နိုင်ငံတခုချင်းစီတိုင်းမှာ စိတ်ဝင်စားဖွယ်ရာ အချက်အလက်၊ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေရှိကြပါတယ်။ အခုတခေါက်မှာတော့ ရုရှားနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်အလက်တွေကို ဗဟုသုတအနေနဲ့ သိရအောင် မျှဝေပေးလိုက်ပါတယ်။
(၁) ရုရှားလူမျိုး တယောက်ချင်းစီတိုင်းက တနှစ်မှာ အရက် ၁၈ လီတာ သောက်လေ့ ရှိပါတယ်တဲ့။ ရုရှားမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ၉ သန်းကျော် ပိုများပါတယ်။
(၂) ရုရှားနိုင်ငံမှာ အရက်နဲ့ဆက်စပ်ရောဂါတွေကြောင့် သေဆုံးသူဟာ တနှစ်ကို ၅၀၀၀၀၀ ကျော် ရှိပါတယ်။
(၃) ရုရှားက ပြတိုက်တခုမှာ ပြခန်းထဲက အနုပညာလက်ရာတွေကို စောင့်ရှောက်ဖို့ ကြောင်တွေကို ငှားရမ်းထားပါတယ်။
(၄) Vodka ဆိုတဲ့ စကားလုံးဟာ ရုရှားစကားလုံးဖြစ်တဲ့ Voda ကနေ လာပါတယ်။ Voda ရဲ့ အဓိပ္ပာယ်ကတော့ ရေပါတဲ့။
(၅) နေရပ်လိပ်စာ မသိရတဲ့ လျှို့ဝှက်မြို့တွေရုရှားမှာ အနည်းဆုံး ၁၅ ခုလောက် ရှိပါတယ်။
(၆) ရုရှားနာမည်ကြီး လူသတ်သမားတယောက်ဖြစ်တဲ့ Vladimir Nikolayev ဟာ သူ့သတ်ထားတဲ့သူတွေကို စားသောက်ပြီး ကျန်တဲ့အသားတွေ သူ့သူငယ်ချင်းတွေကို ဝေမျှပေးပါတယ်တဲ့။ ရုရှားမှာ နျူးကလီးယားလက်နက် ၈၄၀၀ ကျော် ရှိပါတယ်။ ဒါ့အပြင် ဘာသာပေါင်းစုံကို တနေရာတည်းစုစည်းထားတဲ့ ဘာသာရေးဘုရားကျောင်းလည်း ရှိပါတယ်။Vladimir Putin ရဲ့အဘိုးဖြစ်သူဟာ Stalin, Lenin နဲ့ Rasputin တို့ရဲ့ စားဖိုမှူးဖြစ်ဖူးပါတယ်။
(၇) Gay တွေအကြောင်း ကလေးတွေကို ပြောပြခြင်းက ရုရှားမှာ တရားမဝင်ပါဘူးတဲ့။အမေရိကက Alaska ကို ရုရှားဆီကနေ အမေရိကန်ဒေါ်လာ ၇ ဒဿမ၂ သန်းနဲ့ ၁၈၆၇ ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။ ညစ်ပတ်တဲ့ကားနဲ့ မြို့ပတ်မောင်းနေခြင်းက ရုရှားမှာ ပြစ်မှုတခုဖြစ်ပါတယ်။
(၈) ရုရှားလူမျိုး ၃ ပုံ ၁ ပုံက နေက ကမ္ဘာကို လှည့်ပတ်နေတယ်လို့ ယုံကြည်ကြပါတယ်။ Stalin က အမေရိကန် Cowboy ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ပါတယ်။
(၉) Joseph Stalin ရုရှားကို မအုပ်စိုးခင်က သူဟာ ဘဏ်ဓားပြတွေကို ကွန်မြူနစ်စနစ် သွတ်သွင်းဖို့ ငွေတွေ ထောက်ပံ့ပေးခဲ့ပါတယ်။
(၁၀) ကမ္ဘာပေါ်က ရှားပါးပြီး ရေဘယ်တော့မှ မခဲတဲ့ရေ ၂၀ ရာခိုင်နှုန်းဟာ ရုရှားမှာ ရှိပါတယ်။ ချမ်းသာတဲ့ရုရှားတွေဟာ Moscow မြို့က ကားလမ်းပိတ်တဲ့အန္တရာယ်ကို ရှောင်ရှားဖို့ လူနာတင်ယာဉ်အတုတွေ ငှားရမ်းလေ့ ရှိပါတယ်တဲ့။
(၁၁) ရုရှားက Karachay ရေကန်ဟာ ရေဒီယိုသတ္တုကြွတွေ အများဆုံး ထွက်ပြီး ကမ္ဘာမှာ အညစ်ညမ်းဆုံး ရေကန်တခုလည်း ဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုရင် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ရုရှားနိုင်ငံအကြောင် းသိလောက်ပြီ ထင်ပါတယ်။
Ref : www.factslides.com