• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

by Aurora
7 December 2020
in Coronavirus Update
A A
မြို့တော် မော်စကိုမှာ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံနေပြီ ဖြစ်ပါတယ်။

မြို့တော် မော်စကိုမှာ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံနေပြီ ဖြစ်ပါတယ်။

3.5k
VIEWS
Share on FacebookShare on Twitter

ရုရှားနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံးဖြစ်နေတဲ့ မြို့တော် မော်စကိုကနေစပြီး COVID-19 ကာကွယ်ဆေးတွေကို စတင်ထိုးနှံပေးနေပါပြီ။ သြဂုတ်လကတည်းက ရုရှားကျန်းမာရေးဌာနမှာ မှတ်ပုံတင်ထားခဲ့တဲ့ နိုင်ငံပိုင် Sputnik V ကာကွယ်ဆေးကို ထိုးနှံပေးသွားမှာပါ။

ကာကွယ်ဆေး ထုပ်လုပ်သူတွေရဲ့ လေ့လာ စမ်းသပ်ချက်တွေအရ ၉၅ ရာခိုင်နှုန်းထိ ထိရောက်မှု ရှိသလို၊ ဘေးထွက်ဆိုးကျိုး ကြီးကြီးမား မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိချိန်ထိလည်း ဆေးဝါးစမ်းသပ်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ပထမအသုတ် ထိုးမယ့် လူဦးရေ ထောင်ဂဏန်းကို စာရင်းကောက်ယူထားပြီး ဖြစ်ပေမယ့် ဆေးအရေအတွက် ဘယ်လောက်ထိ ထုတ်လုပ်နိုင်မယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ထုတ်လုပ်သူတွေကတော့ ဒီနှစ်အကုန်ပိုင်းမှာ ဆေး ၂ သန်းကျော်ထိ ထုတ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ဒီဇင်ဘာလဆန်းမှာ ကာကွယ်ဆေးထိုးနှံမယ့် အစီအစဉ်ကို ကြေညာခဲ့တဲ့ မော်စကိုမြို့တော်ဝန် Sergi Sobyanin က မြို့တော်မှာ နေထိုင်တဲ့ ကျန်းမာရေးနယ်ပယ်၊ Social worker တွေနဲ့ ကျောင်းဆရာ အစရှိတဲ့ ၁၃ သန်း လောက်ကို စတင်ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

ဆေးပမာဏ ပိုထုတ်လုပ်နိုင်မယ်ဆိုရင် ထိုးနှံပေးမယ့် ပမာဏကို ထပ်မံတိုးမြင့်သွားဖို့ ရှိပါတယ်။ ဖော်ပြခဲ့တဲ့ လုပ်ငန်းနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူ မော်စကိုမြို့သား အသက် ၁၈ နှစ်ကနေ ၆၀ ကြား ရှိသူတွေကို နေရာ ၇၀ လောက်ခွဲပြီး ဒေသစံတော်ချိန် မနက် ၈ နာရီကနေ ည ၈ နာရီထိ အခမဲ့ကြိုတင် ဘိုကင်တင်ထားနိုင်အောင် စီစဉ်ပေးထားပါတယ်။

ဒီထဲကမှ ရက် ၃၀ အတွင်း ဆေးထိုးကုသမှုခံယူထားသူ၊ ၂ ပတ်အတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါခံစားထားရသူ၊ ကိုယ်ဝန်ဆောင်သည်၊ နို့တိုက်မိခင်တွေနဲ့ နာတာရှည် ရောဂါအခံရှိသူတွေကို ထိုးနှံမယ့် စာရင်းထဲကနေ ဖယ်ထုတ်သွားမှာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံဖို့ အရည်ချင်းပြည့်မီသူတွေဟာ ၂ ကြိမ် ထိုးနှံရမှာဖြစ်ပြီး တကြိမ်နဲ့ တကြိမ်ကြား ၂၁ ရက်ခြားပြီး ထိုးနှံရမှာ ဖြစ်ပါတယ်။ မြို့တော် မော်စကိုမှာ နေထိုင်သူအချို့ကလည်း ကာကွယ်ဆေး ထိုးနှံပေးမယ့် အစီအစဉ်ကို ထောက်ခံသူ၊ မထောက်ခံသူဆိုပြီး ရောထွေးနေပါတယ်။

မော်စကိုမှာ နေထိုင်တဲ့ Igor Krivobokov က ကာကွယ်ဆေးထိုးနှံမှုကို ကြိုဆိုလိုက်ပြီး၊ ရောဂါကူးစက်မှုတွေ အခုထက် ပိုကျဆင်းသွားနိုင်လို့ သဘောကျကြောင်း ပြောကြားသွားပါတယ်။ ဒါပေမဲ့ Sergei Grishin ကတော့ ကာကွယ်ဆေးထိုးနှံဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပြန်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

“လူအများကြီးကို ကာကွယ်ဆေး ထိုးနှံနိုင်မယ့် ကိစ္စက အချိန်အများကြီး ယူရမှာပါ။ ကာကွယ်ဆေး နည်းနည်းလောက် ထုတ်နိုင်ရုံလေးနဲ့ မထိုးသင့်သေးပါဘူး။ လူတိုင်းကို ထိုးပေးနိုင်မှသာ အသက်ရှင်နိုင်ကြမှာပါ” လို့ သူ့ အမြင်ကို ပြောပြသွားပါတယ်။

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နေ့စဉ်ပျမ်းမျှ ၂၀,၀၀၀ ကျော်ရှိနေပြီး ဒီဇင်ဘာ ၅ ရက်က စံချိန်တင် ကူးစက်မှုအဖြစ် ၂၄ နာရီအတွင်း ၂၈,၇၈၂ ဦး ကူးစက်ခံရတာကြောင့် စုစုပေါင်းကူးစက်သူ ၂,၄၈၈,၉၁၂ ဦးရှိ လာကာ သေဆုံးသူပေါင်း ၄၃,၅၉၇ ဦး ရှိနေပါပြီ။

နိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးစက်ခံ ဗဟိုချက်ဖြစ်နေတဲ့ မြို့တော် မော်စကိုမှာတော့ တနေ့တည်း ကူးစက်မှုပေါင်း ၇,၉၉၃ ဦး ရှိပြီး၊ သေဆုံးသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။

Ref: BBC

You may also like these stories:

ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုလိုက်တဲ့ ဒုတိယမြောက်နိုင်ငံ ဘာရိန်း

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူပေါင်း ၆၅ သန်း ကျော်ပြီ

အမေရိကန်သမ္မတဟောင်း ၃ ဦး ကိုဗစ်ကာကွယ်ဆေးကို ဦးဆုံး ထိုးနှံပြမည်

Your Thoughts …
Tags: COVID-19Sputnik-Vကာကွယ်ဆေးမော်စကိုရုရှားနိုင်ငံ
Aurora

Aurora

Contributor

Similar Picks:

ဟစ်တလာ၏ နောက်ဆုံး အမိန့် (၂)

ဟစ်တလာ၏ နောက်ဆုံး အမိန့် (၂)

by လင်းယုန်မောင်မောင်
15 February 2025
1.8k

ဟစ်တလာသည် သူ့ကို ရုရှားတို့က အရှင်ဖြစ်စေ၊ အသေ ဖြစ်စေ ဖမ်းမိသွားမည်ကို အကြီးကျယ် စိုးရိမ် ထိတ်လန့် နေပုံများနှင့် သူ့ကို အရှင်လတ်လတ် ဖြစ်စေ၊ သေပြီးနောက် သူ့အလောင်းကိုပင် ဖြစ်စေ၊ ရုရှားတို့က…

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် / SoeLwin / Facebook

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူပိုများလာတယ်

by လဲ့လဲ့
26 December 2018
55.1k

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သောအခြေအနေများ၊ ကြိုတင်စစ်ဆေးနိုင်မှုများနှင့် ဓာတ်ရောင်ခြည် ကုသမှု၊ ခွဲစိတ်ကုသမှုအခြေအနေများ၊ သတိပြုရမည့်အချက်များနှင့်ပတ်သက်ပြီး ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်အား ဧရာဝတီသတင်း ထောက် လဲ့လဲ့မှ တွေ့ဆုံမေးမြန်းထားသည်။

စစ်ခေါင်းဆောင်ရဲ့  ရုရှားခရီးစဉ် ဘယ်သူတွေနဲ့ တွေ့ခွင့်ရမလဲ (ရုပ်/သံ)

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် ဘယ်သူတွေနဲ့ တွေ့ခွင့်ရမလဲ (ရုပ်/သံ)

by ဧရာဝတီ
7 May 2025
185

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ မတ်လ ၉ ရက်နေ့ ပြုလုပ်မယ့် ရင်ပြင်နီချီတက်ပွဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားမှုနဲ့ စစ်ခေါင်းဆောင် သွားရောက်ဖို့ ရှိတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။

ကမ္ဘာပေါ်က ရှားပါးပြီး ရေဘယ်တော့မှ မခဲတဲ့ရေ ၂၀ ရာခိုင်နှုန်းဟာ ရုရှားမှာ ရှိပါတယ်

ရုရှားနိုင်ငံအကြောင်း စိတ်ဝင်စားဖွယ်ရာ အချက် ၁၁ ချက်

by Crayon
14 December 2018
10.5k

ရုရှားနိုင်ငံမှာ အရက်နဲ့ဆက်စပ်ရောဂါတွေကြောင့် သေဆုံးသူဟာ တနှစ်ကို ၅၀၀၀၀၀ ကျော် ရှိပါတယ်။

Next Post
တန်းဖိုးမြှင့်ထုတ်ကုန် မထုတ်နိုင်ရင် တရုတ်စျေးကွက်ပျက်တိုင်း ရှုံးနေမှာပဲ (ရုပ်/သံ)

တန်းဖိုးမြှင့်ထုတ်ကုန် မထုတ်နိုင်ရင် တရုတ်စျေးကွက်ပျက်တိုင်း ရှုံးနေမှာပဲ (ရုပ်/သံ)

ရန်ကုန်တက္ကသိုလ် ရာပြည့်မှသည် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်ပေါ်ထွန်းရေးဆီသို့ (ရုပ်/သံ)

ရန်ကုန်တက္ကသိုလ် ရာပြည့်မှသည် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်ပေါ်ထွန်းရေးဆီသို့ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved