပါ။

နောက်ထပ် လုပ်ငန်းခွင် ကူးစက်မှုတွေထဲမှာ Damanlela က ၁၀၅ ခု နဲ့ Bintang က ၇၅ ခု လုပ်ငန်းခွင် အစုလိုက်ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ Sabah ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၂၈၉ ခုရှိသလို မြို့တော် ကွာလာလမ်ပူမှာတော့ ၁၉၆ ခု ရှိခဲ့ပါတယ်။

ပြည်ပက ပြန်လာသူတွေထဲမှာလည်း ကူးစက်နေသူတွေ ပါလာသလို၊ လက်ရှိမှာ ရောဂါပြင်းထန်ခံစားနေရသူ ၁၁၅ ဦးရှိပြီး ၄၈ ဦးကိုတော့ အောက်စီဂျင် ထောက်ကူပေးထားရတယ်လို့ ဒေါက်တာ Noor Hishman က ပြောပါတယ်။

စက်ရုံအလုပ်သမား ၁,၈၈၉ ဦးထိ COVID-19 ကူးစက်ခံထားရပြီးနောက် Top Glove စက်ရုံ ၃၀ ကျော်ထဲမှာ ၂၈ ရုံကို ပိတ်သိမ်းလိုက်တယ်လို့ ဝန်ကြီး Ismail Sabri Yaako က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် စက်ရုံဝန်ထမ်း ၅,၇၉၄ ဦးကိုလည်း စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

Top Glove ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရာဘာလက်အိတ် ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး ကပ်ရောဂါကာလအတွင်း ဆေးဘက်သုံး လက်အိတ်နဲ့ ကာကွယ်ရေးပစ္စည်းတွေ ထုတ်လုပ်နေတာကြောင့် အကျိုးအမြတ် စံချိန်တင် ရနေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

ယခင်အပတ်က Top Glove စက်ရုံတွေနဲ့ ဆက်စပ်နေတဲ့ နေရာတွေကို နိုဝင်ဘာ ၃၀ ရက်ထိ ၁၄ ရက်ကြာ ကန့်သတ်ထိန်းချုပ်ထားဖို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကြောင့် စက်ရုံဝန်ထမ်း ၅,၇၀၀ ကျော် ၄ ပုံ ၁ ပုံကျော်လောက် ထိခိုက်မှု ရှိခဲ့တယ်လို့ စက်ရုံဘက်က ဆိုခဲ့ပေမယ့် ထုတ်လုပ်မှုပိုင်း အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောကြားသွားခြင်း မရှိပါဘူး။

Ref: CNA

You may also like these stories:

Oxford နဲ့ AstraZeneca တို့ ထုတ်လုပ်မယ့် တန်ဖိုးနည်း ကိုဗစ် ကာကွယ်ဆေးသစ်

ရန်ကုန်တိုင်း ရွေး/ကော်အဖွဲ့ဝင်များနှင့် မဲရုံတာဝန်ကျ ၈၀ ကျော် ကိုဗစ်ကူးစက်ခံရ

ဟောင်ကောင်မှာ ဝင်ငွေနည်း ကိုဗစ် ကူးစက်ခံရသူတွေကို ထောက်ပံ့ကြေးပေးမည်

Your Thoughts …
Tags: ကိုဗစ် ကူးစက်မှုစံချိန်တင်မလေးရှားလုပ်ငန်းခွင်အစုလိုက်
Aurora

Aurora

Contributor

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

by ဧရာဝတီ
6 February 2025
6.4k

အထူးသဖြင့် အကြမ်းဖက်မှုတွေက အမျိုးသားကနေ အမျိုးသမီးအပေါ်ဖြစ်စေ၊ အမျိုးသားအချင်းချင်း ဖြစ်စေ၊ အမျိုးသမီးအချင်းချင်းဖြစ်စေ မရှိဖို့လိုတာပေါ့။ အဓိကက လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းအကောင်အထည် ဖော်မှု ချောမွေ့ ဖို့ရယ်၊ စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်လေးစားမှုအပြည့်နဲ့ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ ယူဆတယ်။

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

ပြည်သူကို အားနာလာပြီ

ပြည်သူကို အားနာလာပြီ

by ဧရာဝတီ
2 February 2025
4.2k

ပထဝီနိုင်ငံရေး၊ အစဉ်အလာ အိမ်နီးချင်းဆက်ဆံရေး၊ ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ အင်အား ကြီး နိုင်ငံအဖြစ်နဲ့ တရုတ်က ဆူပါပါဝါဖြစ်လာတဲ့အခါ လက်တွေ့နိုင်ငံရေးမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြုံတွေ့နေရတာ ဖြစ်တယ်။ တဖက်မှာ ကျမတို့မှာက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အရဆိုရင် နိုင်ငံငယ်...

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

by ဧရာဝတီ
23 January 2024
4.1k

အော်ပရာဇီစစ်ဆင်ရေးဖြင့် အဖမ်းခံခဲ့ရသော သရုပ်ဆောင် အေမီဈာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါ အဝင် မြန်မာနိုင်ငံသားတချို့မှာ လက်ရှိတွင် စစ်ဆေးခံနေရဆဲဖြစ်ပြီး ၁ ပတ်ကျော်ကြာသည်အထိ ပြန် မလွတ်

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

by ဧရာဝတီ
17 July 2023
4k

ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း HRW က ထုတ်ဖော်ပြောဆိုလိုက်သည်။

Next Post
၂၀၁၅ ခုနှစ် ချိကျန်းပြည်နယ်တွင် ပြုလုပ်သော အင်တာနက်အိတ်စ်ပို ပြပွဲတွင် ရှီကျင်ဖျင့်အား ဂျက်မက ရှင်းလင်းတင်ပြစဉ်

ပါတီတွင် ရှီကျင့်ဖျင်၏ ထိန်းချုပ်မှု ခိုင်မာကြောင်း နယ်ပယ်စုံမှ ဖြိုခွဲမှုများက ပြသနေ

“မီ” ရုပ်ရှင်နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကား

“မီ” နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကား လာအို ရုပ်ရှင်ပွဲတော်မှာ ပြသရန် ရွေးချယ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved