• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

Australian Open ပြိုင်ပွဲဝင် ကစားသမားတွေ စီးလာတဲ့ လေယာဉ်မှာ ကိုဗစ် ကူးစက်မှုတွေ့

by Aurora
17 January 2021
in Coronavirus Update
A A
ကစားသမား ၄၇ ဦးဟာ လေယာဉ်ပေါ် အတူပါလာသူထံ COVID-19 ကူးစက်မှု တွေ့ရှိတာကြောင့် Quarantine ဝင်ရဖို့ ရှိနေပါတယ်။

ကစားသမား ၄၇ ဦးဟာ လေယာဉ်ပေါ် အတူပါလာသူထံ COVID-19 ကူးစက်မှု တွေ့ရှိတာကြောင့် Quarantine ဝင်ရဖို့ ရှိနေပါတယ်။

10.7k
VIEWS
Share on FacebookShare on Twitter

တင်းနစ် Grand Slam တွေထဲက ပထမဆုံး ကျင်းပလေ့ရှိတဲ့ သြစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကစားသမား ၄၇ ဦးဟာ လေယာဉ်ပေါ် အတူပါလာသူမှာ COVID-19 ကူးစက်ခံထားရတာကြောင့် ၁၄ ရက် Quarantine ဝင်ရဖို့ ရှိနေပါတယ်။

အမေရိကန်နိုင်ငံကနေ ပွဲကျင်းပမယ့် မဲလ်ဘုန်းကို ခရီးသည် ၇၉ ဦး လိုက်ပါလာတဲ့ သီးသန့် လေယာဉ်ပေါ်မှာ လေယာဉ်ဝန်ထမ်းတဦးနဲ့ ကစားသမား မဟုတ်တဲ့ ခရီးသည်တဦး COVID-19 ကူးစက်ခံထားရတာကို စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် အတူပါလာသူ ကစားသမား ၂၄ ဦးဟာ ၂ ပတ်ကြာ Quarantine နေရမှာ ဖြစ်ပါတယ်။

နောက်ထပ် သီးသန့် လေယာဉ်ခရီးစဉ်ကတော့ အဘူဒါဘီကနေ မဲလ်ဘုန်းကို ခရီးသည် ၆၄ ဦးတင်ဆောင် ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ ကစားသမား မဟုတ်တဲ့ ခရီးသည်တဦး COVID-19 ကူးစက်ထားကြောင်း တွေ့ခဲ့ရပြီးနောက် အတူပါလာသူ ကစားသမား ၂၃ ဦးဟာလည်း ၂ ပတ်ကြာ Quarantine နေရမှာ ဖြစ်ပါတယ်။

လေယာဉ် ၂ စင်းလုံးပေါ်က ကူးစက်ခံထားရသူ ၃ ဦးလုံးဟာ ၇၂ နာရီအတွင်း ဗိုင်းရပ်စ် ကင်းစင်ကြောင်း အထောက်အထား လက်မှတ် ပါရှိပေမယ့် မဲလ်ဘုန်းကို ဆိုက်ရောက်ချိန် စစ်ဆေးလိုက်စဉ် COVID-19 ကူးစက်ထားကြောင်း တွေ့ရှိခဲ့ကြတာပါ။

ပြိုင်ပွဲဝင် တင်းနစ်ကစားသမား ၄၇ ဦးလုံးဟာ ကူးစက်ခံထားရမှု မရှိပေမယ့် လေယာဉ်ပေါ် အတူပါလာသူ ကူးစက်မှုကြောင့် ၂ ပတ်ကြာ Quarantine နေထိုင်နေစဉ်အတွင်း လေ့ကျင့်ရေး ဆင်းခွင့်ပါ တားမြစ်ခံရမှာ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

သြစတြေးလျအိုးပင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့က COVID-19 ကူးစက်မှုကြောင့် ကစားသမားတွေအပါအဝင် လေယာဉ်ပေါ် ပါလာသူအားလုံး Quarantine နေထိုင်ဖို့ ဟိုတယ်ကို ပို့ဆောင်ပေးထားတယ်လို့ ထုတ်ပြန် ကြေညာပါတယ်။

၂၀၂၀ က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပင်းပြိုင်ပွဲ

COVID-19 ကူးစက်ခံထားရသူ အားလုံးလည်း အမြန်ဆုံးပြန်လည် ကောင်းမွန်ပါစေကြောင်း ဆုတောင်းပေးလိုက်တယ်လို့ Australian Open Tournament ဒါရိုက်တာ Craig Tiley က ပြောပြသွားပါတယ်။ ပါဝင်ယှဉ်ပြိုင်မယ့် ကစားသမားတချို့ Quarantine နေထိုင်ရမှာဖြစ်လို့ မူလစီစဉ်ထားတဲ့ ပြိုင်ပွဲအချိန်ကို ဖေဖော်ဝါရီ ၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ရပါတယ်။

ကစားသမား အများအပြားကတော့ မဲလ်ဘုန်းကို တိုက်ရိုက် သွားခဲ့ကြပေမယ့် ကမ္ဘာ့ထိပ်တန်း ကစားသမားတွေဖြစ်တဲ့ ရာဖေး နာဒယ်လ်၊ နိုဗက် ဂျိုကိုဗစ်၊ ဆီရီနာ ဝီလီယံတို့ကတော့ Adelaide ကို အရင်သွားရောက်ခဲ့တာဖြစ်လို့ ကူးစက်ခံထားရခြင်း မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကြီးမှာ တခြားနာမည်ကြီး ကစားသမားတချို့လည်း မပါဝင်လာနိုင်ကြပါဘူး။ ချန်ပီယံဟောင်း ရော်ဂျာ ဖက်ဒယ်ရာ ဒဏ်ရာကြောင့် မပါဝင်နိုင်သလို၊ ကမ္ဘာ့အဆင့် ၂၅ ဂျွန်အစ်စနာလည်း COVID-19 ကာလအတွင်း ခရီးသွားလာခွင့် ကန့်သတ်ချက်ကြောင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး။

ဗြိတိန်ကစားသမား အန်ဒီမာရေးကတော့ ဆေးစစ်ရာမှာ COVID-19 ကူးစက်ထားကြောင်း တွေ့ရှိရလို့ လန်ဒန်မြို့ နေအိမ်မှာ သီးသန့် ခွဲနေထိုင်နေပါတယ်။ အမျိုးသမီး ကမ္ဘာ့အဆင့် ၁၆ မက်ဒီဆင် ကီးစ် လည်း COVID-19 ကူးစက်ခံထားရတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်သွားပါတယ်။

Ref: news24

Your Thoughts …
Tags: Australian OpenQuarantineတင်းနစ်ကစားသမားလေယာဉ်အားကစားပြိုင်ပွဲ
Aurora

Aurora

Contributor

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

by ဧရာဝတီ
7 November 2024
5.4k

တိုက်ပွဲအတွင်း စစ်ကောင်စီသည် Y12 လေယာဉ်ဖြင့် ဗုံးအလုံးရာချီကြဲချနေသောကြောင့် မြို့တွင်း ပိတ်မိနေသည့်မြို့ခံများ ထွက်ပြေးလျက်ရှိကြောင်း

အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုလည်း လေယာဉ်ပေါ်တင်ခွင့် ကန့်သတ် ထားပါတယ်

လေယာဉ်နဲ့ ခရီးထွက်မယ်ဆို ခရီးဆောင်အိတ်ထဲ သယ်မလာဖို့ ကန့်သတ်ထားတဲ့ ပစ္စည်းများ

by Aurora
28 August 2018
28.5k

အရည်တွေဆို လေယာဉ်ဝမ်းဗိုက်ထဲထည့်မယ့် ခရီးဆောင်အိတ်ထဲ ထည့်ပါ။ ကိုယ်နဲ့ တပါတည်း သယ်ခွင့်ပေးထားတဲ့ အိတ်နဲ့ဆို အရည်အများကြီး သယ်ခွင့် မရှိပါဘူး။

စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

by ဧရာဝတီ
13 June 2025
451

မြန်မာစစ်တပ်ရဲ့ သမိုင်းမှာ ခေတ်အဆက်ဆက် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လေယာဥ်ပစ်ချခံရတယ်ဆိုတဲ့ ဖြစ်စဥ်ဟာ ရှားပါးတဲ့ ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ  / အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်း

Quarantine နေရာ ဝင်ရောက် တိုက်ခိုက်သူများကို အမှုဖွင့်တရားစွဲတင်

by ဒီလှိုင်းဝင်း
10 April 2020
69.3k

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်ရှိ အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်းရုံးတွင် ဖွင့်လှစ်ထားသော Facility Quarantine သတ်မှတ်နေရာသို့ ဝင်ရောက် တိုက်ခိုက်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်တရားစွဲတင်ထားကြောင်း ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်

အင်းယားလိတ်ဟိုတယ်ကို အဝင်အထွက်ပိတ်ပြီး လူ ၂၀၀ ကျော် Quarantine ထား

by အောင်သီဟ
1 April 2020
28.3k

ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ဝန်းအတွင်း လူ ၂၀၀ ကျော်ကို အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်ထားကြောင်း သိရသည်။

Next Post
ရေခဲတမျှ အေးတဲ့ ရေကန်မှာ ၁ မိနစ်ကျော်ကြာ ရေကူးပြခဲ့တဲ့ ရုရှားနိုင်ငံသူ

ကမ္ဘာ့စံချိန်တင်ဖို့ ဆိုက်ဘေးရီးယားက ရေခဲနေတဲ့ ကန်မှာ ရေကူးခဲ့တဲ့ ရုရှားနိုင်ငံသူ

လက်ရှိအချိန်ထိ နော်ဝေနိုင်ငံမှာ Pfizer-BioNTech ဒါမှမဟုတ် Moderna ကာကွယ်ဆေး ထိုးနှံပြီးသူ ၃၀,၀၀၀ ကျော် ရှိနေပါပြီ။

နော်ဝေမှာ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးနောက် သက်ကြီးပိုင်း ၁၃ ဦး သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved