• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းများကို ကိုယ်တိုင်ရေးသား သီဆိုနေတဲ့ မေလသံစဉ်

by ယုဖြူဟန်
14 May 2019
in Entertainment
A A
အဆိုတော် မေလသံစဉ်  / May La Than Zin's Facebook

အဆိုတော် မေလသံစဉ် / May La Than Zin's Facebook

8.2k
VIEWS
Share on FacebookShare on Twitter

Cover Song များသီဆိုပြီး ပရိသတ်ရဲ့အားပေးမှုရရှိခဲ့တဲ့ အဆိုတော် မေလသံစဉ်ကတော့ မကြာခင်မှာ သူမရဲ့ ဒုတိယမြောက် တကိုယ်တော်အခွေ ထွက်ရှိတော့မှာဖြစ်ပြီး ဒီအခွေထဲမှာတော့ ကိုယ်တိုင်ရေးသားထားတဲ့ စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းများ ပါဝင်သွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပုံမှန်အားဖြင့် စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းတွေ ရေးဖြစ်တာ များတယ်။ သီချင်းလေး နားထောင်တဲ့အချိန်မှာ စိတ်ဓာတ်ကျနေသူဖြစ်ဖြစ်၊ အားငယ်နေတဲ့သူဖြစ်ဖြစ် စိတ်ထဲမှာ တခုခုပျော်သွားရမယ်ပေါ့။ အဲဒီလိုစိတ်ဓာတ် ခွန်အားဖြစ်တဲ့ သီချင်းလေးတွေ ရေးဖြစ်တာများပါတယ်”လို့ အဆိုတော် မေလသံစဉ်က ပြောပါတယ်။

အသက် ငယ်ရွယ်သေးပေမယ့် သီချင်းများကို ကိုယ်တိုင်ဖန်တီး ရေးသားသီဆိုလေ့ရှိတဲ့ မေလသံစဉ်ကတော့ အသက်အရွယ်အရ စိတ်ဓာတ်ခွန်အားပေးတဲ့သီချင်းများကိုသာ ရေးသားဖြစ်တယ်လို့ ဆိုပါတယ်။

“အမြဲတမ်းတော့ ဘယ်သူကတော့ ပျော်နေမှာလဲနော်။ စိတ်ဓာတ်ကျနေတဲ့အချိန်တွေ၊ စိတ်ညစ်နေတဲ့အချိန်တွေ ရှိမှာပေါ့။ အဲဒီလိုအချိန်မှာ သီချင်းလေးတွေ နားထောင်ပြီး ပျော်ရတဲ့ ခံစားမှုမျိုးပေးချင်လို့ သီချင်းလေးတွေ ရေးဖြစ်တာပါ။ နောက်ပြီးတော့ သမီးက အချစ်သီချင်းတွေ မရေးတတ်ဘူး။ ကိုယ်တိုင်လည်းမခံစားဖူးဘူးဆိုတော့ စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းတွေပဲရေးဖြစ်တာပါ”လို့ မေလသံစဉ်ကပြောပါတယ်။

ဒုတိယမြောက်အခွေအတွက် သီချင်းများကို ပြင်ဆင်နေပြီး သူမကိုယ်တိုင် ရေးသားထားတဲ့ စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းများအပြင် တေးရေးဆရာ မင်းချစ်သူရဲ့ သီချင်းများနဲ့ စုစုပေါင်း ၁၀ ပုဒ်ခန့် ပါရှိမယ်လို့ သိရပါတယ်။

“သီချင်းနဲ့ ပတ်သက်ပြီးတော့ တကိုယ်တော်အခွေ စီစဉ်နေပါတယ်။ မိုးတွင်းလောက် ထွက်ဖြစ်မယ် ထင်တယ်။ အဓိကက ကိုယ်တိုင်ရေး သီချင်းလေးတွေပေါ့။ သမီးက သီချင်းရေးရတာလည်း ဝါသနာပါတော့ ကိုယ်တိုင်ရေး သီချင်းလေးတွေလည်း ပါမယ်။ ဆရာ မင်းချစ်သူ ရေးပေးတဲ့ သီချင်းတွေလည်း ပါပါတယ်” လို့ မေလသံစဉ်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ပထမအခွေဖြစ်တဲ့ “Celebrity” ဆိုတဲ့အခွေမှာ ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းများ ပါဝင်ခဲ့ပြီး အခုပြုလုပ်နေတဲ့ ဒုတိယမြောက်အခွေမှာတော့ အသက်အရွယ်အရ အသံပိုင်း ကွာခြားသွားမယ်လို့ ဆိုပါတယ်။

“အခွေကတော့ စလုပ်နေပါပြီ။ သီချင်းကတော့ ၁၀ ပုဒ်လောက် ပါပါမယ်။ဒုတိယမြောက်အခွေမှာက အသက်အရွယ်အရ အသံပိုင်းကွာခြားသွားမယ်ထင်တယ်။ သမီးအသံကိုက ပရိသတ်တော်တော်များများ ပြောကြတယ်။ သူများနဲ့ မတူဘူး။ ထူးခြားတယ်ပေါ့။ အဲဒီတော့ စိုးရိမ်မှုတော့ မရှိပါဘူး”လို့ မေလသံစဉ်ကပြောပါတယ်။

မေလသံစဉ်ကိုတော့ ပရိသတ်အများက သူမရဲ့ထူးခြားတဲ့အသံဖြင့် အဆိုတော်ကြီးများရဲ့ Cover သီချင်းများ သီဆိုရာမှ သတိထားမိခဲ့ကြပြီး ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ ဆယ်ကျော်သက် အဆိုတော်တယောက် ဖြစ်ပါတယ်။

Your Thoughts …
Tags: မေလသံစဉ်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

by ဧရာဝတီ
28 December 2020
8.1k

ကပ်ရောဂါကြောင့် ဖျော်ဖြေရေး လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ လူမှုကွန်ရက် မီဒီယာတွေက တဆင့် ပရိသတ်တွေကို Live တင်ဆက်ကာ၊ Virtual ဖျော်ဖြေမှုနဲ့ တင်ဆက်မှုတွေဟာ ၂၀၂၀ ခုနှစ်မှာ ပိုပြီး Trend ဖြစ်လာခဲ့ပါတယ်။

အဆိုတော် မေလသံစဉ် / ချစ်ပိုး / ဧရာဝတီ

အဘိုးဖြစ်သူ ကျန်းမာရေးကြောင့် ရွှေကြိုပြိုင်ပွဲက နုတ်ထွက်ခဲ့တဲ့ မေလသံစဉ်

by ချစ်ပိုး
18 March 2020
15.4k

“ သမီးကို ချစ်ပြီး Grand Final တက်ခွင့်ရ အောင် Voting ပေးခဲ့ကြတဲ့ မေလရဲ့ အမာခံ ချစ်ရသူတွေ အားလုံးကို ‌အရမ်းပဲကျေးဇူးတင်ပါတယ်။

အဆိုတော် မေလသံစဉ် / May La Thanzin's Facebook

Shwe FM ရဲ့ “Best Music Video” ဆု ရရှိခဲ့တဲ့ မေလသံစဉ်

by ချစ်ပိုး
19 December 2020
4.4k

“အခုလို ကိုဗစ်ကာလမှာ အဖွဲ့အစည်းတွေနဲ့ ရိုက်ရတာ သိပ်အဆင်မပြေတော့ အိမ်မှာပဲ နေပြီး ကိုယ့်ဘာသာကိုယ် ရိုက်လို့ ရတာတွေ ရိုက်တယ်။ ဓာတ်ပုံလေးတွေ အိမ်မှာပဲ ရိုက်ဖြစ်တယ်။

အဆိုတော် မေလသံစဉ် / ဧရာဝတီ

တက္ကသိုလ်ဝင်တန်း အောင်သွားပြီဖြစ်လို့ အနုပညာ အလုပ်တွေ ပိုလုပ်သွားမယ့် မေလသံစဉ်

by ချစ်ပိုး
12 June 2019
12.3k

"အခု စာမေးပွဲလည်း ပြီးသွားပြီဆိုတော့ ပြောချင်ပါတယ်။ ၁၀ တန်းတုန်းကတော့ ၁၀ တန်းပြီးရင် အခွေ ထုတ်မယ်၊ ဘာသာရပ်တွေ သင်မယ်။ Video Edit လုပ်တာတွေလည်း သင်မယ်ပေါ့။

သရုပ်ဆောင် နေတိုးနဲ့ မေလသံစဉ် / May Melody's Facebook

နေတိုးနဲ့ “လူကြီးကို” သီချင်း Music Video ရိုက်ထားတဲ့ မေလသံစဉ်

by ယုဖြူဟန်
22 January 2021
6.1k

“ကိုနေတိုးကို ပုံဆွဲပို့လိုက်တော့ ကြိုက်ပါတယ်။ ပါးနည်းနည်း ဖောင်းသွားတယ်။ နည်းနည်းတော့ ပြန်လျှော့ပေးရမယ်။ ပါးဖောင်းသွားတာကို ပြန်လျှော့ပေးရမယ်။

အဆိုတော် မေလသံစဉ်  / May Melody's Facebook

“အိမ်မှာနေချင်တာပေါ့” သီချင်းအကြောင်း ပြောပြတဲ့ မေလသံစဉ်

by ချစ်ပိုး
21 April 2020
224.9k

ဒီသီချင်းကိုတော့ အဆိုတော် ကော်နီ အနေနဲ့လည်း အခုလိုအချိန်မှာ စတူဒီယိုတွေ ပိတ်ထားတဲ့အတွက် အခက်အခဲတွေကြားကနေ သီဆိုခဲ့တယ်လို့ သိရပါတယ်။

Next Post
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘွန်းမောက်အသင်းနှင့် ကစားအပြီး ပရိသတ်နှင့် အတူတွေ့ရသည့် ခရစ္စတယ် ပဲလေ့စ် လာဘ်ကောင်အရုပ်ကို တွေ့ရစဉ်  / Reuters

ပရီးမီးယားလိဂ်မှ ခရစ္စတယ် ပဲလေ့စ် ကို လွှဲယူရန် သက်ဆင် ညှိနှိုင်းနေ

၁၉၆၇ ခုနှစ် နီပေါခရီးစဉ်တွင် ဦးသန့်နှင့် နီပေါဘုရင် မဟိန်ဒြာ တွေ့ဆုံစဉ် / UNESCO

နီပေါတွင် ဦးသန့် ရုပ်တု စိုက်ထူမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved