• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အိမ်မှာနေချင်တာပေါ့” သီချင်းအကြောင်း ပြောပြတဲ့ မေလသံစဉ်

by ချစ်ပိုး
21 April 2020
in Entertainment
A A
အဆိုတော် မေလသံစဉ်  / May Melody's Facebook

အဆိုတော် မေလသံစဉ် / May Melody's Facebook

224.9k
VIEWS
Share on FacebookShare on Twitter

အဆိုတော်တဦး ဖြစ်သလို သီချင်းတွေလည်း ရေးတဲ့ အဆိုတော် မေလသံစဉ်ကတော့ လတ်တလောမှာ “အိမ်မှာနေချင်တာပေါ့” ဆိုတဲ့ သီချင်းကို ရေးသားထားပြီး အဆိုတော် ကော်နီက သီဆိုထားပါတယ်။

ဒီသီချင်းက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့် လူအများက အိမ်မှာပဲ နေကြချိန်မှာ ဝမ်းရေးအတွက် မဖြစ်မနေ အပြင်ထွက်နေရတဲ့ လူတွေအကြောင်းကို ခံစားကာ ရေးစပ် သီဆိုထားတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး မေလသံစဉ်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“အိမ်မှာနေချင်တာပေါ့” သီချင်းလေး မရေးခင် ရက်ပိုင်းမှာ Facebook ကြည့်နေရင်း အိမ်မှာနေပါဆိုတဲ့ အောက်က Comment တွေ မှာ “အိမ်မှာနေချင်တယ် ဒါပေမဲ့ အလုပ်တွေက လုပ်နေရတယ်” “ဆေးရုံကသွားရမယ်” စတဲ့ ဘဏ်ဝန်ထမ်းတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ လူတန်းစား တချို့ရဲ့ ရေးသားထားတဲ့ ခံစားချက်ကို ကြည့်ပြီး ဝင်ခံစားကြည့်လိုက်တာပြီး သီချင်းလေး ရေးဖြစ်သွားတာပါ”လို့ မေလသံစဉ်က ပြောပါတယ်။

ဒီသီချင်းကိုတော့ အဆိုတော် ကော်နီ အနေနဲ့လည်း အခုလိုအချိန်မှာ စတူဒီယိုတွေ ပိတ်ထားတဲ့အတွက် အခက်အခဲတွေကြားကနေ သီဆိုခဲ့တယ်လို့ သိရပါတယ်။

“ရေးနေတုန်းမှာရော တီကော် (အဆိုတော် ကော်နီ) ကို ပေးဆိုတဲ့အချိန်မှာရော ရင်ထဲမှာ အရမ်းခံစားရပါတယ်။ တီကော်အနေနဲ့လည်း အခက်အခဲတွေကြားက ဆိုခဲ့ရတယ်။ စတူဒီယိုတွေလည်း မဖွင့်ဘူး။ ဆိုဖို့ တီကော် အခက်အခဲဖြစ်တဲ့အတွက် အခက်အခဲကြားက အသံဖမ်းပေးတဲ့ ကိုဝေကြီးကိုလည်းကျေးဇူးတင်ပါတယ်။ သီဆိုပေးတဲ့ တီကော်နီကိုလည်း ကျေးဇူးတင်ပါတယ်”

“ဒီသီချင်းကို အကောင်းဆုံး ဖြစ်အောင် တီးပေးခဲ့တဲ့ ကိုမျိုးဇော်ထက်ကိုရော၊ ဒီသီချင်းကိုအကောင်းဆုံး ရိုက်ပေးခဲ့တဲ့ V7 Entertainment ကိုရော ကျေးဇူးတင်ပါတယ်။ ဒီသီချင်းလေးကို ကြိုက်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီသီချင်းလေးနဲ့ Tik Tok ဆော့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် ”လို့ မေလသံစဉ်က ပြောပါတယ်။

ဆက်လက်ပြီး မေလသံစဉ်က ဒီသီချင်းလေးကို သူ လေးစားအားကျရတဲ့ အဆိုတော် ကော်နီ အတွက် လက်ဆောင်ပေးခဲ့တာလို့လည်း ဆိုပါတယ်။

“ဒီသီချင်းမရေးခင်က “ကိုယ်ချင်းစာ”ဆိုတဲ့ သီချင်းလေးကို ရေးပြီး မေလ ဆိုခဲ့တယ်။ အဲ့သီချင်းလေးပြီးမှ “အိမ်မှာနေချင်တာပေါ့” ရေးတဲ့အခါ  ကိုယ်တိုင်ဆိုရင် ၂ ခါဆိုသလို ဖြစ်နေမှာလေ။ အဲ့အတွက် အန်တီ ကော်နီကလည်း မေလအရမ်းအားကျရတဲ အဆိုတော်ဖြစ်တဲ့အတွက် တီကော့် အသံနဲ့ ဝင်ခံစားကြည့်ချိန်မှာ တော်တော်လေးလိုက်တော့ တီကော်ကို လက်ဆောင်ပေးဖြစ်တာပါ”လို့ မေလသံစဉ်က ပြောပါတယ်။

ပြည်သူတွေကို အိမ်မှာနေကြဖို့လည်း မေလသံစဉ်က တိုက်တွန်းခဲ့ပြီး ဆေးကုသပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း လေးစားတယ်လို့ ပြောခဲ့ပါတယ်။

“မေလအနေနဲ့လည်း လေးစားပါတယ်။ မေလတို့ အိမ်မှာ နေနေရပေမယ့် ပြည်သူတွေအတွက် ကြိုးစားကုသပေးနေကြတဲ့ ဆရာဝန်တွေကို လေးစားပါတယ်။ ကူးစက်တဲ့ လူဦးရေကလည်း များပြီ။ အပြင် မထွက်သင့်တော့ဘူး။ အခုချိန်မှာ အိမ်မှာပဲနေကြပါ။ အပြင်သွားရင် Mask တပ်ပါ။ လက်ဆေးပါ။ အိပ်ရေးဝဝ အိပ်ပါ။ မေလလည်း စိတ်ပူပါတယ်။ ဂရုစိုက်ပါ။ မေလလည်း လေ့ကျင့်ခန်းတွေ လုပ်ပြီး စာဖတ်တာတွေ လုပ်ဖြစ်ပါတယ်”လို့ မေလသံစဉ်က ပြောပါတယ်။

You may also like these stories:

ကင်ဆာရောဂါ ခံစားနေရသူများအတွက် နည်းလမ်းတခု မျှဝေခဲ့တဲ့ မီးမီးခဲ

အပြင်ထွက် အလုပ်လုပ်ရသူတွေကို ဂရုစိုက်ပြီး သွားကြဖို့ အဆိုတော် နေဝင်း ပြော

ကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့အတူ နီနီခင်ဇော် ဖန်တီးထားတဲ့ “တနေ့” သီချင်း

Your Thoughts …
Tags: ကော်နီမေလသံစဉ်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

by ဧရာဝတီ
28 December 2020
8.1k

ကပ်ရောဂါကြောင့် ဖျော်ဖြေရေး လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ လူမှုကွန်ရက် မီဒီယာတွေက တဆင့် ပရိသတ်တွေကို Live တင်ဆက်ကာ၊ Virtual ဖျော်ဖြေမှုနဲ့ တင်ဆက်မှုတွေဟာ ၂၀၂၀ ခုနှစ်မှာ ပိုပြီး Trend ဖြစ်လာခဲ့ပါတယ်။

အဆိုတော် မေလသံစဉ် / ချစ်ပိုး / ဧရာဝတီ

အဘိုးဖြစ်သူ ကျန်းမာရေးကြောင့် ရွှေကြိုပြိုင်ပွဲက နုတ်ထွက်ခဲ့တဲ့ မေလသံစဉ်

by ချစ်ပိုး
18 March 2020
15.4k

“ သမီးကို ချစ်ပြီး Grand Final တက်ခွင့်ရ အောင် Voting ပေးခဲ့ကြတဲ့ မေလရဲ့ အမာခံ ချစ်ရသူတွေ အားလုံးကို ‌အရမ်းပဲကျေးဇူးတင်ပါတယ်။

အဆိုတော် မေလသံစဉ် / May La Thanzin's Facebook

Shwe FM ရဲ့ “Best Music Video” ဆု ရရှိခဲ့တဲ့ မေလသံစဉ်

by ချစ်ပိုး
19 December 2020
4.4k

“အခုလို ကိုဗစ်ကာလမှာ အဖွဲ့အစည်းတွေနဲ့ ရိုက်ရတာ သိပ်အဆင်မပြေတော့ အိမ်မှာပဲ နေပြီး ကိုယ့်ဘာသာကိုယ် ရိုက်လို့ ရတာတွေ ရိုက်တယ်။ ဓာတ်ပုံလေးတွေ အိမ်မှာပဲ ရိုက်ဖြစ်တယ်။

အဆိုတော် ကော်နီ / Connie's Facebook

JOOX မှာ နံပါတ် ၁ ရခဲ့တဲ့ ကော်နီရဲ့ “ရေစက်” သီချင်း

by ယုဖြူဟန်
19 January 2021
5k

အဆိုပါ “ရေစက်” သီချင်းရဲ့ Music Video ကိုလည်း အကယ်ဒမီ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က ကော်နီ့ကို မွေးနေ့လက်ဆောင်အနေနဲ့ ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် မေလသံစဉ် / ဧရာဝတီ

တက္ကသိုလ်ဝင်တန်း အောင်သွားပြီဖြစ်လို့ အနုပညာ အလုပ်တွေ ပိုလုပ်သွားမယ့် မေလသံစဉ်

by ချစ်ပိုး
12 June 2019
12.3k

"အခု စာမေးပွဲလည်း ပြီးသွားပြီဆိုတော့ ပြောချင်ပါတယ်။ ၁၀ တန်းတုန်းကတော့ ၁၀ တန်းပြီးရင် အခွေ ထုတ်မယ်၊ ဘာသာရပ်တွေ သင်မယ်။ Video Edit လုပ်တာတွေလည်း သင်မယ်ပေါ့။

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဒီနေ့အထိ နှစ်ခွတွေးနေတုန်းပဲဆိုတဲ့ ကော်နီ / ယုမွန်ကျော် / ဧရာဝတီ

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဒီနေ့အထိ နှစ်ခွတွေးနေတုန်းပဲဆိုတဲ့ ကော်နီ

by ယုမွန်ကျော်
17 December 2016
19.4k

တဖက်ကလည်း ပြန်စဉ်းစားကြည့်ပြီးတော့ သားသမီးတွေက အပူတွေပေးပြီး ယောကျ်ားကလည်း ဒုက္ခတွေပေးတဲ့ယောကျ်ားဆိုရင် ဒုက္ခဟဲ့.. ငါ့ဟာငါ တယောက်တည်းမှ ကောင်းသေးဟဲ့..ဆိုပြီး ပြန်တွေးဖြစ်တယ်။

Next Post
မန္တလေးမြို့အဝင်တွင် ကျန်းမာရေးစစ်မှုများ ပြုလုပ်နေစဉ် / ဇော်ဇော် /ဧရာဝတီ

ရန်ကုန်မှ မန္တလေးသို့ လာသူများ မဖြစ်မနေ Quarantine ဝင်ရမည်

ကယ်လီဖိုးနီးယားရှိ ကုန်းတွင်းရေနံတွင်းတတွင်း / Reuters

ရေနံဈေး အနုတ်ပြပြီး အမေရိကန်ရေနံကုမ္ပဏီ ရာနှင့်ချီ ဒေဝါလီခံရနိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved